ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

14.3.13

ကိုယ်ဝန် အဆိပ်တက်တဲ့ ရောဂါ

မိခင်နဲ့ ကလေးများ သေဆုံးမှုကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ဆောင်ရွက်ရမယ့် ကျန်းမာရေးလုပ်ငန်း ဖြစ်နေချိန်မှာ၊ ကိုယ်ဝန်ဆောင် မိခင်များ သေဆုံးမှုရဲ့အဓိက အကြောင်းရင်း တခုကတော့ ကိုယ်ဝန် အဆိပ်တက်တာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သတိပေး ပြောဆိုနေကြပါတယ်။

ကိုယ်ဝန် အဆိပ်တက်တာကြောင့် မိခင်များ အသက်ဆုံးရှုံးရတဲ့ အခြေအနေ မြန်မာနိုင်ငံမှာ ဘယ်လို ရှိနေပါသလဲ။ ဒီရောဂါဖြစ်နေတာကို နောက်ကျပြီးမှ သိရှိပြီး အသက်ဆုံးရှုံးတာမျိုး မဖြစ်ရအောင် ကိုယ်ဝန်ဆောင်နေချိန်ကာလမှာ ဆရာဝန်နဲ့ ပြသစစ်ဆေးဖို့နဲ့ ရောဂါလက္ခဏာတွေ၊ ရောဂါဖြစ်ပွားနိုင်တယ့် အန္တရာယ်ရှိတယ့် ကိုယ်ဝန်ဆောင်မိခင် အမျိုးအစားတွေအကြောင်းတွေကို သိရှိနားလည်ဖို့ အရေးကြီးပါတယ်။

ဒီအကြောင်း အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ဒေါက်တာစိုးလွင် နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်မိခင် ထိခိုက်ဒဏ်ရာရရှိခြင်း

မိခင်နဲ့ကလေး သေဆုံးမှုတွေ ပပျောက်ကျဆင်းရေးဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေး လုပ်ကိုင်ရမယ့် ကျန်းမာရေးဆိုင်ရာလုပ်ငန်း ဖြစ်နေချိန်မှာ၊ မိခင်များ သေဆုံးရခြင်း အဓိက အကြောင်းရင်း တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရမှုတွေ ရှိနေတာကြောင့်လို့ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။
အခုလို ကိုယ်ဝန်ဆောင်မိခင်များ ထိခိုက်ဒဏ်ရာရရှိမှုတွေကြောင့် အသက်ဆုံးရှုံးမှု အခြေ အနေတွေ မြန်မာနိုင်ငံ မှာ ဘယ်လိုရှိနေပါသလဲ။ အခုလို အသက်ဆုံးရှုံးမှုတွေ မဖြစ်ရလေအောင် (ကျန်းမာရေးအရ) အသက်အန္တရာယ်ရှိနေတဲ့ ကိုယ်ဝန်ဆောင်မိခင်များအနေနဲ့ သားဆက်ခြား မွေးဖွားဖို့နဲ့ ကိုယ်ဝန်ရှိလာခဲ့ရင်လည်း ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်း ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပြီး၊ ဆေးရုံ မှာမွေးဖွားဖို့ အလွန်အရေးကြီးပါတယ်။
ဒီအကြောင်းအရာဆိုင်ရာ အသေးစိတ်သိရှိနိုင်ဖို့ မြန်မာနိုင်ငံ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဒေါက်တာစိုးလွင် ကို ဆက်သွယ်မေးမြန်းပြီး ကိုဝင်းမင်းက ဒီတပတ်ကျန်းမာရေးကဏ္ဍမှာ တင်ပြထားပါတယ်။

AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့်တက်ရောက်လိုဟု ကီလန်တန်နည်းပြ ဘိုဂျန် ဆို

မလေးရှား စူပါလိဂ်ကလပ် ကီလန်တန်အသင်းသည် 2013 AFC Cup တွင် အုပ်စုအဆင့်မှ နောက်တစ်ဆင့် သို့ တက်ရောက်ရန် မျှော်မှန်းထားကြောင်း ဧရာဝတီယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ ဖွင့်ဟသွားခဲ့ သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုအဖွင့်ပွဲစဉ်တွင် အိမ်ကွင်း၌ မော်လ်ဒိုက်ကလပ် မဇီရာအသင်းနှင့် တစ်ဂိုးစီသရေကျခဲ့သည့် အသင်းဖြစ်သည်။ ကီလန်တန်အသင်းနည်းပြ ဘိုဂျန်က “ မဇီရာနဲ့ပွဲမှာ အပိုင်အခွင့်အရေး ၁၅ လုံး လောက်ရခဲ့ပါတယ်။ မဇီရာအသင်းက အခွင့်အရေး နှစ်ခါပဲ ရခဲ့တာပါ။ ၁၅ လုံးလောက် အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဂိုးတိုင်ထိတာတွေ၊ ဘေးချော် ထွက်တာတွေ ပဲ ဖြစ်ခဲ့ပါတယ်။ အသင်းက မနှစ်က အသင်းနဲ့ မတူပါဘူး။ ဒီနှစ်မှာ နည်းပြရော၊ ကစားသမား ခြောက်ယောက်လောက် အပြောင်းအလဲ လုပ်ထားတာပါ။ ကျွန်တော်တို့လိုပဲ ဧရာဝတီအသင်း ကလည်း နည်းပြနဲ့ နိုင်ငံခြားကစားသမားတွေ အပြောင်းအလဲလုပ်ထားတယ်လို့ သိရပါတယ်။ မနက်ဖြန်ကစားမယ့် ဧရာဝတီနဲ့ပွဲက ခက်ခဲပြီး ပွဲကောင်းတစ်ပွဲဖြစ်မှာပါ”ဟု ပြောကြားခဲ့သည်။
ကီလန်တန်အသင်းသည် 2013 AFC Cup အုပ်စု(G) အုပ်စုဒုတိယပွဲစဉ်အဖြစ် ဧရာဝတီယူနိုက်တက် အသင်းနှင့် မတ် ၁၃ ရက်တွင် သုဝဏ္ဏကွင်း၌ ကစားရမည်ဖြစ်သည်။ ဆက်လက်၍ ဘိုဂျန်က “ အုပ်စုထဲမှာ ဗီယက်နမ်ကလပ် ဒါနန်အသင်းက အတောင့်တင်းဆုံးအသင်းလို့ ထင်ပါတယ်။ ကီလန်တန်အသင်းနဲ့ ဒါနန်အသင်းတို့ပဲ နောက်တစ်ဆင့် တက်ရောက်နိုင်မယ်လို့ ထင်ပါတယ်” ဟု ပြောကြားခဲ့သည်။ ကီလန်တန် အသင်းတွင် နိုင်ဂျီရီးယားကစားသမား နှစ်ဦး၊ ခရိုအေရှားတစ်ဦး၊ ဂျပန် ကစားသမားတစ်ဦးတို့ ပါဝင်သည်။

ကလေး ပန်းနာရင်ကြပ်ရောဂါ

မြန်မာနိုင်ငံမှာ အဖြစ်များလာနေတဲ့ ကလေး ပန်းနာရင်ကြပ်ရောဂါအတွက် အရင်သိခဲ့တာတွေ က သွေးမတဲ့ တာကြောင့်လို့ပဲဖြစ်ပြီး၊ ဖြစ်လာမှသာ ကုသမှု့ပေးလေ့ ရှိခဲ့ပါတယ်။ အခုတော့ ပန်းနာရင်ကြပ် ဖြစ်သူတွေ မှာ လေပြွန်အမြဲလိုလို ရောင်ရမ်းနေတာကို လေ့လာတွေ့ရှိ လိုက်တာကြောင့် အခုလိုမရောင်အောင် ထိန်းပေးထားနိုင်ရင်၊ ရောဂါရှိနေပေမယ့်၊ ရောဂါဒဏ် မခံရအောင် ကာကွယ်ပေးနိုင်ပြီလို့ ကလေးကျန်းမာရေး ပညာရှင်တွေ က ထောက်ပြကြပါတယ်။
ဒါ့အပြင် ဒီရောဂါအတွက် ရှုဆေးသုံးတာက သောက်ဆေးသုံးတာထက် ပိုထိရောက်နိုင်ပေမဲ့ ရှုဆေးသုံးပုံသုံးနည်း မှန်ဖို့က အထူးအရေးကြီးနေ ပါတယ်။ ဒီအကြောင်း ရန်ကုန်ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ/ပညာဌာန ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်းတို့ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ထုတ်ပယ်ခံရသည့် ပါလာမို နည်းပြ

စီးရီးအေ ကလပ် ပါလာမို အသင်းသည် မကြာသေးခင်ကမှ ခန့်အပ်သည့် အသင်း နည်းပြ ဂတ်စပါရီနီအား ၁၉ ရက်အကြာတွင် ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ သူသည် ပါလာမို အသင်းရဲ့ ပွဲစဉ် ၂ ပွဲကို ကိုင်တွယ်ခဲ့အပြီးမှာ အခုလို ထုတ်ပယ်ခံရခြင်း ဖြစ်သည်။ ပါလာမို အသင်းသည် ပြီးခဲ့သည့် လက ထုတ်ပယ်ခဲ့သည့် နည်းပြ အယ်ဘာတို မယ်လက်ဆာနီ၏ နေရာတွင် ဂတ်စပါရီအား အစားထိုးခဲ့တာ ဖြစ်ပြီး သူ့လက်ထက်မှာ ပါလာမို အသင်းသည် တိုရီနို အသင်းနှင့် ၀းဝ သရေ ၊ ဆီရီနာ အသင်းနှင့် ၂း၁ ဖြင့်ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် ပါလာမို အသင်း ဥက္ကဌသည် နည်းပြ ဂတ်ပါရီနှင့် တွေ့ဆုံခဲ့ပြီးနောက် ယခုလို အသင်းနှင့် နည်းပြ လမ်းခွဲလိုက်ကြောင်း ထုတ်ပြန် လိုက်သည်။ ပါလာမို အသင်းသည် လစ်လပ် သွားသည့် အသင်း နည်းပြ နေရာတွင် ဆမ်ပါရီနီ အသင်း နည်းပြဟောင်း ဆန်နီနိုအား ခန့်အပ်ဖွယ်ရှိနေသည်။

ဆီးဂိမ်းတွင် အောင်မြင်နိုင်ရန် ယခုအချိန်မှ စတင်ကြိုးစားရမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဆို

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က မြန်မာ့လက်ရွေးစင် ယူ-၂၃ ဘောလုံးအသင်းသည် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဆီးဂိမ်းတွင် အောင်မြင်မှုရရှိလိုပါက ယခုချိန်မှ စတင်ကာ မနားမနေ ကြိုးစားရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် မတ် ၁၁ ရက်က ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ ၌ ပြုလုပ်ခဲ့သည့် လက်ရွေးစင်နည်းပြ၊ ကလပ်အသင်းပိုင်ရှင်များနှင့် တွေ့ဆုံ ညှိနှိုင်းပွဲ၌ ပြောကြား သွားခဲ့သည်။
ဦးဇော်ဇော်က “ အခု လာမယ့် ဆီးဂိမ်းမှာ ကျွန်တော်တို့က အိမ်ရှင် ဖြစ်တယ်ဆိုပြီး ပေါ့ပေါ့တန်တန် လုပ်လို့တော့ လုံးဝ မဖြစ်ပါဘူး။ ပေါ့ပေါ့လုပ်ရင် သေချာပေါက် ရှုံးနိမ့်ရပါလိမ့်မယ်။ ဆီးဂိမ်းမှာ အောင်နိုင်ချင် တယ် ဆိုရင် ကျားကုတ်ကျားခဲ လေ့ကျင့်မှပဲ ရပါလိမ့်မယ်”ဟု ပြောကြားသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ဆီးဂိမ်းတွင် ဘောလုံးအားကစားနည်းအောင်မြင်မှု ရရှိရေးအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဆီးဂိမ်း အရန်အသင်းကို ကစားသမား ၂၆ ဦးဖြင့် ပြီးခဲ့သည့် မတ် ၁၁ ရက်က စတင်စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။ အဆိုပါကစားသမား ၂၆ ဦးမှ ၇ ဦး၊ ၈ ဦးခန့်ကို ရွေးချယ်ခေါ်ယူမည်ဖြစ်ပြီး လက်ရွေးစင် ယူ-၂၃ အသင်းကြီးနှင့် ပူးပေါင်းစေမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆီးဂိမ်းအရန်အသင်း အား မကွေးအသင်းနည်းပြချုပ် ဦးကြည်လွင်က ကိုင်တွယ်လျက်ရှိသည်။ ဆက်လက်ပြီး ဦးဇော်ဇော်က “ "ဒီအသင်းက ကစားသမားတွေကို တကယ့် အသက်မှန်တဲ့ မျက်နှာသစ် ကစားသမား တွေနဲ့ပဲ စုဖွဲ့ဖို့ ရည်ရွယ် ထားပါတယ်။ ဒါကြောင့် ကစားသမား တွေရဲ့ မွေးသက္ကရာဇ် အမှန်ကို သိရဖို့ ကလပ်အသင်း တာာဝန်ရှိသူတွေ၊ နည်းပြတွေက ကစားသမား တွေရဲ့ မိသားစုတွေနဲ့ပါ ဆက်သွယ်ပြီး သေချာ စိစစ် ပေးစေလိုပါတယ်။ ဘာလို့လဲ ဆိုတော့ ဒီအသင်းက ဆီးဂိမ်း အတွက်တင် မဟုတ်ဘဲ အာရှဖလား ကန်ရမယ့် ယူ-၂၂ အသင်း၊ အိုလံပစ်ခြေစစ်ပွဲ ၀င်မယ့် အသင်းတွေ အတွက်ပါ ရည်မှန်း ထားတာကြောင့်ပါ" ဟု ပြောကြားခဲ့သည်။

ဧရာဝတီယူနိုက်တက်နှင့် ကီလင်တန်အသင်းတို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

အာရှဘောလုံးအဖွဲ့ချုပ်မှ ကျင်းပပြုလုပ်သည့် AFC Cup 2013 ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မတ်လ(၁၃)ရက်နေ့ ညနေ(၅)နာရီတွင် သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားရမည့် ဧရာဝတီ ယူနိုက်တက် အသင်းနှင့်မလေးရှားကလပ်ကီလင်တန်အသင်းတို့၏ ပြိုင်ပွဲ အကြိုသတင်းစာ ရှင်းလင်းပွဲကို ယနေ့,နေ့လည်(၁၂)နာရီတွင် သုဝဏ္ဏဘောလုံးကွင်း အစည်းအဝေးခန်းမ၌ကျင်းပပြု လုပ်ခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် ကီလင်တန်အသင်း၏နည်းပြချုပ်ဖြစ်သူ ခရိုအေးရှားနိုင်ငံသားပိုဂျန်ဟိုတက်က ဧရာဝတီအသင်း၏ ကစားပုံမှာ မနှစ်ကထက်ပိုမိုကောင်းမွန် လာကြောင်း၊ နောက်တစ်ဆင့်သို့ မိမိတို့အသင်းနှင့်ဗီယက်နမ်ကလပ်ဒါနန်းအသင်းတို့ တက်ရောက်နိုင်ဖွယ်ရှိကြောင်း သုံးသပ်သွားခဲ့သည်။ "ဒါနန်းအသင်းနဲ့ဧရာဝတီအသင်းတို့ရဲ့ပွဲစဉ်ကို ကြည့်ရှုခဲ့ပြီးပါပြီ။ ဒါနန်းအသင်းဟာ အသင်းကောင်း တစ်သင်းဖြစ်သလို ဧရာဝတီအသင်းဟာလည်းမနှစ်ကထက်ကစားပုံပိုမိုကောင်းမွန်လာပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့အိမ်ကွင်းမှာဆိုရင်ရလဒ်ကောင်း တွေ ရရှိပေမယ့် အဝေးကွင်းမှာဆိုရင်တော့ ခက်ခက်ခဲခဲ ကစားရတတ်ပါတယ်။ အသင်းမှာ မနှစ်က ပါဝင်ခဲ့တဲ့ အဓိက,ကစားသမား(၆)ဦး မရှိတော့တာဟာလည်း အသင်းကိုအားနည်း စေပါတယ်။ အသင်းမှာ နိုင်ဂျီးရီးယားကစားသမား(၂)ဦး၊ သြစတြေးလျကစားသမား(၁)ဦးနဲ့ ခရိုအေးရှားကစားသမား(၁)ဦးစီ ပါဝင်ပြီး သူတို့ထဲက(၂)ဦး ဟာ ပြည်တွင်းလိဂ်ပွဲတွေကို ၀င်ရောက် ကစားခွင့်မရပါဘူး။

 ဒါ့ကြောင့် ဒီကစားသမားတွေအနေနဲ့ AFC Cup ပြိုင်ပွဲတွေမှာ အသင်းနဲ့အသားကျအောင် ရုန်းကန်နေရ ပါတယ်" ဟုဆိုခဲ့သည်။ ဆက်လက်၍ ၎င်းကအုပ်စု အဆင့်ကနေကျော်ဖြတ်နိုင်ရန် ဗီယက်နမ်ကလပ် ဒါနန်းအသင်းနှင့် မိမိတို့၏ကီလင်တန် အသင်း(၂)သင်းမှာ အခြေအနေကောင်း မွန်နေပြီး ဧရာဝတီ ယူနိုက်တက် အသင်းမှာ အခွင့်အရေးကောင်းများရှိသော်လည်း ကျန်အသင်းများဖြင့် ယှဉ်ပြိုင်ပါက အတွေ့အကြုံ ပိုင်းအားနည်းနေသေးကြောင်း သုံးသပ်သွားခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်း၏နည်းပြချုပ်ဖြစ်သူမာဂျန်ကလည်း ပြီးခဲ့သည့်နှစ်က(၂)သင်းတွေ့ဆုံခဲ့စဉ်တွင် (၃-၁)ဂိုးဖြင့်အနိုင်ရရှိခဲ့သည့် ရလဒ်မျိုးထပ်မံရရှိအောင်ကြိုးစားသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆို သွားခဲ့သည်။ မာဂျန်က "မနှစ်ကအိမ်ကွင်းမှာ ကီလင်တန်ကို(၃-၁)ဂိုးနဲ့အနိုင်ရရှိခဲ့တယ်ဆိုပေမယ့် ဒီနှစ်ခြေစွမ်း ကိုတော့နှိုင်းယှဉ်ပြီး မပြောလိုပါဘူး။ မနှစ်ကလိုရလဒ်မျိုးထပ်မံရရှိဖို့အစွမ်းကုန် ကြိုးစား သွားမှာပါ။ ကစားသမားတွေအနေနဲ့လည်း အင်တိုက်အားတိုက်ယှဉ်ပြိုင်မယ်ဆိုရင် ရလဒ်ကောင်း ထွက်ပေါ်လာ မှာပါ။ ကီလင်တန်အသင်း ဟာ အသင်းကြီးတစ်သင်းဖြစ် သလို နိုင်ငံခြားသား ကစားသမား(၄)ဦးပါဝင်တာကြောင့် သူတို့နဲ့ပွဲစဉ်ဟာခက်ခဲပြီး ပွဲကောင်းတစ်ပွဲဖြစ်လာပါ လိမ့်မယ်။ ရာသီ ဥတုအနေအထားကြောင့် အိမ်ရှင်အသင်းဖြစ်တဲ့ကျွန်တော်တို့အသင်းက အသာရတယ်ဆိုတာထက် ကစားသမားတွေ ရဲ့ စွမ်းဆောင်မှုကသာ ပိုအရေးကြီးတာပါ" ဟုဆိုခဲ့သည်။ ကီလင်တန်အသင်း နည်းပြချုပ်အနေဖြင့် နောက်တစ်ဆင့်ကိုတက် ရောက်နိုင်မည့် အသင်းများကိုသုံးသပ်ခဲ့ရာတွင် မိမိတို့အသင်း မပါဝင်ခြင်းနှင့်ပတ်သတ်၍ အငြင်းပွားစရာမရှိကြောင်း၊ အဆိုပါ အသင်း(၂)သင်း၏ ငွေကြေး သုံးစွဲမှုမှာ မိမိတို့အသင်းနှင့်များစွာကွာခြားကြောင်း၊ အကောင်းဆုံးကြိုးစားပြီး နိုင်ပွဲရရှိရန် စွမ်း ဆောင်ရမည် မှာ မိမိတို့တာဝန်သာဖြစ်ကြောင်း ၊ နောက်တစ်ဆင့်တက်ရောက်နိုင်မည် ဟု မျှော်လင့်ထားကြောင်း ရှင်းလင်းပြော ကြားသွားခဲ့သည်။

အသင်းပြောင်းတော့မည့် ပိုဒေါ့စကီး

အာဆင်နယ် တိုက်စစ်မှူး ပိုဒေါ့စကီးသည် ရာသီကုန်ဆုံးတွင် အသင်းမှ ထွက်တော့မည်ဟု သိရသည်။
အဆိုပါ ဂျာမနီ တိုက်စစ်မှူးကို ဂျူဗင်တပ်နှင့် အက်သလက်တီကို အသင်းတို့က ပစ်မှတ် ထားနေသည်။ ပိုဒေါစကီးသည် ယခုရာသီအစတွင် ကိုလုံးမှ အာဆင်နယ်သို့ ရောက်လာပြီး တစ်နှစ်မပြည့်ခင်မှာပင် အသင်းပြောင်းရန် ဟန်ပြင်လာခြင်း ဖြစ်သည်။ အသက် ၂၇ နှစ် အရွယ်ရှိ ပိုဒေါ့စကီးသည် မနက်ဖြန် ဘိုင်ယန်အသင်းနှင့် အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်ကို ဒဏ်ရာကြောင့် လွဲချော်မည် ဖြစ်သည်။ 
ပိုဒေါ့စကီးသည် နောက်ဆုံး ပရီးမီးယားလိဂ် ၃ ပွဲတွင် အရန်ခုံ၌ ချန်လှပ်ခံရ၍ စိတ်ကုန်နေပြီး ယခုရာသီတွင် အာဆင်နယ် အသင်း အတွက် ၁၃ ဂိုးသာ သွင်းယူထားသူဖြစ်သည်။ ဂျူဗင်တပ် အသင်းသည် ပိုဒေါစကီးကို ပေါင် ၁၅ သန်းဖြင့် ခေါ်ယူနိုင်ရန် ပစ်မှတ်ထားနေသည်။ ပိုဒေါစကီးသည် လွန်ခဲ့သည့် ဘိုင်ယန် အသင်းနှင့် အိမ်ကွင်း ပွဲစဉ်တွင် အာဆင်နယ် အသင်း ၃း၁ ဖြင့် အရေးနိမ့်ခဲ့သော်လည်း အသင်းအတွက် ချေပဂိုး တစ်ဂိုးကို သွင်းယူခဲ့သူ ဖြစ်သည်။

သံတွဲမြို့အား ဆူပူရန် လှုံ့ဆော်နေမှုအပေါ် သမ္မတကြီးထံသို့ တိုင်ကြားစာပေးပို့

ဘာသာလူမျိုးမခွဲခြားဘဲ ခေတ်အဆက်ဆက် အေးချမ်းစွာနေလာခဲ့သည့် သံတွဲမြို့နယ်တွင် ယခု ၂၀၁၃-ခု မတ်လ(၁၃)ရက်နေ့တွင် ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အစ္စလာမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင်ကလေးများကို စာမေးပွဲအခန်း သီးသန့်ခွဲဖြေရန် ပြည်နယ် အစိုးရမှ ခွဲခြားနေမှုနှင့် စာမေးပွဲအပြီးတွင် လူမှုရေး ဘာသာရေး ဆူပူကြမည်ဟု လှုံ့ဆော်ဝါဒဖြန့် နေမှုကို ဖော်ထုတ် အရေးယူ ပေးရန် နိုင်ငံတော် သမ္မတကြီးထံသို့ ဦးလှဝင်း(မင်းညိုငယ်-သံတွဲ)မှ တိုင်စာ တစ်စောင် ပေးပို့တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

သံတွဲမြို့နယ်သည် ခေတ်အဆက်ဆက်ကတည်းက ဘာသာလူမျိုးမခွဲခြားပဲ အေးချမ်းစွာနေလာခဲ့ပြီး ၁၉၃၀-ပြည့်နှစ် ၁၉၃၈-ခုနှစ် ကုလားဗမာ အဓိကရုဏ်းတွင်တွင် သံတွဲခရိုင်နိုင်ငံရေးခေါင်းဆောင် များဖြစ်ခဲ့သည် သခင်ကျော်ရင်၊ သခင်ဗတင်(လက်သီးပုန်း)၊ သခင်ထွန်းစိန်၊ သခင်သန်းမောင်၊ သခင်ညွန့် စတဲ့ နိုင်ငံရေးခေါင်းဆောင်များ၏ အမျှော်အမြင်ရှိမှု၊ သဘောထားကြီးမှုတို့ကြောင့် ပြဿနာများ မဖြစ်ခဲ့ပဲ အေးချမ်းချစ်ခင်ပြီး စည်းလုံးမှုရှိခဲ့ကြောင်း၊ လွန်ခဲ့တဲ့ ၂၀၁၂-ခု ဇွန်လ အရေးအခင်းမှစ၍ ရခိုင်ပြည်နယ်၌ စတင်ဖြစ်ပေါ်ခဲ့သော ပြဿနာ ဖန်တီးသူများ၏ ပယောဂများကြောင့် ၂၀၁၂-ခု အောက်တို ဘာလတွင် ဒုတိယအကြိမ် ပြဿနာ ထပ်မံဖြစ်ပွားခဲ့သော်လည်း ပညာတတ်သိသော သံတွဲ နယ်သားများကြောင့် သံတွဲတွင် မည်သည့်ပြဿနာမှ မဖြစ်ပွားပဲ ညီညွတ် လျက်ပင် ရှိခဲ့ကြောင်း၊ ဤကဲ့သို့ စည်းလုံးချစ်ခင် ညီညွတ်နေသည်ကို အလိုမကျသူလူစုသည် ယခုလ (၁၃)ရက်နေ့တွင် ပြုလုပ်မည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင် ကလေးများကို ခွဲခြားမှုဖြင့် စာမေးပွဲခန်းများခွဲ၍ ပြည်နယ်အစိုးရမှ ခွဲခြားမှုများပြုလုပ်နေကြောင်း၊ စာမေးပွဲပြီးပါက လူမျိုးရေး၊ ဘာသာရေးဆူပူကြမည်ဟု လှုံ့ဆော်ဝါဒဖြန့်ချိမှုများ ပြုလုပ်နေကြောင်း၊ သို့ပါ၍ ယင်းကိစ္စများကို ဖော်ထုတ် အရေးယူပေးရန်နှင့် ခွဲခြား ဆက်ဆံခံနေရသော ကျောင်းသား များ၏ ဝေဒနာ များကို ဖြေဖျောက်ကုစား၍ ယခင်အတိုင်း ချစ်ခင်မှုပြန်လည် တည်ဆောက်ပေးပါရန် တိုင်ကြားစာတွင် ထည့်သွင်း တိုင်ကြားခဲ့ကြောင်း သိရသည်။

ယင်းတိုင်ကြားစာအား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သာသနာရေးဝန်ကြီးဌာန သို့လိပ်မူပြီး၊ အိုလမာအစ္စလာမ် သာသနာ့ပညာရှင်များ အဖွဲ့၊ အစ္စလာမ် သာသနာရေးရာကောင်စီ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ မော်လ၀ီအဖွဲ့၊ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့၊ မြန်မာမွတ်စလင်မ် အမျိုးသားရေးရာ အဖွဲ့တို့၏ အဖွဲ့ချုပ်များသို့ မိတ္တူများပေး ပို့ခဲ့ကြောင်း သိရသည်။

လှိုင်သာယာ PPCL (မန်းကုမ္ပဏီ) ဆီပေပါ သိုလှောင်ရုံတွင် မီးလှောင်မှုဖြစ်ပွား

လှိုင်သာယာမြို့နယ်၊ ဒိုက်စုကျေးရွာ၊ အပိုင်း(၆)၊ ဆိပ်ကမ်းသာ လမ်းမပေါ်ရှိ PPCL Premiun PetroL (မန်း ကုမ္မဏီ)တွင် ယနေ့ မွန်းတည့် ၁၂း၀၀ နာရီ တွင် မီးလောင်မှု့ ဖြစ်ပွားခဲ့ပြီး ၁၂း၅၅ မိနစ်ချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒိုက်စုမီးသတ်ဌာနမှ တပ်စုမှူး ကိုသန်းလွင်မှ “ဆီပေပါတွေ သိုလှောင်ထားတဲ့ နေရာကနေ မီးလောင်တာပါ၊ဘယ်လိုစ လောင်တာလည်း ဆိုတာတော့ ကျွန်တော်တို့လည်း မသိသေးပါဘူး၊လှိုင်သာယာ၊ အင်းစိန် ၊စမ်းချောင်း၊ ကမာရွက် စတဲ့မြို့နယ်တွေက မီးသတ်ကား အစီးရေ (၅၀)ခန့်၊ လူအင်အား အယောက် ၃၀၀လောက်နဲ့ မီးဝိုင်းငြိမ်းကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ၀င်းထဲက ၀န်ထမ်း အိမ်ယာ နှစ်လုံးရယ်၊ ရုံးခန်း အဆောက်အဦးရယ်၊ ဆီပေပါ ၃လုံး၊ ဆီပေပါတင် ကားနှစ်စီးရယ်၊ သင်္ဘောတစ်စင်း မီးထဲ ပါသွားပါတယ် ”ဟု M-Media သို့ပြောကြားခဲ့သည်။

“ဆီပေပါ ထည့်တဲ့ အလုပ်သမား နှစ်ဦး ဒဏ်ရာ ရရှိလို့ ဆေးရုံပို့ထားပါတယ်။ ဒီအနီးအနားမှာ မီး ဆက်လက် လောင်ကျွမ်းဖို့ လွယ်ကူတဲ့ နေရာတွေ မရှိပါဘူး ။ဒီနေရာက လူနေအိမ်တွေနဲ့ ဝေးပါတယ်။ ဆိပ်ကမ်းမှာ ရပ်ထားတဲ့ သဘောင်္ တစ်စီးတော့ ပါသွားတယ်” ဟု မီးသတ်ဌာနမှ တာဝန်ရှိသူ တစ်ဦးက M-Media သို့ပြောသည်။

မြင့်သက်ဦး ၄၅၁ ငါးဖမ်း သင်္ဘောမှ ၀န်ထမ်းကလည်း “ကျွန်တော်တို့ သင်္ဘော ဆိုက်ကပ်ထားတဲ့နေရာမှာ မီးလောင်နေတယ်လို့ ပြောလို့ အပြေးလာကြည့်တာပါ။ ဒီရောက်တော့ ကျွန်တော်တို့ သင်္ဘောလည်း မီးထဲ ပါသွားပြီး ထင်းဖြစ်သွားပြီ။ ချောင်းလေး ရှိတော့ ဒီနားမှာ သင်္ဘောပြင်တဲ့ အချိန်တိုင်း အမြဲ ကမ်းကပ်ကပ် ထားတာပါ”ဟု M-Media သို့ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မူနှင့် ပတ်သက်၍ ဆီဖြည့်နေရင်း လောင်တာဖြစ်နိုင်ကြောင်း ပတ်ဝန်းကျင် ပြည်သူတစ်ဦးမှ ဝေဖန်သုံးသပ် ပြောကြားခဲ့သည်။