ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

11.6.13

ဆက်သွယ်ရေးလိုင်စင်(၂)ခုအတွက်အပြီးသတ်တင်ဒါတင်သွင်းခဲ့သည့်ကုမ္မဏီ(၁၁)ခုစာရင်း

  1. Orange + Marubeni (ပြင်သစ်+ဂျပန်)
  2. KDDI + Sumitomo + MICTDC + A1(ဂျပန်+မြန်မာ)
  3. Telenor (နော်ဝေ)
  4. Singtel + Royal Myanmar(KBZ) + M Tel(စင်္ကာပူ+မြန်မာ)
  5. MTN(Dubai) + M1 + Amara(တောင်အာဖရိက+လက်ဘနွန်+မြန်မာ)
  6. Bharti Airtel + Palazio(အိန္ဒိယ+ဆိုက်ပရပ်စ်)
  7. QTel(Ooredoo)(ကာတာ)
  8. Viettel (ဗီယက်နမ်)
  9. AXita Group(မလေးရှား)
  10. Millicom(လူဇင်ဘာတ်)
  11. Digicel + Quantum Strategic + Yoma Strategic(ဂျမေကာ)
လျှောက်ထားသည့် ကုမ္မဏီများထဲမှ အော်ပရေတာ(၂)ခုကိုသာ ရွေးချယ်မည်ဖြစ်ပြီး လိုင်စင်ရသူ(၂)ခုကိုဇွန်လ(၂၇)ရက်နေ့တွင် ကြေညာမည်ဟုသိရသည်။

၉၆၉ အသုံးပြုမှု ညောင်ရွှေအာဏာပိုင်တို့ မနှစ်သက်

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

(ဓာတ်ပုံ - ဂျွန်ချစ်ငြိမ်း၊ မဇ္ဈိမ)

ရှမ်းပြည်နယ် ရွှေညောင်မြို့ တာယောကျောင်းတိုက်တွင် ကျင်းပရန် စီစဉ်ထားသည့်တရားပွဲ တစ်ခုကို ၉၆၉ အထူးတရားပွဲဟု အမည်ပေးကာ ကြော်ငြာဆိုင်းဘုတ်များ တင်ထားရာ ဆိုင်းဘုတ်များတွင်ပါရှိသည့် ၉၆၉ ဂဏန်းများကို အဖြူရောင်စတစ်ကာဖြင့်ကပ်ကာ ဖုံးအုပ်စေခဲ့သည်ဟု တရားပွဲဖြစ်မြောက်ရေး နာယက ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

၉၆၉ အထူးတရားပွဲဟု အမည်ပေးထားသည့် တရားပွဲပိုစတာများတွင် ၉၆၉ ဂဏန်းကို ဒေသခံ အာဏာပိုင်တို့က အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်ခဲ့ရာ တရားပွဲဖြစ်မြောက်ရေးကော်မတီ က ပြန်လည်ခွာပစ်ခဲ့သည်။ ၉၆၉ ဂဏန်းများ ပါရှိနေခြင်းသည် ရွှေညောင်စခန်းမှူး၊ တောင်ကြီး မြို့နယ် အုပ်ချုပ်ရေးမှူးတို့က ပြဿနာ တစ်စုံတစ်ရာ ပေါ်ပေါက်မည်ကိုစိုးရိမ်ပြီး အဆိုပါ ဂဏန်းပါရှိနေခြင်းမှာ မသင့်လျော်ဟုဆိုကာ တားမြစ်ခြင်းဟု ညောင်ရွှေမြို့ မင်္ဂလာအောင်မြေ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

''ဒီ ၉၆၉ စာတန်းကြီးပါနေတာ မသင့်တော်ပါဘူးဆိုပြီးတော့၊ ပြဿနာ တစ်စုံတစ်ရာပေါ်ပေါက် မှာစိုးလို့ ကျွန်တော် ကနေတစ်ဆင့် အများအထင်အမြင်လွဲမှားမှု မရှိအောင် တားမြစ်ရခြင်းဖြစ် ပါတယ်။ တရားပွဲကို တားမြစ်တာမဟုတ်ပါ ဘူး။ ၉၆၉ တံဆိပ်ကို ဖယ်ခိုင်းတာပါ။ ကျွန်တော်တို့ ဘာပဲဖြစ်ဖြစ် အထက်ကခိုင်းရင် အမိန့်ကို နာခံရပါတယ်'' ဟု ဦးဇော်ဇော် က ပြောသည်။

တရားပွဲကို ဇွန်လ ၁၃ ရက်တွင် ပြုလုပ်ရန်ရှိပြီး ဆိုင်းဘုတ်များကို ဇွန်လ ၈ ရက်က စတင်ထောင် ရာ နောက်နေ့နံနက် ၉ နာရီ အချိန်တွင် ၉၆၉ ဂဏန်းများပေါ်တွင် အဖြူရောင်စတစ်ကာဖြင့် ဖုံးအုပ်စေခြင်းဖြစ်သည်။ အဆိုပါအခြေအနေများ ဖြစ်ပေါ်လာ ပြီးနောက် တရားပွဲဖြစ်မြောက်ရေး ကော်မတီနှင့် ညောင်ရွှေအုပ်ချုပ်ရေးမှူး၊ မင်္ဂလာအောင်မြေ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်တို့ ပါဝင်သော အစည်းအဝေးကို ဇွန်လ ၁ဝ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးအပြီး ကော်မတီဝင်များ၏ ဆုံးဖြတ်ချက်အရ ဖုံးအုပ်ထားသည့် ၉၆၉ ဂဏန်းများကို ညနေ ၅ နာရီတွင် ပြန်လည်ခွာပစ်ခဲ့ကြသည်။ ''အားလုံး ပြေလည်သွားပါပြီ၊ ကျွန်တော်တို့နဲ့ တရားပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေနဲ့လည်း တွေ့ပြီးပြီ ၉၆၉ ကိုပြန်ခွာတာ ကတော့ သူတို့သဘောပါပဲ။ ကျွန်တော်တို့ မကန့်ကွက် ပါဘူး'' ဟု ဦးဇော်ဇော်က မဇ္ဈိမကို ပြောသည်။

တရားပွဲကို မြစေတီ ပရိယတ္တိစာသင်တိုက်မှ အရှင်ဝိဇာနန္ဒ၊ မြနန်းစေတီ နန်းဦးပရယတ္တိ စာသင်တိုက်မှ အရှင်သဒ္ဓမ္မ၊ မြစေတီရဲကျောင်းပရိယတ္တိစာသင်တိုက်မှ အရှင်ဂန္ဓသာရတို့က ဇွန်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ဟောကြားမည်ဖြစ်သည်။ တရားပွဲကို ဖြစ်မြောက်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး အေးအေးချမ်းချမ်းဖြစ်အောင်လည်း ဆောင်ရွက်သွားမည်ဟု တရားပွဲဖြစ်မြောက်ရေးကော်မတီဝင် ကိုဇော်မင်းထူးက မဇ္ဈိမကို ပြောသည်။

Mizzima Burmese

သမ္မတနှင့် RCSS/SSA တို့ စစ်ပြေးဒုက္ခသည်များ နေရာချထားရန် ဆွေးနွေး

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း (RCSS/SSA) နှင့် နိုင်ငံတော် သမ္မတဦးသိန်းစိန်တို့ နေပြည်တော်တွင်တွေ့ဆုံကာ တခြားနိုင်ငံများတွင် ရောက်ရှိနေသော စစ်ပြေး ဒုက္ခသည်များအားပြန်လည်ခေါ်ယူ နေရာချထားမှုများ လုပ်ပေးရန် တောင်းဆိုခဲ့ကြောင်း RCSS/SSA ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ ဗဟိုကော်မတီဝင် ဦးစိုင်းလှက ပြောသည်။

၎င်းက ''ပြန်လည်ထူထောင်ရေးပိုင်းတွေမှာ တဖြည်းဖြည်းနဲ့ အကောင်အထည်ဖော်ပေးသွားမယ်လို့ သမ္မတကြီးကလည်းပြောပါတယ်။ စစ်ဘေးဒုက္ခသည်အဖြစ် တခြားနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအဖြစ် ရွာလုံးကျွတ်ရောက်ရှိနေ သူတွေကို ပြန်လည်နေရာချထားရေး၊ ရွှေ့ပြောင်းလုပ်သားတွေအတွက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်ပြုလုပ်ပေးရေး တို့ကို ထပ်မံဆွေးနွေးဖို့ သမ္မတက ပြောကြားသွားပါတယ်'' ဟု ပြောသည်။

ထပ်မံတွေ့ဆုံရန်အတွက်မူ ရက်အတိအကျ ချိန်းဆိုမှုမရှိသေးကြောင်း ၎င်းက ထပ်မံပြောကြားသည်။ ရှမ်းပြည်တောင်ပိုင်းမှ စစ်ဘေးဒဏ်ကြောင့် အခြားနိုင်ငံများတွင် ရွှေ့ပြောင်းလုပ်သားများအဖြစ် သွားရောက်နေထိုင်သူ ငါးသိန်းခန့်ရှိနေပြီး ပြည်တွင်း IDP (စစ်ဘေးရှောင်သူ) တစ်သောင်းကျော် ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် သမ္မတဦးသိန်းစိန်နှင့် RCSS/SSA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်စစ် တို့တွေ့ဆုံပြီး ငြိမ်းချမ်းရေး အတွက် ယုံကြည်မှုတည်ဆောက်ရန်၊ RCSS/SSA အား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုပေးရန်၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးကိစ္စများ ဆွေးနွေးခဲ့ပြီး ရှမ်းပြည်နယ်တွင် စစ်ပွဲများပြန်လည်ဖြစ်ပွားနေမှုကြောင့် ''ငြိမ်းချမ်းရေးပူးတွဲဖော်ဆောင်ရေးကော်မတီ'' တစ်ရပ်ဖွဲ့ပေး ရန် တောင်းဆိုမှုခဲ့ရာ ယင်းကို သမ္မတက လက်ခံခဲ့ သည်။

RCSS/SSA တပ်အား မတရားအသင်းမှ ပယ်ဖျက်ပေးရန်ကိစ္စကိုလည်း ထပ်မံတောင်းဆိုခဲ့ပြီး သမ္မတဦးသိန်းစိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးပြီးမှသာ ထိုကိစ္စအား အကောင်အထည်ဖော် မည်ဟု ပြောခဲ့ကြောင်းလည်း ဦးစိုင်းလှ က ပြောသည်။

ရှမ်းပြည်(တောင်ပိုင်း) တပ်မတော်အား မတရားအသင်းမှ ဖျက်သိမ်းပေးရန် ၂ဝ၁၂ ခုနှစ် မေလ ၁၉ ရက်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျိုင်းတုံမြို့တွင် ဒုတိယအကြိမ် အစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင်လည်း တောင်းဆိုခဲ့ခြင်းဖြစ်ရာ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကလည်း ဖျက်သိမ်းပေးမည်ဟု ကတိပြုခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်နှင့် RCSS/SSA တို့ ဇွန်လ ၁ဝ ရက်က နေပြည်တော်ရှိ ရတနာသိင်္ဃဟိုတယ် တွင် တွေ့ဆုံခဲ့ကြပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့မှ ဝန်ကြီးဦးအောင်မင်းနှင့် အစိုးရအဖွဲ့ဝန်ကြီး၊ ဒုဝန်ကြီးများ တက်ရောက်ခဲ့သည်။ ရှမ်းပြည် ပြည်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်ဘက်မှ ဒုဗိုလ်မှူးကြီးယွက်စစ်နှင့် အတိုင်ပင်ခံ ဦးခွန်စိုင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ ဗိုလ်မှူးချုပ်အောင်ထွေး၊ ဆက်ဆံရေးရုံး တာဝန်ခံမှူး၊ ဗဟိုကော်မတီဝင်များ တက်ရောက်ခဲ့သည်။

အစိုးရငြိမ်းချမ်းရေးအဖွဲ့နှင့် RCSS/SSA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို ၂ဝ၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်ကလက်မှတ်ရေးထိုးခဲ့ပြီး ယခုအကြိမ် သမ္မတနှင့် တွေ့ဆုံမှုသည် ခုနစ်ကြိမ်မြောက် ဖြစ် သည်။ RCSS/SSAနှင့် အစိုးရငြိမ်းချမ်းမှုဖော်ဆောင်ရေးအဖွဲ့တို့ အပစ်အခတ် လက်မှတ်ရေး ထိုးပြီးနောက်ပိုင်း ရှမ်းပြည်တောင်ပိုင်းဒေသတွင် စစ်ပွဲ ၇ဝ ကျော်ခန့်ဖြစ်ပွားပြီး ဖြစ်ကြောင်း ဦးစိုင်းလှကပြောသည်။

Mizzima Burmese

မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်းကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ ကားပါကင်၊ ဈေးဝယ်စင်တာများ ပါဝင်သော အထပ်မြင့် အဆောက်အအုံတစ်ခု ဆောက်မည်

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

KABAR AYE EXECUTIVE RESIDENCE ၏ ပုံစံငယ်အား တွေ့ရစဉ်

 မြန်မာနှင့် ဂျပန်၊ သြစတြေးလျ၊ ထိုင်း ကုမ္ပဏီတို့ ပူးပေါင်းကာ ကမ္ဘာအေးဘုရား လမ်းပေါ်တွင် ၂၇ ထပ်ရှိ အထပ်အမြင့် အဆောက်အအုံတစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း အကျိုးတူ ဆောက်လုပ်မည့် Living Square Co.,Ltd ထံမှ သိရသည်။

အမှတ်(၆၅) မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရား လမ်းပေါ်တွင် အဆိုပါ ၂၇ ထပ်ရှိ အဆင့်မြင့် အဆောက်အအုံကို တည်ဆောက်မည်ဖြစ်ပြီး ကားပါကင်အဖြစ် မြေအောက်ထပ် သုံးထပ်နှင့် အထပ်ငါးမှ ခုနစ်အထိ သုံးထပ် စုစုပေါင်း ခြောက်ထပ်၊ ဈေးဝယ်စင်တာအဖြစ် မြေညီထပ်မှ လေးထပ်အထိ စုစုပေါင်း ငါးထပ်နှင့် ရှစ်ထပ်မှ စတင်ကာ ၁၉ ထပ်အထိ အဆင့်မြင့် အခန်းရှစ်ခန်းစီ ပါဝင်သော အဆောက်အအုံ ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အထပ် ၂၀ မှစ၍ ၂၇ ထပ်အထိ ကျန်အထပ်များတွင် Fitness Centre, Coffee Bar နှင့် မိုးမျှော် တိုက်ခန်းများအဖြစ် ထည့်သွင်း ဆောက်လုပ်ထားကာ Architectual Design ကို ဂျပန်မှ MS Group, Structural and M&E Design ကို သြစတြေးလျ Meinhardt တို့မှ မြန်မာနိုင်ငံရှိ Living Square Co.,Ltd. နှင့် ပူးပေါင်းဆောက်လုပ်မည် ဖြစ်ကြောင်း သိရသည်။

''အချိန်အားဖြင့်တော့ နှစ်နှစ်ကျော်လောက် ကြာမယ်။ အခုကတော့ Soil Test တွေစလုပ်နေပါပြီ''ဟု Living Square Co.,Ltd. မှ Technical Manager တစ်ဦးက ဆိုသည်။ အဆိုပါ အဆောက်အအုံတွင် မီးဘေးအန္တရာယ် ကာကွယ်မှုစနစ်၊ အမှိုက်တိုက်ရိုက် စွန့်ပစ်စနစ်နှင့် အရစ်ကျ ၀ယ်ယူစေခြင်းများ၊ အခန်းတိုင်းတွင် ပရိဘောဂ အပြည့်အစုံ ပါရှိခြင်းအပြင် အပေါ်ဆုံးထပ်တွင် အရေးပေါ် ကိစ္စများအတွက် ရဟတ်ယာဉ်တစ်စင်းစာ ဆင်းနိုင်သော ကွင်းအထိ ပြုလုပ်ပေးထားကြောင်းလည်း သိရသည်။

ယင်းလူနေအိမ်ခန်းများသည် အနည်းဆုံး စတုရန်းပေ ၁၁၀၀ မှ အများဆုံး ၃၀၀၀ ကျော်အထိ ကျယ်ဝန်းမည်ဖြစ်ကာ အကြမ်းဖျင်းဈေးနှုန်းမှာ အနည်းဆုံး သိန်း ၃၀၀၀ ကျော်မှ အများဆုံး သိန်း ၇၅၀၀ ကျော်အထိ ကျသင့်မည်ဟု ခန့်မှန်းတွက်ချက်ထားကြပြီး KABAR AYE EXECUTIVE RESIDENCE ဟု အမည်ရှိ ယင်းအဆောက်အအုံကို ယခုနှစ် ဇွန်လမှစတင်ကာ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Eleven Media Group

ပုဂ္ဂလိက မီဒီယာများကို အလုံးစုံ မယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိသင့်သည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်း ပြောကြား

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းအားတွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
ပုဂ္ဂလိကမီဒီယာများကို အလုံးစုံမယုံကြည်သောကြောင့် အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟု ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော်မတီအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးရဲထွန်းက ပြောကြားသည်။

ဇွန် ၉ ရက်က ရန်ကုန်မြို့၌ အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီဥက္ကဋ္ဌ သူရဦးအေးမြင့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေကြမ်း ကော်မတီမှ အတွင်းရေးမှူး ဦးစောလှထွန်းနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ဥက္ကဋ္ဌ ဦးခင်မောင်အေးနှင့် အဖွဲ့ဝင်များ တွေ့ဆုံပြီး ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားသည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေမူကြမ်း၊ အများပြည်သူ ၀န်ဆောင်မှုမီဒီယာ ဥပဒေကြမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးစဉ် ဦးရဲထွန်းက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''အများပြည်သူဝန်ဆောင်မှု မီဒီယာ ရှိသင့်သလား မရှိသင့်ဘူးလားက ပြဿနာပါ။ စီးပွားရေးသမား ကတော့ စီးပွားရေးအမြင်နဲ့ ပြောမှာပေါ့။ ကျွန်တော်တို့ အခြေမကျခင်မှာ ကျွန်တော်တို့ကို လာပြိုင်တယ် ဆိုတာမျိုးပေါ့။ သို့သော် ပြည်သူလူထုဘက်က အကျိုးရှိမှုဘက်က ကြည့်တဲ့အခါ ဒါကိုရှိသင့်တယ် လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ပုဂ္ဂလိကက ကိုင်ထားတဲ့ မီဒီယာတွေကို အလုံးစုံ မယုံကြည်ဘူး။ အရင် ကျွန်တော်တို့ခေတ်က သတင်းစာတွေလို ပါတီတစ်ခုကောင်းကြောင်း ပါတီတစ်ခုရဲ့ ပုဂ္ဂိုလ်ရေး မကောင်းကြောင်း တစ်ဖက်သတ် ရေးလွန်းလို့ ကျွန်တော်က မျှတတဲ့ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်ကို ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေး ပါတီကလည်း မဟုတ်ပါဘူး။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီကပါ'' ဟု ဦးရဲထွန်းက ပြောကြားသည်။

ဦးရဲထွန်း၏ ပုဂ္ဂလိကမီဒီယာများကို အလုံးစုံမယုံကြည်သောကြောင့် အများပြည်သူဝန်ဆောင်မှု မီဒီယာ ရှိသင့်သည်ဟုပြောဆိုမှုအပေါ် စာနယ်ဇင်းကောင်စီအဖွဲ့ဝင်များက ကန့်ကွက်ခဲ့ကြသည်။ ဦးရဲထွန်း၏ ပြော ဆိုမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ယာယီမှ ဒေါက်တာမျိုးသန့်တင်က ''အများပြည်သူ ၀န်ဆောင်မှု မီဒီယာရှိတာကို ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်ဘူး။ ဒါပေမဲ့ အခုတင်လိုက်တဲ့ အများပြည်သူ ၀န်ဆောင်မှု မီဒီယာဥပဒေထဲမှာက မျှတတဲ့ ပြိုင်ဆိုင်မှု၊ မျှတတဲ့ သတင်းအချက်အလက်တွေ တစ်ခုမှ မပါဘူး'' ဟု ပြောကြားသည်။

ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီကို ဆန့်ကျင်ပြီး Freedom of Press ကို ထိခိုက်စေတဲ့ လုပ်ဆောင်မှု ပြောဆိုမှုတွေရှိရင် ကန့်ကွက် ဝေဖန်ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ်ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ...

''အများပြည်သူဝန်ဆောင်မှု မီဒီယာအဖြစ်နဲ့ သွားမယ်ဆိုရင် ဥပဒေကိုရေးပြီးကာမှ ဥပဒေကို အများပြည်သူ ကို ဆွေးနွေးခိုင်းတာထက် အဲဒီလို ပြောင်းသင့် မပြောင်းသင့်ကို သဘောတူမတူ အရင်ဆုံး ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အများပြည်သူကသဘောတူတယ်ဆိုမှ ဘယ်ပုံဘယ်နည်းနဲ့ အကောင် အထည်ဖော်မယ် ဆိုတာမျိုး လုပ်မယ်ဆိုရင် သဘာဝကျပါတယ်'' ဟု ဦးဖေမြင့်က ပြောကြားသည်။

''ဦးရဲထွန်းရဲ့ ပြောကြားချက်ကို ကန့်ကွက်ပါတယ်။ ဒီမိုကရေစီလို့ အမည်ခံထားတဲ့ ပါတီတွေက ဒီမိုကရေစီ ကိုဆန့်ကျင်ပြီး Freedom of Press ကိုထိခိုက်စေတဲ့ လုပ်ဆောင်မှုပြောဆိုမှုတွေရှိရင် ကန့်ကွက်ဝေဖန် ရမှာပဲ။ အဲဒီလိုပဲ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက Freedom of Press ကို ကာကွယ်တယ် ဆိုရင် ကြိုဆိုရမှာပဲ။ ကျွန်တော်တို့ကတော့ ဘယ်ပါတီဆိုတာထက် Principle အတိုင်း ရပ်တည်မှာပါ။ PSM နဲ့ ပတ်သက်ရင် ပြည်သူ့ဘဏ္ဍာနဲ့ စီးပွားရေး ၀င်လုပ်မှာကို လက်မခံပါဘူး။ မီဒီယာလွတ်လပ်ခွင့်ကို သွယ်ဝိုက်ထိန်းချုပ်ဖို့ လုပ်တာကို လက်မခံပါဘူး။ တကယ်လို့ အများပြည်သူအတွက် အမှန်တကယ် လုပ်ဆောင်မယ်ဆိုရင် ၇၀ ရာခိုင်နှုန်း မဟုတ်ပါဘူး။ ပြည်သူ့ဘဏ္ဍာကို ၁၀၀ ရာခိုင်နှုန်း အပြည့်ယူပါ။ ပြီးရင် အခကြေးငွေ မယူဘဲ ပြည်သူကို ဖြန့်ဝေပါ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အဖွဲ့ဝင် ဒေါက်တာသိန်းမြင့်က ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူးဖြစ်သူ ဦးကျော်မင်းဆွေကလည်း ''Public Service Media ကို ဂျာနယ်လစ် Association တစ်ခုခုကနေ ရှယ်ယာခေါ်ပြီး စထောင်လိုက်တာမျိုး Independent ဖြစ်တဲ့သူက စထောင်လိုက်တာမျိုးက Public Service Media ဖြစ်တယ်။ အစိုးရဆီကို ဘက်ဂျက်တောင်းတာမျိုး လွှတ်တော်ကို ဘက်ဂျက်တောင်းတာမျိုးက မျှတတယ်။ ပြန်ကြားရေးက ဒါလုပ်တာဟာ Fair မဖြစ်ဘူး။ ပြန်ကြားရေးက လုပ်ခြင်းကြောင့် ပြန်ကြားရေးနဲ့ ကျွန်တော်တို့ ဟာ တောက်လျှောက် ဆက်ဆံခဲ့ခြင်းကြောင့် ပြန်ကြားရေးကလုပ်တာ ဘယ်တော့မှ မရိုးသားဘူး'' ဟု ပြောကြားသည်။

ထို့ပြင် လက်ရှိနိုင်ငံပိုင် သတင်းစာများသည် အကျိုးအမြတ်များစွာ ရရှိနေသည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားထားသော်လည်း ယင်းနိုင်ငံပိုင် သတင်းစာများအား အများပြည်သူ ၀န်ဆောင်မှု မီဒီယာအဖြစ် ပြောင်းလဲလုပ်ဆောင်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ အသုံးပြုမည် ဆိုသည့်အပေါ် မီဒီယာသမားများက ဝေဖန်ခဲ့ကြသည်။

''ဒုဝန်ကြီးဦးရဲထွဋ်က ဒီကနေ့ထုတ်နေတဲ့ ကြေးမုံနဲ့  မြန်မာ့အလင်းသည် အဆပေါင်းများစွာ ဘီလျံ နဲ့ မြတ်တယ်ဆိုပြီး ပြောထားပါတယ်။ သူကိုယ်တိုင် ပြောထားတာပါ။ သက်သေရှိပါ တယ်။ ကြော်ငြာနဲ့တင် ဒီသတင်းစာတွေကို လည်ပတ်နေလို့ ရတယ်လို့ ပြောပါတယ်။ ဘာဖြစ်လို့ ၇၀ ရာခိုင်နှုန်း တောင်းသလဲ'' ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး (ဖိုးသောကြာ) က ပြောကြားသည်။

''ကျွန်တော်တို့ သတင်းစာကို စီးပွားဖြစ်လုပ်နေတာ မဟုတ်ပါဘူး။ စီးပွားရှာတဲ့ လုပ်ငန်းတွေ အများကြီး ထဲမှာ သတင်းစာ မပါပါဘူး။ တိုင်းပြည်ကို ကာကွယ်တဲ့နေရာမှာ တပ်မတော်ဟာ အင်အားတောင့်တင်းဖို့ လိုပါတယ်။ ကျည်ဆန်တွေ လက်နက်တွေနဲ့မှ တိုင်းပြည်ကို ကာကွယ်လို့ရတာ မဟုတ်ပါဘူး။ သတင်းစာတွေဆိုတာ အုတ်တစ်ချပ် သဲတစ်ပွင့်ပါ။ သတင်းစာဆရာတွေထဲမှာ ချမ်းသာတဲ့ သတင်းစာ ဆရာ ရှိကောင်းရှိမယ်။ အင်မတန် နည်းပါတယ်။ ဘာကြောင့် ဖြစ်ဖြစ် အကျိုးအမြတ်ထက် တိုင်းပြည် အတွက်လုပ်နေကြတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အနေနဲ့ အစိုးရအဖွဲ့ကို တင်ပြပေးပါ လို့ မေတ္တာရပ်ခံပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ဇွန် ၈ ရက်က ရန်ကုန်မြို့၌ ပင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ဦးဆောင်ပြီး အများပြည်သူ ၀န်ဆောင်မှု မီဒီယာ ဥပေဒကြမ်းအား ပြန်ကြားရေး ၀န်ကြီးဌာနမှ ရေးဆွဲထားပြီး လာမည့်လွှတ်တော်တွင် တင်သွင်းသွားရန်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားမှု အခမ်းအနားအပြီး ယခုကဲ့သို့ တွေ့ဆုံမှု ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အများပြည်သူ ၀န်ဆောင်မှု မီဒီယာနှင့် ပတ်သက်သည့် အခမ်းအနားတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က ယင်းဥပဒေကြမ်းသည် ဥပဒေပုံစံ မဟုတ်ဘဲ မိမိလိုအပ်ချက်များကို စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်ပြီး ဥပဒေများကိုလည်း ထိခိုက်သည်ဟူသည့် အချက်အပါအ၀င် အချက်ကိုးချက်ဖြင့် ထောက်ပြကန့်ကွက်ခဲ့ပြီး လွှတ်တော်ကော်မတီနှစ်ရပ်နှင့် တွေ့ဆုံစဉ်ကလည်း ယင်းအချက်ကိုးချက်ကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က တင်ပြခဲ့သည်။

Eleven Media Group

မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံအတွက် ၀မ်းနည်းစရာ၊ ရင်လေးစရာ ဖြစ်ကြောင်း ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

၁၁.၆.၂၀၁၃၊ အင်္ဂါနေ့

နေပြည်တော်၌ ဇွန် ၁၀ ရက်က ပြုလုပ်သည့် ပွင့်လင်းမြင်သာရေးနှင့် ဖြောင့်မတ်ရေး အလုပ်ရုံဆွေးနွေးပွဲ အား တွေ့ရစဉ်

မြန်မာနိုင်ငံ၏အဂတိလိုက်စားမှု လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှုတစ်ခုသဖွယ် ဖြစ်လာခြင်းသည် နိုင်ငံ အတွက်ဝမ်းနည်းစရာ၊ ရင်လေးစရာဖြစ်သည်ဟု ဇွန် ၁၀ ရက်တွင်နေပြည်တော်ရှိMICC တွင်ပြုလုပ်ခဲ့သော ပွင့်လင်းမြင်သာရေးနှင့်ဖြောင့်မတ်ရေး အလုပ်ရုံဆွးနွေးပွဲ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က ပြောကြားသည်။

''အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆွေးနွေးသုံးသပ်ကြရာမှာ ကျွန်တော်တို့ ၀န်ထမ်းတွေရဲ့ လစာကိစ္စကို ချန်ထားလို့မရပါ။ နိုင်ငံတော် အစိုးရအနေနဲ့ ၀န်ထမ်းများရဲ့ ၀င်ငွေတိုးလာအောင် နှစ်ကြိမ်ဆောင်ရွက်ပေး ခဲ့ပေမယ့် ကျေနပ်အားရလောက်တဲ့ အဆင့်ရောက်ဖို့ အလှမ်းဝေးပါသေးတယ်။ ဒါကလည်း နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေကြေးအခြေအနေအရ အကန့်အသတ်တွေ ရှိနေတဲ့ကြားက ဆောင်ရွက်ပေးနေရတာ ဖြစ် ပါတယ်'' ဟု ဒုတိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံသည် Corruption Perception Index အဆင့်ကို ကြည့်ပါက ကမ္ဘာ့နိုင်ငံ ၁၇၄ နိုင်ငံထဲမှ အဆင့် ၁၇၀ ကျော် သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပပြီးစီးခဲ့သော WEF ၏ နိုင်ငံတကာ တွေ့ဆုံခန်းများတွင် မြန်မာနိုင်ငံသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နည်းပါးခြင်း၊ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံစာရင်းတွင် ပါရှိခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်လာမှု နည်းပါးခြင်းတို့သည် အဂတိ လိုက်စားမှုကြောင့် တစ်ခုအပါအ၀င် ဖြစ်ကြောင်း သိရသည်။

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ''အတိတ်ကို ပြန်ကြည့်တဲ့အခါ အကြွင်းမဲ့အာဏာဟာ လူကို အကြွင်းမဲ့ ပျက်စီးစေတယ် ဆိုတာကို ဦးစီးဦးဆောင်တဲ့ အပိုင်းက သိရှိနားလည်ပုံ အားနည်းခဲ့ကြတယ် လို့ ဝေဖန်သုံးသပ်ခဲ့ကြပါတယ်။ လက်ရှိနိုင်ငံတော် အစိုးရအနေနဲ့ သမိုင်းရဲ့ အမွေဆိုး၊ အမွေကောင်းတွေ ကို ဆက်ခံရမှာ ဖြစ်ပါတယ်။ အစိုးရသစ်အဖြစ် ဖွဲ့စည်းပြီးတဲ့နောက် ဗဟိုချုပ်ကိုင်မှု ဖြေလျော့ရေးအတွက် ဗဟိုပြုအာဏာ မူဝါဒအစား အောက်ခြေပြည်သူလူထု အခြေပြုတဲ့ မူဝါဒကို ချမှတ်ကျင့်သုံးနေပြီးဖြစ် ပါတယ်'' ဟု ပြောကြားသည်။

ဒုတိယသမ္မတက ဆက်လက်ပြောကြားရာတွင် ''ယခုကြုံတွေ့နေတဲ့ အဂတိလိုက်စားမှုဟာ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း၊ ၀န်ထမ်းလောကအသိုင်းအ၀ိုင်းအတွင်း ကြိမ်ဖန်များစွာနေရာပေါင်းများစွာမှာ ဖြစ်ပေါ်နေ ရင်းက အဂတိလိုက်စားမှုဆိုတာ တရားဥပဒေကို ကျောခိုင်းတဲ့လုပ်ရပ်၊ မိမိ၏ဂုဏ်သိက္ခာ၊ နိုင်ငံတော်၏ ဂုဏ်သိက္ခာ၊ ၀န်ထမ်းဆိုတဲ့ ဂုဏ်ယူစရာကောင်းတဲ့ ဂုဏ်သိက္ခာများကို မျက်ကွယ်ပြုလာပြီး မြန်မာနိုင်ငံ လူ့အသိုင်းအ၀ိုင်းအတွင်း ယဉ်ကျေးမှု တစ်ခုသဖွယ် ဖြစ်လာတာဟာလည်း နိုင်ငံအတွက် ၀မ်းနည်းစရာ ရင်လေးစရာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။

Eleven Media Group

10.6.13

သမ္မတ ဖြစ်လိုတယ်ပြောတဲ့ သူရ ဦးရွှေမန်းနဲ့ ၂၀၁၅ သမ္မတလောင်းများ

၁၀.၆.၂၀၁၃၊ တနင်္လာနေ့


ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ သမ္မတတဦးအဖြစ် တာဝန်ယူလိုတယ်လို့ ပြောကြားလိုက်ပါတယ်။ လွှတ်တော်ရေးရာတွေ လေ့လာဖို့ အမေရိကန် ပြည်ထောင်စုကို ရောက်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း က ဗွီအိုအေနဲ့ သီးသန့် မေးမြန်းခန်းမှာ အခုလိုပြောကြားလိုက်တာ ဖြစ်ပါတယ်။ သူရ ဦးရွှေမန်းအနေနဲ့ သမ္မတ လုပ်လိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်တာဟာ ပထမဆုံး ဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေး ကောက်ပွဲကို ရည်ညွှန်းပြီး သမ္မတ တာဝန်ယူမယ်လို့ ပြောတဲ့သူတွေဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမို ကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ၃ ဦး ရှိပြီဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ သမ္မတအဖြစ် ယှဉ်ပြိုင်မှာဖြစ်တယ်လို့ လွန်ခဲ့တဲ့ရက်ပိုင်းက နေပြည်တော်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေုးဖိုရမ်မှာလည်း ထပ်လောင်း အတည်ပြု ပြောဆိုခဲ့ တာပါ။ ဒါပေမယ့် လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး အကန့်အသတ် တွေရှိနေပါတယ်။

တချိန်က ကျန်းမာရေးအရ အခု သက်တမ်းတခုကိုသာ သမ္မတ တာဝန်ထမ်းဆောင်မယ်လို့ ပြောဆိုထားတဲ့ ဦးသိန်းစိန် ဟာ မနှစ်က အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း မေးမြန်းခန်းတခုမှာတော့ လေသံပြောင်း သွားပြီး ပြည်သူကသာ ဆက်လက်ထောက်ခံရင် သမ္မတတာဝန်ကို ဆက်လက်ထမ်းရွက် လိုကြောင်း ပြောသွားခဲ့ပြန်ပါတယ်။ ဒီအပြင် သမ္မတ ဦးသိန်းစိန်က လွန်ခဲ့တဲ့နှစ်တုန်းက ဘီဘီစီ Hard Talks အစီအစဉ် မှာ ဒေါ်အောင်ဆန်းစုကြည်သည်လည်း သမ္မတ ဖြစ်နိုင်ကြောင်း ပြောဆိုခဲ့ပေမယ့် မကြာသေးခင်က ဦးသိန်းစိန်ရဲ့ ပြောဆိုမှုက ကွဲလွဲနေပြန်ပါတယ်။ ဒီကိစ္စအပါအ၀င် ဒီမိုကရေစီစံညွှန်းကောင်းတွေ ရှိစေဖို့ အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး စိုက်လိုက် မတ်တတ်ပြောနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စကိုတော့ သမ္မတ ဦးသိန်းစိန် က ပယ်ချလိုက်ပါတယ်။


သြစတြေလျးနိုင်ငံ အေဘီစီ ရုပ်မြင်သံကြားနဲ့ သီးသန့် မေးမြန်းခန်းမှာတော့ ဦးသိန်းစိန်က အခြေခံ ဥပဒေကို ပြည်သူ အများစုရဲ့ ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် ပြည်သူတွေကလည်း ပြင်ဖို့ သဘောတူဖို့လိုတယ်၊ လွှတ်တော် ကလည်း အတည်ပြုဖို့လိုမယ်၊ လွှတ်တော်ရဲ့ ဆောင်ရွက်ချက်အပေါ်မှာ သူ့အနေနဲ့ ၀င်ရောက် ပြောဆို ပိုင်ခွင့် မရှိဘူးလီု့ ပြောသွားတာပါ။ ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရပဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်လို့ရမယ်ဆိုတာပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ လွှတ်တော်အမတ် ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ဖို့ သဘောတူညီမှု ရဖို့ လိုအပ်ပြီး အဲဒီသဘောတူညီမှုကိုလည်း လူထုဆန္ဒခံယူပွဲလုပ်ပြီး မဲပေးသူ ရာခိုင်နှုန်းကျော်က ထောက်ခံဖို့ လိုအပ်တာပါ။ သေချာတာတော့ အခုဆိုရင် ၂၀၁၅ ခုနှစ်အတွက် သမ္မတလောင်း ၃ ဦးကတော့ အထင်အရှား ပေါ်ထွက် လာနေပါပြီ။ အဆိုပါ သမ္မတလောင်း ၃ ဦး ဘယ်သူ သမ္မတ ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ကြရုံ သာဖြစ် ပါတော့တယ်။ဧရာဝတီBlog

KNU နဲ့ အစိုးရ တပ်ပိုင်းဆိုင်ရာ နေရာချထားရေး

၁၀.၆.၂၀၁၃၊ တနင်္လာနေ့
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီက သူတို့တပ်တွေနဲ့ အစိုးရတပ်တွေအကြား စစ်တပ်ပိုင်းဆိုင်ရာ အနေအထားနဲ့ ပတ်သက်လို့ ဒီကနေ့က စတင်ပြီး ညှိနှိုင်းတိုင်ပင်မယ်လို့ KNU ရဲ့ အဆင့်မြင့်ခေါင်းဆောင် တဦးဖြစ်တဲ့ ပဒိုသမိန်ထွန်းကပြောပါတယ်။

မြဝတီမှာပြုလုပ်တဲ့ ကရင်အမျိုးသားအခမ်းအနားတခုမှာ ”နှစ်ဖက် တပ်တည်နေရာနဲ့ ပတ်သက် တဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ ပတ်သက်ပြီး KNU မှာ ဆွေးနွေးကြမှာဖြစ်တယ်။ ပြီးတာနဲ့ သမတဦးသိန်းစိန်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ရက်ချိန်း တောင်းမယ်” လို့ ပဒိုသမိန်ထွန်းကပြောလိုက်ပါတယ်။ အစိုးရနဲ့ KNU ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲကို တရားဝင်ပြု လုပ်ခဲ့တာ ၃ ကြိမ်ရှိခဲ့ပါပြီ။ သို့သော်လည်း တပ်ပိုင်းဆိုင်ရာ နေရာချထားရေးနဲ့ပတ်သက်ပြီး တခါမှ ဆွေးနွေးခဲ့ခြင်း မရှိသေးဘူး၊ ဒီတကြိမ်တော့ ဆွေးနွေးနိုင်ကောင်းပါရဲ့ဆိုပြီး ကရင်အမျိုးသားတွေ က မျှော်လင့်နေကြကြောင်း ကရင့်အရေး လေ့လာနေသူတွေက ဆိုပါတယ်။

တောင်ပိုင်း ထားဝယ်ကနေ မြောက်ဖက်ဖာပွန်ဒေသအထိ KNU တပ်မဟာနဲ့ ခရိုင် ၇ ခုမှာ အစိုးရစစ်တပ် စခန်း ၃ဝဝ ခန့် တပ်စွဲထားပါတယ်။အဲဒီအထဲက တပ်စခန်း ၁ဝဝ ဝန်းကျင်ကို ကရင်ကျေးရွာတွေထဲမှာ တပ်စခန်းအခြေ စိုက်ထားရာကနေ ဖယ်ရှားပေးဘို့ ကရင်တွေဘက်က တောင်းဆိုနေတာပါ။ အစိုးရဘက်ကတော့ ကရင်ဘက်ကတောင်းဆိုနေတာတွေကို စိတ်ဝင်စားပုံ မရတဲ့အတွက် တပ်ပိုင်း ဆိုင်ရာ ဆွေးနွေးမဲ့ကိစ္စ ဒီနေ့အထိ သောင်မ တင်ရေမ ကျဖြစ်နေတာလို့ ကရင်တပ်မှူးအချို့က သုံးသပ်ပြောဆိုနေပါတယ်။ ဒီလအတွင်းမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးဖို့ဖြစ်နိုင် ပါ့မလား။ ဒါကတော့ အစိုးရဘက်မှာ အများကြီးမူတည်တယ်လို့ အချို့ကရင် တပ်မှူးတွေက ပြောဆိုကြပါတယ်။

ဒီကနေ့ စတင်မယ့် KNU ဗဟိုကော်မတီအစည်းအဝေး ပြီးသွားရင်တောင် မှ မြန်မာအစိုးရနဲ့တွေ့ဆုံနိုင်ဖို့အတွက် တဖက်ကပေးမယ့် ရက်ချိန်းကို ကရင်တွေဘက်က စောင့်နေရအုံးမှာဖြစ်ပါတယ်။

အစိုးရနဲ့တွေ့မယ် ဆိုရင် ...

ဒီတကြိမ် အစိုးရနဲ့ ထပ်ပြီး တွေ့ဆုံမယ့် ကိစ္စဟာ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့အခန်းကဏ္ဍဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပနဲ့ ကရင့်အရေးလေ့လာသူတွေ၊ ကရင်အမျိုးသားရေး ဆောင်ရွက်နေကြတဲ့သူတွေအထူးစိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့လည်း သူတို့သဘောထားကို ပြောဆိုကြပါတယ်။ နှစ်ဘက်တပ်တွေလိုက်နာရမယ့် ကျင့်ဝတ်ဆိုင်ရာများနဲ့ ပတ်သက်ပြီး KNU ဘက်က ဘယ်အတိုင်းအတာထိ ဆောင်ရွက်နိုင်မှာလဲ ဆိုတာကတော့ ဒီကနေ့ KNU ဗဟိုကော်မတီဆွေးနွေးပွဲရဲ့ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်တယ် လို့လည်း သူတို့က ဖြည့်စွက်ပြောဆိုကြပါတယ်။

ကရင် အနာဂတ် နဲ့ KNU

KNU အဖွဲ့ဟာ အမျိုးသားတန်းတူရေးနဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိဖို့အတွက် ၁၉၄၉ ခုနှစ်ကစပြီး အစိုးရအဆက်ဆက်ကို လက်နက်ကိုင် တိုက်ပွဲဝင် လာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ ကရင်ဘုန်းတော်ကြီးတပါးကတော့ တမျိုးသားလုံးရဲ့ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်တဲ့ KNU အနေနဲ့ ကရင်တမျိုးသားလုံးရဲ့ အနာဂတ် ကံကြမ္မာဟာ လက်ရှိနိုင်ငံရေးအခြေအနေအရ KNU အပေါ်မှာ အများကြီး မူတည်တယ်လို့ မိန့်ကြားပါတယ်။

Irrawaddy Blog

မြန်မာ့တပ်မတော်တွင် အမျိုးသမီးတပ်မှူးများ စတင်ခန့်အပ်

၁၀.၆.၂၀၁၃၊ တနင်္လာနေ့
 

မြန်မာ့တပ်မတော်တွင် အမျိုးသမီးအရာရှိကြီးများအား ပထမဆုံးအကြိမ်အဖြစ် တပ်မှူးရာထူးများအား စတင်ခန့်အပ်ခဲ့ကြောင်းသိရှိရသည်။ ဆေးဘက်ဆိုင်ရာပါရဂူများဖြစ်သည့် ဗိုလ်မှူးကြီးဒေါ်ကေသီထွန်းအား တပ်မတော်သားဖွား မီးယပ်နှင့် ကလေးဆေးရုံ(ရန်ကုန်)တပ်သို့လည်းကောင်း၊ ဗိုလ်မှူးကြီးဒေါ်အေးအေး အား တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ (နေပြည်တော်)တပ်သို့လည်းကောင်း တပ်မှူးများ အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ အမျိုးသမီးအရာရှိကြီးများအား မြန်မာ့တပ်မတော် တွင် တပ်မှူးရာထူးပေးအပ်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း အငြိမ်းစားတပ်မတော် အရာရှိကြီး တစ်ဦးမှပြောကြားခဲ့သည်။ ၎င်းမှ “အခုလို အမျိုးသား၊ အမျိုးသမီးမခွဲခြား ဘဲအရည်အချင်းပေါ်မူတည်ပြီး ရာထူးတာဝန်ပေးအပ်တာ အလွန်ကောင်းတဲ့ အစဉ်အလာတစ်ခုပါ။ လက်ရှိ ကာချုပ်လက်ထက်မှာ အရာရှိတွေကို တာဝန်ပေးအပ်ရာမှာ တော်ရင်တော်သလို၊ လုပ်နိုင်ရင် လုပ်နိုင်သလို အရည်အချင်းကို ကြည့်ပြီး ရာထူးပေးတာကိုတွေ့ရပါတယ်။ အခုဆိုရင် အလုပ်သင်ဗိုလ်သင်တန်းကပြီးတဲ့ အရာရှိကြီးတွေ ကို ဒေသကွပ်ကဲမှုဌာနချုပ်မှူး တာဝန်တွေပေးလာတာကိုလည်းတွေ့ရပါတယ်။ ဒါကောင်းတဲ့ အစဉ်အလာ တစ်ခုပါ”ဟုပြောဆိုသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေဖြင့်ယခုနှစ် အစောပိုင်းကလည်း တိုက်ပွဲတွင်ထူးချွန်စွာ တိုက်ခိုက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များကိုလည်း တစ်ဆင့်မြင့်ရာထူးများ တိုးမြှင့် ပေးခဲ့ကြောင်း သိရသည်။

Win Thant

Myanmar Online News

ကျိုက္ခမီ- မော်လမြိုင်- ရန်ကုန် မှန်လုံ ယာဉ်အား ဓားပြတိုက်မှု ဖြစ်ပွား

၉.၆.၂၀၁၃၊ တနင်္လာနေ့


သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်စု အောင်းဆိုင် ကျေးရွာ အနီး၊ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၁၅၄/၄) နှင့် (၁၅၃/၅) အကြားတွင် ဇွန် ၈ ရက် ည ၁ဝ နာရီ ၂၅ မိနစ် ခန့်က ခရီးသည်တင် ယာဉ်တစ်စီးအား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံး၍ ယာဉ်မောင်း၏ ယာပါး သေနတ်ကျည်ထိ မှန်ကာ လျှာပြတ် ဒဏ်ရာဖြင့် မေ့မြော နေသဖြင့် သထုံဆေးရုံသို့ ပို့ဆောင် ဆေးကုသစဉ် ဇွန် ၉ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ရရှိ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။




ယာဉ်ပေါ်တွင် လိုက်ပါစီးနင်း လာသူ ခရီးသည်များ၏ ပြောပြချက်အရ အဆိုပါ ဓားပြ ငါးဦးမှာ မော်လမြိုင်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်ပြီး ဇင်းကျိုက် ကျေးရွာအလွန် အရောက်တွင် ခွဲစိတ်ခန်းသုံး မျက်နှာ ဖုံးများ တပ်ဆင်ပြီး လေးဦးမှ သေနတ် အတို တစ်လက်စီ ကိုင်ဆောင်ကာ ခေါင်းဆောင်ဟု ယူဆရသူတစ်ဦးက ယာဉ်မောင်းအနီး သွားရောက်၍ အမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ဖောက်၍ ယာဉ်မောင်း အား သေနတ်ဖြင့်ချိန်ထားခဲ့ကြောင်း၊ ထိုအချိန်တွင် ကျန်လေးဦးက ခရီးသည်များထံမှ လက်ဝတ် လက်စား များ၊ ငွေနှင့် တယ်လီဖုန်းများကို သိမ်းဆည်း၍ မော်တော်ယာဉ်အား ရပ် တန့်စေပြီး ယာဉ်မောင်းအား ယာဉ်ပေါ်၌ ထိုင်နေစေကာ ကျန်ခရီးသည် များအား ယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း၊ ဓားပြအဖွဲ့မှ တစ်ဦး သည် ယာဉ်အား မီးရှို့မည်ဟုဆိုကာ ယာဉ်မောင်းအား ဆီတိုင် ကီ ပြခိုင်းရာ ယာဉ်မောင်းမှ ကြောက်လန့်၍ ပစ္စည်းထည့် နေရာအား ပြသဖြင့် စေခိုင်းသူမှ ယာဉ်နောက်လိုက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အခြားတစ်ဦးက အပြင်မှနေ၍ ယာဉ်မောင်းအား ပစ်ခတ် ခဲ့ကြောင်း၊ ၎င်းနောက် ခရီးသည်များအား ထွက်ခွာသွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရီးသည်များ အနက် ခြောက်ဦးသည် ည ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် သထုံမြို့ အလယ်အဝိုင်းပတ် အနီးရှိ မီးသတ် ဌာနသို့ ရောက်ရှိ သတင်းပို့ခဲ့သဖြင့် မီးသတ်ဌာနမှ နယ်မြေခံ တပ်နှင့် ရဲတပ်ဖွဲ့ တို့ထံ ဆက်သတင်း ပို့ခဲ့ရာ နယ်မြေခံ စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုံစမ်းရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ