ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

17.2.16

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ၀င်ရောက်


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ ၀င်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

16.2.16

ရှမ်းမြောက်တိုက်ပွဲများ ရပ်စဲရေး ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း ၁၅ ခုစာရင်း ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေ


မြေ ၆၃ ဧကကျော်ပေါ်တွင် ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို စိတ်ဝင်စားသည့် အဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီအဖွဲ့အစည်းများစာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေကြောင်း သိရသည်။

ရုရှားက S-300 ဒုံးကျည်စနစ်များ အီရန်သို့ ပို့မည်


ရုရှားသည် S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များကို အီရန်သို့ အမြန်ဆုံးပေးပို့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ က ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA သတင်းအေဂျင်စီက ဖော်ပြသည်။

11.2.16

ပြည်ထောင်စုလွှတ်တော်ကော်မတီနှစ်ရပ်ဖွဲ့စည်းရန်အမည်စာရင်းကြေညာ


ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ နဲ့လွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကော်မတီတို့ကို ဖွဲ့စည်းမယ့် လူပုဂ္ဂိုလ်တွေရဲ့ အမည်စာရင်းကို ဖေဖော်ဝါရီ ၁၀ မှာပြုလုပ်တဲ့ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပုံမှန်အစည်းအဝေးမှာ နာယကဦးမန်းဝင်းခိုင်သန်းက ဖတ်ကြားခဲ့ပါတယ်။

10.2.16

လွှတ်တော်ဥက္ကဋ္ဌများအား ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားခဲ့ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌများ ရွေးချယ်ရာတွင် ပြည်ထောင်စု အမျိုးသား ရင်ကြားစေ့ရေးကို အဓိကထားပြီး ဆောင်ရွက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေး ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပမည်

ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) စတုတ္ထအကြိမ် အစည်းအဝေးကို ရန်ကုန်မြို့ရှိ Myanmar Peace Center တွင် ဖေဖော်ဝါရီ ၂၂ ရက်မှစတင်ပြီး သုံးရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

9.2.16

ကော်ဖီမစ်ထုတ်စက်ရုံများကို ရှောင်တခင်စစ်ဆေး

ရန်ကုန်မြို့တွင် အသင့်သောက် ကော်ဖီထုပ်များထုတ်လုပ်ရာ၌ အုန်းမှုတ်ခွံနှင့် မန်ကျည်းစေ့များ ထည့်သွင်းသည်ဟု သတင်းအချို့ထွက်ပေါ်နေခြင်းကြောင့် ကော်ဖီစက်ရုံများသို့ ၀င်ရောက် စစ်ဆေးခဲ့ပြီး နှစ်ပတ်အတွင်း သတင်းထုတ်ပြန်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

Dagon City စီမံကိန်း ရပ်ဆိုင်းခဲ့သည့်အတွက် ကမ္ဘာအေး ဘုရားလမ်းမပေါ်ရှိ အစားပြန်ပေးသည့်မြေ ၁၇ ဧကကျော်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် MIC ခွင့်ပြုချက် Marga Landmark ကုမ္ပဏီရရှိ


Dagon City စီမံကိန်း ရပ်ဆိုင်းခဲ့သည့်အတွက် ကမ္ဘာအေးဘုရားလမ်းရှိ အစားပြန်ပေးသည့် မြေ ၁၇ ဧကကျော်ပေါ်တွင် လုပ်ငန်းများ ဆောင်ရွက်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC ) ခွင့်ပြုချက်ကို Marga Landmark Development Company Limited က ရရှိခဲ့ကြောင်း သတင်းရရှိသည်။

လွှတ်တော်မှာ သတင်းရယူခွင့် ကန့်သတ်ပိတ်ပင်နေတဲ့အပေါ် MJAနဲ့ MJNက ကန့်ကွက်ကြောင်း စာထုတ်ပြန်ပြီ


လွှတ်တော်မှာ သတင်းရယူနေတဲ့ သတင်းမီဒီယာတွေကို သတင်းရယူခွင့် ကန့်သတ်တဲ့ ညွှန်ကြားချက် ၁ စောင် လွှတ်တော်က ဖေဖော်ဝါရီလ ၅ ရက်နေ့ ထုတ်ပြန်ခဲ့ပြီး သတင်းမီဒီယာတွေ လိုက်နာဖို့ အချက် ၁၇ ချက်ပါဝင်ပါတယ်။ တချို့သော အချက်အလက်များမှာ စည်းကမ်းအတွက် ထုတ်ပြန်ထားတာဖြစ်ပြီး သတင်းမီဒီယာသမားအများစု သဘောမတူကြတာက သတင်းရယူဖို့ နေရာ အတော်များများကို ကန့်သတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။