ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

6.8.15

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ဆက်လက်တာဝန်ထမ်းဆောင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့က တိုက်တွန်း


လက်ရှိနိုင်ငံတော်သမ္မတ ဦးသိန်း စိန်အား ဒုတိယသမ္မတသက်တမ်း ဆက် လက်တာဝန်ထမ်းဆောင်ရန် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးဆိုင်ရာ ကတိပြုချက်လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့လေးဖွဲ့မှ တိုက်တွန်းခဲ့ကြောင်း သိရသည်။

အပစ်ရပ်မည့် အဖွဲ့များကို နိုင်ငံရေး၊ စစ်ရေး အာမခံချက်ပေးနိုင်ကြောင်း ကာကွယ်ရေးဦးစီးချုပ် ပြော

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်, NCA,  ငြိမ်းချမ်းရေး
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအပေါ် အဆင့်အတန်း မခွဲခြားဘဲ စစ်ရေး၊ နိုင်ငံရေး အာမခံချက် ပေးနိုင်ကြောင်း ပြောဆိုလိုက်သည်။

5.8.15

ရန်ကုန်-ပြည်လမ်းတွင် အောင်လံမြို့ အနီး၌ ရေကျော်


အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ နှစ်ပေကျော်ခန့် ထပ်မံတက်လာပြီး ရန်ကုန်-ပြည် လမ်းပေါ်တွင် ရေကျော်နေသောကြောင့် ယနေ့ နံနက်ပိုင်းတွင် သွားလာမှု အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။

ယူနိုက်တက်လက်ဘော်ရေထရီနဲ့ ဗျူတီးပဲလေ့ (စ)ကုမ္ပဏီတို့စီးပွားရေးလုပ်ငန်းသစ်တစ်ခု သဘောတူ

အခုတော့ တစ်ပတ်အတွင်း စီးပွားရေးသတင်းအလှည့်ပေါ့ရှင်၊ ဖိလစ်ပိုင်နိုင်ငံက ယူနိုက်တက် လက်ဘော်ရေထရီနဲ့ ပြည်တွင်းက ဆပ်ပြာ၊သွားတိုက်ဆေးနဲ့ ကျန်းမာရေးသုံးကုန်ပစ္စည်းတွေထုတ်လုပ်တဲ့ ဗျူတီး ပဲလေ့ (စ)ကုမ္ပဏီတို့ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းသစ်တစ်ခုတည်ထောင်ဖို့ နှစ်ဦးသဘောတူလိုက်ပြီဖြစ်ပါတယ်။

" ရေဘေးဒုက္ခ တတ်နိုင်သမျှ ကူညီကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။"

၁။ မြန်မာနိုင်ငံအနှံ့အပြားတွင် ရေဘေးအန္တရာယ်များ တွေ့ကြုံနေရသည့် ရေဘေးဒုက္ခသည်များအား တတ်နိုင်သော အကူအညီများပေးရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

4.8.15

ဇေကမ္ဘာဝင်းအတွင်း ဖမ်းမိသော စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံတွင် နေထိုင်သည်ဟု စုံစမ်းသိရှိ ထားသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေး

ဇေကမ္ဘာဝင်းအတွင်း စိတ်ကြွဆေးပြား သယ်ဆောင်လာသည့် ယာဉ်၏ပိုင်ရှင်မှာ မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သည်ဟု စုံစမ်းသိရှိရသော်လည်း ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း မင်္ဂလာဒုံမြို့နယ်မှ မြို့နယ်မှူး ရဲမှူးဝင်းရွှေက ပြောကြားသည်။

3.8.15

အမြန်လမ်းပေါ်၌ သီးကုန်းအရေးပေါ်ရှေးဦးပြု စုစခန်း တည်ဆောက်လျက်ရှိ

 
ရန်ကုန်-မန္တလေးအမြန်လမ်းမပေါ် မိတ္ထီလာမြို့အနီးရှိ သီးကုန်း(၂၈၅)မိုင် ယာဉ်ရပ်နားစခန်းအနီးတွင် အရေး ပေါ် ရှေးဦးပြုစုစခန်း အဆောက်အအုံ သစ်ကို Steel structure ဖရိန်များဖြင့် တည်ဆောက်လျက်ရှိပြီး ခြောက် လခန့်အတွင်း ပြီးစီးအောင်တည်ဆောက်သွားမည်ဖြစ် ကြောင်း သိရသည်။

30.7.15

အကျဉ်းသား ၇၀၀၀ နီးပါး လွတ်ငြိမ်းချမ်းသာခွင့်ပေး"


အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသူ၊ အကျဉ်းသား ၆၉၆၆ ဦးအား ယနေ့ (ဇူလိုင် ၃၀ ရက်) တွင် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်များ ပေးလိုက်သည်။

ဇေကမ္ဘာဝင်း မူးယစ်ဆေးဝါး ဖမ်းမိမှုကို အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဦးခင်ရွှေ ပြောကြား


 
ရန်ကုန်မြို့တော် မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း (မင်္ဂလာဒုံဥယျာဉ်မြို့တော်) အတွင်း ကမ္ဘာတွင် စိတ်ကြွဆေးပြား ဒုတိယအများဆုံး ဖမ်းဆီးရမှုနှင့် ပတ်သက်ပြီး အချိန်မရွေး အစစ်ဆေးခံနိုင်ကြောင်း ဇေကမ္ဘာ ဦးခင်ရွှေက ပြောကြားသည်။