ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.6.13

Huawei C8813 and C8813D တွေမှာ Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

Huawei C8813 and C8813D တွေမှာ

 Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

 နှစ်ဖက်စလုံးအသံကြားရတဲ့ viber ဆော့ဝဲလ်လေးပါ။
 
 
 
 Ref: Thant Zaw Thet ( http://www.winkabarkyaw.net )

Facebook အကောင့် ကို Comfirm Code မတောင်းအောင် ဖွင့်နည်း

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ်ဒါနဲ့ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာတကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီးလော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီးသူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ။

အလုပ်လည်းရှုပ်သလို ရနိုင်မယ်မရနိုင်ဘူး လည်းမသေချာ နောက်ထပ် လော့ကျနိုင်ခြေ ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့  အကောင့်ဖွင့်ကတည်းကလော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ဒီနည်းလေးကိုသွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့အောင်မြင်တာကို တွေ့ရပါတယ် အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ။

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့Gmailအကောင့် အသစ်တစ်ခုဖွင့်လိုက်ပါတယ် ပြီးတော့ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်။
 
Firstname/Last-nameနေရာတွေမှာအင်္ဂလိပ်နံမည်တွေထည့်ပေးပါတယ်(ကျွန်တော့်တို့ မြန်မာနံမည်တွေ ကအနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါမွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)။

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ်School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )။

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )။

Gmail ထဲမှာ  Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီးComplete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Statusလေးတစ်ခုလောက်ရေးပြီး တင်ပေးလိုက်ပါဒါဆိုရင် အကောင့်တစ်ခုဟာလော့ မကျပဲအဆင်ပြေပြေ အောင်မြင် သွားပါပြီဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

Ref: http://www.winkabarkyaw.net

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသားaဖ်ာပြခဲ့သည့် Unity ဂျာနယ်ပြန်တောင်းပန်ရ

   အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများထွက်ပေါ်’ဟူသောသတင်း အတွက် အဆိုပါသတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင်ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံးအသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိ သတ်များကို Unity ဂျာနယ်အယ်ဒီတာအဖွဲ့က ပြန်လည်တောင်းပန်ကြောင်း ယင်းဂျာနယ်၏ အဓိကတာ ဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။  “အခြေအနေ၊ အကြောင်းကြောင်းတွေအ ရ ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်းအပေါ် ကျွန်တော် တို့တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ်မေးမြန်းပြီး သတင်းအဖြစ်ဖော်ပြ ခဲ့တဲ့နေရာမှာ သုံးနှုန်းခဲ့တဲ့သတင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံးမပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင်မှားမှာစိုးတဲ့အတွက် မမေသူကနေကျွန်တော်တို့တိုက်က လူကြီးပိုင်းတွေကတစ်ဆင့်ပြန်လည် ၍ တာင်းပန်ပေးဖို့ တောင်းဆိုလာတဲ့အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက်ပြန်လည်တောင်း ပန်ရခြင်းအကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
   အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုး သည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်း မဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင်သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင်ခွင့်ပြုချက် ရယူပြီး မ သုံးစွဲခဲ့သည့် အချက်များဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။  သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံ ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး ၏ ဖခင်ဖြစ်သူသရုပ်ဆောင်လွင်မိုးကို ဆက်သွယ်မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီးလုံးဝမမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူအရွယ် သာ ရှိသေးသည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံးတစ်လုံးမှ မပါဝင်သည့်အတွက် စာဖတ်ပရိသတ်များက ဂျာနယ်အတွင်းရှိ ကိုလွင်မိုး ၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှုလွဲမှားနိုင်သည့်အတွက်ပြန်လည် ၍ တောင်းပန်ခိုင်းရခြင်းဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝမမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏မိခင်ဖြစ် သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။  “အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်းအယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ်တို့ အိမ်ကိုလာကြတာယ်၊ အယ်ဒီ တာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူကလုံးဝမတောင်းပန်ဘူး။
   သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလထွက်လာတဲ့အခါ သတင်းသမားကတော့ရေးမှာပဲ လို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ဒီလိုရေးလို့မရဘူးလို့။ ကျွန်မသမီးက ကလေးပဲရှိသေးတယ်။ ကျွန်မ ရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိနေ နေတာလို့ ပြောလိုက်တယ်။ အစက အစ်မ က တောင်းပန်ရင်ကျေအေးမလို့၊ မတောင်းပန်တဲ့အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အ ခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူက Unity ဂျာနယ်၏ ပြန်လည်၍ .တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
Ref.. The Voice Weekly

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Tyla မြို့ရှိ KBP Instrument Design Bureau သို့သွားရောက် လေ့လာ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့တောင်ဘက် ၁၉၃ ကီလိုမီတာ အကွာTyla မြို့ရှိ KBP Instrument Design Bureau သို့ ရောက်ရှိလာရာ Deputy Chief Engineer, Andrey V. Morozov နှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား ပြပွဲခန်းမတွင် Deputy Chief Engineerမှ Bureau၏ သမိုင်းကြောင်းနှင့် ထုတ်လုပ်သည့် ပစ္စည်းများ အကြောင်းကို Video Projector များဖြင့်  ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ခန်းမအတွင်း ခင်းကျင်းထားသော လက်နက် ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြရာ Deputy Chief Engineer, Andrey V.Moro-zov နှင့် Head of No(8) Department, Yury Amelinတို့မှ ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူ များမှ  ပြန်လည်ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား KBP Instrument Design Bureau မှ တာဝန် ရှိသူ များက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ KBP Instrument Design Bureau တာဝန် ရှိသူများထံ အမှတ်တရ လက်ဆောင် ပေးအပ်ပြီး KBP Instrument Design Bureau မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady



က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ

 
 
   ဗြိတိန်နိုင်ငံမှ အမျိုးသမီး​တစ်ဦးက သူမသည်ကလေးလိုချင်လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်းထုတ်ဖော်ဝန်ခံလိုက်သည်။  အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ် များအတွင်း သူမသည် ကျန်းမာရေး​အရ ကလေး​ရနိုင်ရန် အလွန်​ခက်ခဲ​မည်ဟု​ သိလာ​ပြီးနောက် ထို​အဖြေ ကို​ လက်မခံချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့် မည်သူမှန်းမသိသည့် လူစိမ်းများနှင့် လိင်​ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။  တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အ တင်း​သွားရောက်ကာ ထိုသူနှင့်လိုက်သွား​ခဲ့ကြောင်း လာရာကပြောပါသည်။ ရုံးမန်နေဂျာ တစ်ဦးဖြစ်သည့် လာရာက သူမသည် ကလေးရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ပြုလုပ်​ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်ရသေးကြေင်းဝန်ခံ​ခဲ့သည်။
   ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​တစ်ခုထုတ်ပေး​လိုက်သော်လည်း ထို​သူ​မသိအောင်လို့ အပေါက်ဖောက်​လိုက်ကြောင်း ပြောကြား​သွားသည်။  သူမသည် အတည်တကျချစ်သူ​ မထားဘဲလူစိမ်းများ ကိုသာ ချဉ်းကပ်ပြီး ကလေး​ရအောင် ကြိုးစား​ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည်သုတ်ပိုး​အလှူရှင် အကူအညီရ ယူကာ ကိုယ်ဝန်​ရအောင် ဆောင်ရွက်ရန်စဉ်းစား​ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။  လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့်လိင်​ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်း ကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ခဲ့သော်လည်း အချို့သဘောမတူခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​အိပ်ထဲမှာ အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ထားလိုက်ကြောင်း လာရာကပြောဆို​ သွားသည်။

Ref... လူထုအသံ

UWSA “၀” အဖွဲ့ ယာဉ်တန်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်

 
UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၀မ်ဟုန်-ဆီယုတ် ကားလမ်းကြားရှိ မိုက်ဆန်းရွာသို့ ဇွန် ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် UWSA “၀” အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော 4 x 4 ယာဉ်တန်း ၀င်ရောက်လာသည့်အတွက်ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းမိုက်ဆန်းရွာသားတစ်ဦး၏ ပြောပြချက်အ ရသိရသည်။

အဆိုပါ ယာဉ်တန်းသည် 4 x 4 အမျိုးအစားယာဉ်ငယ်အစီး ၂၀ ခန့်ရှိပြီး “၀” ယူနီဖောင်းဝတ် အဖွဲ့ဝင် ၂၀၀ ဦး ခန့်ရှိနိုင်ကြောင်း၊ မိုက်ဆန်းရွာမှတစ်ဆင့် လွယ်တွန်းဘက်သို့ ခြေလျင်ဆက်သွားကြကြောင်း၊ ၎င်းလွယ်တွန်း ဒေသ၌ “၀” စခန်း လေး၊ ငါးခုခန့်ရှိပြီး အင်အားထပ်ဖြည့်ခြင်းဖြစ်နိုင်ကြောင်း၊ ဇွန် ၂၆ ရက်နေ့မနက်၁၀နာရီခန့်တွင်ယာဉ်တန်းမှာ ဆီဟုတ်-မိုင်းယွန်းဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

UWSA “၀” အဖွဲ့သည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများရှိနေသည့်အတွက် ယခုကဲ့သို့ “ ၀ ” အဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား လာမှာကို စိုးရိမ်နေကြပြီး ကချင်ပြည်နယ်က ဒုက္ခသည်စခန်းများကဲ့သို့ “ ၀ ” ဒေသမှာလည်း ဒုက္ခသည် စခန်းများ ဖြစ်လာမှာကို ဒေသခံများက မလိုလားကြကြောင်း သိရှိရပါသည်။

Ref: shannews

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူလူထုနှင့် လက်တွဲဆောင်ရွက်သွားရန် လိုအပ်ကြောင်း သီတဂူဆရာတော် တိုက်တွန်း

အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို သံဃမဟာ နာယကအဖွဲ့၊ အစိုးရ၊ ပြည်သူတို့နှင့် လက်တွဲဆောင်ရွက်သွားရန် ဇွန် ၂၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်ရွာမရှိ အောင်ဆန်းတပ်ဦး ကျောင်းတိုက်တွင် ကျင်းပခဲ့သည့် အမျိုး၊ ဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး သြ၀ါဒခံယူပွဲတွင် သီတဂူဆရာတော် ဘုရားကြီးက တိုက်တွန်းခဲ့သည်။

''အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး ဆိုတဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ အမျိုးစောင့်၊ ဘာသာစောင့်၊ သာသနာစောင့်ရုံတင် မကဘဲ နိုင်ငံပါ စောင့်ရှောက်နိုင်ဖို့ အတွက် ငုံမိ၊ ခြုံမိတဲ့ စကားလုံးရွေးဖို့တော့ လိုပါတယ်။ ဦးဆောင်ကော်မတီတစ်ခု ဖွဲ့စည်းပြီးတော့ ဖွဲ့စည်းပုံရယ်၊ အခြေခံစည်းမျဉ်းရယ်၊ စကားလုံး ရွေးချယ်ပုံရယ်၊ အဖွဲ့ရဲ့ အမည်နာမရယ်၊ စနစ်တကျ ပြန်လည်စိစစ် ဆောင်ရွက်ဖို့ သံဃာတော် အရှင်သူမြတ်အားလုံးရဲ့ ရှေ့မှောက်မှာ အင်းစိန်ရွာမ ဆရာတော်ဘုရားကြီးကို တပည့်တော် လျောက်ထားပါတယ်။ ဂိုဏ်းဂဏပေါင်းစုံ ညီညွတ်ခြင်းနဲ့ ဖွဲ့စည်းထားတဲ့ သံဃမဟာနယက အဖွဲ့ကြီးနဲ့ မျိုးစောင့် သံဃ၀ံသာနုရက္ခိတ အဖွဲ့နဲ့ ဘယ်လို လက်တွဲမလဲ၊ ဘယ်လိုသဘောထား ညီညွတ်အောင် လုပ်မလဲ၊ နှစ်ဘက် ဘယ်လို ညှိနှိုင်းမလဲ ပေါင်းစည်းညီညွတ်မှုက အရေးကြီးပါတယ်'' ဟု သီတဂူဆရာတော် အရှင်ဥာဏိဿရက မိန့်ကြားခဲ့သည်။

ဗုဒ္ဓဘာသာ ရဟန်းတော်များ အနေနှင့် လက်ရှိဖြစ်ပျက်နေသော အခြေအနေများအား ဗုဒ္ဓ၏ လမ်းညွန်မှုဖြစ်သည့် သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ ညီညွတ်ခြင်းဖြင့် မိမိအလုပ်ကို မိမိဆက်လက် လုပ်ဆောင်ရန် သီတဂူဆရာတော်က တိုက်တွန်းခဲ့သည်။ သီတဂူဆရာတော်က အခမ်းအနားရှိ သံဃာတော်များအား ''သေးငယ်တဲ့ မတော်တဆ ဖြစ်တာတွေကို အကျယ်မချဲ့မိဖို့ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ မူဆလင်ဘာသာ စတဲ့ဘာသာဝင်အားလုံးကို ဒီနေရာ ကနေတောင်းပန်ပါတယ်။ ဒီအရိပ်ကိုခိုပြီး ဒီသစ်ပင်ကိုမဖျက်ဆီးကြဖို့ ဒီသစ်ပင်ကိုစောင့်ရှောက် ကြဖို့ တောင်းပန်ပါတယ်။ ရန်ငြိုးမဖွဲ့သင့်သည်ကို အကျယ်မချဲ့မိဖို့ လိုအပ်ပါတယ်။ အကျယ် ချဲ့ခြင်းက ငြိမ်းချမ်းရေး ပျက်စီးခြင်းရဲ့ အကြောင်း၊ ညီညွတ်မှု ပျက်စီးခြင်းရဲ့ အကြောင်းပါပဲ။ ဒီနေ့ တပည့်တော်တို့ နိုင်ငံမှာ ဒါမျိုးတွေ ခဏခဏ ဖြစ်နေတယ်။ အဲဒါတွေကို တပည့်တော် တို့တွေက ၀င်မပါမိစေဖို့ ၀င်ထိန်းပေးဖို့၊ တပည့်တော်တို့ အားလုံး ဆောင်ရွက်ကြရမှာဖြစ်တယ်။ အဲဒါမျိုးတွေမှာ ၀င်ပါရင် တိုင်းမ်မဂ္ဂဇင်းက စွပ်စွဲတဲ့ သွေးပူအောင်၊ လုပ်တဲ့အထဲ တပည့်တော် တို့ ရောက်သွားလိမ့်မယ်'' ဟု မိန့်ကြားခဲ့သည်။

အမြင်ကျယ်ကျယ်ဖြင့် အလုပ်လုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ဟောပြောခဲ့ပြီး သံဃာတော်များ အနေနှင့် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ၏ နောက်တွင် မည်သူရှိနေသည်ကို သိမြင်ဖို့ လိုသည်ဟု လည်း မိန့်ကြားခဲ့သည်။ ထို့နောက် အမျိုး၊ ဘာသာ၊ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့ရန် အတွက် သံဃာထု၏ နောက်တွင် International Outlook ရှိသော ပုဂ္ဂိုလ်များ၊ ဥပဒေပညာရှင် များ ပါရှိရန်လိုအပ်ပြီး အစိုးရအပါအ၀င် ပြည်သူများပါပူးပေါင်းပါဝင်ရန် လိုအပ်သည်ဟု ပြော ကြားခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသားများကြားငြိမ်းချမ်းရေးရရန် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်နေချိန်အတွင်း ယခုကဲ့သို့ ဘာသာရေး ဆန့်ကျင်ဘက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာခြင်းသည် ထိုလမ်းကြောင်း မှ သွေဖည်သွားစေရန် ရည်ရွယ်သည်ဟု ထင်မြင်ယူဆကြောင်းနှင့် ထိုသို့လာ၍ လှုပ်တိုင်း မလှုပ်မိစေဖို့ရန်၊ လှုံ့ဆော်သူများ၏ လက်သုံးမဖြစ်ဖို့ရန် ဆရာတော်က တိုက်တွန်းလိုက်သည်။

အလွန်မွန်မြတ်သော တပည့်တော်တို့ နိုင်ငံ၏ စည်းလုံးညီညွတ်ရေးနှင့် တိုင်းရင်းသား ညီ အစ်ကို မောင်နှမ အားလုံး လက်တွဲနေမယ် ဆိုတာကို နိုင်ငံတော် အစိုးရဘက်က စတင်နေတဲ့ အချိန်မှာ အဲဒီစနစ် မအောင်မြင်အောင်၊ အဲဒီစနစ်ကို ဖြိုခွဲဖို့ ဘာသာရေး လှုံ့ဆော်မှုတွေ ၀င် လာတယ်လို့ တပည့်တော် တွေးမိတယ်။ အဲဒီလို ကိုင်လှုပ်တိုင်း၊ တပည့်တော်တို့ မလှုပ်မိကြဖို့ လှုံ့ဆော်သူတွေရဲ့ လက်သုံးဖြစ်မသွားဖို့ အရှင်ဘုရားတို့၊ တပည့်တော်တို့အားလုံး သတိ ထားတော်မူကြရန် လိုအပ်ပါတယ်'' ဟု သီတဂူဆရာတော် ဘုရားကြီးက အခမ်းအနားသို့ တက်ရောက်လာသည့် သံဃာတော် ၁၀၀၀ ကျော်ကို တိုက်တွန်းခဲ့သည်။

ထို့ပြင် သီတဂူဆရာတော်ကြီးက ဇွန် ၁ ရက်ထုတ် တိုင်း(မ်) မဂ္ဂဇင်းဆောင်ပါးတွင် မြန်မာနိုင်ငံ ၏ ရဟန်းတော် တစ်ပါးအား ဗုဒ္ဓဘာသာ အကြမ်းဖက်သမားဟု အဓိပ္ပာယ်ရသည့် (The Face of Buddhist Terror) အဖြစ် စွပ်စွဲဖော်ပြထားခြင်းနှင့် ပတ်သက်ပြီး အဆိုပါ ဆောင်းပါးရေး သားသူအား ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်းနှင့် ရေးသားသူ၏ ရေးသားချက်များ အားလုံး ကို ကန့်ကွက်ကြောင်း မိန့်ကြားခဲ့ပြီး သံဃာတော် အစည်းအဝေးကြီးတွင် သဘောထားခံယူခဲ့ ရာ သြ၀ါဒခံယူပွဲသို့ တက်ရောက်လာသည့် သံဃာတော်များက သဘောတူညီ ခဲ့ကြသည်။

နိဂုံးချုပ်တွင်သီတဂူဆရာတော်က အမျိုးဘာသာသာသနာကိုစောင့်ရှောက်နိုင်ရေး သည် နိုင်ငံတော် အစိုးရနှင့် လက်တွဲ ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ဥပဒေပညာရှင်များ အဖွဲ့၊ နိုင်ငံတကာကို သိမြင်သည့် သံဃာတော်များဖြင့် ညီညွတ်ခြင်း၊ ခွင့်လွှတ်ခြင်းသည်းခံခြင်း တို့ဖြင့် ဆောင်ရွက်သွားကြရန် သံဃာတော်များအား မိန့်ကြားခဲ့သည်။

Eleven

လေယာဉ်မီးလောင်မှု ဖြစ်ပေါ်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် သင်တန်းပို့ချ

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များအား လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းကို ပြည်တွင်းလေကြောင်းမှ F-27 လေယာဉ်ဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်တွင် လေ့ကျင့် သင်ကြားပေးလျက် ရှိကြောင်း သိရသည်။ အဆိုပါ လေယာဉ်မီးငြှိမ်းသတ်ရေးနှင့် အသက်ကယ်နည်းစနစ် သင်တန်းပို့ချရာတွင် လေယာဉ်များ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်လာပါက ငြှိမ်းသတ်ပုံနှင့် လေယာဉ် တည်ဆောက်မှု အကြောင်း၊ လေယာဉ်ကွင်းများ အကြောင်းနှင့် ပတ်သက်သည့် သင်ခန်းစာများကို ပို့ချလျက် ရှိသည်။ သင်တန်းအား တစ်နှစ်လျှင် တစ်ကြိမ်ခန့် သင်ကြားပေးသွားမည်ဖြစ်ပြီး မီးသတ်အရာရှိ ၂၀ အား ပို့ချပေးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်တွင် မီးသတ်တပ်ဖွဲ့ဝင်များအား သင်တန်း အမျိုးအစားပေါင်း ၂၀ ကို ပို့ချလျက်ရှိပြီး မီးသတ်တပ်ဖွဲ့ဝင်များ စွမ်းရည်မြှင့်တင်နိုင်ရန်အတွက် မီးငြှိမ်းသတ်မှု သင်တန်းများ၊ မီးသတ်ကားမောင်းသင်တန်းများ ပါဝင်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ 

Ref: khitlunge

ပယ်လယ်ကွေ့အာရပ်နိုင်ငံများနှင့် ရုံးပိတ်ရက်တူညီစေရန် ဆော်ရီအာရေးဗျနိုင်ငံ ပြောင်းလဲသတ်မှတ်



   ဆော်ရီအာရေဗျနိုင်ငံ (Saudi Arabia) သည် နိုင်ငံ၏အပတ်စဉ် ရုံပိတ်ရက်နှစ်ရက်အား ယခင် ကြာသာပ .တေးနှင့် သောကြာနေ့များမှ ယခုအခါ သောကြာနှင့် စနေနေ့များသို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိ ရှိရသည်။ ဤသို့ပြောင်းလဲလိုက်ခြင်းဖြင့် ဒေသအတွင်း အခြားသောနိုင်ငံများနှင့် တူညီသွားပြီး စီးပွားရေး ရာနှင့် ဘဏ္ဌာရေးဆိုင်ရာ ရုံးပိတ်ရက်များ သတ်မှတ်ရာ၌ ပိုမိုအဆင်ပြေလွယ်ကူသွားစေမည် ဖြစ်ပါသည်။ ၂၀၀ရ ခုနှစ်ကတည်းက အလားတူ အဆိုပြုမှုကိုတင်သွင်းခဲ့ရာ ပယ်ချခံခဲ့ရပြီးနောက် ဆော်ဒီစီးပွားရေး အသိုင်းအဝိုင်းမှ ထိုသို့ပြောင်းလဲသတ်မှတ်ပေးရန်အတွက် အားသွန်ခွန်စိုက် တိုက်တွန်းကြိုးပမ်း ခဲ့ခြင်းဖြစ် သည်။ ယခုအခါ ဒေသအတွင်း အထောက်အကူဖြစ်မည်ဖြစ်သည်။ အိုမန်နိုင်ငံ (Oman) ကလည်း ယခင် လမှစ၍ ရုံးပိတ်ရက်နှစ်ရက်အား သောကြာနှင့်စနေနေ့များသို့ ပြောင်းလဲပြီးဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်း .ဆောင်ရွက်ရေးအဖွဲ့ဝင် (Gulf Co-operation Council) အာရပ်နိုင်ငံ(၆)နိုင်ငံအနက်ဆော်ဒီအာရေဗျ .နိုင်ငံသာ ကျန်ရှိတော့ခြင်းဖြစ်သည်။

Ref..BBC

မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ရွေးချယ်မှုအား နောက်လာမည့် ၁၀ လ အကြာတွင် ပြန်လည် ရွေးချယ် သွားမည်

 
ရုပ်ရှင်လောကသားများရဲ့ ဆန္ဒအရ ရွေးချယ် တင်မြှောက် ထားတဲ့ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းဟာ လက်ရှိ ကာလမှာကျန်းမာရေး အခြေအနေကြောင့် ဥက္ကဋ္ဌ ရာထူးမှ အနားယူ လိုက်ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိ မှာတော့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အကယ်ဒမီ လူမင်းက ဥက္ကဋ္ဌ တာဝန်ကို တာဝန်ယူ ထားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလို လုပ်ဆောင်မှုဟာ သရုပ်ဆောင် အကယ်ဒမီ လူမင်း အနေနဲ့ ယခင်က မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းရဲ့ ကျန်ရှိတဲ့ ဥက္ကဋ္ဌ သက်တမ်းကို ဆက်လက် တာဝန် ထမ်းဆောင် ပေးနေတာ ဖြစ်ပါတယ်။
 
ဒါ့ကြောင့်နောက်လာမယ့်၁၀လအကြာမှာ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌသစ် ရွေးချယ်မှုကို ပြန်လည် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုတွေ အပြင် ပြည်တွင်းရဲ့ ရုပ်ရှင် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေဖို့ အတွက် ပြည်ပ နိုင်ငံများနဲ့ ချိတ်ဆက် ဆောင်ရွက် လျက်ရှိသလို ပြည်တွင်း မှာလည်း သက်ဆိုင်ရာ ဌာနဆိုင်ရာများနဲ့ ပူးပေါင်းကာ ရုပ်ရှင်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရေး အတွက် ဆောင်ရွက် လျက်ရှိတယ်လို့ သိရပါတယ်။
 
Ref:MMExpress