ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.3.13

ဂိုမက်စ်ကို စိတ်ဝင်စားနေသော နာပိုလီ

စီးရီးအေ ကလပ် နာပိုလီ အသင်းသည် ကာတားနီးယားမှ ကွင်းလယ်တိုက်စစ်သမား အလီဂျန်ဒရို ဂိုမက်စ်ကိုခေါ်ယူနိုင်ရေး အတွက် စောင့်ကြည့်နေကြောင်း သိရသည်။ နာပိုလီ အသင်းမှာ လာမည့်ရာသီတွင် ပိုမို အောင်မြင်မှုများ ရရှိလာနိုင်ရန် အတွက် အသင်း လိုအပ်ချက်နှင့် ကိုက်ညီမည့် ကစားသမားများကို စောင့်ကြည့်လျက်ရှိနေသည့် အသင်းဖြစ်သည်။ နာပိုလီ အသင်းမှာ အာဂျင်တီးနားသား ဂိုမက်စ်ကို စိတ်ဝင်စားနေကြောင်း

တရားဝင် ပြောဆိုထားသော်လည်း ပြောင်းရွှေ့ကြေး ယူရို ၁၅ သန်း အပေါ်တွင်မူ စဉ်းစားချင့်ချိန် လိမ့်မည်ဟု အချို့ သတင်းများက ဆိုသည်။ ဂိုမက်စ်မှာ လော်ရန်ဇို အသင်းမှ ကာတားနီးယား အသင်းသို့ ၂၀၁၀ နွေရာသီတွင် ရောက်ရှိခဲ့သူ ဖြစ်ပြီး အဓိက ကစားသမား တစ်ဦး ဖြစ်ကာ ယခုအထိ ပွဲပေါင်း ၁၀၀ ကျော် ကစားပေးခဲ့ပြီး ဖြစ်သည်။ နာပိုလီမှာ လောလောဆယ်တွင် စီးရီးအေ အဆင့် ၂ တွင် ရပ်တည်နေပြီး လာမည့်ရာသီတွင် ချန်ပီယံလိဂ် ၀င်ခွင့် ရရန် အကောင်းဆုံး အနေအထားတွင် ရှိနေသည်။

ဝေးလ် အသင်းပွဲစဉ်အား အကောင်းဆုံး ထိန်းချုပ်မည့် စကော့တလန် အသင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲဝင် စကော့တလန် အသင်း လက်ထောက် နည်းပြ မက်ဂီးက သောကြာနေ့မှာ ရင်ဆိုင်ရမည့် ဝေးလ်အသင်းနှင့် ပွဲစဉ်အတွက် ဂါရတ်ဘေးလ်အား ထိန်းချုပ်နိုင်ရန် ပြင်ဆင်ထားေ ကြာင်း ပြောခဲ့သည်။ သူက ဝေးလ် အသင်းနှင့် ရင်ဆိုင်ရန် ယုံကြည်မှု အပြည့်အ၀ ရှိနေပြီး ဝေးလ်အသင်းမှ တောင်ပံကစားသမား ဂါရတ်ဘေးလ်အားထိမ်းချုပ်နိုင် မည်ဟု ယုံကြည်နေသည်။စကော့တလန်အသင်းနှင့် ဝေးလ်အသင်းတို့သည်

ဥရောပဇုန် အုပ်စု (A) မှာ ကျရောက်နေခဲ့ပြီး ၂ သင်းစလုံးဟာ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေသည့် အသင်းများဖြစ်သည်။ စကော့တလန် အသင်းသည် ဝေးလ် အသင်းနှင့် မတ်လ ၂၆ ရက်နေ့မှာ ဧည့်ခံ ကစားရမှာ ဖြစ်ပြီး ထိုပွဲစဉ်မှာ ဟူးစီးတီး တိုက်စစ်မှူး ဂျော့ဘွိုင်းနှင့် ဒန်ဒီး အသင်းတိုက်စစ်မှူး မက်ကေး စတီဗင်တို့ စကော့တလန် အသင်းမှာ ပါဝင်နိုင်မည် ဖြစ်သည်။ ဂျော့ဘွိုင်းကလည်း မိမိတို့သည် ဝေးလ် အသင်းအား အကောင်းဆုံး ခြိမ်းခြောက် သွားရမည်ဟု ပြောခဲ့သည်။

မြက်ခင်းစိမ်းတွေကို အိုဝင် ကျောခိုင်းတော့မည်

စတုတ်စီးတီး တိုက်စစ်မှူး မိုက်ကယ်အိုဝင်မှာ ရာသီကုန်တွင် ဘောလုံးလောကမှ အနားယူတော့မည်ဖြစ် သည်။ အသက် ၃၂နှစ်အရွယ်ရှိ အိုဝင်မှာ လီဗာပူးနှင့်အတူ ကျော်ကြားလာသော ကစားသမား တစ်ဦးဖြစ်ပြီး အင်္ဂလန် လက်ရွေးစင် အသင်းတွင်လည်း ဘက်ခမ်း၊ ဂျရတ်၊ ဟက်စကီးတို့နှင့် အတွဲညီခဲ့သူဖြစ်သည်။ ၎င်းမှာ လီဗာပူးနှင့်အတူ ဖလား၅လုံး ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ဥရောပအကောင်းဆုံး ကစားသမား ဆု ဆွတ်ခူးနိုင်ခဲ့သည်။

အိုဝင်မှာ အင်္ဂလန်အသင်းတွင် စတုတ္ထ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး ဂိုး ၂၂၀ သွင်းယူနိုင်ခဲ့ကာ ရီးရဲလ်၊ နယူးကာဆယ်၊ မန်ယူတို့တွင် ကစားခဲ့ဖူးသူလည်းဖြစ်သည်။

သို့သော် အိုဝင်မှာ ယခုရာသီတွင် စတုတ်စီးတီးနှင့်အတူ ၇ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ရုန်းကန်နေရသူ လည်းဖြစ်သည်။ “ ကျွန်တော့်ကစားသမားဘ၀မှာ ကျွန်တော်အိပ်မက်မက်ခဲ့ သလို ဖြစ်ခဲ့လို့ ကံကောင်းတယ်လို့ ပဲပြောရမှာပါ။ ဒါ့ကြောင့်ပဲ ရာသီကုန်မှာ အနားယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ယူစွာနဲ့ ပြောနိုင်ခဲ့ပါတယ်”ဟု အိုဝင်က ပြောကြားခဲ့သည်။

ကြံ့ခိုင်မှုပြဿနာကြောင့် အင်္ဂလန်အသင်းမှ ဖာဒီနန်နုတ်ထွက်

မန်ယူနောက်ခံလူ ဖာဒီနန်မှာ ဆန်မာရီနို၊ မွန်တီနီဂရိုးတို့နှင့် ကစားမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲဝင် အင်္ဂလန် လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့သည်။ ၎င်းမှာ ကြံ့ ခိုင်မှုမပြည့်ဝသောကြောင့် ပွဲဆက်များသည့် ဒဏ် ခံနိုင်မည်မဟုတ်ဟု ဆေးမှတ်တမ်းများက ဖော်ပြခဲ့သည်။ ဖာဒီနန်မှာ နည်းပြ ရွိုင်းဟော့ဆန်နှင့် တွေ့ဆုံ ခဲ့ပြီး နောက် ယခုကဲ့သို့ နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ “အသင်းမှာ ဖာဒီနန်ကို မထည့်သွင်း နိုင်ခဲ့လို့ စိတ်ပျက်မိပေမယ့်

ဆေးမှတ်တမ်းတွေအရ သူ့ကို ခေါ်ယူဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဖာဒီနန်ဟာ အင်္ဂလန်ကို ကိုယ်စားပြုပါဝင် ချင်တဲ့သူဖြစ်ပြီး သူ့ရဲ့လက်ရွေးစင် အနာဂတ်လည်း အဆုံးသတ်ပြီလို့ မပြောနိုင်သေးပါဘူး”ဟု ရွိုင်းဟော့ ဆန်က ဆိုခဲ့သည်။ ဖာဒီနန် နုတ်ထွက် ခဲ့ခြင်းကြောင့် ၎င်း၏နေရာတွင် ယူ-၂၁အသင်းမှ စပါးနောက်ခံလူ ကော်လ်ကာကို အစားထိုးခေါ်ယူခဲ့သည်။

လက်ရွေးစင်အသင်းမှ နုတ်ထွက်ခဲ့ ခြင်းကြောင့် ဖာဒီနန်ကို လက်ရွေးစင် ကစားသမားဟောင်းများက တွစ်တာမှ တစ်ဆင့် ဝေဖန်ခဲ့ကြသည်။ ဖာဒီနန်မှာ ၁၉၉၇ခုနှစ် ကင်မရွန်းနှင့် ပွဲစဉ်တွင် အင်္ဂလန်အတွက် စတင်ပွဲထွက်ခဲ့ပြီး လက်ရွေးစင်ပွဲပေါင်း ၈၁ပွဲ ကစားထား ခဲ့သူလည်းဖြစ်သည်။ သို့သော် ၎င်းမှာ ပြီးခဲ့သော ယူရိုပြိုင်ပွဲတွင် အင်္ဂလန် အတွက် ရွေးချယ်ခံရခြင်း မရှိပေ။

ပျားအဆိပ်သည် HIV ပိုးကို တားဆီး ကာကွယ်နိုင်ကြောင်း သုတေသန ပညာရှင်များ လေ့လာ တွေ့ ရှိ

"melittin" အမည်ရှိ ပျားအဆိပ် တစ်မျိုးသညHIV ပိုးကို တိုက်ဖျက်နိုင်ပြီး ၎င်းပတ်ဝန်း ကျင်ရှိ အခြားဆဲလ် များ ကို ထိခိုက်စေခြင်း မရှိကြောင်း အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

AIDS ရောဂါ ဖြစ်စေနိုင်သည့် HIV ပိုး ကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်သည့် ga(ဂျဲလ်) တစ်မျိုးကို ထုတ်လုပ် ရာတွင် ပျားအဆိပ်သည် အရေး ပါသောကြောင့် အဆိုပါ လေ့လာတွေ့ ရှိမှုကို ချီးကျူး ဂုဏ်ပြုခဲ့ကြသည်။

"melittin" အမည်ရှိ ပျားအဆိပ်ကို သေးငယ်သော အမှုန်အစိတ် အပိုင်းများဖြစ်အောင် သိပ္ပံ ပညာရှင်များ က ဖန်တီးခဲ့ကြပြီး HIV ဆဲလ်များပေါ်သို့ ထည့်သွင်းလိုက်သည့် အခါတွင် HIV ဆဲလ်များ သေ ဆုံးခဲ့သည် ကို သိပ္ပံပညာ ရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ လေ့လာမှုကို အမေရိကန် ပြည်ထောင်စု စိန့်လူးဝစ်မြို့ရှိ ဝါရှင်တန် ဆေးတက္ကသိုလ်မှ သုတေသန ပညာရှင် များ အဖွဲ့က လုပ်ဆောင်ခဲ့ပြီး HIV ပိုး ကူးစက် ပျံ့နှံ့ခြင်းကို ကာကွယ်ရန် အတွက် ပျားအဆိပ်ကို အမျိုး သမီး အင်္ဂါတွင် ထည့်သွင်းသည့် ဂျဲလ်ထဲတွင် ထည့်သွင်း အသုံးပြုနိုင်ကြောင်း သုတေသန ပညာရှင် ဒေါက် တာ ဂျို့စ်ဟွာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

HIVပိုးကနဦး ကူးစက်ခံရမှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ရေး အစီအစဉ် တစ်ရပ်အဖြစ် ပြည်သူများသည် ၎င်းဂျဲလ် ကို အသုံးပြုနိုင်မည် ဟု မျှော်မှန်းထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။

အမှန်စင် စစ်အားဖြင့် HIV ပိုးတိုက်ဖျက်သည့် ဆေးဝါး အများစုသည် ဗိုင်းရပ်စ်ပိုးများ မျိုးပွားခြင်းကို ဟန့် တား နိုင်စွမ်းသာရှိပြီး ပျားအဆိပ်များသည် ဗိုင်းရပ်စ်ပိုး ဖွဲ့စည်း တည်ဆောက်ပုံကို အမှန်တကယ် တိုက် ဖျက် နိုင်စွမ်းရှိ၍ ကူးစက်မှုကို ကာကွယ် နိုင်စွမ်းရှိသည် ကို သုတေသန ပညာရှင်များက တွေ့ရှိခဲ့သည်။

ထို့ပြင် ပျားအဆိပ် အမှုန်လေး များသည် အကျိတ်ဆဲလ်များကို သေစေရန် အသုံးပြုနိုင်သည့် ထိရောက်ေ သာ နည်းလမ်း တစ်ခုဖြစ်လာ နိုင်ဖွယ် ရှိကြောင်း ဒေါက်တာ အယ်လ်ဟုဒ်က ပြောကြားခဲ့သည်။

လိမ္မော်သီး ဆန်းကစ်ဖျော်ရည် မှန်မှန်သောက်တဲ့ အကျိုး

လိမ္မော်သီး သို့မဟုတ် ဆန်းကစ် သီး လတ်လတ် ဆတ်ဆတ်ကို ဖျော်ရည် မှန်မှန် လုပ်သောက် ပါက သင်ရဲ့ ရင်သား တစ်ဝိုက် အဆီတွေ ကျ သွား စေခြင်း၊ ဗိုက်ကြီး ပူနေလို့ ဘယ်နေ့ မွေးမှာလဲ အမေးခံရခြင်း (အမှန်တော့ ကိုယ်ဝန် မဟုတ်ဘဲ) မရှိ စေ တော့ပါ။ ထို့အပြင် ခုခံ အားစနစ်ကို တိုးစေတဲ့ အတွက် နှာစေးလို့၊ အအေး မိလို့ ဖျားပြီး ဆေးခန်း သွားရတဲ့ စရိတ်တွေ မကုန် တော့ခြင်း စတဲ့ အကျိုး ကျေးဇူးတွေ ရနိုင် ပါတယ်။

ထို့အပြင် နို့နှင့် နို့ထွက် ပစ္စည်းများ နှင့်ပါတွဲပြီး မှန်မှန် သောက်ပေး မယ်ဆိုပါက အရိုး ပါးရောဂါ မဖြစ်အောင် ကာကွယ် နိုင် ပါတယ်။

ရေသောက်ခြင်း၏ အကျိုးကျေးဇူးများ

လူ့ခန္ဓာ ကိုယ်ကြီးရဲ့ ၆၀ မှ ၇၀ ရာခိုင် နှုန်းဟာ ရေဓာတ်နဲ့ ဖွဲ့စည်း ထား တာပါ။ ကျွန်မ တို့ရဲ့ ဦးနှောက် မှာလည်း ရေဓာတ် ၇၅ ရာခိုင်နှုန်း ပြည့်မှ ခေါင်း ကြည်ပြီး နေရထိုင်ရပျော်ရွှင် ရပါတယ်။ အနည်းငယ် ရေဓာတ် ခန်းခြောက်တာ နဲ့ ခေါင်းကိုက် တော့တာ ပါပဲ။ နွေရာသီ မှာ ခေါင်းကိုက် ခြင်းဟာ ရေများများ သောက်ဖို့ လိုတယ်ဆိုတာ ပြသနေ တာဖြစ် ပါတယ်။ သွေးထဲ မှာလည်း ရေဓာတ် ၉၂ ရာခိုင်နှုန်း လိုတာပဲ။ ကြွက်သား တွေမှာလည်း ရေဓာတ် ၇၅ ရာခိုင်နှုန်း လိုတာပါပဲ။ ဒါကြောင့် ရေသောက်ဖို့ မမေ့ကြ ပါနဲ့။

ကြက်သွန်နီသည် ချောင်းဆိုးခြင်းကို သက်သာစေနိုင်

ရိုးရှင်းတဲ့ ချောင်းဆိုးပျောက် ဆေးတစ်ခု ဖော်စပ် နည်းက ဒီလိုပါ။ လက်ဖက် ခြောက်ရည် လက်ဖကရည်ဇွန်း ၂ ဇွန်းနှင့် ပျားရည်လက်ဖက် ရည်ဇွန်း ၁ ဇွန်းရောပြီး ကြိုက်သလောက် လက်ဖက် ရည်ဇွန်းနှင့် ခပ်သောက်ပါ။ ပိုပြီး အစွမ်းထက် စေဖို့ ခြစ်ခုံနှင့် ခြစ်ထားတဲ့ ကြက်သွန်နီ အနည်းငယ် ပေါင်းထည့် ပေးပါ။ ကြက်သွန် နီမှာက ချောင်းဆိုးခြင်း တုံ့ပြန်မှု ဖြစ်စေ တဲ့ ဒြပ်ပေါင်းများ ပါဝင် တဲ့အတွက် သလိပ် ထွက်စေ ပါတယ်။

နောက်တစ် နည်းကတော့ အရွယ် အလတ်စား ကြက်သွန်နီ ၆ လုံးကို အခွံခွာပြီး နုတ်နုတ် စဉ်းပါ။ ယင်းကို ပျားရည် ခွက်တစ် ဝက်လောက်နှင့် ရောပြီး ဆူပွက် နေတဲ့ အိုးအပေါ်မှာတင်ထားတဲ့ လက်ကိုင်ပါ ဒယ်အိုး သို့မဟုတ် ရိုးရိုး ဒယ်အိုးထဲ ထည့်လိုက်ပါ။ ယင်းကို အဖုံး အုပ်ပြီး ရေနွေး ငွေ့နှင့် ၂ နာရီကြာ အပူ ပေးပါ။ အရည် ကိုစစ် ယူပြီး အဖုံးပါ ဖန်ဘူး တစ်ခုထဲ ထည့်ထားပါ။ ၂ နာရီ၊ ၃ နာရီခြား တစ်ကြိမ် လက်ဖက် ရည်တစ်ဇွန်း စာသောက် ပေးပါ။

ကလေးနှင့် ပတ်သက်၍ ဝမ်းနည်းဝမ်းသာဖြစ်ခြင်း ဘာကြောင့် ဖြစ်ရသလဲ

ကိုယ်ဝန် ဆောင်ချိန်မှာ ပရိုဂျက် စတီ ရုန်းနှင့် အီစ ထရိုဂျင် ဟော်မုန်းများ မြင့်တက် ခဲ့ပါတယ်။ ကလေး မွေးပြီး တဲ့ နောက် အဲဒီ ဟော်မုန်း များရဲ့ ပမာဏ ဟော်မုန်း ကျဆင်း မှုနှင့် လိုက်လျော ညီထွေ ဖြစ်ရန် ခက်ခဲစွာ ဆောင်ရွက် ရပါတယ်။ ဒါကြောင့် မွေးဖွား ပြီးစ မိခင်ရဲ့ စိတ်ခံ စားမှု များကို အကျိုး သက်ရောက် မှုတွေ ဖြစ်ပေါ်လာပါ တယ်။ မိခင် ဝမ်းထဲမှ ကလေးလုံးဝ ထွက်သွား ပြီးနောက်

မီးဖွား ပြီးစ မိခင်ဟာ မောပန်း နွမ်းနယ် သွားနိုင်ပါ တယ်။ အိပ်ရေး ပျက်ခဲ့ မှုတွေကြောင့် ပိုဆိုး စေပါတယ်။ ဒါကြောင့် သူ့ရဲ့ စိတ်ခံ စားမှုဟာ အမြင့်ဆုံး အခြေအနေ သို့ ရောက်ရှိ သွားခြင်းဟာ အံ့ဩစရာ မဟုတ်ပါ။

Baby Blues ကို မိမိဘာသာ မိမိကုသခြင်း

(၁) မိမိကိုယ်မိမိ အချိန် ပေးရ ပါမယ်။ ဒီလ ခံစား ရမှုမျိုးမှာ အချိန်တို မျှသာ ခံစား ရမည် ဖြစ်ကြောင်း၊ ဒါ့အပြင် ဒီလို အဖြစ် မျိုးဟာ ရှောင်လွှဲလို့ မရအောင် ကြုံတွေ့ ကြရလေ့ ရှိသည့် ပြဿနာ ဖြစ်ကြောင်း လက်ခံရပါမယ်။

(၂) အခြား သူများ၏ ကူညီ ဆောင် ရွက်ပေးမှုကို လက်ခံပါ။ အရာရာကို ငါလုပ်မှဖြစ်မယ် ဟူသော စိတ်မထား ပါနှင့်။

(၃) မိမိ ခံစားချက် များကို အခြားသူ များအား ဖွင့်ပြော ပြပါ။ ငိုလိုက်မှ ကောင်း သွားမယ် ထင်ရင်လည်း ငိုချ လိုက်ပါ။

(၄) ခင်ပွန်း ဖြစ်သူအား မိမိအပေါ် ချစ်ခင် ကြင်နာမှု အများကြီး ပြသဖို့ မိမိ လိုအပ် နေကြောင်း ပြောပြပါ။ ဒါပေမယ့် သတိ ရနေရမယ့် အကြောင်း ကတော့ သင့်ခင်ပွန်း အတွက်လည်း ပြောင်းလဲမှု တစ်ခု မဖြစ် မနေ လုပ်ရန် လိုအပ်တဲ့ အချိန်ဖြစ်တယ် ဆိုတာပါပဲ။

ဖခင်ရော Baby Blues ခံစားရသလား

ဖခင် များအတွက် ဇနီးသည် မွေးဖွား ပြီးတဲ့ အခါ ခံစားမှု ဇာတ်ရှိန် အမြင့် ဆုံးနှင့် ဆန့်ကျင်စွာ ခံစားရပါ မယ်။ သူတို့ အတွက် တာဝန် ယူရမှု တွေ ပိုမို များပြား လာပါတယ်။ ဒါ့အပြင် သူ့ရဲ့လူနေမှု စရိုက် ကလည်း ချက်ချင်း ပြောင်းလဲ သွားရပါတယ်။ ဖခင် အနေနဲ့ စိတ်ခံစား ရမှုတွေ နိမ့်ဆင်း နေရင် ဇနီးဖြစ်သူက ခွန်အားတွေရှိလာ အောင် မြှင့်တင်ပေးဖို့လိုပါတယ်။ ဒါဟာ တကယ့်ကို ကြီးမားသော ဖိစီး ရုန်းကန်ရမှု ဖြစ်နိုင်ပါတယ်။ ပထမ လအနည်းငယ် အတွင်းမှာ နှစ်ဦး စလုံး အတွက် မြန်ဆန် လှသော ပြောင်းလဲ မှုရဲ့ အစမ်း သပ်ခံ ကာလ အဖြစ် မှတ်ယူ ဖို့ ကြိုးစားပါ။ ဇနီးနှင့် ခင်ပွန်းဖြစ်သူ တို့ဟာ ယခု အချိန်ကျမှ ယခင်တုန်း ကထက် ပိုပြီး နီးကပ် လာကြတာဖြစ် ပါတယ်။ တကယ်လို့ စိတ်ပျော်ရွှင်မှု မရှိဘူးဆိုရင် မီးဖွားပေးရန် ကူညီသော သားဖွား ဆရာ မဖြစ်စေ၊ ဆရာဝန် ဖြစ်စေ၊ ရင်းနှီးသော သူငယ်ချင်းကိုဖြစ် စေ ခံစားရမှု များကို ဖွင့်အန် လိုက်ပါ။

ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများ


 
စိတ်ဖိစီးမှုကို ပြေလျော့ စေတဲ့ပြုံးရယ်ခြင်း၏ ကျန်းမာရေး အကျိုးကျေးဇူးများအရာ

ကဗျာ များတဲ့ ဘဝက စိတ်ဖိ စီးမှု တစ်ပုံကြီး ပေးပါတယ်။ စိတ်ဖိ စီးမှု အားလုံးကို ပြေလျော့ စေတဲ့ ရိုးရှင်းတဲ့ နည်းတစ် နည်းကတော့ ပြုံးရယ် ခြင်းသာ ဖြစ်တယ်။ ပြုံးရယ် ခြင်းက သင့်ကို စိတ်ပျော်ရွှင် စေရုံမက စိတ်ဖိ စီးမှု ကိုလည်း အမြန် ဖြေလျှော့ ပေးတယ်။

သွေးဖိအား

(Blood Pressure)ကို ကျစေ သင့်မှာ သွေးတိုး ပြဿနာ ရှိနေ ရင် ဆေးစား၊ ဆေးသောက် အပြင် တစ်နေ့တာ အချိန်ကို ပြုံးရယ် ခြင်းနှင့် ကုန်လွန် ပါစေ။ တစ်ကြိမ် ပြုံးရယ်တိုင်း သွေးပေါင် ချိန်ပမာဏ အတော် အတန် ကျဆင်းကြောင်း သိရတယ်။

ခန္ဓာကိုယ်ခုခံ အားစနစ် ခန္ဓာကိုယ် ခုခံ အားစနစ်(Immune System) တိုးတက် ကောင်းမွန် စေတယ်

သင့်ခန္ဓာကိုယ်ခုခံအား စနစ်ကို တိုးမြှင့် စေဖို့ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက ခန္ဓာကိုယ်ကို ကိုယ်စိတ် ပြေလျော့ စေ တဲ့အသွင် ရောက်စေပြီး ရောဂါများ (အထူး သဖြင့် အအေးမိ နှာစေးနှင့် တုပ်ကွေး) တိုက်ဖျက်နိုင်စွမ်းကို မြင့်တက် စေပါတယ်။ ရုပ်ကို နုပျိုစေ ပါးရေ တွန့်ခြင်း ကင်းပြီး လှပ တင်းရင်းတဲ့ မျက်နှာ ပိုင်ရှင် ဖြစ်ဖို့ မကြာ ခဏ ပြုံးရယ်ပါ။ ပြုံးရယ် ခြင်းက သင့်မျက်နှာကို တင်းရင်း စေတဲ့ သဘာဝ နည်းတစ်ခု ဖြစ်ပြီး ရေရှည်မှာ ရုပ်ကို နုပျိုစေပါတယ်။

အနာသက်သာ စေတဲ့ဆေးတစ်လက်

Endorphins ဓာတ်ပစ္စည်းများ က သင့်ခန္ဓာကိုယ်မှ နာကျင်ကိုက်ခဲမှု ကို သက်သာ စေတယ်လို့ သိရတယ်။ ပြုံးရယ်ခြင်းက ယင်းဓာတ်ပစ္စည်းတွေ ကို ထုတ်လွှတ် ပေးပါတယ်။ ဒါကြောင့် သဘာဝ အကိုက် အခဲ ပျောက်ဆေး သို့မဟုတ် နာကျင်မှု သက်သာဆေး တစ်ခု အနေနှင့် ပြုမူပါ။