ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

4.3.16

ပုံမှန်အခွန် ထမ်းဆောင်သူများနှင့် အခြေခံဝင်ငွေနည်းပါး သူများကို အခွန်ငါးဆတိုး၍ ကောက်ခံမည် ဆိုသည်မှာ မဟုတ်မှန်ဘဲ အခွန်မထမ်းဆောင်သူများနှင့် ၀င်ငွေရလမ်းကို ရှင်းလင်းစွာ မတင်ပြနိုင်သူများကိုသာ အခွန်ပိုမို ကျသင့်စေရန် တိုးမြှင့်ကောက်ခံမည် ဖြစ်ကြောင်း ...

ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခြေခံဝင်ငွေ နည်းပါးသူ ပြည်သူများအပေါ် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေအရ အခွန်ငါးဆတိုးမြှင့် ကောက်ခံသည်မှာ မဟုတ်မှန်ကြောင်းနှင့် ၀င်ငွေခွန် ထမ်းဆောင်ထိုက်သည့် ၀င်ငွေရရှိခဲ့ပါလျက် ၀င်ငွေခွန် မထမ်းဆောင်ခဲ့သူများ၊ ၀င်ငွေခွန် ထမ်းဆောင်ရန် ၀င်ငွေကို အပြည့်အ၀ ဖော်ထုတ်ခြင်း မရှိခဲ့သူများ၊ ၀င်ငွေရလမ်းကို ရှင်းလင်းစွာ တင်ပြနိုင်ခြင်း မရှိသူများကို ပုံမှန်အခွန် ထမ်းဆောင်နေသူများ၊ အခွန်တာဝန် ကျေပွန်ပြီးသူများထက် ပိုမိုသော အခွန်နှုန်းဖြင့် ကျသင့်စေရန် ပြောင်းလဲကောက်ခံခြင်း ဖြစ်ကြောင်း
ပြည်တွင်းအခွန်များ ဦးစီးဌာနက မတ် ၃ ရက်တွင် သတင်းထုတ်ပြန်သည်။

26.2.16

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင် အသုံးပြုမည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ်အား ၂၀၁၆ ခုနှစ် မတ်လတွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး ပြည်ပလေကြောင်းလိုင်း အချို့ စတင်ရွှေ့ပြောင်း အသုံးပြုမည်ဖြစ်ကြောင်း ပို့ဆောင်ရေး ၀န်ကြီးဌာနမှ  သတင်းရရှိသည်။

ထရမ့်၏ တံတိုင်းအစီအစဉ်ကို မက္ကဆီကို သမ္မတဟောင်း ပြင်းပြင်းထန်ထန် ဝေဖန်


မက္ကဆီကိုနှင့် အမေရိကန်ကြား နယ်နိမိတ်တွင် တံတိုင်းကာရံပြီး ယင်းအတွက် မက္ကဆီကိုက အကုန်အကျခံရမည်ဆိုသော ဒေါ်နယ်လ်ထရမ့်၏မှတ်ချက်ကို မက္ကဆီကို သမ္မတဟောင်း ဗင်းဆင့်ဖောက်စ်က ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်သွားခဲ့သည်။

အစိုးရသစ်အကူးအပြောင်းကာလ၌ နိုင်ငံပိုင်သယံဇာတများကို အစိုးရဘက်မှ သဘောတူညှိနှိုင်းမှုမပြုဘဲ အလျင်အမြန်စီမံခန့်ခွဲနေမှုအပေါ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးတကြီးအဆိုတင်

နိုင်ငံတော်အစိုးရမှ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံပိုင်စီးပွာရေးလုပ်ငန်းများအား အလျင် စလို ငှားရမ်းရောင်းချလွဲပြောင်းမှု၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျမစီမံဘဲ အဆောတလျင်ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု နိုင်ငံပိုင်သယံဇာတများကို လိုအပ်သောဆောင်ရွက်မှုများ သဘောတူညှိနှိုင်းမှုများမပြုလုပ်ဘဲ အစိုးရတာဝန်မလွဲပြောင်မီ အလျင်အမြန်စီမံခန့်ခွဲနေမှုစသည်များကို နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးအတွက် အသေးစိတ်စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးပါရန် အရေးကြီး အဆိုတရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်မှ တင်သွင်းခဲ့သည်။

လာမည့်မေလတွင် လက်ပံတောင်းတောင်၌ ကြေးနီ စတင်ထုတ်လုပ်မည်

၂၀၁၃ ခုနှစ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်စစ်ဆေးခဲ့စဉ်။ အေအက်ဖ်ပီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီ
စီမံကိန်းမှာ အငြင်းပွားဖွယ်သတ္တုတူးဖော်ရေး စီမံကိန်းတစ်ခုအဖြစ် ကန့်ကွက်မှုများရှိနေဆဲ
ဖြစ်သော်လည်း လာမည့်မေလတွင် ကြေးနီ ထုတ်လုပ်မှု စတင်သွားမည် ဖြစ်သည်ဟု မြန်မာ
ဝမ်ပေါင်ကုမ္ပဏီ ရန်ကုန်ရုံး စီမံခန့်ခွဲ ရေးမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။

25.2.16

မန္တလေးမြို့ လမ်းမများပေါ်တွင် တောင်းရမ်းနေသူများအား ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် အမိန့်ချမှတ်



မန္တလေးမြို့ လမ်းဆုံလမ်းခွများ၊ လမ်းမများပေါ်တွင် သွားလာနေသည့် ယာဉ်များအနီးတွင် အများပြည်သူ စိတ်အနှောင့်ယှက် ဖြစ်စေရန်ထိ တောင်းရမ်းစားသောက်နေသူ ကိုးဦးကို ဖမ်းဆီးပြီး ထောင်ဒဏ် ၁၅ ရက် ကျခံစေရန် ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဖေဖော်ဝါရီ ၂၄ ရက်က အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

18.2.16

UNFC အရေးပေါ်အစည်းအဝေး ချင်းမိုင်တွင်ပြုလုပ်

ညီညွတ်သော တိုင်းရင်းသားလူမျိုးမျာ ဖက်ဒရယ်ကောင်စီ(UNFC)၏ အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကျင်းပနေပြီ ဖြစ်သည်။

တူရကီက မြေပြင်ထိုးစစ် ပြုလုပ်ရန် တောင်းဆိုစဉ် ကုလက ဆီးရီးယားသို့ အကူအညီများ ပေးပို့


တူရကီက စစ်ပွဲဖြစ်ပွားနေသော ဆီးရီးယားတွင် မြေပြင်ထိုးစစ် ပြုလုပ်ရန်အတွက် တောင်းဆိုပြီးနောက် ခိုင်မာသော ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ေ၀၀ါးလာစဉ် ကုလသမဂ္ဂ အကူအညီပေးရေး ယာဉ်တန်းများသည် ဆီးရီးယားရှိ ၀ိုင်းရံပိတ်ဆို့ ခံထားရသော နေရာများရှိ ထောင်နှင့်ချီသော ပြည်သူများထံ ဖေဖော်ဝါရီ ၁၇ ရက်တွင် သွားရောက်ရန် စီစဉ်ထားကြောင်း သိရသည်။

အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် မှာကြား


အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများကိုသာ ဆွေးနွေးစေလိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကိုယ်စားလှယ်များအား မှာကြားသည်။

အစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းထုတ်လုပ်မှု ယခုနှစ် မေလခန့် စတင်မည်


မြန်မာနိုင်ငံအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် မြန်မာဝမ်ပေါင်တို့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ရရှိနေမည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ ကြေးနီထုတ်လုပ်မှုအား ယခုနှစ် မေလခန့် စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း စီမံကိန်းအား အဓိကလုပ်ဆောင်နေသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Dong Yunfei က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။