Saturday, February 15, 2014
သံအမတ်များ ရန်ပုံငွေ (The Ambassadors Fund for Cultural Preservation
AFCP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် မန္တလးရွှေကျောင်းကြီး
ပြုပြင်ထိန်းသိမ်းရေး စီမံကိန်းကို ဖေဖော်ဝါရီ
၁၄ရက် မွန်းလွဲ ၃
နာရီအချိန်က ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေနှင့် အမေရိကန်သံအမတ်
ဒဲရစ်မစ်ချယ်လ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့သည်။
"ကျောင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ နိုင်ငံအတွက် အရေးကြီး
တဲ့ ပြယုဒ်တစ်ခုပါပဲ" ဟု အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်လ်က ဆိုသည်။
အဆိုပါ စီမံကိန်းသည် နိုင်ငံခြားပညာရှင်များ ပူးပေါင်းပါဝင်ထားသည့်
အမေရိကန်၏ ပထမဆုံးသော ပြုပြင်ဆောင်ရွက်မှု ဖြစ်ပြီး အမေရိကန်နိုင်ငံနှင့်
မြန်မာနိုင်ငံတို့၏ သံတမန်ရေးရာအရ အလွန်အရေးပါသော မှတ်တိုင်တစ်ခုပင်
ဖြစ်သည်ဟု ယဉ်ကျေးမှု
ဝန်ကြီးဌာန ဒုဝန်ကြီးဦးသန်းဆွေက ဆိုသည်။
"ပေးထားတဲ့အချိန်နဲ့ ပေးထားတဲ့ ရန်ပုံငွေကို အင်ပြည့်အားပြည့် အသုံးပြုမယ်ဆိုရင် ဆယ်လအတွင်း ဒီစီမံကိန်းကိုအကောင်
အထည်ဖော်နိုင်ပါတယ်၊ ဒါပေမဲ့ အဆောက်အဦးတစ်ခုကို ဆောက်ပြီး
တာနဲ့ ပစ်ထားမှာလား။ ပုပြင်ထိန်းသိမ်းဖို့ အတွက် ဖြည်းဖြည်းချင်းပဲ
အချိန်ယူချင်ပါတယ်" ဟု အဆိုပါစီမံကိန်းကို တာဝန်ယူဆောင်ရွက်မည့်
ပရောဂျက်ဒါရိုက်တာ Mr. Jeff Allen က ပြောသည်။
၎င်းသည် World Monuments Fund အဖွဲ့မှ ပညာရှင်တစ်ဦးဖြစ်ပြီး ယခုကဲ့သို့ ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းမ
မန္တလေးရွှေကျောင်းစီမံကိန်းမတိုင
ကနဦးအနေဖြင့် မန္တလေးရွှေကျောင်းကြီး ပြုပြင်ထိန်းသိမ်းရေးစီမံကိန်းက
Mizzima - News in Burmese
15.2.14
မန္တလေးရွှေကျောင်းကြီးကို ဆယ်လအတွင်း ပြုပြင်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment