ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

8.4.16

တပ်မတော်နှင့် KIA တပ်မဟာ ၅လက်အောက်ခံတပ်ရင်းတို့ တိုက်ပွဲဖြစ်

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဌာနချုပ် လိုင်ဇာအနီးတွင် ဧပြီ ၇ ရက် နံနက် ၇ နာရီချိန်တွင် KIA တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၈ ၏ ရှေ့တန်းစခန်းအား လက်နက်ကြီးများဖြင့် နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်သည်ဟု KIO ၏ ပြန်ကြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
“နမ်ဆန်ယန်ကနေ အနောက်ဘက်ကို သွားတဲ့ ဘန်ဒေါင်ဆိုတဲ့ ရွာဟောင်းမှာ ဖြစ်တယ်။ တိုက်ပွဲက ပြင်းထန်တာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ရှေ့တန်း ကာကင်းနေရာမှာ တပ်မတော်ဘက်က အင်အား ၅၀၊ ၆၀ လောက်နဲံ အဝေးကနေ လာပြီး လက်နက်ကြီးနဲ့ ဝိုင်းပစ်တယ်လို့ ကြားတယ်”ဟု မဇ္စျိမကို ပြောသည်။
တိုက်ပွဲ ဖြစ်ပွားရသည့်အကြောင်းအရင်း အသေးစိတ် မသိသေးသော်လည်း လိုင်ဇာ၏ အနောက်ဘက် မြစ်ကြီးနား-ဗန်းမော်ကားလမ်းမပေါ်ရှိ နမ်ဆန်ယန်နှင့် ဘန်ဒေါင်ကျေးရွာအကြား KIAရှေ့တန်းစခန်းအား ရှင်းလင်းလိုသည့်သဘောရှိသည်ဟု သူက ပြောသည်။
”အသေးစိတ်တော့ မသိရသေးဘူး။ ကျွန်တော်ထင်တာက မြစ်ကြီးနား ဗန်းမော်ကားလမ်းရဲ့ အနောက်ဘက်မှာ ကျွန်တော်တို့ ရှေ့တန်းစခန်းတွေကို ဖြေရှင်းချင်တဲ့သဘောနဲ့ လာပစ်တယ်လို့ ယူဆပါတယ်။”ဟု သူက ဆက်လက် ပြောဆိုသည်။
လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသော နေရာတွင် ၂၀၁၅ ခုနှစ်အတွင်းက KIO လိုင်ဇာဌာနချုပ်အနီး အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဖြစ်ပွားမှုမရှိတော့သော်လည်း ယခု ၂၀၁၆ ခုနှစ်တွင် ပထမဆုံးအကြိမ် ဖြစ်ပွားခဲ့ခြင်း ဖြစ်သလို၊ အစိုးရသစ် တက်လာပြီးနောက် ပထမဆုံးအကြိမ် တိုက်ပွဲ ဖ်ြစ်ပွားရခြင်းလည်း ဖြစ်သည်။
သို့သော် မတ်လ ၂၈ ရက်က မန်စီမြို့နယ်ရှိ KIA တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၂ နယ်မြေအတွင်း အစိုးရ စစ်တပ်အင်အား ၁၀၀ ကျော်က လှုပ်ရှားလာသဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာမှုများ ရှိနေဆဲ ဖြစ်သည်။
ဧပြီ ၆ ရက်မှစတင်၍ လိုင်ဇာဌာနချုပ်တွင် လက်ရှိ အစိုးရသစ်နှင့်ငြိမ်းချမ်းရေး ဆွးနွေးနိုင်ရန် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)က အရပ်သားများ ပါဝင်သော “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့”(Shawng lam Mungmasa Jasat Hpung- SMJH)၏ လုပ်ငန်းအစည်းအဝေး ကျင်းပနေချိန်လည်း ဖြစ်သည်။
Credit To >>> Mizzima Burmese 

မှတ်ပုံတင်ခြင်းဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများ ထုတ်ပြန်

အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၄ဝ(က) အရ ထုတ်ပြန် သည့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာနည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေများကို မတ် ၂၈ ရက်က ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် ကြော်ငြာစာအမှတ် ၁ဝ၁၄/၂ဝ၁၆ ဖြင့် ထုတ်ပြန်ပြီးဖြစ်သည်။

ပြည်ပရင်းနှီးမြှုပ်နှံငွေများ တရားမဝင် လမ်းကြောင်းမှလွှဲသည့် လုပ်ငန်းရှင်များကို စစ်ဆေးရန်လိုဟုဆို

ပြည်ပမှရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းရှင်များ၏ တရားမဝင်လမ်းကြောင်းမှ ငွေလွှဲပြောင်းမှုများကို စစ်ဆေးပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးလွင်က ပြောကြားသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ်အတွင်း ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ပြစ်မှု ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ ကျပ်သန်းပေါင်း ၂၃၁၆၆ ကျော်အထိ ရှိနေကြောင်း သိရ

မြန်မာနိုင်ငံတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်၍ ၂၀၀၆ ခုနှစ်မှ ၂၀၁၅ ခုနှစ် အတွင်း ပြစ်မှုပေါင်း ၂၁ မှု အရေးယူခဲ့ကာ ကျူးလွန်သူသုံးဦးကို ဖမ်းဆီးအရေးယူခဲ့ပြီး နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းငွေ စုစုပေါင်း ကျပ်သန်းပေါင်း ၂၃၁၆၆ ဒဿမ ၂၈ အထိ ရှိနေသည်ဟု မြန်မာငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (Myanmar Financial  Intelligence Unit) မှ  ဧပြီ ၇ ရက်တွင် ရန်ကုန်မြို့ရှိ  ကုန်သည်စက်မှုအသင်းချုပ်၌ ပြုလုပ်သည့် ငွေကြေးခ၀ါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု စနစ်အတွင်း သတင်းပို့ အဖွဲ့အစည်းများ၏ အခန်းကဏ္ဍဆိုင်ရာ အသိပညာပေးဟောပြောပွဲမှ သိရသည်။

ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်းကို သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ ကုမ္ပဏီနှစ်ခု ရင်းနှီး မြှုပ်နှံမည်

မြန်မာနိုင်ငံ အတွင်း သတ္တု အများဆုံး ထွက်ရှိသည့် ချင်းပြည်နယ်၌ မြေအောက် သတ္တုတူးဖော်ရေး လုပ်ငန်း ကို ၂ဝ၁၆ ခုနှစ်တွင် သြစတြေးလျနိုင်ငံရှိ First Light Mandalay Mining & Metals ကုမ္ပဏီနှင့် အိန္ဒိယ နိုင်ငံရှိ Balasore Alloys ကုမ္ပဏီတို့မှ တာဝန်ယူ လုပ်ဆောင်ရန် လျှောက်ထားကြောင်းချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

စက်ရုံ အလုပ်ရုံနှင့် ကုမ္ပဏီလုပ်ငန်းများ အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက နာရီကို တိကျမှန်ကန်စွာ တင်ပြရမည်


စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီ လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် နိုင်ငံတော်က သတ်မှတ် ထားသည့် အလုပ်ချိန်ပြင်ပ အချိန်ပိုဆင်းစေလိုပါက အချိန်ပိုနာရီကို တိကျမှန်ကန်စွာ တွက်ချက်၍ အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ပါက ဒဏ်ငွေ ငွေကျပ်သိန်း ၂ဝ ပေးဆောင်ရမည် ဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

7.4.16

ပင်တဂွန်စစ်ဌာနချုပ်တွင် ကြယ်လေးပွင့်အဆင့် ဗိုလ်ချုပ်ကြီးများလျှော့ချမည်

 
အမေရိကန် ပင်တဂွန်စစ်ဌာန ချုပ်တွင် ကြယ်လေးပွင့်အဆင့်ရှိ ကြည်းတပ်နှင့် ရေတပ်ဗိုလ်ချုပ်ကြီး များအား တဖြည်းဖြည်းချင်းလျှော့ချ သွားမည်ဟု ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက ဧပြီ ၅ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်ပြောကြား

ငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈၊ အရေးပေါ်စီမံမှု အက်ဥပဒေတို့အား ပြန်လည်ရုပ်သိမ်းသင့်ကြောင်း လွှတ်တော်သို့ အကြံပြုထားဟု ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်က ဧပြီ ၆ ရက်တွင် ပြောကြားသည်။

တရုတ်အစိုးရပိုင် Guang Zhenrong မှ ဦးဆောင်လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်း ယခင်အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိ


တရုတ်အစိုးရပိုင် Guandong Zhenrong Energy Co (GDZR) မှ ဦးဆောင် လုပ်ကိုင်မည့် ဒေါ်လာ သုံးဘီလျံတန် ရေနံချက်စက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ယခင် အစိုးရ လက်ကျန်သက်တမ်းတွင် ခွင့်ပြုချက် ရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

ပြည်နယ်အစိုးရအဖွဲ့တွင် ပါဝင်မည်ဆိုပါက ANP အမတ်ကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဟုဆို

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက အဆိုပြုသော ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးတာဝန်ကို ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ထမ်းဆောင်မည်ဆိုပါက ၎င်းကို ပါတီမှ ထုတ်ပယ်သည်အထိ အရေးယူမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဖေသန်းကပြောကြားသည်။