ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

19.8.16

အဖမ်းအဆီး ကြမ်း၍ တရုတ်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်း


တရုတ်နိုင်ငံသို့ တရားမဝင် တင်ပို့နေသော မြန်မာ့ဆန်များကို တရုတ် အစိုးရဘက်က အဖမ်းအဆီး များပြားနေခြင်းကြောင့် လတ်တလော တရုတ်နိုင်ငံဘက်သို့ ဆန်တင်ပို့မှု ခေတ္တ ရပ်ဆိုင်းထားကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။ 

KIO ဌာနချုပ် လိုင်ဇာအနီး လက်နက်ကြီးကျဟုဆို

ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ဌာနချုပ် လိုင်ဇာအနီးသို့ လက်နက်ကြီးကျရောက်လာသဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ညီလာခံအား တစ်စုံတစ်ရာ အနှောက်အယှက် ဖြစ်နိုင်ကြောင်း KIO ၏ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူကပြောသည်။

ရွှေတိဂုံစေတီတော်တွင် လုံခြုံရေးတင်းကျပ်ထား

 ရွှေတိဂုံစေတီတော် လုံ ခြုံရေးအတွက် ယခုရက်ပိုင်းအ တွင်း ယခင်ထက် ပိုမိုတင်းကျပ် စွာ ဆောင်ရွက်ထားပြီး ဘုရားရင် ပြင်တော် နေရာအနှံ့ကို လုံခြုံရေး ကင်မရာများဖြင့် တပ်ဆင်စောင့်ကြည့်နေကြောင်း ရွှေတိဂုံဂေါပ ကအဖွဲ့ဝင် ဦးသောင်းထိုက်က ပြောကြားသည်။ စေတီတော်လုံခြုံရေးအတွက် စေတီတော်တွင် ခန့်အပ် ထားသည့် လုံခြုံရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၂၄ နာရီ အလှည့်ကျ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေသည်ဟု ၎င်းကဆိုသည်။

ခွင့်ပြုပုံစံနှင့်ကိုက်ညီမှုမရှိဘဲ အဆောက်အအုံများဆောက်လုပ်နေမှု အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား အရေးယူမည်


အဆောက်အအုံနှင့် ကုန်ရုံဌာနသို့တင်ပြခြင်းမရှိဘဲ ဆက်လက်ဆောက်လုပ်သော အဆောက်အအုံအား ခွင့်ပြုချက်မဲ့အဆောက်အအုံအဖြစ် သတ်မှတ်၍ အိမ်ရှင်နှင့် လိုင်စင်ရကြီးကြပ်အင်ဂျင်နီယာအား မန္တလေးမြို့တော်စည်ပင်သာယာ၏ တည်ဆဲဥပဒေ၊နည်းဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

18.8.16

နယ်စပ်လမ်းကြောင်း ၁၂ ခုတွင် တရားမ၀င် ကုန်စည်စစ်ဆေးရေး စခန်းများ ဖွင့်လှစ်ရန် စီစဉ်

တရားမ၀င်ကုန် စည်စီးဆင်းမှုတားဆီးရေး တိုင်း ဒေသကြီးနှင့် ပြည်နယ် ခြောက်ခုရှိ လမ်း ကြောင်း ၁၂ခုတွင် စစ်ဆေးရေးစခန်းများဖွင့်လှစ်ရန် စီစဉ်နေကြောင်း

ကမ္ဘာ့အကြီးဆုံး လေယာဉ် ပွဲဦးထွက် ခရီးစဉ် ပျံသန်း

ကမ္ဘာ့အကြီးဆုံး လေယာဉ်၏ ပွဲဦးထွက် ဝေဟင်ပျံသန်းမှုကို နည်းပညာပြဿနာကြောင့် တစ်ကြိမ်ကြိုးစားမှု ပယ်ပျက်ပြီး လေးရက်အကြာ သြဂုတ် ၁၇ ရက်တွင်   အောင်မြင်စွာပျံသန်းသည်။

လာမည့်နွေကာလ လျှပ်စစ်ဓာတ်အား လိုအပ်ချက် ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံ တင်ဒါကို သြဂုတ် ၁၈ ရက်တွင် စတင်စိစစ်မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ်သုံးနိုင်သည့် စက်ဖြစ်ရန် စည်းမျဉ်းများ ပြင်ဆင်သတ်မှတ်

လာမည့်နွေကာလ ရန်ကုန်မြို့၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန် မဂ္ဂါဝပ် ၃၀၀ ထွက်ရှိမည့် ဓာတ်အားပေးစက် ရုံတင်ဒါကို သြဂုတ် ၁၈ ရက်၌ စတင်စိစစ် မည်ဖြစ်ပြီး စက်အသစ်ဖြစ်ရန်နှင့် Duel Fuel စနစ် သုံးနိုင်သည့် စက်ဖြစ်ရန် အချက်များ တင်ဒါစည်းမျဉ်းတွင် ပြင်ဆင်ထည့်သွင်းထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းမှ သိရသည်။

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအ၀င် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ၀န်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ် အကြံပြုဆွေးနွေး

မြန်မာ့လယ်ယာ ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်အနေဖြင့် ထုတ်ချေးနိုင်သည့် ငွေပမာဏ၊ အချိန်အတိုင်းအတာ၊ ချေးငွေအမျိုးအစားတို့မှာ လယ်သမားများ အပါအ၀င် စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် တကယ်ထိရောက်စွာ ၀န်ဆောင်မှု ပေးနိုင်ပြီလား ဆိုသည်ကို အားမနာတမ်း ဆန်းစစ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသက်သက်ခိုင်က အကြံပြုဆွေးနွေးသည်။

17.8.16

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း ၁၈၀,၀၀၀ ခန့် ဖော်ထုတ်ရန် စီစဉ်ထား

၅ နှစ်အတွင်း တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၁၈၀,၀၀၀ ခန့်ဖော်ထုတ်သွားဖို့အတွက် မြေနေရာ ရှာဖွေ နေတယ်လို့
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အမြဲတန်းအတွင်းဝန် ဦးကျော်လင်းက အစိုးရသစ်ရဲ့ ပထမရက် ၁ဝဝ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများသတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။