ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.6.13

ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် ကုလသမဂ္ဂ ထောင်စုနှစ် ပန်းတိုင် သတ်မှတ်ပေးရန် နိုင်ငံ အကြီးအကဲများ တောင်းဆို



ကုလသမဂ္ဂ အနေဖြင့် ၂၀၃၀ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှုများ ပပျောက်ရေး အတွက် ရည်မှန်းချက် ချမှတ် ဆောင်ရွက်သွားရန် ဗြိတိန်နိုင်ငံ ၊ အင်ဒိုနီးရှား နိုင်ငံနှင့် လိုင်ဘေးရီးယား နိုင်ငံ ခေါင်းဆောင် များမှ တိုက်တွန်း ပြောကြားလိုက်သည်။၂၀၁၅ ခုနှစ်အတွက် ရည်မှန်းချက်ထားခဲ့သည့် ကမ္ဘာ့ ကုလသမဂ္ဂ၏ ထောင်စုနှစ် ပန်းတိုင်များတွင် အဆိုပါ အချက်အား အစားထိုး ထည့်သွင်းရန် အင်ဒိုနီးရှား သမ္မတ ဆူစီလိုဘန်းဘန်း ၊ လိုင်ဘေးရီးယား သမ္မတ အီလန်နှင့် ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကန်မရွန်တို့မှ စာတမ်းတစ်စောင် ပြုစုကာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းထံသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ အဆိုးရွားဆုံး ဆင်းရဲမှုကို လျှော့ချနိုင်ရန် စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ခြင်းဖြင့် ပြောင်းလဲရန် ၊ စားနပ်ရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရန် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ထားရှိ သတ်မှတ်ပြီး နိုင်ငံအစိုးရများ အချင်းချင်းမှလည်း လက်တွဲ ပါဝင် ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
Ref: MMExpress

ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်



    မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အော်ပရေတာခေါ်ယူရာ တွင်နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ အတည်ပြု သတင်းထုတ်ပြန်လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံးဆက်သွယ်မှု လုပ်ငန်းရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်းမြန်မာနိုင် ငံတွင် လုပ်ငန်းလိုင်စင်ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားခဲ့သော ကုမ္ပဏီဖြစ်ပြီး အဆိုပါပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာ ဏ အများဆုံးဖြစ်သည်။
   နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော် မတီ၏ ထောက်ခံမှုပေါ်အခြေခံ၍ မြန်မာနိုင်ငံအစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommu -nications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်း တို့ကုမ္ပဏီနှစ်ခုလိုင်စင်မရရှိမှီတွင်တင်ဒါရွေးချယ်မှုအပြီးလိုအပ်ချက်များကိုဦးစွာဖြည့်ဆည်းရမည်ဖြစ်သည်။
အဆိုပါလိုအပ်ချက်များတွင် လက်ရှိကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ် .ရေးဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့်လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ် ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင်အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် .ရွေးချယ်ထားသည်။
   Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်းစတင်မည်ဖြစ်ပြီး ကိုးလအတွင်းကွန်ရက်များကို စတင်တည်ထောင်သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆက်သွယ်ရေးကွန်ရက် ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရသိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှပေးရတာမျိုးမဟုတ်ဘူး။ ၀န်ဆောင်မှုတွေအတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟုပြောကြားထား သည့် ကုမ္ပဏီဖြစ်သည်။
   တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီးအဆိုကိုတင်သွင်းခဲ့ပြီး လွှတ်တော် ကကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံလိပ်မူ ပြီး နိုင်ငံတော်အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည် ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အ ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

 Ref..news-eleven

ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ရန် ပြင်သစ်ကုမ္ပဏီ ကူညီမည်


   ယခင် ပညာသင်နှစ်က ပြန်လည်ဖွင့်လှစ်ခဲ့သော ရန်ကုန်နည်းပညာ  တက္ကသိုလ်၏ လက်တွေ့ဓာတ်ခွဲခန်း အဆင့်မြှင့်တင်ရေးအတွက် ပြင်သစ်လျှပ်စစ်ကုမ္ပဏီ တစ်ခုဖြစ်သော Schneider ကုမ္ပဏီက နည်းပညာနှင့် လက်တွေ့ပစ္စည်းများ ကူညီပံ့ပိုးမည်ဖြစ်ကြောင်း အဆိုပါပြင်သစ်ကုမ္ပဏီ စီမံကိန်းမန်နေဂျာတစ်ဦးဖြစ်သော ဦးဇော်ဇော်အောင်က The Voice သို့ ပြောကြားသည်။ အဆိုပါဓာတ်ခွဲခန်းကို ယခုနှစ်ကုန်မတိုင်မီ ပြုပြင်ရန် စီစဉ်လျက်ရှိပြီး သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့်လည်း လာမည့်ဇူလိုင်လအတွင်း သွားရောက်ဆွေးနွေး မည်ဖြစ်ကြောင်း ၎င်းကဖြည့်စွက်ပြောကြားခဲ့ပါသည်။ ရန်ကုန်နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့် တင်ရေးအတွက် ယင်းကုမ္ပဏီအနေနှင့် ငွေကြေးပိုင်းထောက်ပံ့ပေးနိုင်ရန်ကိုလည်း ဆွေးနွေးထားကြောင်း အဆိုပါတက္ကသိုလ်နည်းပြဆရာတစ်ဦးက ပြောပါသည်။"ကနဦးအနေနဲ့ ရန်ကုန် နည်းပညာတက္ကသိုလ် ဓာတ်ခွဲခန်းအဆင့်မြှင့်ဖို့လုပ်မယ်။ ပြီးရင်တခြား နည်းပညာတက္ကသိုလ်တွေကို ထပ်ကူညီသွားမယ်" ဟု ဦးဇော်ဇော်အောင်က ဆိုသည်။
   ပြင်သစ် Schneider ကုမ္ပဏီသည် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက ဝင်ရောက်ခဲ့ပြီး ယင်းကုမ္ပ ဏီအနေနှင့် နည်းပညာပိုင်းဆိုင်ရာ သုတေသနဓာတ်ခွဲခန်းအထိ တည်ဆောက်သွားရန် ရည်ရွယ်ကြောင်း ၎င်းက ဖြည့်စွက်ရှင်းပြသည်။ ယင်းကုမ္ပဏီသည် ၁၈၃၆ တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပေါင်း၁၀၀ ကျော် တွင် ဝန်ထမ်းပေါင်း တစ်သိန်းခွဲကျော်ဖြင့် လည်ပတ်လျက်ရှိသော Electric ကုမ္ပဏီတစ်ခုဖြစ်ပြီး နှစ် စဉ်ရောင်းရငွေများ၏ ၅ ရာခိုင်နှုန်းကို သုတေသနနှင့်ဖွံ့ဖြိုး တိုးတက်ရေး (Research and Development) အတွက် လုပ်ဆောင်လျက်ရှိသည်။
 Ref..The Voice Weekly

SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာသန်း ၄၀ ကျော် အကုန်ကျခံ ချိတ်ဆက် သွားမည်



မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ ပြည်တွင်း အင်တာနက် မြန်နှုန်းများ ပိုမို ကောင်းမွန်စေဖို့ အတွက် SE-ME-WE-5 ဖိုက်ဘာ ဆက်ကြောင်းကို အမေရိကန် ဒေါ်လာ သန်း ၄၀ ၀န်းကျင်ခန့် ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် အသုံးပြုမှု အတွက် ဖိုက်ဘာ ဆက်ကြောင်း ချိတ်ဆက် ထားမှုဟာ SE-ME-WE-3 နဲ့ ဆောင်ရွက် နေတာဖြစ်ပြီး အင်တာနက် မြန်နှုန်း ပိုမိုကောင်းမွန် စေမယ့် SE-ME-WE-5 ကို ဖိုက်ဘာ ဆက်ကြောင်း SE-ME-WE-3 နေရာမှာ အစားထိုး ပြုလုပ် သွားမှာ ဖြစ်ပါတယ်။

အဆိုပါ ဖိုက်ဘာ ဆက်ကြောင်း သွယ်တန်းမှု ကိုတော့ လာမယ့် ဒီဇင်ဘာလမှာ စတင် ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဖိုက်ဘာ ဆက်ကြောင်းဟာ စင်ကာပူ နိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ အချို့ကို သွယ်တန်း နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ချောင်းသာ သို့မဟုတ် ငွေဆောင် ကမ်းခြေ တစ်ခုခုမှ ခန့်မှန်းခြေ ရေမိုင် ကီလိုမီတာ ၂၀၀ ကျော်အထိ ဖိုက်ဘာ ဆက်ကြောင်း ပြုလုပ်ပါက မြန်မာနိုင်ငံ အတွက် SE-ME-WE-5 ဖိုက်ဘာကြောင်းနဲ့ ချိတ်ဆက် နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ဖိုက်ဘာ ဆက်ကြောင်းနဲ့ ချိတ်ဆက်မှု ကိုတော့ လာမယ့် ၅ လအတွင်း အပြီးသတ် လုပ်ဆောင်နိုင်ဖို့ စီစဉ်ထားပြီး လုပ်ငန်း ဆောင်ရွက်ဖို့ အတွက် ချိုင်းနား ယူနီကွန်း နဲ့ တည်ဆောက်ရေး လုပ်ငန်းများ သဘောတူ စာချုပ်ချုပ်ဆို ထားပြီး ဖြစ်တယ် လို့လည်း သတင်း ရရှိပါတယ်။
Ref: MMExpress

ငွေကြေးအများဆုံး ရင်းနှီးမြှုပ်နှံမည်ဟု ထုတ်ပြန်ထားသည့် ကာတာအခြေစိုက် Ooredoo နှင့် နော်ဝေ အခြေစိုက် Telenor တို့ ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းအတွက် လုပ်ကိုင်ခွင့် တင်ဒါအောင်

တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက်

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေး ကော်မတီမှ သတင်းထုတ်ပြန်လိုက်သည်။

နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင် အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြားထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီများထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။

နိုင်ငံတကာအကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့်လွတ်လပ်သော တင်ဒါရွေးချယ်ရေး ကော်မတီ၏
ထောက်ခံမှုအပေါ်အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခုကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှုအပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။

အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့် လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်းကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကို အရန်အဖြစ် ရွေးချယ်ထားသည်။

Telenor ကုမ္ပဏီသည် လိုင်စင်ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေသည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။

''ဆင်းမ်ကဒ်ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။

တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေ ပြဋ္ဌာန်းပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတရုံးဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။
 Ref: EMG

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကြိမ်နီပြင် ဒုက္ခသည်စခန်းတွင် အလုပ်သမားခ ငွေကြေးမပြေမလည် ဖြစ်သဖြင့် လူအုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး အဖွဲ့များက သေနတ်ပစ်ဖောက် ဖြိုခွင်းခဲ့ရကြောင်းနှင့် တစ်ဦးသေဆုံးခဲ့ကြောင်း ပြည်နယ်အစိုးရမှ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ရာတွင် ပေါက်တောမြို့နယ် ကြိမ်နီပြင် ကျေးရွာတွင် UNHCR က လှူဒါန်းသည့် ဒုက္ခသည်စခန်း အဆောက်အအုံများကို ကစ္ဆပမဟာ ဆောက်လုပ်ရေး ကုမ္ပဏီသို့ ဆောက်လုပ်ရန် တာဝန်ပေးအပ်ခဲ့ကြောင်း၊ ယင်းကုမ္ပဏီတွင် အလုပ်သမားများ အတွက် ကြိမ်နီပြင်စခန်းမှ ဘင်္ဂါလီလူမျိုး လာလု ဆိုသူကို အလုပ်သမား ခေါင်းဆောင်အဖြစ် တာဝန်ပေး၍ တဲကြီးများကို ဆောက်လုပ်စေခဲ့ရာ အတော်အတန် ပြီးမြောက်နေပြီ ဖြစ်ပါကြောင်း၊ ဇွန် ၂၇ ရက် နေ့လည် ၁၂ နာရီ အချိန်က အလုပ်သမားခေါင်းဆောင် လာလု ဆိုသူနှင့် ကြိမ်နီပြင် ဒုက္ခသည်စခန်းမှ ဘင်္ဂါလီဒုက္ခသည်အချို့ အလုပ်သမားခ ငွေကြေးကိစ္စများ မပြေမလည် ဖြစ်ရာမှ လူအုပ်စုဖြင့် ယာယီတဲကြီးများ ဆောက်လုပ်နေသည့် အလုပ်သမား ခေါင်းဆောင် လာလုနှင့် အလုပ်သမားများကို အကြမ်းဖက် တိုက်ခိုက်ရာ လုံခြုံရေး တာဝန်ထမ်းဆောင် နေသူများက လူစုခွဲရန် သေနတ်များ ပစ်ဖောက်ခဲ့ရကြောင်းနှင့် ယင်းကဲ့သို့ ခြောက်လှန့်ပစ်ခတ်ရာမှ ဘင်္ဂါလီ အမျိုးသားတစ်ဦး သေဆုံးသည်ဟု သိရကြောင်း ထုတ်ပြန်ခဲ့သည်။

အခင်းဖြစ်ပွားရာသို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ သွားရောက် ဖြေရှင်းနေပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးဦးသာလူချေနှင့် ၀န်ကြီးဦးလှဟန်၊ UNHCR မှတာဝန်ရှိသူတို့ သွားရောက်ခဲ့ကြောင်း သိရပါသည်။ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး ဆပ်ကော်မတီ၊ အဖွဲ့ဝင် ဦးမျိုးသန့်က ''အခင်းဖြစ်တာက နေ့လည် ၁၂ နာရီမှာ ဖြစ်ခဲ့တာပါ။ UNHCR က တဲတွေဆောက်ဖို့ ကြိမ်နီပြင် ဒုက္ခသည်စခန်းက စခန်းတာဝန်ခံ လာလုကို အလုပ်သမားစုပေးဖို့ ကုမ္ပဏီက ငှားရမ်းတဲ့အတွက် လာလုက ဘင်္ဂါလီ(၃၅)ဦး စုဆောင်းပေးပါတယ်၊ သဘောထား တင်းမာသော ဘင်္ဂလီဒုက္ခသည် ခေါင်းဆောင်တွေက တဲဆောက်လုပ်ရေးအတွက် အလုပ်သမားအဖြစ် မပါဝင်ကြရန် ဆော်သြမှုတွေ ရှိပါတယ်၊ စားဝတ်နေရေးအတွက် ငွေရပေါက်ဖြစ်လို့ အလုပ်လုပ်ချင်တဲ့ သူတွေကလည်း များပါတယ်။ ၃၅ ဦးသာ အလုပ်ပေးနိုင်တော့ အလုပ်မရသူတွေကလည်း လာလုကို မကျေနပ်ရာက ပဋိပက္ခအသွင် ဆောင်ခဲ့ကြပါတယ်။ လုံခြုံရေး တာဝန်ရှိသူတွေက လာလုနဲ့ အလုပ်သမား ၃၅ ဦးကို အကြမ်းဖက် မခံရအောင် ကာကွယ်ပေးထားခဲ့ပါတယ်။ အလုပ်သမားတစ်ဦး ၀ါးသယ်ဖို့ အသွားမှာ ကြိမ်နီပြင်က ဘင်္ဂါလီ အုပ်စုက ခဲနဲ့လှမ်းပေါက် နောက်ကထပ်ကြပ်မကွာ တုတ်၊ ဓား၊ လက်နက်တွေနဲ့ ဆူဆူ ညံညံ ညာသံပေးပြီး လာကြပါတယ်။ ရှေ့ဆုံးမှာ ကလေးနဲ့ မိန်းမတွေလည်း ပါပါတယ်။ လုံခြုံရေး တာဝန်ယူသူတွေက အလုပ်သမားများကို ကာကွယ်ရင်း တဖက်ကလည်း မိမိတို့ကို ကာကွယ်ရင်း၊ မဖြစ်တန်တာ မဖြစ်ရအောင် သေနတ်ပစ်ဖောက် ခြောက်လှန့်ပြီး လူစုခွဲခဲ့ရပါတယ်၊ ဘင်္ဂါလီတစ်ဦး သေဆုံးပါတယ်။ ပေါက်တောကို သယ်ယူပြီး အလောင်းစစ်ဆေးမှာ ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။
Ref: EMG

လယ်ယာမြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ဖော်ထုတ်အရေးယူရန် လယ်/ဆည်ဒုဝန်ကြီး ပြောကြား

 လွှတ်တော်အစည်းအဝေး မစတင်မီ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၀န်ကြီးဌာနမှ တာဝန်ရှိသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)

စီးပွားရေး အချက်အချာကျသည့် မြို့ကြီးများရှိ လယ်မြေများတွင် ဟိုတယ်၊ စက်သုံးဆီဆိုင်၊ အုတ်တံတိုင်းများ အခိုင်အမာ ကာရံခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို ပြဋ္ဌာန်းထားသည့် လယ်ယာမြေ ဥပဒေနှင့်အညီ ထိရောက်စွာ ကာကွယ်တားဆီးခြင်းနှင့် ထိရောက်သော စိစစ်ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ဇွန် ၂၇ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

''ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ ပုသိမ်၊ မော်လမြိုင်၊ လားရှိုး၊ မူဆယ် စတဲ့ စီးပွားရေး အချက်အချာကျတဲ့ မြို့ကြီးတွေမှာ လယ်ယာမြေတွေကို ငွေကြေးတတ်နိုင်သူတွေက တခြားနည်း အသုံးပြုဖို့ ၀ယ်ယူထားကြပါတယ်။ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ဈေးကစား အရောင်းအ၀ယ် ပြုလုပ်ရန် ဆောင်ရွက်နေတာတွေ၊ ဟိုတယ်၊ စက်သုံးဆီ ဆိုင်တွေကို ဥပဒေနဲ့ ညီညွတ်စွာ တင်ပြခြင်းနဲ့ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ တည်ဆောက်နေတာတွေ၊ အုတ်တံတိုင်း အခိုင်အမာ ကာရံခြင်းတွေကြောင့် စိုက်ဧကတွေ လျော့နည်းလာပါတယ်။ အဲဒါတွေ မဖြစ်ပေါ်စေဖို့ ပြဋ္ဌာန်းထားပြီးဖြစ်တဲ့ လယ်ယာမြေ ဥပဒေနဲ့အညီ ကာကွယ်တားဆီးခြင်းနဲ့ စိစစ်ဖော်ထုတ် အရေးယူခြင်းတွေကို ထိရောက်စွာ ဆောင်ရွက်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်'' ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ရန်ကုန်၊ ပဲခူးတိုင်းဒေသကြီး နယ်မြေများအတွင်း လယ်ယာမြေ ဥပဒေကို မလိုက်နာသူများ၊ ကိုယ်ကျိုးရှာသူများ ငွေကြေးကို အသုံးပြုပြီး စပါးခင်းဘ၀မှ အခြားမြေအဖြစ်သို့ ပြောင်းလဲသူများ၊ အဆောက်အအုံ ဆောက်သူများ ပေါများလာခြင်းကြောင့် စိုက်ဧက လျော့နည်းလာခြင်းကို စုံစမ်းစစ်ဆေး အရေးယူရန် အစီအစဉ်ရှိ၊ မရှိ မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းချက်အပေါ် ''လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာနအနေဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့သို့ လိုအပ်သည့် စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူမှုများ ဆောင်ရွက်ပေးနိုင်ရေး အတွက် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့များထံသို့လည်း ပြဋ္ဌာန်းထားရှိပြီးဖြစ်တဲ့ ဥပဒေ၊ နည်းဥပဒေများနဲ့ ညီညွတ်စွာဖြင့် ဥပဒေကို လိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရေး၊ ငွေကြေးကို အရင်းပြုပြီး ကိုယ်ကျိုးရှာသူများ၊ ဥပဒေကို ဖောက်ဖျက်နေကြ သူတွေကို ဥပဒေနဲ့ ညီညွတ်စွာ တိတိကျကျ စုံစမ်းစစ်ဆေး ဖော်ထုတ်အရေးယူ သွားနိုင်ရန် ညှိနှိုင်း အကြောင်းကြား ထားပါတယ်'' ဟု ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။လယ်ယာမြေ ဥပဒေတွင် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရဟု ပါရှိကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအုန်းသန်းက ပြောကြားသည်။

Ref: EMG

Telenor အကြောင်း တစေ့တစောင်း

ဇွန်လ ၂၇ ရက်နေ့မှာတော့ အစိုးရက ကတိပေးထားတဲ့ အတိုင်း ဆက်သွယ်ရေး တင်ဒါအောင် ထားတဲ့သူတွေကိုကြော်ငြာ ခဲ့ရာမှာ နော်ဝေးအခြေစိုက် Telenor နဲ့ ကာတာအခြေစိုက် Ooredoo ကို ပင်မရွေးခြယ်ခဲ့ပြီး အရန်ကုမ္ပဏီတွေ အဖြစ် ပြင်သစ်ကုမ္ပဏီ Orange နဲ့ ဂျပန် အခြေစိုက် Marubeni ကိုရွေးခြယ်ခဲ့ပြီး အများစု ထင်ကြေးပေးခဲ့ကြတဲ့ Digicel နဲ့ Singtel တို့မပါဝင်လာခဲ့ကြပါဘူး။

Telenor ကတော့ နော်ဝေးနိုင်ငံက ကုမ္ပဏီတစ်ခုဖြစ်ပြီး နိုင်ငံမြို့တော် အော်စလိုနားက Baerum မြို့မှာအခြေစိုက်ပါတယ်။ ၁၈၅၅ ခုနှစ်ထဲက စတင်တည်ထောင်ခဲ့တာဖြစ်လို့ ခိုင်မာမှု ရှိတဲ့ ကုမ္ပဏီတစ်ခုလို့ ဆိုရမှာပါ။ Scandinavia ဒေသ၊ အရှေ့ဥရောပဒေသ နဲ့အာရှတိုက်တို့ မှာ ၀န်ဆောင်မှုအကြီးအကျယ်ပေးနေပြီး ကမ္ဘာ့အကြီးဆုံး Telecommunication ကုမ္ပဏီ တွေ ထဲက တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ နိုင်ငံ ၁၂ခုရဲ့ အဓိက Network Operator အဖြစ် ရပ် တည်နေ သလို နိုင်ငံပေါင်း ၃၀ကျော်မှာလည်း တစ်စိတ်တစ်ပိုင်း အနေနဲ့ ပါဝင်ဆောင် ရွက်နေ ပါတယ်။ Telenor ကိုအဓိက ပိုင်ဆိုင်သူကတော့ နော်ဝေးအစိုးရ ဖြစ်ပြီး ရှယ်ယာစုစုပေါင်းရဲ့ ၅၄% အထိပိုင်ဆိုင်ထားပါတယ်။ Telenor ဟာ နော်ဝေးနိုင်ငံ ရဲ့ အဓိက စတော့အိတ်ချိန်းဈေး ကွက်ဖြစ်တဲ့ အော်စလိုစတော့ဈေးကွက်မှာ ထိပ်ဆုံးတန်ဖိုးအရှိဆုံး ကုမ္ပဏီ ၃ခုထဲမှာ အပါ အ၀င်ဖြစ်ပါတယ်။ မေလ ၂၀၁၃ အထိ တွက်ချက်မှုအရ ကုမ္ပဏီရဲ့ တန်ဖိုးဟာ နော်ဝေးနိုင်ငံ သုံးငွေကြေး kr 197 billion (1 US$= 9 kr) အထိတန်ဖိုးရှိပါတယ်။

Telenor အဓိက Telephone Operator အဖြစ်ဆောင်ရွက်နေတဲ့ နိုင်ငံတွေကတော့ ဘင်္ဂလားဒေရှ့်၊ ဘူဂေးရီးယား၊ ဒိန်းမတ်၊ ဖင်လန်၊ ဟန်ဂေရီ၊ အိန္ဒိယ၊ မလေးရှား၊ မွန်တီနီဂရိုး၊ ပါကစ္စတန်၊ ဆားဘီးယား၊ ဆွီဒင်၊ ထိုင်း၊ ယူကရိန်း၊ ရုရှား နဲ့ အီတလီတို့ပဲ ဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့ မြန်မာ နိုင်ငံကိုပါ ထည့်သွင်းရတော့မှာပေါ့။

Telenor ရဲ့ Web page- http://www.telenor.com/

အားလုံးအဆင်ပြေချောမွေ့ကြပါစေ... FPNF

Ref: wikipedia

မြန်မာနိုင်ငံတွင်ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်ရန် အော်ပရေတာ ခေါ်ယူရာတွင် နော်ဝေနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် QTel(Ooredoo) တို့မှ တင်ဒါအောင်မြင် သွားခဲ့ကြောင်း တယ်လီကွန်းအော်ပရေတာ တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှသတင်းထုတ်ပြန် လိုက်သည်။ နော်ဝေနိုင်ငံအခြေစိုက် Telenor ကုမ္ပဏီသည် ကမ္ဘာ့အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီကြီးများထဲတွင်အပါအ၀င်ဖြစ်ပြီး ကာတာအခြေစိုက် QTel ကုမ္ပဏီကလည်း မြန်မာနိုင်ငံ တွင် လုပ်ငန်းလိုင်စင် ရရှိပါက အမေရိကန်ဒေါ်လာ ၁၅ ဘီလျံ ရင်းနှီးမြှုပ်နှံမည်ဟု ပြောကြား ထားသော ကုမ္ပဏီဖြစ်ပြီး အဆိုပါ ပမာဏမှာ ၀င်ရောက်ယှဉ်ပြိုင်သည့် အော်ပရေတာ ကုမ္ပဏီ များထဲတွင် ငွေကြေးပမာဏ အများဆုံးဖြစ်သည်။

နိုင်ငံတကာ အကြံပေးများနှင့် နည်းပညာအဖွဲ့၏ ပံ့ပိုးမှုဖြင့် လွတ်လပ်သော တင်ဒါရွေး ချယ်ရေး ကော်မတီ၏ ထောက်ခံမှုပေါ် အခြေခံ၍ မြန်မာနိုင်ငံ အစိုးရက အဆိုပါ ကုမ္ပဏီနှစ်ခု ကို Nationwide Telecommunications Licenses နှင့် Associated Spectrum Licences တို့ ကိုပေးအပ်ရန် စီစဉ်နေပြီဖြစ်သည်။ ၎င်းတို့ကုမ္ပဏီနှစ်ခု လိုင်စင်မရရှိမီတွင် တင်ဒါရွေးချယ်မှု အပြီး လိုအပ်ချက်များကို ဦးစွာဖြည့်ဆည်းရမည် ဖြစ်သည်။ အဆိုပါ လိုအပ်ချက်များတွင် လက်ရှိ ကျင်းပနေသည့်လွှတ်တော်တွင် အတည်ပြုဖွယ်ရှိနေသည့် ဆက်သွယ်ရေး ဥပဒေကြမ်း ကို လိုက်နာနိုင်မည့်သူကို ပေးအပ်မည့် လိုင်စင်ကို လက်ခံရမည် ဖြစ်သည်။ အဆိုပါလိုအပ်ချက် ကို မဖြည့်ဆည်းနိုင်သည့် ကုမ္ပဏီနေရာတွင် အစားထိုးရန် France Telecom-Orange ကိုအရန် အဖြစ် ရွေးချယ်ထားသည်။


တင်ဒါအကဲဖြတ်ရေးနှင့် ရွေးချယ်ရေးကော်မတီမှ ထုတ်ပြန်ချက် 

Telenor ကုမ္ပဏီ သည် လိုင်စင် ရရှိပါက ချက်ချင်းလုပ်ငန်း စတင်မည်ဖြစ်ပြီး ကိုးလအတွင်း ကွန်ရက်များကို စတင်တည်ထောင် သွားမည်ဖြစ်ကာ ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ဆက်သွယ်ရေးကွန်ရက်ကို ဖြန့်ကျက်သွားမည်ဟု Telenor ကုမ္ပဏီ၏ ထုတ်ပြန်ချက် အရ သိရသည်။ ထို့ပြင် ၎င်းတို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် MEC မှ ချထားပေးနေ သည့် ၁၅၀၀ တန် ဆင်းမ်ကဒ်မှာ ဈေးကြီးနေသေးသည်ဟု မှတ်ချက်ပြုခဲ့သည်။ ''ဆင်းမ်ကဒ် ဆိုတာက တစ်ပြားမှ ပေးရတာမျိုး မဟုတ်ဘူး။ ၀န်ဆောင်မှုတွေ အတွက်ပဲ ပိုက်ဆံပေးရတာ ပါ'' ဟု Telenor ကုမ္ပဏီ၏ အာရှဒေသဆိုင်ရာ အကြီးအကဲက ဆိုသည်။ ကာတာနိုင်ငံမှ ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် Ooredoo (QTel) ကုမ္ပဏီက မြန်မာနိုင်ငံအနှံ့ ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်ရန် အမေရိကန်ဒေါ်လာ ၁၅ ဘီလျံအထိ သုံးစွဲသွားမည်ဟု ပြောကြားထားသည့် ကုမ္ပဏီဖြစ်သည်။ တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှစ်ခု စာရင်းကို မကြေညာမီ ဇွန် ၂၆ ရက်က ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေးဥပဒေ ပြဋ္ဌာန်း ပြီးမှ ကုမ္ပဏီများကို ရွေးချယ်တာဝန်ပေးအပ်ခြင်းကို ဆောင်ရွက်ရန် တနိုင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဆွေက အရေးကြီး အဆိုကို တင်သွင်းခဲ့ပြီး လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ဖြစ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတက ၂၇-၆-၂၀၁၃ ရက်စွဲပါ စာအမှတ် ၁၀၇(၂)/ ၈/ သမ္မတ ရုံး ဖြင့် ပြည်ထောင်စုလွှတ်တော် နာယကနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံ လိပ်မူ ပြီး နိုင်ငံတော် အစိုးရအနေဖြင့် ဆက်သွယ်ရေး အော်ပရေတာလိုင်စင် ချထားပေးရေး လုပ်ငန်းစဉ်ကို တည်ဆဲဥပဒေများနှင့်အညီ ပြည်တွင်း၊ ပြည်ပကုမ္ပဏီကြီးများအား ပွင့်လင်းမြင်သာစွာ ဖိတ်ကြား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန် နားလည်လက်ခံနိုင်ရန် သ၀ဏ်လွှာ ပေးပို့ခဲ့သည်။

EMG

နေပြည်တော် အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းများတွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့

ကောလာဟလကြောင့် မိဘများ စိုးရိမ်စိတ်ဖြင့် လာရောက်စောင့်ဆိုင်း နေသည်ကို ဇွန် ၂၇ ရက်က တွေ့ရစဉ်

နေပြည်တော်ရှိ အခြေခံပညာ ကျောင်းများတွင် ပဋိပက္ခ ဖြစ်ပွားနေသည်ဟု ကောလာဟလ သတင်းကြောင့် ကျောင်းသားမိဘများ စိတ်ပူပန်ကာ ကျောင်းများတွင် လူစုလူဝေးများ ဖြစ်ပေါ် ခဲ့သည့်အတွက် လုံခြုံရေးချမှတ် ဆောင်ရွက်နေကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် ဇွန် ၂၇ ရက် တွင် လယ်ဝေးမြို့နယ် အေလာမြို့အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတွင် ဘာသာရေးအဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှုများကြောင့် အေလာမြို့ရှိ ကျောင်းသား မိဘများ စိတ်ပူပန်စေပြီး မိမိတို့၏ သားသမီးများအား လာရောက်ကြိုဆိုရာ၌ လူစု လူဝေး ဖြစ်ပေါ်စေခဲ့ကာ အေလာမြို့ပေါ်ရှိ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံစစ်တပ်မှ လာရောက် လုံခြုံရေးချကာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အေလာမြို့ အမှတ်(၅) အခြေခံ ပညာ အထက်တန်းကျောင်းတွင် တက်ရောက် ပညာသင်ကြားနေသည့် အဋ္ဌမတန်း ကျောင်း သူနှစ်ဦးရန်ဖြစ်ရာတွင် ကျောင်းအုပ်ကြီးမှ နှစ်ဦးစလုံးအား ကျောင်းပြောင်းခိုင်းခဲ့ကြောင်း သိရ သည်။

ထိုသို့ ကျောင်းပြောင်းခိုင်းခဲ့သည့်ကျောင်းသူနှစ်ဦးအနက်မှငှက်ပျောတော ကျေးရွာနေ ကျောင်း သူအား အေလာမြို့ အ.လ.က(ခွဲ)တွင် ကျောင်းပြန်အပ်ရာ အဆိုပါကျောင်းမှ လက်မခံ သဖြင့် ကျောင်းသားမိဘနှင့် ကျေးရွာသူ ကျေးရွာသား အယောက် ၄၀ ကျော်မှ အမှတ်(၅) အ.ထ.က ကျောင်း သို့ လာရောက်၍ ၎င်း၏သမီးအား ကျောင်းတွင် လက်ခံပေးရန် ပြောဆိုရာ မှ အနီးနားဝန်းကျင်ရှိကျေးရွာများမှ ကောလာဟလသတင်းများကြောင့် အထိတ်တလန့်ဖြစ်စေ ကာ ကျောင်းသားမိဘများ စိုးရိမ်ပူပန်ပြီး ကျောင်းသို့ စုပြုံရောက်ရှိလာကြောင်း သိရသည်။
''ကျွန်တော်တို့လည်း ကျောင်းနားမှာ သာကပ်နေတာ ဘာဖြစ်တယ်မှန်း မသိလိုက်ဘူး။ လူစု လူဝေးနဲ့ ရောက်လာတော့မှ စုံစမ်းကြည့်လိုက်တော့ ကျောင်းသူနှစ်ဦး ရန်ဖြစ်ရာကစ တယ် လို့ ပြောတယ်။ ကျောင်းသူနှစ်ဦး ကတစ်ယောက်နှင့်တစ်ယောက် ဘာသာမတူကြဘူး။ အဲ ဒါကြောင့် ဘေးကကောလာဟလတွေကပိုပြီး ပျံ့နှ့သွားတယ်။ အမှန်တော့ကလေးနှစ်ယောက် ကို ကျောင်းထုတ်လိုက် တဲ့အထိတော့မလုပ်သင့်ဘူး။ မိဘတွေကို ခေါ်ပြီးညှိနှိုင်းရမှာပါ'' ဟု အေလာမြို့ ဒေသ ခံကျောင်းသားမိဘတစ်ဦးက ပြောသည်။ အေလာမြို့ကျောင်းများ တွင် ဖြစ်ပွားခဲ့ သော ဘာသာရေး အဓိကရုဏ်း ဖြစ်စေနိုင်သော လှုံ့ဆော်မှု ကောလာဟလ များကြောင့် ပျဉ်းမနားမြို့ပေါ်ရှိ ကျောင်းများရှေ့တွင်လည်း ကျောင်းသားမိဘများ စုရုံးရောက် ရှိ လာကြသဖြင့် နယ်မြေခံ အာဏာပိုင်များမှ လုံခြုံရေးချ၍ ထိန်းသိမ်းဆောင်ရွက်နေကြောင်း သိရသည်။

EMG