ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

31.3.16

ရန်ကုန်မြို့ရှိ ဈေး ၁၆ ခု အဆင့်မြှင့်တင်မှုလုပ်ငန်းများ မေလတွင် အပြီးသတ် ဆောင်ရွက်မည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်ဈေး ၁၆ ခုအား နှစ်ထပ်ဈေးအဖြစ် အဆင့်မြှင့်တင်မှုလုပ်ငန်းများ အားလုံးကို မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဈေးများပြီးစီးပါက လမ်းဘေး ဈေးသည်များနှင့် ပျံကျဈေးသည် များကို ယင်းဈေးများ အပေါ်ထပ်၌ နေရာပေး ရောင်းချစေမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေး များဌာနမှ သိရသည်။

နိုင်ငံတော်သမ္မတ၏ အရေးပေါ်အခြေအနေရုပ်သိမ်းခြင်းနှင့် ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို အသိမမှားရန်လိုအပ်ဟုဆို


ရခိုင်ပြည် နယ်တွင် ထုတ်ပြန်ထားသည့်အရေး ပေါ်ကာလအခြေအနေ ရုပ်သိမ်းခြင်း နှင့် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားခြင်းကို ဒေသခံများ အနေဖြင့် အသိမမှားရန်လိုအပ် ကြောင်း မောင်တောမြို့မှအထက် တန်းရှေ့နေတစ်ဦးက ပြောကြား သည်။

စောင့်ကြည့်ရမည့် ဝန်ကြီးချုပ်များ

မတ်လ ၂၈ ရက်ကျမှ ပြည်နယ်တိုင်းလွှတ်တော် အသီးသီးမှာကြေညာမယ့် အင်န်အယ်လ်ဒီဝန်ကြီးချုပ် အမည်စာရင်းတွေဟာ ထုံးစံအတိုင်း မတ်လ ၂၇ ရက် ညနေဘက်ကတည်းက အွန် လိုင်းပေါ်ရောက်လာတယ်။

အီစတာပွဲတော်ပန်းခြံဗုံးပေါက်မှုနောက်ပိုင်းစစ်သွေးကြွ(၂၀၀)ကျော်ကို ပါကစ္စတန်ဖမ်းဆီး


ကလေးငယ်အများစုပါဝင်တဲ့လူ(၇၃)ဦးသေဆုံးခဲ့တဲ့ပန်းခြံဗုံးပေါက်ကွဲမှုဖြစ်
ပွါးပြီးချိန်ကတည်းကစစ်သွေးကြွ(၂၀၀)ကျော်ကိုပါကစ္စတန်မှာဖမ်းဆီးထိန်း
သိမ်းထားတယ်လို့အာဏာပိုင်တွေကမတ်လ(၂၉)ရက်နေ့မှာပြောပါတယ်။

အရင်းဈေးထက် တစ်ပိဿာကျပ် ၂၅ဝ ဈေးမြင့်သော်လည်း လက်လီသာရောင်းချ၍ ဈေးကွက်တွင်ဆီဝယ်ယူရန်အခက်အခဲဖြစ်

ရန်ကုန်ဆီဈေးကွက်တွင် ဆီရောင်းသည့်ပွဲရုံများ၊ ပြည်ပမှ ဆီတင်သွင်း သူများအနက်အများစုမှာ ရောင်းချခြင်း မရှိသည်မှာ ရက်အတန်ကြာသည့်အတွက် ပြည်ပဆီဈေးနှုန်းတက်ချိန် တွင် ယခင်ယူနေကျအမြတ်ထက် များစွာဈေးတင် ရောင်းချမှုရှိလာသည်။

မြစ်ကြီးနားမြို့နယ် နန်းကွေ့-နောင်ပုံကျေးလက်လမ်း ဆောင်ရွက်ပြီးစီး


မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာနှင့် နောင်ပုံကျေးရွာဆက်သွယ်သည့်လမ်းမှ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၁ဝ၂ ဒသမ ၇၆၂ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ ကျောက်လမ်းအဖြစ်လည်းကောင်း၊ အရှည်တစ်မိုင် ၂ ဒသမ ၄၅ ဖာလုံရှိ လမ်းအပိုင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၆ ဒသမ ဝ၉၈ သန်းဖြင့် ဇီးကွက်နှစ်ကောင်ကုမ္ပဏီလီမိတက်က တာဝန်ယူ၍ မြေသားလမ်းအဖြစ်လည်းကောင်းဆောင်ရွက်ခဲ့သည်။

30.3.16

အိန္ဒိယသို့ S-400 ဒုံးကျည်စနစ်များ ရောင်းချရန် ရုရှားအသင့်ရှိ

လွန်ခဲ့သည့်နှစ်က နယူးဒေလီ၏ မေတ္တာရပ်ခံချက်အရ အိန္ဒိယသို့ S-400 Triumph လေယာဉ်ပစ်ဒုံးကျည်စနစ်များ ရောင်းချရန် မော်စကိုက အဆင်သင့်ဖြစ်နေပြီဟု ရုရှား၏ စစ်ဘက်နည်းပညာကော်ပိုရေးရှင်းဗဟိုအဖွဲ့(FSMTC)က ပြောသည်။

ယနေ့ အစိုးရအာဏာလွှဲပြောင်းမည် သမ္မတသစ် ဦးထင်ကျော် ပြည်ထောင်စုလွှတ်တော်တွင် မိန့်ခွန်းပြောကြားမည်

နိုင်ငံတော်သမ္မတ သစ် ဦးထင်ကျော်၏ပထမအကြိမ် နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ယနေ့(မတ်လ ၃၀ ရက်)တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ် တော်၌ ပြောကြားမည်ဖြစ်ပြီး သမ္မတ ဦးသိန်းစိန် အစိုးရထံမှ အစိုးရအဖွဲ့သစ်က နိုင်ငံတော် အာဏာကို လွှဲပြောင်းရယူမည်ဖြစ်သည်။

ပြည်တွင်း၌ ဦးနှောက်အမြှေးရောင်ရောဂါ အစုလိုက်ဖြစ်ပွားမှု မရှိသေးသည့်အတွက် ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များတွင် ထည့်သွင်းထိုးနှံရန် မရှိသေးဟုဆို

မြန်မာနိုင်ငံ၌ ကူးစက်မြန် ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ အစုလိုက် အများအပြားဖြစ်ပွားမှု မရှိသေးသည့်အတွက် ယင်းရောဂါ ကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်များတွင် ထည့်သွင်းထိုးနှံရန် မရှိသေးကြောင်းနှင့် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ် ဖြစ်လာပါက ကာကွယ်ဆေး ထိုးနှံနိုင်ရန်အတွက် စီမံဆောင်ရွက်ထားကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

နိုင်ငံရေး အကျဉ်းသား အားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်မှုအပေါ် ကြိုဆိုကြောင်း လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ် ထုတ်ပြန်

(၃၁) ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံအပေါ် ချမှတ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များဖြစ်သည့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ပေးရန် ဆုံးဖြတ်ခဲ့သည်များကို ကြိုဆိုကြောင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ အဖွဲ့ဝင်အဖွဲ့ အစည်းပေါင်း ၅၈ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ဘန်ကောက် အခြေစိုက်ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့အစည်းဖြစ်သည့် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အာရှဖိုရမ် (ဖိုရမ်အေးရှား) က မတ် ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။