ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

1.10.15

မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ ရောင်းချနိုင်ရေး FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်နေ


မြန်မာနိုင်ငံ အနေဖြင့် အီးယူနိုင်ငံများသို့ တရားဝင်သစ်များ တင်ပို့ရောင်းချနိုင်ရေး၊ အီးယူဈေးကွက်သို့ တိုက်ရိုက်ထိုးဖောက် နိုင်ရေးအတွက် FLEGT-VPA အစီအစဉ် စတင်နိုင်ရန် G to G ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များ အသင်းချုပ်၊ ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ရှိ IBC ၌ ကျင်းပသည့် သစ်တောဥပဒေ စိုးမိုးမှု၊ အုပ်ချုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာ လုပ်ငန်းများ အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။

တရုတ်ပြည်မှာ စာအိတ်ဗုံးပေါက်ကွဲ ၇ဦးသေ

151001091723-china-liuzhou-blast-site-exlarge-169
တရုတ်နိုင်ငံ တောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာအိတ် ဗုံး ၁၇ လုံး အတွဲလိုက် ပေါက်ကွဲတဲ့အတွက် လူ ၇ ဦးသေဆုံးကာ ၅၁ ဦး ဒဏ်ရာရရှိကြောင်း အစိုးရပိုင်တရုတ်ဆင်ဟွာသတင်းကို ကိုးကား၍ CNN သတင်းက ဖော်ပြသည်။

လေကြောင်းတိုက်ခိုက်မှုများဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ရုရှဝင်ရောက်လာ


၁၉၇၉ ခုနှစ် အာဖဂန်နစ္စတန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှသည် ဆိုဗီယက်ပြည်ထောင်စုဟောင်း၏ ပြင်ပတွင် ပထမဆုံး စစ်ရေးစွက်ဖက်မှုအဖြစ် စက်တင်ဘာ ၃၀ရက်က လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခြင်းဖြင့် ဆီးရီးယားစစ်ပွဲအတွင်းသို့ ၀င်ရောက်လာခဲ့သည်။

30.9.15

အမေရိကန် ထိပ်တန်း ရက်ပ်အဆိုတော် Redfoo ရေဘေးသင့်ဒေသများ ပြန်လည် ထူထောင်ရေး မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည်


အမေရိကန် ထိပ်တန်း ရက်ပ်အဆိုတောRedfoo တေးဂီတအဖွဲ့သည် မြန်မာနိုင်ငံရှိ ရေဘေးသင့် ဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအတွက် အောက်တိုဘာလ အတွင်း မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်၌ ပြုလုပ်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

ပို့ဆောင်ရေးကဏ္ဍတိုးတက်ဖို့ စီစဉ်ထားပြီးသားဟု ဒုဝန်ကြီး ဦးဇင်ယော် မဲဆွယ်


 ရွေးကောက်ပွဲတွင် အနိုင်ရရှိမည်ဆိုပါက မဲဆန္ဒနယ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးရုံသာမက နိုင်ငံ၏ ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် တွက်ချက်ထားပြီးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုပြီး လယ်ဝေးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပို့ဆောင်ရေးဒုဝန်ကြီး ဦးဇင်ယော်က မဲဆွယ်လိုက်သည်။

29.9.15

တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ် လက်နက်ကိုင် ၇ ဖွဲ့လက်မှတ်ထိုးရန် ဆုံးဖြတ်ပြီ


တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲစာချုပ်မူကြမ်း (NCA) လက်မှတ်ရေးထိုးရေး၊ မထိုးရေး ဆုံးဖြတ်ချက်ချမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ဒုတိယနေ့ ထိပ်သီးအစည်းအဝေးကို စက်တင်ဘာလ ၂၉ ရက်ကျင်းပရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်လိုက်သည်။

မိုင်းတုံ ရေအားလျှပ်စစ်စီမံကိန်း ESIA စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ မကိုက်ညီဘူး လို့ဆို

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် မိုင်းတုံ ရေအားလျှပ်စစ် စီမံကိန်း အကောင်အထည်ဖော်ရာမှာ လူမှုဘဝနဲ့ ပတ်ဝန်းကျင် ထိခိုက်နစ်နာမှုရှိမရှိ လေ့လာတဲ့ (ESIA) စစ်တမ်းမှာ စံချိန်စံညွှန်း သတ်မှတ်ချက်နဲ့ ကိုက်ညီမှုမရှိတဲ့အပြင် ပွင့်လင်းမြင်သာမှုလည်း မရှိဘူးလို့ ရှမ်းပြည်နယ် လူမှုအဖွဲ့အစည်းတွေက ဒီနေ့(စက်တင်ဘာလ ၂၉ ရက်)မှာ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

အိုင်အက်စ်အား လေကြောင်းတိုက်ခိုက်မှုတွင် ပူးပေါင်းပါဝင်ရန် ရုရှ စဉ်းစားနေ


အိုင်အက်စ်စစ်သွေးကြွအဖွဲ့အား အမေရိကန်နှင့် မဟာမိတ်များ ဆင်နွှဲလျက်ရှိသည့် လေကြောင်းတိုက်ခိုက်မှုအတွင်း ရုရှနိုင်ငံပါဝင်ရန် စဉ်းစားလျက်ရှိကြောင်း သမ္မတဗလာဒီမာပူတင်က ပြောသည်။

မော်တော်ယာဉ် တင်သွင်းမှု က.ည.န စံတစ်ခု သတ်မှတ်မည်

မော်တော်ယာဉ် တင်သွင်းရာတွင် မော်ဒယ်လ်နှစ် သတ်မှတ်ခြင်းနှင့် လမ်းစနစ်ဖြင့် ကိုက်ညီမည့် မော်တော်ယာဉ်များ တင်သွင်းခြင်းများအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (က.ည.န) က စံတစ်ခု သတ်မှတ်သွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ ချင်းမိုင်မြို့တွင် စတင်ဆွေးနွေး

တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း၊ မရေးထိုးခြင်းနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၈ ရက်မှစတင်ပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးလျက် ရှိကြောင်း သတင်းရရှိသည်။