ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.5.13

ပန်းချီ ဝသုန် အမှတ်တရ ပြပွဲတွင် အခြားပန်းချီဆရာကြီးများ၏ လက်ရာများ ပါဝင်



၁၁.၅.၂၀၁၃၊ စနေနေ့
 
 

စာနယ်ဇင်း သရုပ်ဖော်ပန်းချီလောကတွင် ထင်ရှားကျော်ကြားခဲ့သော ပန်းချီဝသုန် ကွယ်လွန်ခြင်း ၅ နှစ်ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲ၌ ကျပ်သိန်း ၁၀၀ တန်ဖိုး သတ်မှတ်ထားသည့် ယခင်ခေတ် ပန်းချီဆရာကျော်များ၏ လက်ရာဟောင်း ကားများကိုလည်း ထည့်သွင်းပြသထားကြောင်း တွေ့ရှိရသည်။


ပြပွဲကို ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ မြန်မာနိုင်ငံ ပန်းချီပန်းပု အစည်းအရုံးပြခန်း၌ မေလ ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပလျက် ရှိသည်။

“ထူးထူးခြားခြားအနေနဲ့ကတော့ ဖေဖေစုဆောင်းခဲ့တဲ့ ပန်းချီဆရာကြီး ရန်ကုန်ဘဆွေ၊ ဦးဘရင်ကလေး၊ ဦးကျော်နဲ့ ပန်းချီရွှေအောင်သိမ်း တို့ရဲ့ ရှေးလက်ရာတွေကိုပါ ကျပ် ၁၅ သိန်းကနေ ၁၀၀ အထိ သတ်မှတ်ပြီး ပြသ ရောင်းချပေးထားပါတယ်” ဟု ဆရာဝသုန်၏ သမီးဖြစ်သူ မအင်ကြင်းမွှေး က ပြောသည်။

“အမှတ်တရများနှင့် ရှင်သန်ခြင်း” ဟု အမည်ပေးထားသော ယင်းပြပွဲတွင် ပန်းချီဝသုန် ရေးဆွဲပြီး ပန်းချီကား များ၊ ရေးလက်စရေဆေး၊ ဆီဆေး ကားများ၊ စာနယ်ဇင်း မျက်နှာဖုံးသရုပ်ဖော်ပုံများ၊ အတွင်း သရုပ်ဖော်ပုံ များ၊ ပါတိတ် ပန်းချီ လက်ရာများ၊ လင်္ကာဒီပချစ်သူ ဝတ္ထုအပါအဝင် အခြားဝတ္ထုများ၏ မျက်နှာဖုံး သရုပ်ဖော်ပုံများနှင့် ဆရာနေ၀င်းမြင့်၏ ရေကန်သာကြာတိုင်းအေး အခန်းဆက်ဝတ္ထုပါ သရုပ်ဖော်ပုံများအား သက်ဆိုင်ရာ ကဏ္ဍအသီးသီး ခွဲခြားကာ ပြသထားသည်။

“ဖေဖေ ကွယ်လွန်ပြီး ၁ နှစ်ပြည့်တုန်းကတော့ 'လူပုံပါးပါး၊ စိတ်ဓာတ်မာမာ' ဆိုတဲ့ စာအုပ် ထုတ်ဖြစ်တယ်။ အမှတ်တရ လွယ်အိတ်တွေ လုပ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း နှစ်တွေကတော့ အလှူပဲ လုပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်တွေကတည်းက ၅ နှစ်ပြည့် ရောက်ရင်တော့ ဖေဖေလည်း ဆန္ဒရှိခဲ့တဲ့ ပြပွဲကို လုပ်ဖို့စိတ်ကူးထားတဲ့အတွက် ဒီကြားထဲ နှစ်တွေမှာ ဖေဖေ ရေးခဲ့တဲ့ ကားဟောင်းတွေကို ဘောင်သွင်း တာ၊ ရေးလက်စ ကားတွေ ပြန်စုတာ၊ စာနယ်ဇင်း သရုပ်ဖော်ပုံတွေ ပြန်စုတာတွေကို လုပ်ပြီး ဒီနှစ် ၅ နှစ်ပြည့်မှာ တစုတစည်းတည်း ပြန်ပြသတာပါ” ဟု မအင်ကြင်းမွှေး က ရှင်းပြသည်။

ပြပွဲတွင် ပန်းချီကားပေါင်း ၈၀ ပြသခဲ့ပြီး ဝသုန်၏ ပန်းချီကားများကိုမူ ရောင်းချခြင်းမပြုပေ။

“ဆရာဝသုန်ဆိုတာက ကျနော်တို့ သရုပ်ဖော် ပန်းချီလောကထဲကို ဝင်ကာစက မြင်ဆရာ အနေနဲ့ အတုယူရ သူပါ။ ကျနော်တို့ သရုပ်ဖော် ပန်းချီဆရာတစ်ယောက်ဆိုတာ ဘောင်ခတ်ချက်တွေ ရှိပါတယ်။ သရုပ်ဖော် ပန်းချီဆရာကောင်း ဖြစ်ဖို့ ဆိုတာက စာလည်းဖတ်ရမယ်။ စာရေးဆရာ ဆိုလိုတဲ့ အာဘော်ကိုလည်း ထိမိဖို့ လိုတယ်။ နောက်ပြီး အထား အသို၊ ရေးချက်၊ စာလုံးအား စတာတွေ အဖက်ဖက်က ပြည့်စုံဖို့ လိုပါတယ်။ အခုလို ဆရာ့အမှတ်တရပြပွဲကိုကြည့်ပြီး ဆရာက သူထမ်းဆောင်ရမယ့် အနုပညာတာဝန်တွေကို အပြည့်စုံဆုံး အကောင်းဆုံး လုပ်ပြသွားပါလားလို့ တွေးမိပါတယ်” ဟု စာနယ်ဇင်း သရုပ်ဖော်ပန်းချီဆရာ နီပိုဦးက မဇ္ဈိမကို ပြောပြသည်။

ဆရာဝသုန်သည် သရုပ်ဖော်ပန်းချီများ သာမက ဝတ္ထုတိုများလည်း ရေးသားခဲ့သူ ဖြစ်သည်။

အမျိုးသားပြတိုက်တွင် ထိန်းသိမ်း စုဆောင်းထားသော မြန်မာ ပန်းချီကျော်တို့၏ လက်ရာ ပန်းချီကားများ ထဲတွင် ပန်းချီဝသုန်၏ ပန်းချီကားလည်း ပါဝင်သည်။ 

မဇ္စျိမ

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့ နယ်သာလန်နှင့် အီတလီနိုင်ငံသို့ ထွက်ခွာ



၁၁.၅.၂၀၁၃၊ စနေနေ့

နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများတွင် ယှဉ်ပြိုင်ရန် မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နှင့် အီတလီနိုင်ငံများသို့ မေလ ၉ ရက်နေ့က စတင်ထွက်ခွာသွားခဲ့သည်။

အားကစားသမားများအဖြစ် ဒေါက်တာစုမြတ်စိုး၊ နန်းခမ်းစေး၊ အောင်မြင်သူ၊ နိုင်လတ်ထွန်းတို့ လိုက်ပါသွားကြသည့် လက်ရွေးစင် ရွက်လှေအဖွဲ့သည် နယ်သာလန်နိုင်ငံ၌ မေ ၂၁ ရက်မှ ၂၅ ရက်ထိ ကျင်းပမည့် Delta Lloyd Regatia 2013 ရွက်လှေပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး ထိုမှတစ်ဆင့် ဇွန်လ ၈ ရက်မှ ၁၅ ရက်ထိ အီတလီနိုင်ငံ၌ ကျင်းပမည့် 470 Class Open European Championship ရွက်လှေပြိုင်ပွဲသို့ ဆက်လက် ယှဉ်ပြိုင်မည် ဖြစ်သည်။

ဒီဇင်ဘာလတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) မတိုင်မီ အတွေ့အကြုံကောင်းများ ရရှိစေရန် ယခုကဲ့သို့ နိုင်ငံတကာ ပြိုင်ပွဲများသို့ သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ရွက်လှေအဖွဲ့မှာ ဇွန် ၁၇ ရက်တွင် ဥရောပမှ ရန်ကုန်မြိုသို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။

ဆီးဂိမ်း၌ ရွက်လှေပြိုင်ပွဲများကို ငွေဆောင်ကမ်းခြေတွင် ကျင်းပမည် ဖြစ်သည်။ 

မဇ္စျိမ

10.5.13

ပါကစ္စတန် ဝန်ကြီးချူပ်ဟောင်း သား ပြန်ပေးဆွဲခံရ


မေ ၁၀ ရက်

 

ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲကျင်းပဖို့ ရက်ပိုင်းပဲ လိုတော့တဲ့ အချိန်မှာ ၀န်ကြီးချုပ်ဟောင်း ယူဆွတ် ရာဇာ ဂီလာနီ (Yousuf Raza Gilani) ရဲ့ သားကို သေနတ်သမားတွေက ပြန်ပေးဆွဲသွားပါတယ်။  

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်းရဲ့သား ဖြစ်သူ  အလီ ဟေဒါ ဂီလာနီ (Ali Haider Gilani) ဟာ မူလ်တန် (Multan) မြို့ထဲမှာ ကျင်းပမယ့် လူထုစုဝေးပွဲကိုအသွား လမ်းမှာသေနတ်သမားတွေက ၀င်ရောက် တိုက်ခိုက်ပြီး  ပြန်ပေးဆွဲ ခဲ့တာဖြစ်ပါ တယ်။  တိုက်ခိုက်မှုအတွင်း မစ္စတာ ဂီလာနီရဲ့ လူတဦး သေဆုံးခဲ့ရပါတယ်။ အခုလို ပြန်ပေးဆွဲခဲ့ တာအတွက် တာလီဘန် တွေ ဘက်ကတော့ သူတို့ လုပ်ဆောင်တာလို့ မကြေငြာသေးပါဘူး။  

တချိန်ထဲမှာပဲ စနေနေ့ ရွေးကောက်ပွဲ ကျင်းပချိန်မှာ အသေခံဗုံးခွဲသမား အများအပြားနဲ့  တိုက်ခိုက်မှုတွေ လုပ်ဆောင် မယ်လို့ တာလီဘန်တွေက ပြောကြားခဲ့ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ ပါကစ္စတန်နိုင်ငံ သမိုင်းမှာ ပထမဦးဆုံး အရပ်သား အစိုးရတရပ် သက်တမ်းပြည့် အုပ်ချုပ်နိုင်ခဲ့ပြီး နောက်အစိုးရတရပ်ကို လွှဲပြောင်းပေးနိုင်ဖို့ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။           

အခုလွှတ်တော် ရွေးကောက်ပွဲတွေမှာ အရင်ဝန်ကြီးချုပ်ဟောင်း  နာဝပ်ဇ် ရှာရစ်ဖ် (Nawaz Sharif) ပဲ အနိုင်ပြန်ရဖို့  ရှိနေပါတယ်။  သူဟာ အာဏာပြဿနာအပြင် စီးပွါးရေး စိန်ခေါ်မှုတွေနဲ့ တာလီဘန်သူပုန်တွေ အရေးကို ဖြေရှင်းဖို့ ကျိုးစားနေတဲ့ ညွန့်ပေါင်း အစိုးရအဖွဲ့ရဲ့ မအောင်မြင်မှုတွေကို ထောက်ပြနိုင်မယ့်သူလို့ အများကမြင်ပါတယ်။           

တာလီဘန်တွေဟာ ဒီမိုကရေစီလမ်းလျှောက်လှမ်းနေတာကို ဆန့်ကျင်တဲ့ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်သူတွေကို ပြစ်မှတ်ထား တိုက်ခိုက်နေတဲ့ အပြင်  ဒီသီတင်းပါတ်ထဲမှာပဲ  ဂျမီရတ် အူလီမာ အီး အစ္စလန် ပါတီ ကို ဗုံးခွဲတိုက်ခိုက်မှု တွေ လုပ်ခဲ့ တာပါ။  ရွေးကောက်ပွဲ မဲဆွယ်နေချိန်အတွင်း တာလီဘန်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးပြီး အများအပြား ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ 

VOA  

အာရှ (၆) နိုင်ငံ မူးယစ်တိုက်ဖျက်ရေးညီလာခံ နေပြည်တော်မှာကျင်းပ


၁၀.၅.၂၀၁၃၊ သောကြာနေ့

 

မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်း တောင်တန်း တချို့အနီးက ဘိန်းစိုက်ခင်းများကို တွေ့ရစဉ်။ (UNODC)  


မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် အိမ်နီးချင်းနိုင်ငံတွေကြား နယ်စပ်လုံခြုံရေးကို ပိုမိုတင်းကြပ်ဖို့ မြန်မာနိုင်ငံ အပါအဝင် အာရှ ၆ နိုင်ငံက သဘောတူ ခဲ့ကြပါတယ်၊ အာရှဒေသတွင်း မူးယစ်ဆေးဝါး တိုက်ဖျက် ထိန်းချုပ်ရေးအတွက် နေပြည်တော်မှာ ကျင်းပခဲ့တဲ့ အာရှ ၆ နိုင်ငံ ဝန်ကြီး အဆင့် စည်းဝေးပွဲအပြီးထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ အခုလို ဖေါ်ပြထား တာဖြစ်ပါတယ်။    

ဘိန်းအစားထိုးစိုက်ပျိုးရေးအစီအစဉ်တွေကို ပိုပြီး တိုးမြှင့် ဆောင်ရွက်ပေးဖို့၊ မူးယစ်ဆေးဝါး ကာကွယ်ရေးနဲ့ပါတ်သက်တဲ့ အတွေ့အကြုံတွေကို နိုင်ငံတွေကြား မျှဝေကြဖို့၊ မူးယစ်ဆေးစွဲနေသူတွေကို ကုသမှုနဲ့ အများပြည်သူ သိရှိအောင် ပညာပေးမှုတွေကို ပိုပြီးလုပ်ပေးဖို့ကိုလဲ သဘောတူခဲ့ကြပါတယ်၊ အာရှဒေသအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု တခုဖြစ်နေတဲ့ တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကူးမှုကို ပူးပေါင်း တိုက်ဖျက်ကြဖို့အတွက်ကို မြန်မာ၊ ထိုင်း၊ Vietnam၊ Laos၊ Cambodia နဲ့တရုတ်နိုင်ငံက ကတိပြု သဘောတူခဲ့ကြပါတယ်။   

နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ စည်းဝေးပွဲကို ၆ နိုင်ငံက ဝန်ကြီးတွေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ရှိသူတွေအပြင် ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးဌာန တာဝန်ရှိသူတွေလဲ တက်ရောက်ခဲ့ကြ ပါတယ်။ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံး နိုင်ငံတခုအဖြစ်ရှိနေဆဲဖြစ်ပါတယ်၊
ဒါ့အပြင် အရှေ့တောင်အာရှမှာ စိတ်ကြွဆေးထွက်ရှိမှုကလဲ အများဆုံးနိုင်ငံတခုဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါး ဆိုင်ရာ နောက်ဆုံးအစီရင်ခံစာတခုထဲမှာ ဖော်ပြထားပါတယ်။     

အရင်စစ်အစိုးရလက်ထက်က 1999 ခုနှစ်ကနေ 2009 ခုနှစ်အထိ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးစီမံကိန်းဟာ အောင်မြင်မှုမရှိခဲ့တဲ့အပြင် 2014 မတိုင်ခင် မူးယစ်ဆေးဝါး ကင်းစင်ပပျောက်ရမယ်ဆိုတဲ့ စီမံကိန်းကိုလဲ 2019 အထိ အစိုးရက နောက်ထပ် ၅ နှစ်ထပ်တိုးခဲ့ပါတယ်။      

1999 ခုနှစ်ထဲက မြန်မာနိုင်ငံမှာ ဘိန်းပပျောက်ရေးကို ဆောင်ရွက်နေပေမဲ့ ဘိန်းစိုက်ပျိုးနေတဲ့ နေရာတွေဟာ ဝေးလံခေါင်ဖျားတဲ့ နေရာတွေဖြစ်နေတယ်၊ ဘိန်းအစားထိုးသီးနှံစိုက်ပျိုးတဲ့ စီမံကိန်းတွေအောင်မြင်ရေးအတွက် အခက်အခဲတွေရှိနေတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

VOA 

9.5.13

မြေယာမှုခင်းဖြေရှင်းပေးမည်ဆိုပြီးရက်ရွှေ့မှု မြေသိမ်းခံရသူဒေသခံများ မကျေမနပ်ဖြစ်

၉.၅.၂၀၁၃၊ ကြာသပတေးနေ့


နမ်းဟူးကျေးရွာအုပ်စုပလီလင်းရွာတွင်ဖြစ်ပွားသော မြေယာမှုခင်းကိုဖြေရှင်းပေးမည်ဆိုပြီးမြေယာ ပိုင်ရှင်နှင့် မြေယာလွဲခံရသူတို့တက်ရောက်သော်လည်း မြေယာကော်မတီမစုံ၍ မေလ ၁၄ ရက်တွင်ထပ်မံ ရွှေ့သွားကြောင်း မြေသိမ်းခံရသူဒေသခံများကပြောသည်။

မြေယာမှုခင်းဖြေရှင်းရာတွင် မြေယာကော်မတီ (၅) ယောက်ဖွဲ့ထားကြောင်း၊ ယခုတွင် မြေယာပိုင်ရှင်နှင့် ၎င်းမြေယာလွဲအပ်ခံရသူ နန်မြလှိုင်ဦးခင်ပွန်း ကိုသားငယ်တို့ လူစုံတက်ရာက်သော်လည်း မြေယာကော်မတီအဖွဲ့က လူမစုံ၍ ရက်ထပ်မံရွှေ့ပေးရန် မြေစာရင်းလက်ထောက်ဦးစီးမှုး ဇော်လင်းနိုင်က တောင်းဆိုကြောင်း သိရသည်။

မြေယာမှုခင်း ဖြေရှင်းပေးသူ မြေယာကော်မတီအဖွဲ့တွင် ရယကအုပ်ချုပ်ရေးမှုး၊ စာရေးမ၊ တောင်သူ လယ်သမားကိုယ်စားလှယ်၊ မြေစာရင်းနှင့် ရပ်မိရပ်ဖကိုယ်စားလှယ်တို့ဖြစ်ကြောင်း၊ ယခုတွင် စစ်ဆေးသူ အုပ်ချုပ်ရေးမှုးနှင့် မြေစာရင်းနှစ်ယောက်သာရှိကြောင်း၊ အနည်းဆုံးသုံးယောက်ရှိမှ အဆင်ပြေကြောင်း၊ စစ်ဆေးမည့်သူ ၅၀ ရာခိုင်နှုန်းမပြည့်မှီကြောင်း၊ တောင်သူလယ်သမား ကိုယ်စားလှယ်နှင့် ရပ်မိရပ်ဖကိုယ်စားလှယ်က ဒီမြေဒီရေအကြောင်းကို သိတာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ပါရမည်ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် ရုံးမှစာထုတ်ပြီး ပြန်လည်စစ်ဆေးပေးမည်ဟု တောင်ကြီးမြို့ မြေစာရင်းလက်ထောက်ဦးစီးမှုး ကိုဇော်လင်းနိုင်က ပြောသည်။

“အကြိမ်ကြိမ်ခေါ်ပြီး မဖြေရှင်းပေးတာများပြီ၊ ယခုတစ်ခေါက် သည်းခံလိုက်မည်၊ မေလ ၁၄ ရက်နေ့မှ ဖြေရှင်းမှုမရှိလျှင် သက်ဆိုင်ရာဌာနနှင့် ၀န်ကြီးထံထပ်မံတင်ပြပြီး ဖြေရှင်းမှုမရပါက သမ္မတရုံးထိ ဆက်လက်တင်သွားမည်” ဟု မြေသိမ်းခံရသူ ဒေါ်အုန်းရွှေ၏သား ဦမျိုးအောင်က ပြောသည်။

“ထပ်ခါထပ်ခါချိန်းပြီး ဖြေရှင်းမှုမရှိသည့်အတွက် မကျေနပ်ဘူး၊ အလျှော့လည်းမပေးနိုင်ဘူး၊ ပိုင်ဆိုင်ထားသမျှ အကုန်ပြန်ရအောင်လုပ်မှာဘဲ” ဟု မြေသိမ်းခံရသူ ဦးဟိန်းက ပြောသည်။

“မိဘအမွှေကို ပြန်မရလျှင်စိတ်နာသည်၊ မရ ရသောနည်းလမ်းရှာပြီး ဆက်လက်လုပ်ဆောင်သွားမည်၊ ဖြေရှင်းပေးမည်ဟု ပြောသောအခေါက်ပေါင်းလည်း မနည်းတော့ဘူး ဒီတစ်ခါလည်း ထပ်ချိန်းပြန်ပြီး အခုမိုးရာသီ စိုက်ပျိုးရမည့်အချိန်ကို ကြန့်ကြာအောင်လုပ်နေတာ” ဟု မြေသိမ်းခံရသူ ဒေါ်နန်ဒေါ၏သား ဦးသိန်းက ပြောသည်။

TaungGyi Time

8.5.13

မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

လက်ရှိ ပြည်ပသို့ ဓာတ်ငွေ့တင်ပို့ ရောင်းချနေသည့် အခြေအနေအရ မြန်မာနိုင်ငံသည် အာရှတိုက်တွင် သဘာဝဓာတ်ငွေ့ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ပြီး ကမ္ဘာပေါ်တွင် ဒသမအများဆုံး တင်ပို့သော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့သိုက်များမှာ သဘာဝဓာတ်ငွေ့များကို တင်ပို့ရောင်းချရာတွင် ရတနာ သဘာဝဓာတ်ငွေ့သိုက်မှ သဘာဝဓာတ်ငွေ့များကို နေ့စဉ်တစ်နေ့လျှင် ကုဗပေသန်း ၆၄၀ ထိုင်းနိုင်ငံသို့ နှစ် ၃၀ စာချုပ်နှင့် တင်ပို့နေပြီး ယင်းသဘာဝဓာတ်ငွေ့သိုက်မှ ပြည်တွင်းသုံးစွဲရန် ဖြန့်ဝေပေးမှု ပမာဏ တစ်နေ့လျှင် ကုဗပေ သန်း ၁၈၀ ရှိကြောင်း၊ ၁၉၉၈ ခုနှစ်မှ ဦးဆောင်၍ စတင်ရောင်းချခဲ့ကြောင်း သိရသည်။


အလားတူ ရဲတံခွန် သဘာဝဓာတ်ငွေ့သိုက်မှ ထွက်ရှိသော သဘာဝဓာတ်ငွေ့များကိုလည်း ထိုင်းနိုင်ငံသို့ သွယ်တန်းရောင်းချနေပြီး တစ်နေ့လျှင် ကုဗပေ သန်းပေါင်း ၄၃၀ ရှိကြောင်း၊ ယင်းမြေကို ပက်ထရိုနပ် ကုမ္ပဏီမှ ဦးဆောင်ထုတ်လုပ်ပြီး သဘာဝဓာတ်ငွေ့များ ရောင်းချနေကြောင်း၊ ၂၀၀၀ ပြည့်နှစ်မှ စတင်ရောင်းချခဲ့ကြောင်း သိရှိရသည်။


ထို့အတူ ဓာတ်ငွေ့တူးဖော်ရာမှ ရရှိသော (ရေနံဆီ) တစ်နေ့လျှင် စည်ပေါင်း ၉၇၀၀ အား ကမ်းလွန်ပလက်ဖောင်းမှ သင်္ဘောဖြင့် ကဲ့ယူရရှိပြီး ယခင်က နိုင်ငံခြားသို့ တင်ပို့ရောင်းချသော်လည်း ယခုအခါ သန်လျင်ရေနံချက် စက်ရုံတွင် ပြန်လည်ချက်လုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။


သို့ရာတွင် ယင်းကဲ့သို့ သဘာဝဓာတ်ငွေ့များကို ရောင်းချရာ၌ ဓာတ်ငွေ့သိုက်တွင်ရှိသော ဓာတ်ငွေ့ပမာဏ အရည်အသွေး၊ အကဲဖြတ်မှုများအား နှစ်ရှည်ပြုလုပ်ရသောကြောင့်ဓာတ်ငွေ့သိုက်အား တွေ့လျှင်တွေ့ချင်း သုံးစွဲမှု မပြုနိုင်ကြောင်း၊ အနည်းဆုံး ကိုးနှစ်၊ ၁၀ နှစ်ကြာမှသာ ရောင်းချနိုင်ကြောင်း သိရှိရသည်။


"တကယ်တော့ သဘာဝဓာတ်ငွေ့က ရေနံလို မဟုတ်ဘူး။ ရေနံဆီက spot price နဲ့ ရောင်းလို့ရတယ်။ ဓာတ်ငွေ့ကိုကျတော့ အရည် (LNG) လုပ်ရင်လုပ်၊ မလုပ်ရင် ပိုက်လိုင်းသွယ်ပြီးမှ ရောင်းချလို့ရတယ်။ ပမာဏ ဘယ်လောက်ရှိမယ်ဆိုတာ ဘယ်နှနှစ်လောက် ထုတ်ယူသုံးစွဲမယ်ဆိုတာ အချက်အလက်တွေပေါ် မူတည်ပြီး အကဲဖြတ် တွက်ချက်ပြီးမှ ရောင်းနိုင်ပါတယ်။ ဒီလို အကဲဖြတ်တာကို Third porty က လုပ်တာပါ။ အဲဒီက certification တွေရမှ ပမာဏ ဘယ်လောက်ကြီးတယ်။ နှစ်ပေါင်းဘယ်လောက် ထုတ်ယူနိုင်မယ် ဆိုတာကို တွက်ပြီး (take off pay) မယူမနေရ စာချုပ်နဲ့ ရောင်းကြတာပါ။ ဒီလိုစာချုပ်အရ နှစ်သုံးဆယ် ရောင်းမယ်လို့ အာမခံရင် နှစ်သုံးဆယ် ရောင်းရပါတယ်။ ရောင်းတဲ့သူဘက်ကရော ၀ယ်တဲ့သူဘက်ကပါ ပျက်ကွက်လို့ မရပါဘူး" ဟု smart Group of comparies ဥက္ကဋ္ဌ ဦးကျော်ကျော်လှိုင်က မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ အလား အလာ ခေါင်းစဉ်ဖြင့် ဆွေးနွေး ခဲ့သော ဟောပြောပွဲတွင် ပြောကြားခဲ့သည်။


အလားတူ မုတ္တမကမ်းလွန် M9 တွင်ရှိသော ဇောတိကစီမံကိန်းအား ထိုင်းနိုင်ငံအား ရောင်းရန် စီစဉ်ထားသော်လည်း ယင်းကဲ့သို့ တွက်ချက်ရာတွင် အချိန်ပေးရသော ဓာတ်ငွေ့၏ သဘောသဘာဝအရ ၁၉၉၈ ခုနှစ်တွင် စတင်တွေ့ရှိသည့်အတွက် ၁၅ နှစ် ကြာမြင့်ပြီဖြစ်သော်လည်း ရောင်းသည့်အဆင့် မရောက်သေးကြောင်း သိရှိရသည်။


ထို့အတူ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ ရွှေသဘာဝ လုပ်ကွက်အား ၂၀၀၃ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး တူးဖော်ခဲ့သော်လည်း ၂၀၀၃-၂၀၁၃ ခုနှစ်အထိ ဆယ်နှစ် ကြာမြင့်နေပြီ ဖြစ်သော်လည်း တရုတ်ပြည်ကို တင်ပို့ရောင်းချရန် ပြင်ဆင်ဆဲ အဆင့်သာ ရှိသေးကြောင်း ဦးကျော်ကျော်လှိုင်က ပြောသည်။


ယင်းကဲ့သို့ အနေအထားများ ရှိနေသော်လည်း မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် အာရှတိုက်တွင် ဓာတ်ငွေ့အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံတစ်နိုင်ငံဖြစ်နေပြီး ကမ္ဘာပေါ်တွင် ဒသမ အများဆုံး တင်ပို့ရောင်းချနေသော နိုင်ငံဖြစ်ကြောင်း သိရှိရသည်။


ELeven Media Group

မြောက်ကိုးရီးယားဘဏ်စာရင်း တရုတ်ဘဏ်ပိတ်ပစ်

၈.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့
 

တရုတ်နိုင်ငံက ထိပ်တန်းဘဏ်လုပ်ငန်းကြီးတစ်ခုက မြောက်ကိုရီးယား
နိုင်ငံက ဘဏ်တစ်ခုကဖွင့်ထားခဲ့တဲ့ ဘဏ်ငွေစာရင်းကို ပိတ်ပြစ်လိုက်တယ်
လို့ သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံကို အရေးယူ ဒဏ်ခတ်မှုတွေလုပ်ဖို့ အမေရိကန်နိုင်ငံ
က ပစ်မှတ်ထားနေတဲ့ မြောက်ကိုရီးယားဘဏ်ရဲ့ ဘဏ်စာရင်းကို တရုတ်ဘဏ်လုပ်ငန်း Bank of China က ပိတ်ချလိုက်တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လတုံးက မြောက်ကိုရီးယားအပေါ် နိုင်ငံတကာ ဒဏ်ခတ်မှု
အစီအစဉ် တိုးချဲ့တာကို တရုတ်အစိုးရက ထောက်ခံခဲ့တုံးက မြောက်ကို
ရီးယားအစိုးရက ဒေါသတကြီးကန့်ကွက်ပြောဆိုခဲ့ဖူးတဲ့အတွက် အခုလို ဘဏ်စာရင်းအပိတ်ခံရမှုကလည်း မြောက်ကိုရီးယားအစိုးရကို ဒေါသူပုန်ထစေလိမ့်မယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

လတ်တလောမှာတော့ နိုင်ငံခြားတိုင်းပြည်တွေနဲ့ ငွေကြေးလဲလှယ်မှု အဓိကဘဏ်စာရင်းအပိတ်ခံလိုက်ရတဲ့အတွက် မြောက်ကိုရီးယားအစိုးရကို ဘဏ္ဍာရေးအရဘယ်လောက်အထိ ထိခိုက်စေမလဲဆိုတာ မသိရသေးသလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရဖက်ကလည်း ထုတ်ဖေါ်ပြောဆိုမှု တစုံတရာမရှိသေးကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံအတွက် ငွေကြေးခဝါချပေးတဲ့ ဘဏ်လုပ်ငန်းမှန်သမျှ
ကို အရေးယူသွားမယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သတိပေးချက်ထွက်ပေါ်
အပြီးမှာ တရုတ်ဘဏ်က အခုလိုလုပ်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံအပေါ် အရေးယူမှုတွေ၊ စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်ပြီး သြစတြေးလျနိုင်ငံကလည်း ပါဝင်ပတ်သက်နေခဲ့ရာမှာ မကြာခင်ကပဲ သြစတြေးလျနိုင်ငံက ဗဟိုတရားရုံးချုပ်တရားသူကြီးဟောင်း Michael Kirby အနေနဲ့ မြောက်ကိုရီးယားနိုင်ငံက လူ့အခွင့်အရေးဖောက်
ဖျက်ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်ဆိုတဲ့ ကြေညာ
ချက်ထွက်ပေါ်လာပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ စီမံချက်အရ ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို Mr Kirby က ဦးဆောင်ပြီး မြောက်ကိုရီးယားနိုင်ငံ
မှာ ချွေးတပ် အလုပ်စခန်းတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အငတ်ဘေး
ကျရောက်စေတာတွေ ရှိနေတယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေး
သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ကုလသမဂ္ဂရဲ့ စုံစမ်းစစ်ဆေးမှုအစီအစဉ်ကို မြောက်ကိုရီးယားအစိုးရက လက်သင့်မခံတဲ့အတွက် လတ်တလောမှာတော့ စုံစမ်းရေးအဖွဲ့အနေနဲ့
မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေရဲ့ ထွက်ဆိုချက်တွေကိုသာ အဓိကထားလေ့လာသွားရမှာဖြစ်တယ်လို့ သိရပါတယ်။

ABC Radio Australia

7.5.13

ငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့ဝင်အချို့ ပါဝင်ပတ်သက်မှုရှိနေ


၇.၅.၂၀၁၃၊ အင်္ဂါနေ့
 


ကိုချို(ရွှေလီ) Yingyin post China တရုတ်နိုင်ငံမှရင်ကျန်းမြိုတွင်ဖမ်းဆီးရမိခဲ့သော မြန်မာငွေစက္ကူအတုများ ထုတ်လုပ်ရာတွင်အသုံးပြုခဲ့သောပုံနိပ်စက်များ
 
 
 
တရုတ်နိုင်ငံတွင် မြန်မာငွေစက္ကူအတုများ ထုတ်လုပ်မှု KIO အဖွဲ့မှ အချို့ ပါဝင်ပတ်သက်မှုရှိနေ မေလ ၇ ရက် ၂၀၁၃ ယခုနှစ် အေပြီလ ၁၂ ရက်နေ့က မြစ်ကြီးနားမြို့တွင် တရုတ်နိုင်ငံသားများထံမှ မြန်မာငွေကျပ် (၅၀၀၀)တန် ငွေစက္ကူအတုများ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ တာဝန်ရှိသူများမှ တရုတ်နိုင်ငံတွင်း ကွင်းဆက် တရားခံများအား ဖမ်းဆီးဖော်ထုတ်ခဲ့ရာ အေပြီလ ၁၂ ရက်နေ့တွင် တရုတ်နိုင်ငံ ရင်ကျန်းမြို့တွင် တရားခံ(၆) ဦးအား မြန်မာငွေစက္ကူအတုပြုလုပ်သည့်စက်(၇)လုံး၊ မြန်မာငွေအတု(၅၀၀၀)တန်နှင့် (၁၀၀၀၀)တန် ၁၁.၄ ကုဋေ တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သတင်းရရှိသည်။ 

ငွေစက္ကူအတုပြုလုပ်သူများအနေဖြင့် စုစုပေါင်း ငွေစက္ကူအတု(၂၀)ကုဋေဖိုး ထုတ်လုပ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့သည့် ငွေစက္ကူအတုမှာ (၁၃)ကုဋေခန့်သာ ရှိသေး သဖြင့် (၇)ကုဋေခန့်မှာ ဖမ်းဆီးရမိခဲ့ခြင်း မရှိသေးကြောင်း တရားခံများက ထွက်ဆိုခဲ့သည်။ ဖမ်းဆီးရမိခဲ့သော တရားခံများတွင် KIO အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တာဝန်ရှိသူအချို့ ပါဝင်ပတ်သက်လျက် ရှိကြောင်း သိရှိရပြီး ယခုအခါ လိုင်ဇာရှိ ၎င်းတို့၏အိမ်နှင့် ပိုင်ဆိုင်မှုလုပ်ငန်းအချို့အား KIO မှ ချိတ်ပိတ် သိမ်းဆည်းထားကြောင်း သိရှိရသည်။ 

ယခုအခါ တရုတ်နိုင်ငံမှာ ပြုလုပ်သည့် မြန်မာကျပ်ငွေ (၅၀၀၀)တန်နှင့် (၁၀၀၀၀)တန်အတုအချို့ မြန်မာငွေကြေးဈေးကွက်အတွင်း လည်ပတ်နေသည်ဟု ယူဆရကြောင်း၊ မြန်မာနိုင်ငံ ငွေကြေးဈေးကွက်ကို မထိခိုက်နိုင်ကြောင်း မြန်မာ့စီးပွားဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ငွေတုပြုလုပ်သူများအနေဖြင့် ၎င်းငွေကြေးများအား ကျောက်စိမ်းနှင့် သစ်များဝယ်ယူရာတွင် အသုံးပြုလျက် ရှိသည်။ ငွေစက္ကူအတုများအနေဖြင့် သေသေချာချာကြည့်ရှုပါက အတုနှင့်အစစ်ခွဲရ လွယ်ကူကြောင်း သိရှိရပြီး ငွေအတုနှင့်အစစ်ခွဲခြားပုံအား နိုင်ငံပိုင်သတင်းစာများတွင်လည်း သတိပေးဖော်ပြခဲ့သည်။ 



 
 


http://www.facebook.com/pages/Myanma-Light/146261005536139

တရုတ်သချုင်္ိင်း တိုးချဲ့မှု ထားဝယ် ကူးတို့ဆိပ်ဒေသခံများ ကန့်ကွက်


၇.၅.၂၀၁၃၊ အင်္ဂါနေ့

 

တနင်္သာရီတိုင်း ထားဝယ်မြို့နဲ့ ၃ မိုင်လောက်အကွာမှာရှိတဲ့ ကူးတို့ဆိပ်ကျေးရွာ ရွာသားတွေပိုင်တဲ့ စားကျက်မြေမှာ တရုတ်သချုင်္ိင်းတိုးချဲ့ဖို့အတွက် ခြံစည်းရိုးကာနေတာကို ရွာသား ၆၀ လောက်က တားဆီးခဲ့ကြရာမှာ ရဲနဲ့ အချေအတင် ဖြစ်ခဲ့ပါတယ်။
မေလ ၄ ရက်နေ့က အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကူးတို့ဆိပ်ကျေးရွာသား ဦးမြင့်လွင်က “ကျနော်တို့ရွာသားတွေက ပြောတယ်။ ဒီပြဿနာက မပြေလည်သေးဘူး။ အရှုပ်အရှင်း ဖြစ်နေတဲ့အချိန်မှာ ခြံစည်းရိုးလာကာတာ လက်မခံဘူးလို့ ပြောတယ်။ အဲဒါကို ရဲက တားရဲတဲ့လူတား၊ တားရင် ဖမ်းမယ်၊ ပြောလို့မရရင် ပစ်မယ်ဆိုပြီး ပြောပါတယ်” လို့ ဆိုပါတယ်။
ဒီတရုတ်သချုင်္ိင်းဟာ ထားဝယ်မြို့ကနေ လွန်ခဲ့တဲ့ ၁၉၉၅ ခုနှစ်က ပြောင်းရွှေ့လာကာစက ၂ ဧကသာရှိပြီး နောက်ပိုင်း ကျေးရွာသချုင်္ိင်းမြေ ၅ ဧက၊ လယ်သမား ၂ ဦးပိုင်မြေ ၄ ဧက သိမ်းယူခဲ့ပြီးနောက် အခု ရွာသားတွေပိုင် စားကျက်မြေအထိ တဖြည်းဖြည်း တိုးချဲ့သိမ်းယူခဲ့တာ စုစုပေါင်း ၁၇.၂၅ ဧက ရှိပြီလို့ ဦးမြင့်လွင်က ပြောပါတယ်။
အခု ထပ်ပြီးတိုးချဲ့တဲ့ မြေနေရာဟာ ကျေးရွာရဲ့ အိမ်တွေနဲ့ အရမ်းနီးကပ်သလို ရွာသားတွေရဲ့ အသက်သွေးကြော စားကျက်မြေဖြစ်တဲ့အတွက် ရွာသားတွေက ကန့်ကွက်တာလို့ ဆိုပါတယ်။
“ဆိုးတာက စားကျက်မြေကို သိမ်းယူပြီး သချုင်္ိင်းလုပ်မှာကို ရွာသားတွေက သဘောမတူဘူး။ စားကျက်မြေက ၆.၁၁ ဧက ရှိတယ်။ အဲဒီစားကျက်မြေက ရွာနဲ့ အိမ်နဲ့လည်း အရမ်းနီးကပ်တယ်။ နောက် လယ်ယာမြေသွားတဲ့နေရာလည်း ဖြစ်နေ တယ်။ ကျွဲနွားတွေ ထိန်းကျောင်းတဲ့နေရာလည်း ဖြစ်နေတယ်။ အဲဒီစားကျက်မြေက ရွာသားတွေရဲ့ အသက်သွေးကြောလို ဖြစ်နေတာပေါ့။”
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အဆင်ဆင့် စာရေးတင်ပြခဲ့ပေမယ့် အရေးမယူပေးဘူးလို့ ဦးမြင့်လွင်က ပြောပါတယ်။           
“ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကလည်း ကျနော်တို့ရွာကို ဆင်းလာပြီး ကျနော်တို့ တင်ပြထားတာ ဘာမှ နားမထောင်ဘဲနဲ့ ပြောချင်တာပြောပြီး ကြိမ်းမောင်းပြန်သွားတယ်။ နင်တို့ တားလို့မရဘူး၊ တားရင် ဖမ်းမယ်၊ ဆီးမယ်ဆိုပြီး ပြောပြီး ပြန်သွားတယ်။”
ဒီအခြေအနေနဲ့ ပတ်သက်ပြီး ထားဝယ်မြို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ရဲ့ တာဝန်ရှိသူ ဦးသန်းဝင်းက “အဲသချုင်္ိင်းက မြန်မာဗုဒ္ဓဘာသာလူမျိုးတွေ နေတဲ့အိမ်ရှေ့မှာ လာရောက်မယ် အုတ်ဂူတွေက။ အဲဒါဆို မနက်အိပ်ရာထ ဘုရားမရှိခိုးဘဲ အဲဒီသချုင်္ိင်းပုံကို ရှိခိုးမလား။ ရွာခံသချုင်္ိင်းကျတော့ မတိုးချဲ့ပေးဘဲနဲ့ ဧည့်သည်သချုင်္ိင်း တိုးချဲ့ပေးတယ်ဆိုတာ ဒါဟာ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးတာ၊ လူ့အခွင့်အရေး ဆုံးရှုံးတာ။ သေသူနဲ့ ရှင်သူ မြေကြီး ဘယ်သူ့ကို ပေးမလဲ။ အသက်ရှင်နေတဲ့သူတွေက မျှော်လင့်ချက်ရှိတယ်။ နောက်လာမယ့် မျိုးဆက်ကလေးတွေ အဲဒီမြေပုံတွေပေါ်မှာ အိပ်ရမှာလား။ အဲတော့ ဘယ်တုန်းကပဲ သိမ်းသိမ်း။ အသက်ရှင်နေတဲ့သူတွေအတွက် ပြန်ပြီးတော့ ပေးသင့်တယ်” လို့ ပြောပါတယ်။
သချုင်္ိင်းအတွက် မြေတွေ သိမ်းယူစဉ်ကလည်း ဒေသခံတွေရဲ့ သဘောထားတွေကို မေးမြန်းခြင်းမရှိဘဲ သိမ်းယူခဲ့တာလို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကူးတို့ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တရုတ်ဘုံကျောင်းတာဝန်ရှိသူ၊ တနင်္သာရီတိုင်း ၀န်ကြီးချုပ်၊ ခရိုင်အုပ်ချုပ်ရေးမှူး နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် မရခဲ့ပါဘူး။
ထားဝယ်မြို့ ကူးတို့ဆိပ်ကျေးရွာမှာ အိမ်ခြေ ၂၀၀ ကျော်ရှိပြီး လူဦးရေ ၄၀၀ ကျော်နေထိုင်တယ်လို့ ကူးတို့ဆိပ်ရွာသား ဦးမြင့်လွင်က ပြောပါတယ်။ ကျေးရွာသားတွေဟာ ရာသီပေါ်သီးနှံတွေ စိုက်ပျိုးရောင်းချပြီး အသက်မွေးဝမ်းကျောင်း ပြုကြတာ များတယ်လို့ ဆိုပါတယ်။
ကူးတို့ဆိပ် ကျေးရွာသားတွေပိုင် စားကျက်မြေမှာ တရုတ်သချုင်္ိင်း လာရောက်တိုးချဲ့မှု ပြဿနာအပါအ၀င် တနင်္သာရီတိုင်း ဒေသကြီး ထားဝယ်မြို့နယ်အတွင်း မတရားသိမ်းဆည်းထားတဲ့ မြေယာတွေအတွက် မေ ၁၆ ရက်နေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမယ်လို့ လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး ကွန်ရက်အဖွဲ့ရဲ့ တာဝန်ရှိသူ ဦးသန်းဝင်းက ပြောပါတယ်။

DVB 

မိုးညှင်း အမှတ်(၂)အောင်သပြေဈေးသစ် မစည်ကား၍ ပဋိပက္ခဖြစ်ပွားနေ

၇.၅.၂၀၁၃၊ အင်္ဂါနေ့

မိုးညှင်းမြို့ရှိ အမှတ်(၂) အောင်သပြေဈေးသစ် မှ ဈေးသူဈေးသားများနှင့် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ အစည်းများကြား ဈေးလူမစည်သည့်ကိစ္စနှင့်ပါတ်သတ်၍ ပဋိပက္ခဖြစ်ပွားလျှက်ရှိသည်။
အဆိုပါဈေးမှာ ကိုယ်ထူကိုယ်ထ ဆောက်လုပ်သည့်ဈေးဖြစ်သည်နှင့်အညီ ဈေးဧရိယာ ကျယ်ကျယ်ဝန်းဝန်းနှင့် ဈေးဆိုင်ခန်းပေါင်း ၃၀၀ ကျော်ရှိသည့် ဈေးသစ်ဖြစ်သည်။

“ဈေးမှာ အခွန်အခ နေ့တိုင်းပေးနေရပေမယ့်၊ လူမရှိတဲ့ ဈေးကိုလာပြီး ဈေးသည် အချင်းချင်း တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြန်နေရတယ်၊ အရင်ဈေး ဖျက်ခိုင်းတုန်းကပေးခဲ့တဲ့ ကတိတွေအတိုင်းလည်း ဆောင်ရွက်ပေးခြင်း မရှိလို့ ဈေးသည်တွေ ဒုက္ခရောက်နေရတော့ ကတိအတိုင်း လုပ်ပေးစေချင်တယ်”ဟု အောင်သပြေဈေးမှ ဈေးဖွင့်လှစ်ရောင်းချသူတစ်ဦးကပြောသည်။

အဆိုပါဈေးသစ်ဖွင့်လှစ်ပါကမိုးမလင်းဈေးနှင့်ကျူးကျော်ဈေးသည်များအား ရောင်းချခွင့်ဖျက်သိမ်းခိုင်းမည်ဟု ပြောဆိုခဲ့ခြင်း၊ လူစည်ကားစေရန်လိုင်းတို သုံးဘီးကားဂိတ်များကို ဖွင့်လှစ်ပြေးဆွဲစေမည်ဟု ပြောကြားထား ခြင်း၊ ဈေး သန့်ရှင်းရေး ရေမြောင်းတူးဖော်ပေးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ဈေးသည် များအား ပြောဆိုကာ ပြောင်းရွှေ့ဖွင့်လှစ်စေခြင်းဖြစ်သည် ဟု အောင်သပြေဈေးသူဈေးသားတို့က ဆိုသည်။

ဈေးသူဈေးသားများအနေဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များထံသို့ အကြောင်းကြားစာ အကြိမ်ကြိမ်တင်ပြတောင်းခံကာ ဈေးစည်ကား ရန် ပြုလုပ်ခဲ့သော်လည်း လက်ရှိအချိန်တွင် ထူးခြားမှုမရှိဟု ဈေးသူဈေးသားများက ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မိုးညှင်းမြို့နယ် စည်ပင်သာယာရေးရုံး၌ မေလ ၆ ရက်နေ့က အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့သည်ဟု သိရသည်။
“ဒီနေ့ အစည်းအဝေးမှာတော့ အချက်(၃) ချက်ကို ဆွေးနွေးခဲ့ကြတယ်၊ ဈေးသူဈေးသားတွေကတော့ အရင် ကိစ္စတွေကို ပြန်ပြောကြတယ်၊ မြောင်းကတော့ စဖေါ်နေပြီ ၊ အုတ်မတတ်နိုင်သေးတာပဲရှိတယ်၊ ဖွင့်ပြီးမှ အပြင် ပျံကျ ဈေးသည်တွေကို တားမြစ်ပေးမှာ၊ ဈေးမြန်မြန်ဖွင့်ဖို့ဆိုတာက ဆိုင်ခန်းအားလုံးပြီးမှ ဖြစ်မယ်”ဟု မိုးညှင်း မြို့မိမြို့ဖ ဥက္ကဌ ဦးမြင့်အေးက ပြောသည်။

ထိုအစည်းအဝေး၌ လုံခြုံရေးဝန်ထမ်းထားရှိပေးခြင်း၊ မြောင်းများကို ပြန်လည်တူးဖော်ပေးခြင်းနှင့် ဈေးသစ် ဖွင့်လှစ်နိုင်ရေးအတွက် အမြန်ဆုံးအကောင်အထည်ဖေါ်ရေး ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
“ဆောက်လို့ မပြီးသေးတဲ့ ဆိုင်ခန်းတွေကို (၃)ရက်အတွင်း ခေါ်ပြီးဆွေးနွေးမယ်၊ မဆောက်နိုင်ရင် သိမ်းပြီး တော့ လေလံပစ်မယ်၊ ဈေးကို မြန်မြန်ဖွင့်နိုင်အောင်လုပ်ရမယ်၊ ချေးငွေလိုတယ်ဆိုလို့ လွန်ခဲ့တဲ့ ၂လက ချေးငွေ လည်း စီစဉ်ပေးခဲ့တယ်”ဟု ဦးမြင့်အေးက ဆက်ပြောသည်။

အောင်သပြေ အမှတ် (၂) ဈေးကို အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ပေးရန်အတွက် လွှတ်တော်သို့ စာတင် ပေးခဲ့ဖူးကြောင်း၊ လာမည့်လွှတ်တော်အစည်းအဝေး၌လည်း ယခုကိစ္စကို ဦးစားပေးအနေဖြင့် စီစဉ်ဆောင်ရွက် ပေးရန် တင်ပြပေမည်ဖြစ်ကြောင်း ဈေးဖွင့်လှစ်ပြီးမှ အနီးအနားကားဂိတ်များမှာလည်း လိုက်ပါဖွင့်လှစ်နိုင်မည် ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းတင့်အောင်က ဆိုသည်။

မြစ်မခ