ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.2.17

စံပြဖဆပလရပ်ကွက်ရှိ တရားမ၀င် အဆောက်အအုံများ ဖယ်ရှားမှု အချိန်ယူညှိနှိုင်းရန် ဆွေးနွေးထားဟုဆို

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စံပြဖ ဆပလရပ်ကွက် အိမ်ရာစခန်းရှိ ကျူးကျော်အဆောက်အအုံများ နှင့်ကားဂိုဒေါင်များ ဖျက်သိမ်းရာတွင် စနစ်တကျအချိန်ယူပြီး ဖြေရှင်းရန် သက်ဆိုင်ရာဌာနများထံ သို့ အကြံပြုဆွေးနွေးထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဖြူဖြူသင်းက ပြောသည်။

ပုဂံနေဝင်ချိန်ကြည့်ရှုနိုင်မည့် တောင်ကုန်းနေရာတစ်ခုဖွင့်

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေတွင် ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ နေဝင်ချိန် ကြည့်ရှုနိုင်ရန် လုပ် ဆောင်နေသည့် နေရာငါးခုအ နက် ပထမဆုံးနေရာအဖြစ် ကိုမောက်ကန်ပေါင်ကို တောင် ကုန်းအဖြစ် ပြုပြင်၍ ဖေဖော်ဝါရီ ၁၉ ရက်ညနေက စတင်ဖွင့်လှစ် ကြောင်း ညောင်ဦးခရိုင် အထွေ ထွေအုပ်ချုပ်ရေးရုံးမှ သတင်းရရှိ သည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပပို့ကုန် ကန်ဒေါ်လာ ၁၁ ဘီလီယံကျော်မည်ဟု OBG ခန့်မှန်း

ယခုဘဏ္ဍာနှစ် ၂၀၁၆-၁၇ ကုန်လျှင် ပြည်ပပို့ကုန် အ မေရိကန်ဒေါ်လာ ၁၁ ဒသမ ၁ ဘီလီယံရှိလာမည်ဟု မျှော်မှန်း ထားကြောင်း Oxford Business Group(OBG) က ၂၀၁၇ မြန်မာ နိုင်ငံဆိုင်ရာ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ထောက်ကူစေနိုင်ဖို့ အာရှဒေသက ခရီးသွားတွေကို ပိုမို ဖိတ်ခေါ်နိုင်ဖို့ စီစဉ်

Image may contain: 1 person
ယခုနောက်ပိုင်းမှာ အကြမ်းဖက်မှုဝါဒကြောင့် ပုံရိပ်ထိခိုက်မှုတွေရှိနေတဲ့ ကမ္ဘာ့ ခရီးသွားလုပ်ငန်းကို ပြန်လည်ထောက်ကူပေးနိုင်ဖို့အတွက် အာရှဒေသနိုငငံတွေ ခရီးသွားတွေဘက်ကို ပိုမို အာရုံစိုက်သွားဖို့ ကမ္ဘာတစ်ဝန်းက ခရီးသွားလုပ်ငန်းရှင်တွေ စီစဉ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ခရီးသွားလုပ်ငန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

လက်ရှိအစိုးရသက်တမ်းတစ်လျှောက် ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားမှာ မဟုတ်ဘူးလို့ ကြေညာ

ဘဏ်အတိုးရငွေအပေါ်မှာ အခွန်ကောက်ခံသွားရန် အစီအစဉ်မရှိဘူးလို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက နိုင်ငံပိုင်ရုပ်သံနဲ့ သတင်းစာများမှတစ်ဆင့် အများပြည်သူသိရှိရန်အတွက်အသိပေးကြေညာလိုက်ပါတယ်။

16.2.17

တရုတ်လယ်သမားများ မြန်မာဘက်တွင် ၀င်ရောက်စိုက်ပျိုးနေခြင်း တားမြစ်ပေးရန် လွှတ်တော်သို့ တင်ပြ

ကချင်ပြည်နယ် မန်ဝိန်းကြီးဒေသရှိ တရုတ်-မြန် မာ နယ်ခြားဖြစ်သော (၅၃/၂) ကျောက်တိုင်အနီးတွင် တရုတ် နိုင်ငံဘက်မှ လယ်သမားများ မြန်မာဘက်သို့ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်ခြင်းကို တားမြစ်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးချင်းဖေလင်းက လွှတ်တော်သို့ မေးမြန်းခဲ့သည်။

အမေရိကန်နှင့် ထိုင်းတို့၏ ၁၀ ရက်ကြာ Cobra Gold စစ်ရေးလေ့ကျင့်မှုကြီး စတင်

အမေရိကန်နှင့် ထိုင်းတို့၏ နှစ်စဉ် ပြုလုပ်နေကျ Cobra Gold ပူးတွဲစစ်ရေး လေ့ကျင့်မှုကြီးကို ဖေဖော်ဝါရီ ၁၄ ရက်က စတင်ခဲ့ကြောင်း သိရသည်။ သမ္မတသစ် ဒေါ်နယ်ထရန့် လက်ထက်၌ အာရှနှင့်ပတ်သက်သော အမေရိကန် နိုင်ငံခြားရေးမူဝါဒ၏ ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးခင် ယခုပူးတွဲ စစ်ရေးလေ့ကျင့်မှုကို ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ပြောကြားပြီးနောက် ကမ္ဘာ့ဒေါ်လာဈေး တက်လာသော်လည်း ပြည်တွင်းဈေးကွက်၌ ဈေးနှုန်းတည်ငြိမ်နေ

အမေရိကန် ဗဟိုဘဏ်ဥက္ကဋ္ဌ Yellen က အတိုးနှုန်း ထပ်တက်နိုင်ခြေရှိသည်ဟု ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြောကြားပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၁၀၁ ဒသမ ၃၆ ပွိုင့်အထိ မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စ ၁၂၂၄ ဒေါ်လာဝန်းကျင်တွင် ဆက်ရှိနေကြောင်း ဈေးကွက်အတွင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထဲရေးဒုတိယ၀န်ကြီး ပြောကြား


မြန်မာ-တရုတ် နယ်နိမိတ်ရှိ မြန်မာ့လယ်ယာမြေများပေါ်တွင် တရုတ်နိုင်ငံသားများ တရားမ၀င် ၀င်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေး (လတ်တလော) ပြဋ္ဌာန်းချက်များ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် သတ်မှတ်ထားရက် ရွှေ့ဆိုင်း

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) က သတ်မှတ်ထားသည့် ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာထံမှ သိရသည်။

ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်

ပုဂံ ရှေးဟောင်းနယ်မြေသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)
တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

15.2.17

နောက်ထွက်ရှိလာမယ့် iPhone သစ်ရဲ့ အလားအလာမျှော် မှန်းချက်ကြောင့် Apple ရဲ့ ရှယ်ယာတန်ဖိုးတွေ စံချိန်တင် မြင့်တက်

No automatic alt text available.
နောက်ထွက်ရှိလာမယ့် iPhone သစ်ကြောင့် လက်ရှိနှေးကွေးနေတဲ့ရောင်းအားပိုင်းကို ပြန်လည်နိုးထစေလိမ့်မယ်ဆိုတဲ့
မျှော်မှန်းချက်တွေ အားကောင်းလာနေတဲ့အချိန်မှာပဲ အမေရိကန်ကုမ္ပဏီကြီး Apple ရဲ့ ရှယ်ယာတန်ဖိုးပိုင်းမှာတော့
စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည် တားမြစ်ခြင်းနှင့်ပက်သက်၍ ထရမ့်အား သြ၀ါဒပေးမှာ မဟုတ်ကြောင်း ဂျက်စတင်ထရူဒိုပြောကြား

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုက သူဟာသမ္မတဒေါ်နယ်ထရမ့်အား ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ပက် သက်၍သြ၀ါဒပေးသွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် MNDAA တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသတွင်းရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သတင်းရရှိသည်။

ရုရှားအား ဆက်သွယ်မှုနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်းလက်ထောက် ဖလင်း ရာထူးမှ နုတ်ထွက်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဖလင်းသည် ရုရှားအစိုးရအား ဆက်သွယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အကြား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လပင် မပြည့်သေးသည့် အချိန်တွင် သမ္မတသစ်၏ အတွင်းစည်းမှ အံ့သြဖွယ် ပထမဆုံး ထွက်ခွာသွားမှုလည်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ပြောကြား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

14.2.17

အာရှနိုင်ငံတွေရေနံသုံးစွဲမှုနှုန်း ပိုများပြားလာဖို့ရှိနေ

Image may contain: sky, shoes and outdoor
အာရှဒေသက နိုင်ငံကြီးသုံးနိုင်ငံဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်သုံးနိုင်ငံပေါင်း ရေနံသုံးစွဲမှုပမာဏဟာတော့ အာရှဒေသတစ်ခုလုံးရဲ့ စုစုပေါင်း ရေနံသုံးစွဲမှုနှုန်းရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့လည်း ကမ္ဘာ့စွမ်းအင်အစီရင်ခံစာတစ်ခုဖြစ်တဲ့BP Statistical Review of World Energy report မှာဖော်ပြထားပါတယ်။

မောင်းသူမဲ့ သင်္ဘောများ ထုတ်လုပ်နိုင်ဖို့ Rolls-Royce စီစဉ်

Image may contain: ocean, sky, bridge, outdoor and water
လာမယ့် ၂၀၂၀ မတိုင်ခင် လုပ်သားတွေလိုက်ပါခြင်းမရှိတဲ့ရေယာဉ်သင်္ဘောတွေကို ထုတ်လုပ်သွားနိုင်ဖို့ စီစဉ်နေတယ်လို့ Rolls-Royceက ပြောပါတယ်။

အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် လူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူ တည်ဆောက်သွားကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ထုတ်ပြန်


အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူတည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး နှစ်စဉ်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်

၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။