ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.2.14

ဖွဲ့စည်းပုံပြင်ရေး ပြည်ထောင်စုလွှတ်တော်ထောက်ခံမှု ၇၅ မှ ၃၈ ရာခိုင်နှုန်းထိ လျှော့ချရန် ပြည်ခိုင်ဖြိုးအမတ် အဆိုတင်မည်


လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံမှသာ ဖွဲ့စည်းပုံပြင်ဆင်နိုင်မည့် အချက်ကို ၇၅ ရာ ခိုင်နှုန်းအစား ၃၈ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန် လွှတ်တော်တွင် အဆိုတင်သွင်းသွားမည်ဟု ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေက မဇ္ဈိမကို ပြောသည်။

ကြီးလေးကြီး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အကောင်အထည်ဖော်ရန် ဆန္ဒပြတောင်းဆို


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ ပြည် ထောင်စုလွှတ်တော်နာယကတို့နှင့် တွေ့ဆုံရန် တောင်းဆိုထားသည့် လေးပွင့်ဆိုင် တွေ့ဆုံရေး အ ကောင်အထည်ဖော်ပေးရန် ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်တွင် ဖေဖော်ဝါရီ ၁၆ ရက် က လူအင်အား ၅၀၀ ကျော်ဖြင့် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု အဆိုပါဆန္ဒပြပွဲတွင် ဦးဆောင်သူ ဦးကျော်သူက မဇ္ဈိမကို ပြော သည်။

ကမ္ဘာ့အကြီးဆုံးလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်တည်ထားရန် ဒေါက်တာခင်ရွှေက ပြီးစီးသည်အထိဘိလပ်မြေလှူဒါန်းမည်

Monday, February 17, 2014

မွန်ပြည်နယ် မုဒုံမြို့ရှိ ဝင်းစိန်ဆရာတော်ကြီး တည် ထားမည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ အတောင် ၆ဝဝ ဗုဒ္ဓရုပ်ပွားတော်တည် ဆောက်ရန် ဘိလပ်မြေကို သာသနနုဂ္ဂဟအသင်းဥက္ကဋ္ဌ ဒေါက်တာခင်ရွှေက ဗုဒ္ဓ ရုပ်ပွားတော်ပြီးစီးသည်အထိ လှူဒါန်းမည်ဖြစ်သည်။

မန္တလေးတိုင်းအတွင်း လူဦးရေ လေးသောင်းကျော်သာ ဝင်ငွေခွန်ဆောင်ဟုဆို



17-2-2014

မြန်မာနိုင်ငံ အထက်ပိုင်းတွင် စီးပွားရေး ဖွံ့ဖြိုးမှု အရှိန်မြင့်တက်လာသော တိုင်းတစ်တိုင်းဖြစ်သည့် မန္တလေးတိုင်းဒေသကြီးတွင် လူဦးရေသိန်း ၆၀ အနက် ဝင်ငွေ ခွန်ဆောင်သည့် လူဦးရေမှာ ၄၄,၈၉၂ ဦးသာ ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပသော မြို့ခံအခွန်ထမ်း ပြည်သူများနှင့် အခွန်ကိစ္စ ရှင်းလင်းပွဲတွင် ပြောကြားသည်။

လက်သည်မပေါ်သေးသော လူသတ်မှုများ



Written by The Voice သတင်းအဖွဲ့

“ငွေကို လေလိုသုံးသောသူ” ဟု တင်စားခံရသူ၏ မျိုးဆက် မိသားစုဝင်များ အသတ်ခံရသည့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုမှသည် ဧရာဝတီမြစ်ကမ်းဘေး လူသတ်မှုများ အထိ ရှိသည်။ ခေါင်းဖြတ် လူသတ်မှုများ၊ ဓားဖြင့် အချက်ပေါင်းများစွာ ထိုးသတ်ကာ ပစ်ထားခဲ့သည့် အမှုများ ၂၀၁၃ ခုနှစ် အတွင်းမှာပင် လေးခုထက်မနည်း ဖြစ်ပွားခဲ့သည်။
လက်ရာ၊ ခြေရာပျောက်နေဆဲ။

တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေစွန့် ပစ်နိုင်တဲ့ နေရာများနိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား




တရုတ် နိုင်ငံမှာ မွေးကင်းစ ကလေးတွေကို မလိုချင်တဲ့ မိဘတွေက လာစွန့်ပစ်နိုင်တဲ့ နေရာ ၂၅ ခုကို အစိုးရက နိုင်ငံအနှံ့ ဖွင့်လှစ် ပေးထား ပါတယ်။

သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း















သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန ဆေးရုံ ဖွင့်လှစ်ခြင်း
သီတဂူဆရာတော်ကြီး၏ မွေးရပ်မြေ၊ ပြည်ခရိုင်၊ သဲကုန်းမြို့တွင် “သီတဂူ ရွှေဥရာစုသစ်စက္ခုဒါန” ဆေးရုံကို ၁၃၇၅ခုနှစ်၊ တပိုတွဲလပြည့်နေ့ (၁၄-၂-၂၀၁၄) တွင် အောင်မြင်စွာ ဖွင့်လှစ်လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်ပါသည်။

ဇွဲကပင်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်အပြီးတွင် ကွင်းလယ်ဒိုင်ကို ဇွဲကပင်အသင်းပိုင်ရှင်က လက်ရောက်မှုကျူးလွန်



ဇွဲကပင်နှင့် ရတနာပုံအသင်းတို့သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၅) ရက်က ရန်ကုန်မြို့ရှိ အောင်ဆန်းကွင်း၌ MNL ပွဲစဉ်(၃)အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲအပြီးတွင် ဇွဲကပင်အသင်းပိုင်ရှင်က ကွင်းလယ်ဒိုင်ကို လက်ရောက်မှုကျူးလွန်ခဲ့ကြောင်း သိရသည်။

မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ကို သွားရောက်



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ မနေ့ သောကြာနေ့ မနက်က စစ်တွေမြို့ကို ရောက်ရှိလာပြီး စစ်တွေ ထောင်ကို သွားရောက်ခဲ့သလို နှစ်ဘက် လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့အတူ ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှု့ ခဲ့ပါတယ်။

ပွင့်လင်းမြန်မာ ရှေ့ဆောင်အဖွဲ့ရဲ့ အစီရင်ခံစာ


၁၆.၂.၂၀၁၄၊ တနင်္ဂနွေနေ့

မြန်မာနိုင်ငံရဲ့ ပထမအကြိမ်ကနေ ဆဌမ အကြိမ် အထိ ပြုလုပ် ခဲ့တဲ့ လွှတ်တော် အစည်းအဝေးတွေ မှာ မေးခွန်း မေးမြန်းတဲ့ လွှတ်တော်အမတ် ဦးရေနည်းပါး သလို မေးတဲ့ မေးခွန်း အရေအတွက် လည်း မေးခွင့်ပြုထားတဲ့ အတိုင်းအတာ ထက် နည်းပါးနေတာကို တွေ့ရတယ်လို့ မြန်မာနိုင်ငံအခြေစိုက် Open Myanmar Initiative ပွင့်လင်း မြန်မာ ရှေ့ဆောင် NGO အဖွဲ့ ရဲ့ ပထမဆုံး အကြိမ်အဖြစ် လွှတ်တော် စောင့်ကြည့် လေ့လာရေး အစီရင်ခံစာ မှာ ဖေါ်ပြ ထား ပါတယ်။