ထန်းတပင်-ဖေဖော်ဝါရီ၁၅
ထန်းတပင်မြို့ နယ်ရှိလူမှုဖူလုံရေးတီဘီရောဂါကုဆေးရုံကြီးအား အထွေထွေရောဂါကုဆေးရုံအဖြစ်ပြောင်းလဲသွားမည်ဟုသိရသည်။
အဆိုပါဆေးရုံဝန်းအတွင်းခွဲစိတ်ဆောင်သစ်ဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၈း၂၅ မိနစ်အချိန်တွင် ပြုလုပ်ခဲ့သည်။
အဆိုပါဆေးရုံအားအထွေထွေရောဂါကုဆေးရုံအဖြစ်ပြောင်းလဲပြီးပါကအာမခံအလုပ်သမားကဒ်ရှိသောမည်သည့်အလုပ်သမားမဆိုအခမဲ့တက်ရောက်ကုသနိုင်မည်ဖြစ်သည်။ အဆိုပါဆေးရုံအားအထွေထွေရောဂါကုဆေးရုံအဖြစ်ပြောင်းလဲလိုက်ပါကလှိုင်သာယာ၊ထန်းတပင်၊ရွှေပြည်သာ၊အင်းစိန်၊မင်္ဂလာဒုံနှင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိမြို့ နယ်များရှိအလုပ်သမားလူနာများအတွက်အားထားရာဆေးရုံဖြစ်လာမည်ဟုလူမှုဖူလုံရေးဥက္ကဌဒုတိယ၀န်ကြီးဒေါ်ဝင်းမော်ထွန်းကပြောသည်။ လက်ရှိအဆိုပါဆေးရုံတွင်ဆေးရုံအုပ် ၁ ဦး၊ဆရာဝန် ၃ ဦး၊သူနာပြုဆရာမ ၁၅ ဦး၊သူနာပြုအကူ ၃ ဦး၊အထွေထွေအလုပ်သမား ၁ ဦးနှင့်ဆေးကုသမှုခံယူနေသောလူနာ ၉ ဦးရှိကြောင်းသိရသည်။ အဆိုပါဆေးရုံအားတီဘီရောဂါကုဆေးရုံမှအထွေထွေရောဂါကုဆေးရုံအဖြစ် ၂၀၁၂ သြဂုတ်လ ၃၁ ရက်နေ့ ကစ၍ခွင့်ပြုခဲ့ပြီး မေ၁ရက်နေ့တွင်ဖွင့်လှစ်မည်ဟုသိရသည်။Zwy
0 comments:
Post a Comment