ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

25.3.13

ရီးရဲလ်မှ ရာမို့စ် ချန်ပီယံလိဂ် ဖလား ယူရန် ရည်မှန်းထား

ရီးရဲလ် နောက်ခံလူ ရာမို့စ်က ယခုနှစ် ချန်ပီယံလိဂ် ဖလားရရန် ရည်မှန်းထားကြောင်း သိရသည်။ သူသည် အသင်းဖော်များအား ချန်ပီယံလိဂ် ဖလား ရရှိအောင် ကြိုးစားရန် တိုက်တွန်းထားပြီး ယခုရာသီမှာ အကောင်းဆုံး အခွင့်အရေး ရှိနေသည်ဟု ပြောခဲ့သည်။ ရာမို့စ်၏ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ နောက်ဆုံး အကြိမ် အဖြစ် ၂၀၀၁-၀၂ ရာသိမှာ ဗိုလ်စွဲပြီးနောက် ယခု အချိန်ထိ ပြန်လည် ရယူနိုင်ခြင်း မရှိသေးပေ။
ယခု အချိန်မှာ ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲ၏ ကွာတား အဆင့်သို့ ရောက်ရှိနေပြီး နောက်ခံလူ ရာမို့စ်က ရီးရဲလ် အသင်းသည် ချန်ပီယံလိဂ် ဖလားရရန် နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ရကြောင်း ၊ မိမိတို့ဟာတွေးထားရုံမက အသင်းရဲ့ ခြေစွမ်း ၊ ယုံကြည်မှုတွေကို ထိန်းသိမ်း တိုးမြှင့်သွားရမှာ ဖြစ်ကြောင်း ၊ ဒါတွေဟာ အရမ်းကို အရေးကြီးကြောင်း အသင်းဖော်များအား သတိပေးခဲ့သည်။ ရီးရဲလ် အသင်းသည် ယခုနှစ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာ တူရကီ ကလပ် ဂါလာတာစာရေး အသင်းနှင့် တွေ့ဆုံနေသည်။ အဆိုပါ ကွာတားဖိုင်နယ် ပထမအကျော့အား ဧပြီလ ၃ ရက်မှာ ရီးရဲလ် အိမ်ကွင်းတွင် ယှဉ်ပြိုင် ရမှာ ဖြစ်သည်။

ရာသီဥတုကြောင့် ရွှေ့ဆိုင်းခဲ့သည့် ရုရှားနှင့် မြောက်အိုင်ယာလန်

ယနေ့ နံနက်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အဖြစ် မြောက်အိုင်ယာလန် အသင်းနှင့် ရုရှား အသင်းတို့ ပွဲစဉ်အား ရာသီဥတု အခြေအနေကြောင့် ရွှေ့ဆိုင်းထားကြောင်း သိရသည်။ မြောက်အိုင်ယာ လန် နိုင်ငံမှာ ယှဉ်ပြိုင်ကစားရမည့် အဆိုပါ ပွဲစဉ်အား ဆီးနှင်းများ ထူထပ်စွာ ကျဆင်းနေတာကြောင့် နှစ်သင်းစလုံး သဘောတူ ရွှေ့ဆိုင်းခဲ့တာ ဖြစ်သည်။ အဆိုပါ ပွဲစဉ်အား နောက်တစ်နေ့ ၂၄ ရက် ဒေသစံတော်ချိန် ၁၅ နာရီ မှာ ယှဉ်ပြိုင်ရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်၏ ကွင်းလယ်ဒိုင် ဖြစ်သူ နော်ဝေလူမျိုး တွမ်ဟေဂန်သည် နှစ်သင်းမှ ကိုယ်စားလှယ်များနှင့် အတူ ကစားသမား၏ ကျန်းမာရေး အတွက် လိုအပ်သည့် ကွင်းတွင်း စစ်ဆေးမှုများအား ပြုလုပ်ခဲ့ပြီး ၊ ပြိုင်ပွဲကျင်းပရန် လုံလောက်သည့် အခြေအနေ မရှိတာကြောင့် ယခုလို ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။ လက်ရှိ အချိန်မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု F မှာ ရုရှား အသင်းသည် ၄ ပွဲ ၅ မှတ်ဖြင့် ထိပ်ဆုံးမှ ရပ်တည်နေပြီး ၊ မြောက်အိုင်ယာလန် အသင်းက ၄ ပွဲ ၃ မှတ်ဖြင့် အဆင့် ၄ နေရာမှာ ရပ်တည်နေသည်။

Tiger Myanmar Amateur Open ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင် ဗိုလ်စွဲ

Tiger Myanmar Amateur Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ် ၁၉ ရက်မှ မတ် ၂၂ ရက်(ယနေ့)ထိ ရန်ကုန်မြို့၊ ရန်ကုန်ဂေါက်ကွင်း(တညင်းကုန်း)၌ ကျင်းပခဲ့ရာ နောက်ဆုံးနေ့ပြိုင်ပွဲ တွင် မြန်မာနိုင်ငံသား မျိုးဝင်းအောင်က ထိုင်း၊ စင်ကာပူတို့က ဖြတ်ကျော်ကာ ချန်ပီယံဆုရရှိခဲ့သည်။
မျိုးဝင်းအောင်သည် စုစုပေါင်း ရိုက်ချက် ၂၈၅ ချက်ဖြင့် ပထမဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား ဒါသီဘိုမက စုစုပေါင်းရိုက်ချက် ၂၈၈ ချက်ဖြင့် ဒုတိယဆုအားလည်းကောင်း၊ ထိုင်းနိုင်ငံသား တာဝမ်ပေါင်က စုစုပေါင်း ရိုက်ချက် ၂၉၂ ချက်ဖြင့် တတိယဆုအားလည်းကောင်း၊ စင်ကာပူနိုင်ငံသား နီကလပ်က စုစုပေါင်း ရိုက်ချက် ၂၉၃ ချက်ဖြင့် စတုထ္ဃဆုအားလည်းကောင်း အသီးသီးရရှိခဲ့ကြသည်။ 

ပြိုင်ပွဲတွင် ပထမနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို ထိုင်းနိုင်ငံသား ဒါသီဘိုမမှ စုစုပေါင်း ရိုက်ချက် ၇၀ ချက်ဖြင့် လည်းကောင်း၊ ဒုတိယနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို မျိုးဝင်းအောင်မှ စုစုပေါင်းရိုက်ချက် ၆၉ ချက်ဖြင့် လည်းကောင်း၊ တတိယနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို ဖိလစ်ပိုင်နိုင်ငံသား လာဝရမ်က စုစုပေါင်းရိုက် ချက် ၆၈ ချက်ဖြင့်လည်ကောင်း၊ စတုထ္ထနေ့အတွက် အကောင်းဆုံးရိုက်ချက်ဆုကို မျိုးဝင်းအောင်မှ စုစုပေါင်း ရိုက်ချက် ၇၁ ချက်ဖြင့် ရရှိခဲ့ကြသည်။ ချန်ပီယံဆုရရှိခဲ့သည့် မျိုးဝင်းအောင်က “ဒီဆုရခဲ့လို့အများကြီး ၀မ်းသာပါတယ်။ ဒီပွဲအပေါ်မှာ အများကြီး မျှော်လင့်ထားတာပါ။

မြန်မာနိုင်ငံမှာ ကျင်းပတဲ့ အပျော်တမ်းပြိုင်ပွဲတွေထဲမှာ ဒီပြိုင်ပွဲက အမြင့်ဆုံးဖြစ်လို့ ဒီပွဲအတွက် အများကြီးမျှော်လင့်ထားပြီး ယှဉ်ပြိုင်ခဲ့တာပါ။ တစ်လနီးနီးလောက် တစ်ယောက်တည်း စခန်းသွင်းလေ့ကျင့်ပြီး နိုင်ဖို့ အတွက် ပြင်ဆင်ခဲ့ တာပါ။ လာမယ့်ဆီးဂိမ်းမှာလည်း ကျွန်တော့်အနေနဲ့ နိုင်ငံလက်ရွေးစင် ကစားသမား တစ်ယောက်အဖြစ် ပါဝင်ယှဉ်ပြိုင်ခြင်းပါတယ်။ ပြိုင်လဲ ပြိုင်ချင်ပါတယ်” ဖွင့်ဟသွားခဲ့သည်။ Tiger Myanmar Amateur Open Golf Championship 2013 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်တွင်း၊ ပြည်ပမှ ကစားသမား စုစုပေါင်း ၁၂၈ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်တွင်းကစားသမားအရေအတွက် ပိုမိုများပြားကြောင်း သိရှိရသည်။

နေရှင်နယ်လိဂ် ပွဲစဉ် ၆ ပွဲကြို ခန့်မှန်းချက်

မြန်မာ့လက်ရွေးစင် အသင်းရဲ့ AFC Challenge Cup ခြေစစ်ပွဲကြောင့် ခေတ္တ ရပ်နားထားရတဲ့ နေရှင်နယ် လိဂ်ပြိုင်ပွဲ ကို မတ် ၂၃ ရက်(ယနေ့)မှာ ပြန်လည် စတင်ပြီပဲဖြစ်ပါတယ်။ ပွဲစဉ် ၆ မှာတော့ ခြေစွမ်းပိုင်းကျ ဆင်းနေတဲ့ ဧရာဝတီအသင်းက ရန်ကုန်အသင်းနဲ့ ပွဲကြပ်တွေ့နေသလို အသင်းစုဖွဲ့ မှု အကောင်းဆုံး ပုံစံ မရသေးတဲ့ ရတနာပုံအသင်းကလည်း ကမ္ဘောဇအသင်းနဲ့ ပွဲကြပ်တွေ့နေပါတယ်။ တိုက်စစ်မှူး အသစ်ခေါ်ယူ ထားတဲ့ ဟံသာဝတီ အသင်းကလည်း မကွေးအသင်းကို အနိုင်ကစားနိုင်မလားဆိုတာ စိတ်ဝင်စား ဖို့ ကောင်းနေပါ တယ်။ ထုံးစံအတိုင်း ပွဲစဉ် ၆ အားလုံး ပြီးဆုံးတာနဲ့ ဘယ်သူတွေ ဆက်ပြီး လက်မထောင်နိုင်မလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပါ။

၂၃-၃-၂၀၁၃ ကမ္ဘောဇ - ရတနာပုံ
ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုမှာတော့ တစ်သင်းစီက တစ်ကြိမ်စီ အနိုင်ရထားကြပြီး တစ်ကြိမ်က သရေကျထားပါတယ်။ လက်ရှိအချိန် မှာ ကမ္ဘောဇအသင်းက ရတနာပုံအသင်းထက် ပိုမိုစုဖွဲ့မှုကောင်းမွန် တဲ့အပြင် ခြေစွမ်းပိုင်းကလည်း အကောင်းဆုံးပုံစံမှာ ရရှိနေပါတယ်။ ရတနာပုံ အသင်းက နည်းပြအပြောင်းအလဲ လုပ်ထားတဲ့အပြင် ကစားသမားတွေရဲ့ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်မှု အပိုင်းက အားနည်းနေပါသေးတယ်။ ဒါ့အပြင် ကမ္ဘောဇတို့က အိမ်ရှင်လည်းဖြစ်တာကြောင့် အိမ်ရှင်အသင်းပဲ အနိုင်ရရှိသွားမှာပါ။

၂၃-၃-၂၀၁၃ ဇေယျာရွှေမြေ - ရခိုင်ယူနိုက်တက်
ဇေယျာရွှေမြေတို့က အသစ်ခေါ်ယူထားတဲ့ ဂျပန်လူမျိုး ကွင်းလယ်တိုက်စစ်မှူးကို ဒီပွဲမှာ ထုတ်ကစားမှာပါ။ ရခိုင်ယူနိုက်တက်အသင်းက ငါးပွဲကစားပြီးချိန်မှာ တစ်မှတ်ပဲရရှိ ထားသေးလို့ နိုင်ငံခြား ကစား သမား ပြန်လည်ခေါ်ယူဖို့ လုပ်နေတဲ့ အသင်းပါ။ အသင်းလိုက် ကစားပုံနဲ့ ကစားသမား တစ်ဦးချင်းရဲ့ စွမ်းဆောင်ရည်ပိုင်းမှာလည်း ရခိုင်ယူနိုက်တက်အသင်းက ဇေယျာရွှေမြေအသင်းကို မယှဉ်နိုင်ပါဘူး။ အိမ်ရှင်တို့ အသစ်ခေါ်ထားတဲ့ ဂျပန်တိုက်စစ်မှူးနဲ့ ဆာဆာတို့သာ အတွဲအဖက်ညီခဲ့မယ်ဆိုရင် ဂိုးများများနဲ့တောင် အနိုင်ရနိုင်ပါတယ်။

၂၃-၃-၂၀၁၃ မကွေး - ဟံသာဝတီ
ဒီရာသီမှာ မကွေးအသင်းရဲ့ နိုင်ငံခြားကစားသမား ခေါ်ယူမှုက အခြားအသင်းတွေထက် ပိုမိုကောင်းမွန်တဲ့ အနေအထားကို တွေ့ရပါတယ်။ ခြေစွမ်း ပိုင်းကလည်း တည်တည်ငြိမ်ငြိမ် ရှိတဲ့အသင်းပါ။ ဟံသာဝတီ အသင်းက ငါးပွဲကစားပြီးချိန်မှာ နိုင်ပွဲတစ်ပွဲသာ ရရှိထားသေးလို့ နိုင်ပွဲ ပြန်လည် ရှာဖွေ နေတဲ့အသင်းပါ။ ဒါ့အပြင် အသင်းတိုက်စစ်ပိုင်းကိုလည်း မကွေးတိုက်စစ်မှူးဟောင်း အဘိုလာဂျီနဲ့ အားဖြည့်ထား ပါတယ်။ နောက်ဆုံး သုံးကြိမ် တွေ့ ဆုံမှုတွေကို ကြည့်မယ်ဆိုရင် မကွေးက နှစ်ကြိမ် နိုင်ထားပြီး ဟံသာဝတီက တစ်ကြိမ် နိုင်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အနိုင်အရှုံး ပေါ်ခဲ့ပေမယ့် ပြတ်ပြတ် သားသား ရလဒ်မျိုး ထွက်ပေါ်မရှိပါဘူး။ ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း မကွေးတို့ ဂိုး နည်းနည်းနဲ့ ကပ်နိုင်ဦးမှာပါ။

၂၃-၃-၂၀၁၃ ဧရာဝတီ - ရန်ကုန်
ဧရာဝတီအသင်းက လိဂ်ပြိုင်ပွဲမှာလည်း ရလဒ်တွေ ဆိုးနေသလို AFC Cup ပြိုင်ပွဲမှာလည်း နိုင်ပွဲ မရရှိသေးပါဘူး။ အသင်းရဲ့ လူအင်အားပိုင်းက လည်း အားရစရာ အနေအထားမျိုးမှာ ရှိမနေပါဘူး။ ရန်ကုန်အသင်းက်စုဖွဲ့မှု ပိုမိုကောင်းမွန်တဲ့အပြင် ကစားသမားတစ်ဦးချင်းစီရဲ့ အရည်အသွေး ကလည်း ဧရာဝတီအသင်းထက် ပိုမိုကောင်းမွန်ပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးသုံးကြိမ် တွေ့ဆုံမှုကို ကြည့်ရင် နှစ်ကြိမ် သရေကျထားပြီး ရန်ကုန် အသင်းက တစ်ကြိမ် အသာရထားပါတယ်။ ရန်ကုန်အသင်း တိုက်စစ်မှူးတွေ ဖြစ်တဲ့ ကျော်ကိုကို၊ ကိုနေးအဒါမာ၊ ဆီဇာတို့သာ အတွဲအဖက်ညီခဲ့မယ် ဆိုရင် ဧရာဝတီအသင်းကို ဂိုးများများနဲ့တောင် နိုင် နိုင်ပါတယ်။

၂၄-၃-၂၀၁၃ နေပြည်တော် - မနောမြေ
ခြေစွမ်းချင်း သိပ်မကွာတဲ့ အသင်းနှစ်သင်းရဲ့ တွေ့ဆုံမှုက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မနောမြေအသင်း က ရန်ကုန်တို့လို အသင်းကြီးတွေကို ဒုက္ခပေးနိုင်တဲ့ အသင်းတစ်သင်းဖြစ်သလို နေပြည်တော် အသင်းက လည်း အိမ်ကွင်းမှာဆိုရင် အသင်းကြီးတွေဆီက အမှတ်ယူနိုင်တဲ့ အသင်းမျိုးပါ။ နောက်ဆုံး သုံးကြိမ် တွေ့ဆုံမှုမှာ နေပြည်တော်က နှစ်ကြိမ် နိုင်ထားပြီး မနောမြေအသင်းက တစ်ကြိမ် နိုင်ထားပါတယ်။ သာမန်ဆိုရင် သရေကျနိုင် တဲ့ အနေအထားမျိုးဖြစ်ပေမယ့် နေပြည်တော်အသင်း အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ ပရိသတ်အားရှိတဲ့ နေပြည်တော်ပဲ ကပ်နိုင်ဖို့ ရှိပါတယ်။

၂၄-၃-၂၀၁၃ ဆောက်သမ်း - ဇွဲကပင်
အစဉ်အလာဟောင်းတွေကို ကြည့်မယ်ဆိုရင် ဇွဲကပင်အသင်းက ဆောက်သမ်းအသင်းကို ရှုံးနိမ့်ခဲ့တာ ချည်းပါပဲ။ ဒါပေမယ့် လက်ရှီအချိန်မှာ ဇွဲကပင် အသင်းက နိုင်ငံခြားကစားသမားတွေ ခေါ်ယူထားတဲ့အပြင် အသင်းရဲ့ ခြေစွမ်းကလည်း ပိုမိုတိုးတက်လာပါတယ်။ ဆောက်သမ်းအသင်းက ပြည်တွင်း လူငယ်ကစားသမားတွေနဲ့ပဲ ယှဉ်ပြိုင်နေတဲ့ အသင်းပါ။ ဇွဲကပင်အသင်း ခြေစွမ်း ကောင်းမွန်လာတာ မှန်ပေမယ့် အသင်းလိုက် စုဖွဲ့မှု ကစား အားက အကောင်းဆုံးအနေအထားမှာ မရှိသေးပါဘူး။ ဇွဲကပင်အသင်း အနိုင်ရဖို့များပေမယ့် ဆောက်သမ်းရဲ့ ရုန်းအားကြောင့် သရေကျ သွားနိုင်ပါတယ်။

ပွဲစဉ် ၆ ပွဲစဉ်များ
၂၃-၃-၂၀၁၃ ကမ္ဘောဇ - ရတနာပုံ ညနေ ၃း၀၀ (တောင်ကြီး)
၂၃-၃-၂၀၁၃ ဇေယျာရွှေမြေ - ရခိုင်ယူနိုက်တက် ညနေ ၄း၀၀ (မုံရွာ)
၂၃-၃-၂၀၁၃ မကွေး - ဟံသာဝတီ ညနေ ၄း၀၀ (သုဝဏ္ဏ)
၂၃-၃-၂၀၁၃ ဧရာဝတီ - ရန်ကုန် ညနေ ၄း၀၀ (အောင်ဆန်း)
၂၄-၃-၂၀၁၃ နေပြည်တော် - မနောမြေ ည ၆း၀၀ (နေပြည်တော်)
၂၄-၃-၂၀၁၃ ဆောက်သမ်း - ဇွဲကပင် ညနေ ၄း၀၀ (သုဝဏ္ဏ)

အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း နိုင်ပွဲစတင်ရရှိ

၂၀၁၅ အာရှဖလားခြေစစ်ပွဲတွင် မလေးရှားအသင်း သည် နိုင်ပွဲစတင် ရရှိခဲ့သော်လည်း ထိုင်း၊ ဗီယက်နမ် အသင်းတို့မှာ ရှုံးပွဲများ ဆက် လက်ကြုံတွေ့ နေသည်။ မလေးရှားအသင်းသည် ပြီးခဲ့သည့် မတ် ၂၂ ရက်က အာရှဖလားခြေစစ်ပွဲအဖြစ် အိမ်ကွင်း၌ ယီမင်အသင်းအား ဧည့်ခံကစားခဲ့ရာ ၂-၁ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မလေးရှားအသင်းအတွက် အနိုင်ဂိုးများကို ၂၇ မိနစ်တွင် အာဇာမူဒင်၊ ၈၀ မိနစ်တွင် မူဟန်မင်း တို့က သွင်းယူပေးခဲ့ကြပြီး ယီမင် အသင်းအတွက် တစ်လုံးတည်းသောဂိုးကို ၁၂ မိနစ်တွင် ဟာဂရီက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ မလေးရှားအသင်းသည် အာရှဖလားခြေစစ်ပွဲ အုပ်စု (D) တွင် ဘာရိန်း၊ ကာတာ၊ ယီမင်အသင်းများနှင့် တစ်အုပ်စုတည်းကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား တစ်ပွဲနိုင်၊ တစ်ပွဲ ရှုံး ရမှတ် သုံးမှတ်ဖြင့် အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ ရက်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် ဘာရိန်း အသင်းနှင့် အိမ်ကွင်းတွင် ကစားရမည်ဖြစ်သည်။ အခြားပွဲစဉ် တွင် ဘာရိန်းအသင်းက ကာတာ အသင်းအား ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (B) တွင် အရှေ့တောင်အာရှအသင်းဖြစ်သည့် ထိုင်းအသင်းသည် အဝေးကွင်း၌ လက်ဘနွန်အသင်းအား ၅-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ လက်ဘနွန်အသင်းအတွက် အနိုင်ဂိုးများကို ၆၊ ၂၂ မိနစ်များတွင် ချာတို၊ ၃၁ မိနစ်တွင် ဟာဒါ၊ ၇၂ မိနစ်တွင် မာတောက်၊ ၉၁ မိနစ်တွင် အာဝီတို့က သွင်းယူပေး ခဲ့ပြီး ထိုင်းအသင်းအတွက် ချေပဂိုးနှစ်ဂိုးကို ၄၉ နှင့် ၈၅ မိနစ်များတွင် ပါချမ်က သွင်းယူပေးခဲ့သည်။ ထိုင်းအသင်း သည် အာရှဖလားခြေစစ်ပွဲ အုပ်စု(B) တွင် အီရန်၊ ကူဝိတ်၊ လက်ဘနွန်အသင်းများနှင့် ကျရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစား နှစ်ပွဲရှုံးဖြင့် ဇယား အောက်ဆုံး၌ ရပ်တည်နေသည်။ လာမည့် အောက်တိုဘာ ၁၅ တွင် ထိုင်းအသင်းသည် အဝေးကွင်း၌ အီရန်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစား ရမည်ဖြစ်သည်။

အာရှဖလားခြေစစ်ပွဲ အုပ်စု (E) တွင် အရှေ့တောင်အာရှအသင်းတစ်သင်းဖြစ်သည့် ဗီယက်နမ်အသင်း သည် ဟောင်ကောင်အသင်းအား ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ သည်။ ဟောင်ကောင်အသင်းအတွက် တစ်လုံး တည်းသော အနိုင်ဂိုးကို ၈၇ မိနစ်တွင် ချမ်ဝါဟိုက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်အသင်းသည် အာရှဖလား ခြေစစ်ပွဲ အုပ်စု(E) တွင် ယူအေအီး၊ ဟောင်ကောင်၊ ဥဇဘက်ကစ္စတန်အသင်းများနှင့် တစ်အုပ်စု တည်းကျ ရောက်နေပြီး လက်ရှိအချိန်တွင် နှစ်ပွဲကစားပြီးရာ၌ နှစ်ပွဲစလုံး ရှုံးနိမ့်ထားပြီး ဇယားအောက်ဆုံး ၌ ရပ်တည်နေသည်။ ဗီယက်နမ်အသင်းသည် လာမည့် အောက်တိုဘာ ၁၅ ရက်တွင် အဝေးကွင်း၌ ဥဇဘက်ကစ္စတန်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။

မတ် ၂၂ ရက်တွင် ကစားခဲ့သည့် ၂၀၁၅ အာရှဖလားခြေစစ်ပွဲ ရလဒ်များ
လက်ဘနွန် ၅ - ၂ ထိုင်း
တရုတ် ၁ - ၀ အီရတ်
မလေးရှား ၂ - ၁ ယီမင်
ဘာရိန်း ၁ - ၀ ကာတာ
ဟောင်ကောင် ၁ - ၀ ဗီယက်နမ်
ယူအေအီး ၂ - ၁ ဥဇဘက်ကစ္စတန်

ကမ္ဘောဒီးယားအသင်းအား ဂိုးပြတ်အနိုင်ရခဲ့သည့် တာ့ခ်မင်နစ္စတန်

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ပွဲစဉ်များကို မတ် ၂၂ ရက်က ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပခဲ့ရာ ပွဲဦးထွက်တွင် တာ့ခ်မင်နစ္စတန် အသင်းသည် ကမ္ဘောဒီးယားအသင်းအား ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
တာ့ခ်မင်နစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ပွဲချိန် ၇ မိနစ်တွင် အာမန်နော့၊ ၂၃ နှင့် ၃၆ မိနစ်များတွင် ဘာယာနော့၊ ၄၁ မိနစ်တွင် ကမ္ဘောဒီး ယားနောက်ခံလူ သာဗတ်က ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မိ၊ ၇၄ မိနစ်တွင် ဆာရမ်ဒေါင်း၊ ၈၁ မိနစ်တွင် အာဗာလို၊ ၈၇ မိနစ်တွင် ဘထရာရိုတို့က သွင်းယူပေးခဲ့ကြသည်။ အခြားပွဲစဉ် တွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းနှင့် ဘရူနိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရမည်ဖြစ်ရာ ဘရူနိုင်းအသင်းသည် ပြိုင်ပွဲ မှ နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဖိလစ်ပိုင်အသင်းအား ၃-၀ ဂိုးဖြင့် အနိုင်ပေးခဲ့သည်။

2014 AFC Challenge Cup ခြေစစ်ပွဲ အုပ်စု(E) ရလဒ်များနှင့် ပွဲစဉ်များ
တာ့ခ်မင်နစ္စတန် ၇ - ၀ ကမ္ဘောဒီးယား
ဖိလစ်ပိုင် ၃ - ၀(Awarded) ဘရူနိုင်း
၂၄-၃-၂၀၁၃ ဘရူနိုင်း ၀ - ၃ (Awarded) တာ့ခ်မင်နစ္စတန်
၂၄-၃-၂၀၁၃ ကမ္ဘောဒီးယား - ဖိလစ်ပိုင်
၂၆-၃-၂၀၁၃ ကမ္ဘောဒီးယား ၃ - ၀(Awarded) ဘရူနိုင်း
၂၆-၃-၂၀၁၃ ဖိလစ်ပိုင် - တာ့ခ်မင်နစ္စတန်

နာကျင်မှုကို သက်သာအောင် မတ်မတ်နေပါ

ခေါင်းကိုက်တာ၊ အဆစ်ကိုက်တာ ဒါမှမဟုတ် တခြား ကိုက်ခဲတာတွေ ဖြစ်ရင် စက္ကန့် ၆၀ အတွင်း သက်သာနိုင် အောင် မတ်မတ်ရပ်ပါ ဒါမှမဟုတ် မတ်မတ် ထိုင်ပါလို့ စိတ်ပိုင်းဆိုင်ရာ ဂျာနယ်မှ လေ့လာမှု အသစ်အရ ဖော်ပြထားပါ တယ်။ အနေအထား မှန်ကန်တာကြောင့် နာကျင်မှုကို အောင်မြင်ရာ မှာ နှစ်ဆခန့် မြင့်တက် သွားတယ်လို့ ဆိုပါတယ်။ မိမိ ကိုယ်ကိုယ် ယုံကြည်စိတ် မြင့်တက်လာပြီး သင့်ကို ပြဿနာ ဖြစ်စေတဲ့ အကြောင်းအ ရာကို ပိုမိုထိန်းချုပ် နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဒါ့အပြင် နာကျင်မှုကို အဖြစ်နည်းတဲ့ တက်စထရို စတီ ရုန်းဟော်မုန်းတွေ ခန္ဓာကိုယ်မှ ထွက်ရှိ လာတာ ကြောင့်လို့လည်း ဆိုပါတယ်။

အမည်းရောင် ချောကလက်က စိတ်ဖိစီးမှုကို လျော့ကျစေနိုင်

ကိုကိုး ၇၅ ရာခိုင်နှုန်း ပါဝင်တဲ့ ချောကလက်ကို နေ့စဉ် အနည်းငယ်စီ စားတာကြောင့် သွေးတွင်း မကောင်း တဲ့ ကိုလက်စထရော အဆင့်ကို လျော့ကျစေ ကာ သွေးကြော ပိတ်ဆို့မှု မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီး မှုကိုလည်း လျှော့ချပေး နိုင်ပါတယ်။

ငါးက နှလုံးကို ကျန်းမာစေနိုင်

ဆယ်လ်မွန် ငါးနဲ့ မက်ထရယ် ငါးတို့လို အိုမီဂါ ၃ ဖက်တီး အက်စစ် များစွာ ပါဝင်တဲ့ ငါးတွေဟာ နှလုံး ရော ဂါ ဖြစ်နိုင် ခြေကို လျော့ကျ စေပြီး ကိုယ်တွင်း ရောင် ရမ်းမှု လျော့နည်းစေကာ ဦးနှောက်ရဲ့ လုပ်ငန်း ဆောင် တာ တွေကို ကောင်းမွန် စေပါတယ်။ ငါးမကြိုက်လို့ မစားရင် အခွံ မာတဲ့ အစေ့အဆန် တွေကို စားပေး သင့်ပါ တယ်။

ပန်းဂေါ်ဖီစိမ်းက ဆီးအိတ်ကို ကာကွယ်ပေးနိုင်

သင့်မိခင်က သင့်ကို ပန်းဂေါ်ဖီစိမ်း စားဖို့ တိုက်တွန်းလေ့ ရှိသလား။ ဒါက သင့်ကျန်းမာရေး ကို စောင့်ရှောက်မှုပေး နေတာပဲ ဖြစ်ပါတယ်။ ပန်းဂေါ်ဖီစိမ်းကို သုပ်စားတာကလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အရန်ဟင်းလျာ တစ်မျိုးဖြစ်ပြီး ဆီးအိတ် ကင်ဆာ မဖြစ်အောင် ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။