ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

7.4.16

ပဲခူးတွင် မူးယစ်ဆေးဝါးများနှင့် လက်ပစ်ဗုံးတစ်လုံး သိမ်းဆည်းရမိ


ပဲခူးမြို့ ကျွန်းသာယာရပ်ကွက် မဇင်း(၁) လမ်းဆုံ၌ စခန်းမှူး ရဲအုပ် စိန်လွင်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် အောင်နိုင်ဝင်းနှင့်အဖွဲ့သည် ဧပြီ ၅ ရက် နံနက် ၁၁ နာရီခွဲက သတင်းအရသွားရောက်ရှာဖွေရာ MIKKO ဆိုင်ကယ် အနက်ရောင်တစ်စီးနှင့် မသင်္ကာဖွယ်ရာ လူတစ်ဦးအား တွေ့ရှိ၍စစ်ဆေးရာ ဝေါမြို့နယ် ညောင်ကိုင်းကျေးရွာနေ ကြည်စိန်(ခ) အညာသား (၄၂) နှစ်ဖြစ်ပြီး ၎င်းလွယ်ထားသော Chengfeng စာတမ်းပါ ပြောက်ကျားအိတ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ စိတ်ကြွဆေးပြား ခုနစ်ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် သတ္တုခဲပတ်တစ်ခု ၊ လေးလက်မခန့်အရှည်ရှိသော သတ္တုပိုက်တံတစ်ခု၊ လေးလက်မခန့်ရှိသည့် အပေါက်ပါ ဝါးချောင်း တစ်ခု၊ Huawei အမျိုးအစား (Y 300) ဖုန်းတစ်လုံး၊Win Phone WO 65 စာတန်းပါ ဖုန်းတစ်လုံး၊ Phone battery (wp)တစ်လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကျင်းပ

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၁၉) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ည ၆ နာရီခွဲတွင် ဗထူးတပ်မြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ချီးမြှင့်သည်။

6.4.16

ဒဂုံစင်တာတွင် သမီးရည်းစား ကိစ္စကြောင့် ကတ်ကြေးဖြင့်ထိုးရာ အမျိုးသမီးတစ်ဦး၏ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိ


စမ်း​ချောင်းမြို့နယ်၊​ ဒဂုံစင်​တာတွင်​ ယနေ့ (ဧပြီ ၆ ရက်)​ နံနက်​ ၉ နာရီခန့်က​ အမျိုးသမီးတစ်​ဦးအား အမျိုးသားတစ်​ဦးမှ သမီးရည်းစား ကိစ္စကြောင့် ကတ်​​ကြေးဖြင့်​ထိုးရာမှ မျက်လုံးတွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့​ကြောင်း သိရသည်​။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြုချိန်၌ တပ်မတော်သား လွှတ်တော်ကိုယ်စားများ မတ်တပ်ရပ် ကန့်ကွက်ခဲ့



နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး အမျိုးသားလွှတ်တော် အတည်ပြုချက်အတိုင်း အတည်ပြုရန် သဘောတူခြင်း ရှိ၊ မရှိ ပြည်သူ့လွှတ်တော်၌ အဆုံးအဖြတ် ခံယူရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ မတ်တပ်ရပ် ကန့်ကွက်ခဲ့သော်လည်း ထောက်ခံသူ များပြားသဖြင့် ပြည်သူ့လွှတ်တော်က အတည်ပြု ခဲ့ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် သုံးနိုင်ရန်စီစဉ်

ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိလူနာများ ဆေးကုသမှုဌာနများတွင် ဆေးရုံဆိုင်ရာ စီမံခန့်ခွဲမှု သတင်းအချက်အလက်ပေးစနစ်(Hospital Management Information System)ကို ကွန်ရက်ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ရန် စီစဉ်နေကြောင်း ယင်းဆေးရုံကြီးထံမှ သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အဆိုပြုသော ပြည်နယ်ဝန်ကြီးတာဝန်ကို ထမ်းဆောင်မည်ဟု ANP အမတ်ဆို


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့၏ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး တာဝန်ကိုထမ်းဆောင်သွားမည် ဖြစ်ကြောင်း ဝန်ကြီးအဖြစ် လျာထားခြင်းခံရသူ ရခိုင်အမျိုးသားပါတီ(ANP)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးကျော်လွင်က ပြောကြားသည်။

ဒေါ်စုကို အတိုင်ပင်ခံခန့်အပ်မည့် ဥပဒေကြမ်းအပေါ် တပ်မတော်သားအမတ်တို့ ပြင်ဆင်၊ ပယ်ချက်ရန် တင်သွင်းသည့် အချက်(၉)ချက်

လက်ရှိ နိုင်ငံခြားရေးနှင့် သမ္မတရုံးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အား အတိုင်ပင်ခံအဖြစ်ခန့်အပ်မည့် "နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကြမ်း" အပေါ် တပ်မတော်သားအမတ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီအမတ်များက ဥပဒေကြမ်းပါ အပိုဒ်များအား ပြင်ဆင်၊ ပယ်ဖျက်ရန် အဆိုတင်ခဲ့ကြသော်လည်း မဲခွဲဆုံးဖြတ်ချက်အရ လွှတ်တော်က မူလပြဌာန်းချက်အတိုင်းသာ အတည်ပြုခဲ့သည်။

၂၀၁၅ ခုနှစ်က ကမ္ဘာတစ်ဝန်း၌ စစ်အသုံးစရိတ်များ မြင့်တက်ခဲ့


ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ၂၀၁၅ ခုနှစ်အတွင်းက စစ်ရေးအသုံးစရိတ်များပါ မြင့်တက်လာခဲ့သည်။ သို့သော် လေးနှစ်ဆက်တိုက် စစ်အသုံးစရိတ်များ လျော့ကျခဲ့ပြီးနောက်မှ ၂၀၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် ပြန်လည် မြင့်တက်လာခြင်းဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) မှ ဧပြီ ၅ ရက်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ဖော်ပြခဲ့သည်။

5.4.16

အမြန်ချောပို့လုပ်ငန်း ပိတ်ရက်မရှိ ဖွင့်လှစ်မည်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာ သက္ကရာဇ် ၁၃၇၇ ခုနှစ် နှစ်သစ်ကူး မဟာသင်္ကြန်ရက်များအတွင်း မဟာ သင်္ကြန်အကြတ်နေ့ဖြစ်သော ဧပြီ ၁၄ ရက်(ကြာသပတေး နေ့)နှင့် နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်သော ဧပြီ ၁၈ ရက် (တနင်္လာနေ့)တို့တွင် အများပြည်သူတို့၏ အကျိုးစီးပွားအလို့ငှာ စာဝေလုပ်ငန်းနှင့် ကြေးနန်းစာဝေလုပ်ငန်းများကို နားရက်မယူဘဲ ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

စီးပွားရေးဆန်သော သင်္ကြန်မဏ္ဍပ်များ ခွင့်မပြုသော်လည်း လက်တစ်လုံးခြားလုပ်လာနိုင်ဟု မဏ္ဍပ်စီစဉ်သူများထံမှသိရ

ယခုနှစ် သင်္ကြန်ပွဲတော်ကာလတွင် စီးပွားဖြစ်လုပ်ကိုင်မည့် ရေကစားမဏ္ဍပ်များကို ခွင့်မပြုသော်လည်း လုပ်ငန်း ရှင်အချို့က လက်တစ်လုံးခြားလုပ် ကိုင်ဆောင်ရွက်လာနိုင်ကြောင်း ရေကစားမဏ္ဍပ်ဆောက်ရန် စီစဉ်နေသူများထံမှ သိရသည်။