ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

22.5.13

" ကြည့်မြင်တိုင်ရှိ အမှိုက်ပုံးအတွင်းမှ လက်နက်များ ရှာဖွေတွေ့ရှိမှုအား စုံစမ်းရေးကော်မတီဖွဲ့ စစ်ဆေးမည် "


၂၂.၅.၂၀၁၃၊ ဗုဒ္ဓဟူးနေ့

ကြည့်မြင်တိုင်မြို့နယ်ရှိ အမှိုက်ပုံးတစ်ခု အတွင်း သေနတ်နှင့်ကျည်ဆန်များ လာရောက် စွန့်ပစ်သွားသူအား ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့မှ စုံစမ်းရေးကော်မတီဖွဲ့၍ အမြန်ဆုံးဖော် ထုတ်ရန် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ပွိုင့် ၃၈ပစ္စတိုသေနတ်တစ်လက်နှင့် ကျည် မျိုးစုံပါဝင်သည့် အိတ်အား မေလ ၂ဝ ရက်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်က ရန်ကုန်မြို့ တော်စည်ပင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်း ရေးဌာန၏ မြို့နယ်သန့်ရှင်းရေးတာဝန်ခံ ရုံးမှနေ့စားဝန်ထမ်းဖြစ်သူ မသင်းမြတ်စိုးက ကြည့် မြင်တိုင်ဈေးကြီး အရှေ့ရပ်ကွက်၊ ဗိုလ်သူရလမ်း နှင့် 
ပိတောက်ပင်လမ်းထောင့်ရှိ အမှိုက်ပုံးအား သိမ်းဆည်း၍ အမှိုက်ကန်၌သွားရောက်သွန်စဉ် ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

''သန့်ရှင်းရေးဝန်ထမ်းအမျိုးသမီးက သူ့ဂျူ တီလဲတော့မယ့်အချိန်မှာ အဲဒီအမှိုက်ပုံးက အမှိုက် တွေ သူ့တွန်းလှည်းထဲထည့်ပြီး ကျောင်းကြီးလမ်းနဲ့ ဗိုလ်သူရလမ်းထောင့်က အမှိုက်ကန်မှာ သွား သွန်တဲ့အချိန်ကျမှ သေနတ်ထည့်ထားတဲ့အိတ် ကို တွေ့ရတာ။ တွေ့တွေ့ချင်း ရုံးကိုယူလာပြီး လာအပ်တဲ့အတွက် ခရိုင်စည်ပင်ရုံးနဲ့ မြို့နယ် ရဲစခန်းကို အကြောင်းကြားပြီး ရဲတွေကို အပ်လိုက် တယ်''ဟု ကြည့်မြင်တိုင်မြို့နယ် သန့်ရှင်းရေးဌာန တာဝန်ခံ ကိုမျိုးမင်းအောင်က ပြောသည်။

ရဲတပ်ဖွဲ့မှအဆိုပါပစ္စတိုသေနတ် တစ်လက် ပါဝင်သည့် ကြွပ်ကြွပ်အိတ်အားရှာဖွေရာ အိတ်အတွင်းမှ နံပါတ် ၁၇၇၃၇၄ နှင့် STAR TRADE MARK စာတန်းပါ ၃၈ ပစ္စတိုအသေး စတီး 
ရောင်တစ်လက်၊ ကျည်ဘောက်စတီးရောင်တစ် ခု၊ ၎င်းသေနတ်သုံး ကျည် ၁၃ တောင့်(အဟောင်း)၊ ပစ္စတို ထည့်အိတ်အနက်ရောင် တစ်ခု၊ M-၁၆ ကျည်ကပ်အတိုတစ်ခု(အဟောင်း)၊ M-၁၆ ကျည် ၅ ဒသမ ၅၆ နံပါတ်ပါ ၅၆ တောင့်(အဟောင်း)၊ ၉ မမ ကျည် ၂၂ တောင့်(အဟောင်း)၊ ကာဘိုင် ကျည် ၁၁ တောင့်အဟောင်းတို့အား သိမ်းဆည်း ရမိခဲ့ပြီး မေလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးသို့ ပေးပို့အပ်နှံခဲ့ကြောင်း သိရသည်။

ယခုကဲ့သို့ သေနတ်နှင့် ကျည်ဆန်များတွေ့ ရှိသိမ်းဆည်းနိုင်ခဲ့ခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယမန် နှစ်က ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ခုသို့ ပြည် ပမှပေးပို့သော ကုန်ပစ္စည်းအိတ်များအတွင်း အ လားတူ ပစ္စတိုသေနတ်နှင့် ကျည်ဆန်များပါဝင် လာမှုအား သက်ဆိုင်ရာမှ ရှာဖွေသိမ်းဆည်းနိုင် ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရ သည်။ ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ကြည့်မြင်တိုင် သန့်ရှင်းရေးဌာနမှ တာဝန်ခံ ကိုမျိုးမင်းအောင်က နေ့စားစည်ပင်သန့် ရှင်းရေးဝန်ထမ်းများအား အမှိုက်သိမ်းရာ၌ မသင်္ကာစရာပစ္စည်းများ ရှာဖွေ တွေ့ရှိရပါကရုံးသို့ အမြန်ဆုံးလာရောက် အပ်နှံ ရန် ညွှန်ကြားထားသည့်အတွက် မသမာသူများ
လက်ထဲသို့ မရောက်ဘဲ သက်ဆိုင်ရာသို့ အချိန်မီ အပ်နှံနိုင်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောသည်။

Popular News Journal

21.5.13

"ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး လှုံ့ဆော်ရေး ကဏ္ဍတွေမှာ ပါဝင်မယ့် ချစ်သုဝေ"

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့

လူမှုရေး လုပ်ငန်းများကို ဆောင်ရွက်ပေးနေတဲ့ ချစ်သုဝေက လက်ရှိ လုပ် ဆောင်နေတဲ့ မူးယစ်ဆေးဝါး ဆန့်ကျင်ရေး၊ မသန်စွမ်း ကလေးငယ် များနဲ့ မိဘမဲ့ကလေးငယ်များအတွက်လည်း လှုပ်ရှားမှုတွေ ပါဝင်ဆောင် ရွက် ပေးသူတစ်ဦး ဖြစ်ပါတယ်။ နောက်ထပ်လည်း ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အတွက် ပရိုဂရမ်လေးတစ်ခုကို ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ် )နဲ့ ရိုက် ပေးဖို့ရှိပြီး ဆွေးနွေးပွဲတွေ တက်ရောက်ပေးဖို့ ရှိကြောင်း၊ ကျန်းမာရေး အနေနဲ့ တီဘီရောဂါ တိုက်ဖျက်ရေး အတွက် စိုင်းစည်တွမ်ခမ်း နဲ့အတူ ရိုက်ကူးပေးဖို့ ရှိကြောင်းပြောပါတယ်။ ဆင်းရဲနွမ်းပါးမှုပပျောက်ဖို့ အတွက် ချစ်သုဝေက..

”ဆင်းရဲနွမ်းပါးမှုနဲ့ ဆိုင်တာလည်းသိရမယ်။ ထရီဇာ တို့နိုင်ငံမှာ အခြေခံ အုတ်မြစ် က ဒီ ဆင်းရဲနွမ်းပါးမှုကြီး မပပျောက်လို့ဖြစ်တာပေါ့။ လတ်တေ လာ ဖြေရှင်းတာ ထက်စာရင် ထရီဇာက သူတို့ အတွက် ပြန်လည် ထူထောင်ရေး ကို ဖြစ်စေချင်တယ်။ ထရီဇာထင်တာကတော့ ထရီဇာတို့ ဆီမှာ သဘာဝဘေး အန္တရာယ်တွေကြောင့် ကျရောက်လာတဲ့ အန္တရာယ်တွေ ဖြစ်တဲ့အခါမှာ ဘယ်လိုချဉ်း ကပ်ကြမလဲဆိုတာ စနစ်တကျ မရှိဘူး။ ထရီဇာ တို့လည်း ပြောသာပြောနေတာ၊ ကိုယ့် ဥာဏ်နဲ့ကိုယ် ထင်သလိုတွေပြောနေတာ။ စနစ်တကျ သင်ကြားပို့ချပေးမယ့် အဖွဲ့တွေ လည်း မရှိဘူး။လုပ်ပေး မယ့်အဖွဲ့တွေလည်းမရှိ ဘူး။ လူကြောင့်ဖြစ် တဲ့ ဘေးအန္တရာယ် ပဲဖြစ်ဖြစ်၊ သဘာဝဘေး အန္တရာယ် ကြောင့် ပဲဖြစ်ဖြစ် ဘေးအန္တရာယ် ဖြစ်လာပြီး နောက်ပိုင်းမှာ ချက်ချင်း ဘယ်လိုပြန် လည်ကယ်ဆယ် ရေးတွေလုပ်ကြမလဲ။ နောက်ထပ် ပြန်လည်ထူထောင်ရေးတွေ ဘယ် လိုလုပ်ကြမလဲ၊ ဒါဆိုရင် နှစ်နဲ့ ချီပြီးတောင် စောင့်စရာမလို ဘူး။ ဒီနိုင်ငံမှာက ပညာ ရေးတအား အားနည်း တော့ စနစ်တကျ ဘယ် လိုလုပ်ရမလဲ ဆိုတာ သင် ယူလေ့ လာရ မှာပါ။ 

လူရယ်လို့ဖြစ်လာရင်ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည်ရ မယ်ဆိုတဲ့ အသိစိတ် ရှိရမယ်။အဲဒီ အတွက် team တွေခေါ်၊ပညာ တတ်တွေခေါ်၊ တကယ့် volunteer တွေစုပြီး လခတွေပေး တဲ့NGO လို ဖွဲ့ပြီး ထိထိမိမိ လုပ်ရမယ်” လို့ သူ့ ရဲ့ အမြင်ကို ပြောပါတယ်။

ခိုင်ဝေလွင်
 

သီချင်းတွေလိုက်ဆို တတ်နေပြီ ဖြစ်တဲ့ ပြေသုဒြာ အကြောင်း ပြောတဲ့ ပြေတီဦး

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့


ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်) ရိုက်ကူးတဲ့ “အလုအယက်” ဆိုတဲ့ ဗီဒီယို ဇာတ်ကားမှာ ပြေတီဦးက ဝိုင်းစုခိုင်သိန်း၊ အိချော ပိုတို့နဲ့အတူ သရုပ်ဆောင် ထားပါတယ်။ ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်က အနုပညာ အလုပ်တွေကို ခဏတာ ရပ်နားထားတဲ့ အပေါ် နှမြောလည်း နှမြောမိသလို သူ့ရဲ့ စိတ်ကိုလေးစား မိတယ်လို့ ပြောလာတဲ့ ပြေတီဦးက “နှမြောတယ်လို့ ပြောလို့ရသလို၊ သူ့စိတ်ကို လေးစား တယ် လို့လည်း ပြောလို့ ရတယ်။
 
ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာ သိလိုက်ရတဲ့ အရာ တစ်ခုက သူဘာကြောင့် အောင်မြင်ခဲ့သလဲ ဆို တာ အခုမှ ကျွန်တော် သေချာ သိလိုက် ရတာ။ အလုပ် တစ်ခုကို လက်ခံပြီး အဲဒီအလုပ် အပေါ်သူက စိတ်ရော ကိုယ်ပါနှစ်ပြီး ကြိုးစားခဲ့တယ်။ ဒါကြောင့် အခုလို အောင်မြင်ခဲ့ တာ။ ဒီအချိန်မှာ သူ့ရဲ့ စိတ်ခံစား ချက်က ဘာဖြစ်လာလဲ ဆိုတော့ သူ့သမီး နားမှာ နေချင်တာ။ သူရှုတင် ကိုသွား တယ်။ ကားရိုက်တယ်။ ဒါပေမဲ့ သူ့စိတ်က ရှုတင်ပေါ်မှာ အပြည့်အဝ မရှိဘူး။ သူ့သမီး ဆီပဲ စိတ်ကပြန် ပြန်ရောက်နေတယ်။ 
 
သူ့သမီး ဘာ လုပ်နေလဲ၊ ဘာစားနေလဲ။ အဲဒီလို စိတ် မျိုးပေါ့။သူက ဒီရှုတင်ဆို တဲ့ အလုပ် ပေါ်မှာ ၁ဝဝရာခိုင်နှုန်း စိတ်ကို နှစ် လို့မရဘူး။ အဲဒီလိုနှစ်လို့ မရ တဲ့အတွက်ကြောင့် သူက မလုပ်ချင် ဘူး။ သူကသူ လက်ခံထားတဲ့ အလုပ် ကို အပြည့် အဝကို တာဝန် ယူနိုင်မှကို သူလုပ်ချင်တာ။ သူဒီလိုမျိုး ဆုံးဖြတ် ရဲတဲ့ အတွက်လည်း လေးစားတယ်” လို့ ဇနီး နဲ့ပတ်သက်ပြီးပြောပါတယ်။ မိဘနှစ်ဦး စလုံးက အနုပညာဝါ သနာကြီး သူတွေဖြစ်လို့ သမီးလေး ပြေသုဒြာ မှာကော မိဘတွေရဲ့ အနု ပညာ ဗီဇပြတာမျိုးတွေကော ရှိလား လို့ မေးတော့…

“သမီးကအခု လက်ရှိတော့ သရုပ်ဆောင်ထက် သီချင်းတွေကို ပိုပြီး စိတ်ဝင်စားတယ်။ သီချင်း တွေကို ပိုရတယ်။ အခုဆိုရင် တချို့ သီချင်း တွေဆို တစ်ပုဒ်၊ နှစ်ပုဒ်လောက်ကို သူတစ်ယောက်တည်း ဆိုနိုင်နေပြီ။ သီချင်းတွေကို သူက မှတ်မိနေပြီ။ သူက တစ်နှစ်နဲ့ နှစ်လလောက်ကတည်း က သီချင်းတွေ လိုက် ညည်းနေပြီဆို တော့ သီချင်းဘက်မှာ ပိုပြီးတော့ စိတ်အား ထက်သန်သလို ပုံစံမျိုးလေး တော့ တွေ့ရတယ်။ ဝိုင်းစု ခိုင်သိန်း ဆိုရင် သိပ်ကြိုက်တာ။ ကြော်ငြာလာ လည်း လိုက်ဆိုတယ်။ သားချော့တေး လေးတွေဆို လည်း သူရတယ်”လို့ ပြောပြခဲ့ပါတယ်။

နေကွန်းထင်
 

မြန်မာ့အပြောင်းအလဲ အိုဘားမားကြိုဆို၊ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့ သတိပေး

၂၁.၅.၂၀၁၃၊ အင်္ဂါနေ့ 

အမေရိကန် သမ္မတ အိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်ကို ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ကြိုဆိုတွေ့ဆုံခဲ့ပါတယ်။

သမ္မတနှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ကြအပြီး သတင်းထောက်တွေကို ပြောကြားခဲ့ကြရာမှာ သမ္မတ အိုဘားမားက ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုတွေကို ချီးကျူးလိုက်ပြီး၊ တချိန်တည်းမှာ မြန်မာနိုင်ငံတွင်းက ဘာသာရေးပဋိပက္ခတွေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာအပေါ် ဆက်ဆံရေးပြောင်းလဲလာရတာက သမ္မတ ဦးသိန်းစိန်ရဲ့ ခေါင်းဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြောင်းလဲမှုတွေကြောင့်ဖြစ်ပါတယ်၊ သမ္မတဦးသိန်းစိန် ပြောခဲ့သလိုပဲ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းဟာ ခရီးရှည်ကြီးဖြစ်ပါတယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်၊ လက်နက်ကိုင် လူမျိုးစုတွေနဲ့လည်း အပစ်အခတ်ရပ်စဲရေးသာမက၊ နိုင်ငံရေးမှာ ပါဝင်ပူးပေါင်းနိုင်အောင် ဆောင်ရွက်မယ်လို့လည်း ပြောခဲ့ပါတယ်။

ဒါ့ပြင်မွတ်စလင်တွအပေါ် အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့အခါ အိုးအိမ်မဲ့ဖြစ်ပြီး၊ နေရာရွှေ့ပြောင်းရသူတွေကို လူ့ဂုဏ်သိက္ခာနဲ့အညီဆက်ဆံပြီး အကူအညီတွေပေးရေးကိစ္စ သဘောတူခဲ့ကြပါတယ်၊ နိုင်ငံတကာကလည်း ကူညီမှာဖြစ်ပါတယ်၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီတွေ ဥပမာ UDAID ရဲ့ မြန်မာ့လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကူအညီ၊ ရန်ကုန်-မန္တလေး အမြန်လမ်းပြုပြင်ရေးစတဲ့ကိစ္စတွေလည် ဆွေးနွေးခဲ့ကြပါတယ်လို့ ပြောကြားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်က ပြောကြားရာမှာ

"အမေရိကန်ပြည်ထောင်စုဟာ ၁၉၄၇ ခုနှစ် ကျွန်တော်တို့ လွတ်လပ်ရေးမရခင်ကာလတည်းက သံတမန်ဆက်သွယ်မှုရှိခဲ့ပါတယ်၊ ဟိုတုန်းကလည်း အကြီးအကဲတွေ လာရောက်လည်ပတ်မှုတွေ ရှိခဲ့ပါတယ်၊ အမှန်က သမိုင်းကြောင်းအရ ရင်းနှီးပြီးသားနိုင်ငံတွေဖြစ်ပါတယ်၊ သို့သော်လည်းပဲ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေးဟာ အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်၊ ကျွန်တော်ဆိုရင် နှစ်ပေါင်းများစွာအတွင်းမှာ မြန်မာနိုင်ငံရဲ့ အကြီးအကဲတစ်ယောက်အနေနဲ့ အခုလိုအမေရိကန်ကို ပထမဆုံးအကြိမ် လာရောက်ခွင့်ရတာဖြစ်ပါတယ်၊ ဒါကလည်း သမ္မတကြီး ဖိတ်ကြားပေးတဲ့အတွက်ကြောင့် အခုလိုလာရောက်ခွင့်ရတာဖြစ်ပါတယ်"

ဆက်လက်ပြီး ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ရပ်တန့်အောင် ဆောင်ရွက်မှာဖြစ်သလို၊ လှုံ့ဆော်သူတွေအားလုံးကိုလည်း တရားဥပဒေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း၊ ခွဲခြားဆက်ဆံမှုမရှိရအောင်လည်း ကြိုးပမ်းသွားမှာဖြစ်ကြောင်း၊ အသွင်ကူးပြောင်းမှုတွေ အောင်မြင်အောင်၊ ဒီမိုကရေစီအမြစ်စွဲအောင်၊ အထီးကျန်ဘဝကို အတိတ်မှာထားရစ်ခဲ့နိုင်အောင်၊ တခြားအာရှနိုင်ငံတွေကို အမီလိုက်နိုင်အောင်၊ အကြမ်းဖက်မှုနဲ့ တိုက်ပွဲတွေရပ်ဆိုင်းအောင် ပြည်သူအားလုံးက ဘယ်လောက်ထိ ဆန္ဒပြင်းပြနေကြတယ်ဆိုတာ သိရှိပါကြောင်း၊ မြန်မာနိုင်ငံဟာ ကုန်သွယ်ရေးနဲ့ ပညာရေးအဆင့်မြှင့်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အစွမ်းကုန်ကူညီမှုတွေကို လိုအပ်နေပါကြောင်း ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ သတင်းစာရှင်းလင်းပွဲမှာ မြန်မာဆိုတဲ့အမည်ကို တစ်လျှောက်လုံး သုံးနှုန်းခဲ့ပါတယ်၊ ယဉ်ကျေးမှုသဘောနဲ့ သုံးနှုန်းတာဖြစ်ကြောင်း အိမ်ဖြူတော် ပြောခွင့်ရသူ ဂျေးကာနေးက ဆိုပါတယ်၊ ဂျေးကာနေးကတော့ Burma ရော Myanmar ပါ အမည်နှစ်မျိုးလုံး သုံးစွဲသွားခဲ့ပါတယ်။

RFA Burmese

20.5.13

ဆားဝက်ခြံကြောင့် စိတ်ညစ်နေသော သူများအတွက် ကုသမှုနည်းလမ်း

၂၀.၅.၂၀၁၃ ၊ တနင်္လာနေ့

 

၁။သွားတိုက်ဆေးကို ခပ်ပါးပါး လိမ်းပါ။
နာရီဝက်ခန့် ကြာလျှင် ရေဆေးပြစ်ပါ။ ပြီးလျှင် facial form နှင့်မျက်နှာ သစ်ပါ။ သွားတိုက်ဆေးနှင့် ဆားဝက်ခြံ ဓါတ်ပြုကာ အပေါ်ပိုင်း တစ်ဝက်သာ ထွက်သွားသဖြင့် တစ်ပတ် နှစ်ကြိမ့်ခန့်  အပတ်တိုင်း ပြုလုပ်သင့်သည်။

၂။ရေနွေးဖြင့် မျက်နှာသစ်ပါ။ ရှောက်သီးကို ခွက်ထဲညှစ်ပြီး ဆားနည်းနည်း ထည့်ကာ မွှေပါ။ ၂၀မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေနွေးဖြင့် မျက်နှာပြန်သစ်ပါ။

၃။ခရမ်းချဉ်သီး အခွံပါးကို ခွှာပြစ်ပါ။ အနှစ်ကိုခြေကာ လိမ်းပြီးအိပ်ပါ။ ခရမ်းချဉ်သီးဧ။် ပိုးသေစေသော အာနိသင်ကြောင့် ဆားဝက်ခြံ ဖြစ်စေသော ဘက်တီးရီးယားများ သေသွား ခြင်းကြောင့် ဆားဝက်ခြံများ လျော့ပါး လာလိမ့်မည်။

၎။သံပုရာရေနှင့် သစ်ကြံပိုးမှုန့် ဆတူရောပါ။ ညအိပ်ရာဝင် လိမ်းပြီး မနက်မှသာ ရေဖြင့် ဆေးပြစ်ပါ။

၅။ဆန်ကို နွားနို့ထဲတွင် ၅နာရီခန့် စိမ်ထားပါ။ ပြီးလျှင် အနှစ်ဖြစ်သွားသည် အထိ ကြိတ်ခြေပြစ်ပါ။ ပြီးလျှင် ဆားဝက်ခြံ ရှိသောနေရာများကို ဆပ်ပြာ တိုက် သကဲ့သို့  ဆန်နှစ်ဖြင့် ခပ်ကြာကြာ ပွတ်တိုက်ပါ။

၆။ပျားရည်ကို ၁၅မိနစ်ခန့် လိမ်းထားပါ။ ပြီးလျှင် ရေဆေးပြစ်ပါ။
ဘယ်သောအခါမှ ကုတ်ခြင်း၊ ဆိတ်ခြင်း၊ ညှစ်ခြင်း မပြုလုပ်ပါနှင့်။ 

ဆားဝက်ခြံကို ပိုဆိုး စေနိုင်သလို ၊အနာအဖြစ်သို့ ရောက်သွား စေနိုင်သည်။ နှာခေါင်းကိုလည်း ဒဏ်ဖြစ်ခါ ပုံပန်းသဏ္ဍာန် ပျက်စေသည်။ ထို့ပြင် မမြင်နိုင်သော ပိုးမွှားများကြောင့် မမျှော့်လင့်သော အရာများကို ဆိုးဝါးစွာဖြစ်စေနိုင်သည်။

အပြစ်ကင်း ချောမောလှပသော မျက်နှာ ပိုင်ရှင်များ ဖြစ်ကျပါစေ။

spectrum.myanmar

19.5.13

နိုင်ငံတကာမှ အဖွဲ့ဝင်နိုင်ငံများ ပါဝင်သည့် BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံးအကြိမ် ကျင်းပ


မေလ ၁၉ ရက်


BIMSTEC အဖွဲ့ဝင် နိုင်ငံများ ပါဝင်သည့် Curtain Raiser on BIMSTEC ဆွေးနွေးပွဲ အခမ်းအနားကို ဒဂုံတက္ကသိုလ်၌ ပထမဆုံး အကြိမ်အဖြစ် မေ ၁၅ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။ 

အိန္ဒိယသမ္မတနိုင်ငံ၊ ကိုလ်ကတ္တား တက္ကသိုလ်၊ နိုင်ငံတကာမူဝါဒ လေ့လာရေးဌာန Institute of Foreign Policy Studies (IFPS)၊ ပညာရေး ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတကာ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေးဌာန Centre For Studies in International Relations and Development (CSIRD) တို့နှင့် ဒဂုံတက္ကသိုလ်တို့အကြား BIMSTEC ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာစာတမ်းရှင် လေးဦးနှင့် အိန္ဒိယနိုင်ငံမှ စာတမ်းရှင် သုံးဦးတို့က စာတမ်းခုနစ်စောင် ဖတ်ကြားတင်သွင်းခဲ့သည်။

"ဒီညီလာခံမှာက BIMSTEC အဖွဲ့ဝင် နိုင်ငံတွေက ပညာရှင်တွေ၊ သံတမန်တွေက အဖွဲ့အစည်းကြီးအပေါ် အမြင်တွေကို ရှု့ထောင့်အဖုံဖုံနဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို ဆွေးနွေးရခြင်းကတော့ BIMSTEC အဖွဲ့ကြီးရဲ့ အနာဂတ် ဦးတည်ချက် မြေပုံကို ရေးဆွဲပြင်ဆင်နိုင်ဖို့ ဖြစ်ပါတယ်။ နံနက် ၁၀ နာရီကနေ စတင်ပြီး ညနေ ၃ နာရီခွဲမှာ အခမ်းအနား ပြီးဆုံးခဲ့ပါတယ်" ဟု ညီလာခံသို့ တက်aရာက်ဆွေးနွေးသူ တစ်ဦးက ဆိုသည်။ 

"ဒဂုံတက္ကသိုလ်နဲ့ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား တက္ကသိုလ်တို့က မြန်မာနိုင်ငံကို အိန္ဒိယ ၀န်ကြီးချုပ် လာရောက်စဉ်အတွင်း နေပြည်တော်မှာ ပညာရေးဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ အခုဆွေးနွေးပွဲက အဲဒီရဲ့ ရလဒ်တစ်ခုလည်း ဖြစ်ပါတယ်။ ဒဂုံတက္ကသိုလ်က နိုင်ငံတကာက တက္ကသိုလ်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ရှိတယ်" ဟု ဒဂုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာလှဌေးက ဆိုသည်။ 

BIMSTEC အဖွဲ့၌ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ထိုင်း၊ နီပေါနှင့် ဘူတန်နိုင်ငံတို့ ပါဝင်သည်။ 

Eleven Media Group

နယ်စပ်ဒေသမှ ကြက်နှင့်ကြက်ထွက် ပစ္စည်းများ H7N9 ကူးစက်မှု ရှိမရှိ သိရှိရန် ရန်ကုန်ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်


၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့
 

တရုတ်နိုင်ငံတွင် ဖြစ်ပွားနေသည့် ကြက်ငှက်တုပ်ကွေး မျိုးစိတ်သစ် H7N9 ပြည်တွင်း၌ ကူးစက်မှု ရှိမရှိ နယ်စပ်ဒေသများမှ ကြက်နှင့် အခြားကြက်ထွက် ပစ္စည်းများကို မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနအောက်ရှိ တိရစ္ဆာန် ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ ရောဂါပျံ့နှံ့မှု လေ့လာရေး ဌာနစိတ်မှ သိရသည်။

ကနဦး အနေဖြင့် မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်၊ လောက်ကိုင်၊ လားရှိုး၊ နမ့်ခမ်း၊ ကုန်းကြမ်း၊ မိုင်းလားနှင့် ချင်းရွှေဟော်ရှိ ကြက်နှင့် အခြားကြက်ထွက်ပစ္စည်း ၆၀၀ ခန့်ကို နမူနာယူကာ ရန်ကုန်တိုင်း ဒေသကြီးရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန၊ တိရစ္ဆာန်ရောဂါ ရှာဖွေရေး ဓာတ်ခွဲခန်းသို့ နမူနာပစ္စည်း ထုတ်ယူပြီး ၇၂ နာရီအတွင်း ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် နယ်စပ်ဒေသများရှိ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ၀န်ထမ်းများကို ကြက်ငှက်တုပ်ကွေးနှင့် ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှု၊ သုတေသန ပြုလုပ်မှုဆိုင်ရာ သင်တန်းများကို ပို့ချသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ 

ထို့အပြင် မြန်မာနိုင်ငံအတွင်း ယခင်က ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ခဲ့ဖူးပြီး အန္တရာယ်ရှိသည်ဟု ယူဆရသည့် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင်လည်း ယခုကဲ့သို့ ဆက်လက်စစ်ဆေးသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စူးစမ်းလေ့လာမှုများအား မြန်မာနိုင်ငံ မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ကျွမ်းကျင်ပညာရှင်များက ဦးဆောင်၍ မေလကုန်ပိုင်းတွင် စတင်ကာ စူးစမ်းလေ့လာမှုများ စတင်ပြုလုပ်မည် ဖြစ်သည်။

တရုတ်နိုင်ငံတွင် H7N9 ဖြစ်နေစဉ် ကာလအတွင်း တရုတ်နိုင်ငံ နယ်စပ်မှ မူဆယ်သို့ ၀င်ရောက်လာသည့် ကြက်နှင့် ကြက်ထွက်ပစ္စည်းများအား သက်ဆိုင်ရာ ဌာနများမှ ပူးပေါင်း၍ ဖျက်ဆီးရှင်းလင်းခဲ့ပြီး ဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း မြန်မာ-တရုတ် နယ်စပ်ဂိတ်၊ မူဆယ်ဂိတ်များတွင်လည်း ကြက်အ၀င်များအား တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။

Eleven Media Group

လူသတ်၊ မီးရှို့ပြီး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ဘင်္ဂါလီ ၁၀၀၀ ကျော်ကို အိမ်ထောင်စုစာရင်းမှ ပယ်ဖျက်

၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့



ရခိုင်ပဋိပက္ခ ဖြစ်စဉ်အတွင်း လူသတ်၊ မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက် ကျူးလွန်သူ ဘင်္ဂါလီလူမျိုး ၁၀၀၀ ကျော်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် သွားသည့်အတွက် ပြည်တွင်းတွင် နေထိုင်နေသည့် ၎င်းတို့၏ အိမ်ထောင်စု စာရင်းများမှ ပယ်ဖျက်ပြီး အရေးယူထားကြောင်း နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက မေ ၁၈ ရက်က ပြောကြားသည်။

၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ ဖြစ်စဉ်တွင် ပါဝင်ကျူးလွန်သူ ၁၀၀၀ ကျော်ကို အရေးယူမှုနှင့် ပတ်သက်၍ "ပြီးခဲ့တဲ့နှစ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်တဲ့ ဘင်္ဂါလီ ၁၀၀၀ ကျော်ဟာ တစ်ဖက်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်ထွက်ပြေးသွားတယ်။ သူတို့တွေဟာ အခုထိ ပြန်မလာသေးဘူး။ သူတို့ ပြန်ဝင်လာ မလာကိုလည်း အမြဲစောင့်ကြည့်နေပါတယ်။ သူတို့တွေရဲ့ ဓာတ်ပုံမှတ်တမ်းတွေလည်း ရှိပါတယ်။ အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ်" ဟု နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးအောင်နိုင်ဦးက ပြောကြားသည်။ 
အခု ထွက်သွားတဲ့သူတွေကို အိမ်ထောင်စု စာရင်းကနေ ထုတ်ပယ်လိုက်တယ်။ သူတို့ပြန်လာရင် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူမှာ ဖြစ်သလို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနဲ့ အရေးယူသွားမယ် . . . . .

မြန်မာနိုင်ငံ၏ နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့အတွင်းသို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ နှစ်စဉ် တရားမ၀င် ခိုးဝင်လာသူဦးရေ ၅၀ ၀န်းကျင်ခန့်ရှိပြီး ယင်းသို့ ခိုးဝင်လာသူများကို လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ဗိုလ်မှူးကြီး အောင်နိုင်ဦးက "နယ်မြေစခန်းတွေမှာရှိတဲ့ လုံခြုံရေး တပ်ဖွဲ့တွေ၊ ကျေးရွာတွေမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ မကဖလို့ခေါ်တဲ့ မှုခင်းကြိုတင် တားဆီးကာကွယ်ရေး အဖွဲ့တွေ ရှိတယ်။ နောက် အရန်မီးသတ်တွေကလည်း သူစိမ်းတစ်ယောက် နယ်မြေထဲ ရွာထဲ ၀င်လာရင် သူတို့သိတယ်။ ဘင်္ဂလားဒေ့ရှ်က တစ်ယောက်ဝင်လာရင်လည်း လာသတင်းပို့ပြီး ဖမ်းခိုင်းတယ်။
ဒီက လူတွေလည်း ဟိုဘက်ကလူတွေ ဒီဘက်ကို အစုလိုက် အပြုံလိုက် ၀င်လာမှာကို မလိုလားဘူး။ သူတို့တွေ ၀င်လာရင် စားကျက်လုမှာကို စိုးရိမ်တယ်။ လူဝင်မှုကို စစ်ဆေးတဲ့အခါမှာ ကောက်ထားတဲ့ အိမ်ထောင်စုအလိုက် စာရင်းဇယားတွေ ရှိတယ်။ နောက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ထုတ်ပေးထားတဲ့ ၀ှိုက်ကတ်တွေ ရှိတယ်။ အဲဒါတွေနဲ့ စစ်တယ်။ နစကအနေနဲ့ တရားမ၀င် ၀င်ရောက်လာမှာကို အမြဲစောင့်ကြည့် အရေးယူမှုတွေ လုပ်နေပါတယ်" ဟု ပြောကြားသည်။

ထို့ပြင် ယခုနှစ်အတွင်း ငါးဖမ်းရင်း မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းသို့ ကျော်လွန်ဝင်လာသည့် ဘင်္ဂလားဒေ့ရှ် ရှစ်ဦးနှင့် မြန်မာနိုင်ငံ ပိုင်နက်နယ်မြေ အတွင်းရှိ ကမ်းခြေတွင် သံသယဖြစ်စရာ အမူအရာဖြင့် တွေ့ရှိရသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သုံးဦး စုစုပေါင်း ၁၁ ဦးကို ဖမ်းဆီးအရေးယူခဲ့သည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးပြီးနောက် ပြန်ဝင်လာသူများကိုလည်း ဖမ်းဆီးကာ လ၀က ဥပဒေနှင့် အရေးယူခဲ့ရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားဝင် ခြောက်ညအိပ် ခုနစ်ရက် သွားလာခွင့် ပြုထားကြောင်း သိရသည်။

Eleven Media Group

လှိုင်သာယာနှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များသို့ ကုက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် ကိုရီယားကုမ္ပဏီ လေ့လာမည်

၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့


သောက်သုံးရေ လိုအပ်ချက် ရှိနေသာ လှိုင်သာယာမြို့နယ်နှင့် ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်စသော မြို့နယ်များအား ရေပေးဝေရေး စီမံကိန်း အသစ်ဖြစ်သည့် ကက္ကိုဝမြစ်မှ ရေပေးဝေမည့် စီမံကိန်းအတွက် အကြိုဖြစ်နိုင်ခြေ လေ့လာမှုများအား ကိုရီးယားနိုင်ငံရှိ SK Engineering Construction ကုမ္ပဏီမှ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းသို့ ဖြစ်နိုင်ခြေ လေ့လာမှု ပြုလုပ်ရန်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် SK Engineering Construction တို့ မေ ၁၇ ရက်တွင် MoU လက်မှတ် ရေးထိုးခဲ့ကြကြောင်း သိရသည်။

ဖြစ်နိုင်ချေ လေ့လာမှုအတွက် ကုန်ကျစရိတ်များကို SK Engineering Construction က ကုန်ကျခံသွားမည်ဟု သိရသည်။

ကုက္ကိုဝမြစ်မှာ လှိုင်သာယာမြို့နယ် အနီးတွင်ရှိပြီး ယင်းမြစ်မှရေကို သန့်စင်ကာ တစ်နေ့လျှင် ရေဂါလန် သန်း ၂၀၀ ခန့် ပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ယခု ယင်းစီမံကိန်းအတွက် ဖြစ်နိုင်ခြေ လေ့လာမှုကို ပြုလုပ်ရန်အတွက် အချိန်တစ်နှစ် ကြာမည်ဟု ခန့်မှန်းထားကြောင်း၊ ဖြစ်နိုင်ခြေ လေ့လာမှုမှ ရရှိလာသည့် အချက်အလက်များပေါ် မူတည်၍ ရေပေးဝေမှု လုပ်ငန်းများကို ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်။

လက်ရှိ လှိုင်သာယာမြို့နယ်အား သဲဖြူရေပေးဝေရေး စခန်းမှ ရေပေးဝေနေသော်လည်း လုံလောက်အောင် ပေးဝေနိုင်မှု မရှိသေးဘဲ ရန်ကုန်အနောက်ပိုင်းခရိုင် မြို့နယ်များကိုလည်း လှော်ကားကန်မှ ရေပေးဝေနေရာ အချိန်ပိုင်းသာ ပေးဝေနိုင်သေးကြောင်း သိရသည်။ 

Eleven Media Group

ဦးသိန်းစိန် အမေရိကန်ခရီး ပထမနေ့

၁၉.၅.၂၀၁၃၊ တနင်္ဂနွေနေ့


အခု သမ္မတဦးသိန်းစိန်ရဲ့ခရီးစဉ်ဟာ အမေရိကန်နဲ့ မြန်မာအစိုးရကြားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့၊ အမေရိကန်ရဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းဖို့ ရည်ရွယ်ချက်တွေနဲ့ လာခဲ့တာဖြစ်တယ်လို့ သမ္မတခရီးစဉ်မှာပါလာတဲ့ ပြောခွင့်ရသူ ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ ၀ါရှင်တန်ဒီစီကို စနေနေ့ မနက်ပိုင်းမှာရောက်လာတဲ့ သမ္မတဦးသိန်းစိန်ဟာ ညနေဘက် သံရုံးမှာ မြန်မာမိသာစုတွေနဲ့ မတွေ့ဆုံခင်မှာ ၀ါရှင်တန်မြို့တော် ထဲက အထင်ကရနေရာ တချို့ကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ ဘယ်နေရာတွေသွားကြည့်တယ် ဆိုတာကိုတော့ သမ္မတရဲ့ခရီးစဉ်ကို အနီးကပ်စောင့်ကြည့်နေတဲ့ ဦးရော်နီငြိမ်းကို မစုမြတ်မွန်က ဆက်သွယ်မေး ထားပါတယ်။

စနေနေ့မနက်ပိုင်းမှာ ရောက်လာတဲ့ သမ္မတရဲ့ ပထမနေ့ အစီအစဉ်ကို ဦးရော်နီငြိမ်းက ခုလို စပြောပါတယ်။

“သမ္မတဦးသိန်းစိန်ဟာ မေလ ၁၈ ရက် စနေနေ့ နေ့လည် ၁၁ နာရီခွဲမှာ ၀ါရှင်တန်ဒီစီ မြို့တော်ကိုရောက်ရှိလာပြီးတော့ သူတည်းခိုရာ Four Seasons ဟိုတယ်ကို တိုက်ရိုက်သွားပါတယ်။ ဒါပေမဲ့ ညနေပိုင်းမှာတော့ သမ္မတ ဦးသိန်းစိန်ဟာ Lincoln Memorial လို့ခေါ်တဲ့ အမေရိကန်နိုင်ငံသမိုင်းမှာ ထင်ရှားတဲ့၊ ကျွန်စနစ်ကို တိုက်ဖျက်ပစ်ခဲ့တဲ့ သမ္မတကြီး အီဗရာဟင်လင်ကွန်း အထိမ်းအမှတ် ကျောက်ရုပ်ရှိရာကို သွားပြီးတော့ လေ့လာပါတယ်။ ဒါ့အပြင် သမ္မတကြီးဟာ နိုင်ငံသားအခွင့်အရေး Civil Rights ကို ငြိမ်းချမ်းတဲ့နည်းနဲ့ တိုက်ပွဲဝင်ခဲ့တဲ့ လူမည်းခေါင်းဆောင် ဒေါက်တာမာတင်လူသားကင်း ဂျူနီယာ။ သူ့ရဲ့ထင်ရှားကျော်ကြားတဲ့ I have a dream ဆိုတဲ့ မိန့်ခွန်းပြောကြား ရာ ကျောက်ပြားပေါ့နော်။ ၁၉၆၃ ခုနှစ်မှာ ဒေါက်တာမာတင်လူသာကင်း ဟာ Lincoln Memorial လှေကားထစ်တွေပေါ်မှာ ရှိတဲ့ ကျောက်ပြားတစ်ပြားပေါ် ကနေပြီးတော့၊ မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီကျောက်ပြားလေးကို အထိမ်းအမှတ်အဖြစ်နဲ့ လုပ်ထားပါတယ်။ အဲဒီကျောက်ပြားလေးကိုလည်း သမ္မတ ဦးသိန်းစိန်က လေ့လာကြည့်ရှုခဲ့ပါတယ်။ ညနေ ၅ နာရီခွဲမှာတော့ မြန်မာသံရုံးမှာ မြန်မာမိသားစုအသိုင်းအ၀ိုင်းက ဧည့်ခံတည်ခင်းတဲ့ ညစာစားပွဲကို သွားရောက်ပါတယ်။”

“၁၉၆၆ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်း ရောက်ရှိခဲ့ပြီးတော့နောက်ပိုင်း မြန်မာ အစိုးရ ခေါင်းဆောင်အနေနဲ့ တရားဝင် အမေရိကန်အစိုးရက ဖိတ်ကြားလို့ ၄၇ နှစ်အကြာမှာ ရောက်ရှိလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဒီခရီးစဉ်မှာလိုက်ပါလာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်ကို ဒီခရီးစဉ်ရဲ့ ရည်ရွယ်ချက်နဲ့ပတ်သက်ပြီးတော့ မေးကြည့်ခဲ့ပါတယ်”

ဦးရဲထွဋ်။ ။ ကျနော်တို့ သမ္မတကြီးရဲ့ခရီးစဉ်ပေါ့နော်။ ပထမဆုံးတစ်ချက်အနေနဲ့ ကတော့ သမ္မတအိုဘားမားအစိုးရနဲ့ ကျနော်တို့ကြားမှာ ရရှိပြီးသား ပူးပေါင်းဆောင်ရွက်မှုတွေ၊ အပြန်အလှန် နားလည်မှုတွေကို မြင့်တင်ဖို့ ရည်ရွယ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ကွန်ဂရက်လွှတ်တော်အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေကို ပိုမိုနားလည် ပြီးတော့ ပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းသွားနိုင်ဖို့အတွက် ကျနော်တို့ရှင်းပြနိုင်ဖို့ ရည်ရွယ်ပါတယ်ခင်ဗျ။ အဓိက ကတော့ အဲဒီနှစ်ချက်ကို မျှော်လင့်ပြီး လုပ်ပါတယ်။

“ဒါကတော့ မြန်မာအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် ပြောဆိုသွားတာဖြစ်ပါတယ်။”

ဟုတ်ပါပြီ ဦးရော်နီရေ။ သမ္မတဦးသိန်းစိန် ဒီတခေါက် ၀ါရှင်တန်ဒီစီကို လာတဲ့အကြောင်း က သမ္မတ ဘရက်အိုဘားမားနဲ့တွေ့ဖို့ ဖြစ်ပါတယ်။ အဲဒီတော့ တနင်္လာနေ့ မနက်ပိုင်းမှာ အိမ်ဖြူတော်မှာ တွေ့ကြဖို့ အစီအစဉ်ရှိပါတယ်။ အဲဒီတော့ အမေရိကန်သမ္မတနဲ့ တွေ့တာအပြင်၊ သမ္မတဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ တခြားရှိတဲ့ အစီအစဉ်တွေကိုလည်း ပြောပြပေးပါရှင့်။

“မနက်ဖြန် မေလ ၁၉ ရက်နေ့မှာ ကျနော်တို့ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က စီစဉ်တဲ့ နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်တွေနဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမေးမြန်းတဲ့ အစီအစဉ်။ တနင်္လာနေ့ မေလ ၂၀ ရက်နေ့ကျရင်တော့ မနက်ပိုင်းမှာ သမ္မတ အိုဘားမား ရှိရာ အိမ်ဖြူတော်ကို သမ္မတဦးသိန်းစိန်နဲ့ အဖွဲ့ဝင်တွေ သွားရောက်ပြီး၊ သမ္မတ အိုဘားမားရဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမှာဖြစ်ပါတယ်။ အဲဒီနောက်ပြီးရင်တော့ သမ္မတဦးသိန်းစိန်နဲ့အဖွဲ့ဟာ ၀ါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ John Hopkins တက္ကသိုလ်ရဲ့ SAIS လို့ခေါ်တဲ့ နိုင်ငံတကာလေ့လာရေးဌာနမှာ ရှိတဲ့ တက္ကသိုလ်ကျောင်းသားတွေကို လာရောက် မိန့်ခွန်းပြောကြားတဲ့ အစီအစဉ်ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ ညဘက်မှာ US-ASEAN Business Council လို့ခေါ်တဲ့ အမေရိကန်နဲ့ အာဆီယံတို့ရဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ က တည်းခင်းဧည့်ခံတဲ့ ညစာစားပွဲကိုလည်း သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ တက်ရောက်မှာဖြစ်ပါတယ်။ အင်္ဂါနေ့ကျရင်တော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာမယ်လို့ သိရှိထားပါတယ်ခင်ဗျာ။”

သမ္မတဦးသိန်းစိန်ရဲ့ ခရီးစဉ်ကို အနီးကပ် လိုက်ပါ စောင့်ကြည့်နေတဲ့
ဦးရော်နီငြိမ်း ဖြစ်ပါတယ်။

VOA Burmese