ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.6.13

ရွှေတောင်တန်းပရဟိတကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူ

ယနေ့(၂၅.၆.၂၀၁၃) နေ့လည်(၁၂း၄၅)နာရီအချိန်ခန့်က တာချီလိတ်မြို့ ရေပူစမ်းဘက်မှ အပြန် ဖတ်ယိ(အထက်)ရွာဘက် ကားလမ်းတစ်နေရာကုန်းဆင်းတွင် ရွှေတောင်တန်းပရဟိတ ကျောင်းထိုင် ဆရာတော် အပါအ၀င် သံဃာတော်(၅)ပါး လိုက်ပါလာသော ကားတစ်စီးသည် ချောက်ထဲကျ သွားရာမှ ရွှေတောင်တန်း ကျောင်းထိုင်ဆရာတော် ကားမှောက်၍ ပျံလွန်တော်မူသွားကြောင်း သိရှိရသည်။

ကားမှောက်ရာတွင် ရွှေတောင်တန်းပရဟိတကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဥာဏဓဇ၊ ဥူးခေမာဝိဒ၊ ဥူးနန္ဒာသီရိ၊ ဥူးခေမာသီရိ နှင့် ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝဏ္ဏဿမိနှင့် ကားဆရာ ဦးမောင်ညွှန့် ပါဝင်ပြီး ဆရာတော်များသည် ရေပူစမ်းဘက်မှ ဆွမ်းစားပင့်ဖိတ်သည့်အတွက် ကြွရောက်ခြင်းဖြစ်ရာ ရေပူစမ်းမှ ပြန်အကြွ ဖတ်ယိကျေးရွာ ကားလမ်းအကွေ့တစ်နေရာမှာ မိုးများလည်း ရွာထားသည်ဖြစ်ပြီး အကွေ့တစ်နေရာမှာ လမ်းချော်သွားကာ မထိန်းနိုင်တော့ပဲ ချောက်ထဲသို့ ကျသွားတာဖြစ်ကြောင်း သိရှိရသည်။

ကားသည် ချောက်ထဲသို့ ကျသွားခဲ့ရာ ရွှေတောင်တန်းကျောင်းထိုင် ဆရာတော်သည် ကားနှင့်ပိနေပြီး ဦးခေါင်း နောက်စေ့ပိုင်းတွင် အနည်းအငယ် ချိုင့်ဝင်သွားကာ ပျံလွန်တော်မူသွားခဲ့ပြီး ဆရာတော် ဦးခေမာဝိဒမှာ နံရိုးထိသွားသည်ဟု သိရသည်။ ရွှေဘုန်းပွင့်ကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးဝဏ္ဏဿမိ နှင့် ရွှေတောင်တန်းကျောင်းမှ ကျန် ဆရာတော်နှစ်ပါးမှာ မစိုးရိမ်ရသော ပွန်းပဲ့ဒဏ်ရာများ ရရှိသွားပြီး ကားဆရာ ဦးမောင်ညွှန့်သည် ဘယ်လက် လက်ဖျံရိုး ကျိုးသွားကြောင်း သိရသည်။

ရင်ခွဲရုံသို့ လာရောက်ကြည့်သူ အမျိုးသမီးတစ်ဦးမှ "ဆရာတော် ပျံလွန်တော်မူသွားတာ နှမျောစရာ ကောင်းတယ်၊ ဆရာတော်ကို မှီပြီးနေနေရတဲ့ ကလေးတွေ အများကြီးပဲ၊ ဆရာတော်ရဲ့ စွမ်းဆောင်ချက်တွေဟာ ချီးကျူးလို့ မဆုံးနိုင်ဘူး၊ ဆရာတော်ကြောင့် အာခါ၊ လားဟူတိုင်းရင်းသားတွေတောင် ဗုဒ္ဓဘာသာ တွေဖြစ်ကုန်ကြတယ်၊ "ဟု ပြောကြားလာသည်။

ရွှေတောင်တန်းပရဟိတကျောင်းထိုင် ဆရာတော် ဥူးဥာဏဓဇသည် အာခါ၊ လားဟူ တိုင်းရင်းသားများနှင့် မိဘမဲ့ ကလေးသူငယ်များကို ကျောင်းသို့ ခေါ်ယူထားကာ ကလေးသူငယ်များ တတ်သိလိမ္မာစေရေးနှင့် အတတ်ပညာများ တတ်မြောက်စေရေးအတွက် ဆရာတော်ကိုယ်တိုင် ပညာသင်ကြားပေးခြင်းများကို အပတ်တကုပ် ကြိုးစားဆောင်ရွက်နေသူဖြစ်ပြီး လက်ရှိတွင် ဆရာတော်မှ အခြားမြို့များသို့ ပညာသင်စေလွှတ်ထားသော ကျောင်းသား ကျောင်းသူများစွာ ရှိကြောင်းလည်း သိရသည်။ 


Ref: Tachileik Online News

လူကုန်ကူးခံရသူ မြန်မာတချို့ ထိုင်းရဲကယ်တင်

ထိုင်းနိုင်ငံတွင်းက ပြည့်တန်ဆာလုပ်ငန်းတွေမှာ လူကုန်ကူးခံရသူ အမျိုးသမီး ၁၃ ဦးနဲ့ ငါးဖမ်းလှေတွေပေါ်မှာ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်း လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အသေးစိတ်ကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံ တောင်ပိုင်း ရနောင်းမြို့က ပြည့်တန်ဆာလုပ်ငန်းတွေမှာ ရောင်းစား ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်ဆယ်နိုင်ခဲ့ပြီး သူတို့ဟာ တရားမ၀င် ခိုးဝင်လာသူတွေ ဖြစ်တဲ့အတွက် ထိုင်းလူဝင်မှု ကြီးကြပ်ရေးရုံးကနေ ထိုင်း-မြန်မာ နယ်စပ်ကို ပြန်လည်ပို့ဆောင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုစိုင်းကတော့ လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲဌာနမှာ ဖမ်းမိထားတဲ့ အမျိုးသမီးတွေနဲ့ တွေ့ဆုံခွင့် ရခဲ့ပုံကို အခုလို ပြောပြပါတယ်။

“မသိလို့ သွားမေးတာ။ ညီမတို့ ဘယ်လိုကနေ ဘယ်လိုရောက်လာတာလဲ မေးတဲ့အခါကျတော့ ညီမလေးတို့က ရနောင်းကနေပြီး ရောက်လာတာတဲ့။ အားလုံး ၁၃ ယောက်ရှိတယ်တဲ့။ ညီမတို့က လူကုန်ကူးခံရတာ ဖြစ်ပါတယ်တဲ့ ဆိုပြီးတော့ သူက ၁၀၀၀ ပေးလို့ရှိရင် ဆိုင်ရှင်က ၅၀၀ ဖြတ်တယ်။ ဖြတ်ပြီးတော့ တခါ ၃၀၀ ကိုလည်း ဘာဖိုး ညာဖိုးဆိုပြီး ဖြတ်သေးတယ်တဲ့။ ၁၈ နှစ် မပြည့်သေးတဲ့ သူတွေလည်း ပါတယ်။ ၁၈ နှစ်အထက် ၁၉ နှစ် ဒီလောက်လေးတွေပဲ ရှိကြသေးတယ်။ ဒါပေမဲ့ ဒီကောင်မလေးတွေက မေးတာ ကျမတို့ကို ဘယ်ကို ခေါ်သွားမှာလဲ။ အကို့အနေနဲ့ သိလို့ရှိရင် ကျမတို့ကို ပြောပြပါလားဆိုတော့ ကျနော်က မေးပေးတယ် သူတို့ကို မေးပေးတဲ့အခါကျတော့ ဘာပြောလဲဆိုတော့ တောမောရုံး (လူဝင်မှုကြီးကြပ်ရေးရုံး) ကို ခေါ်သွားမှာတဲ့။ နိုင်ငံထဲကို ၀င်လာတာ ဘာစာရွက်စာတမ်းမှ မရှိတဲ့အတွက် သူတို့ကို ပြန်ပို့မှာလို့ပဲ ပြောတယ်။ အခု ဘန်ကောက်က တောမောရုံးကို ပို့လိုက်ပြီ။”

အလားတူပဲ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ထိုင်း-မလေး နယ်စပ် ကတန်လှေဆိပ်မှာ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၁၀ ဦးကို လူကုန်ကူးမှု တိုက်ဖျက်ရေး ရဲတွေရဲ့ အကူအညီနဲ့ ကယ်တင်နိုင်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးကျော်သောင်းကလည်း ပြောပါတယ်။

“ရခိုင်ပွဲစားနဲ့ မြန်မာပွဲစားတွေက ဒီအလုပ်သမားတွေကို ၀က်သားအလုပ်ရုံရှိတယ်။ ဘဲသားအလုပ်ရုံ၊ ကြက်သားအလုပ်ရုံ ရှိတယ်ဆိုပြီးတော့ ခေါ်တယ်။ အဲ့ဒါတွေက ဗမာတွေပဲ။ ရခိုင်တွေကျတော့ သူတို့ကို ပန်းရံလုပ်ဖို့ ဘန်ကောက်သွားမယ်ဆိုပြီးတော့ ခေါ်တယ်။ ဒီအလုပ်သမားတွေ တစ်ဦးချင်းဆီကနေပြီးတော့ ကျပ်ငွေ ၁ သိန်းကနေ ၃ သိန်းအထိ အလုပ်သမားတွေဆီက စရံ ယူထားပြီးဖြစ်တယ်။ ကျနော့်ဆီမှာ အကူအညီ တောင်းတဲ့ နှစ်ယောက်နာမည်ကတော့ သက်လင်းထွန်း၊ အသက်က ၁၈ နှစ်ပဲ ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်က။ နောက်တယောက်ကလည်း အသက် ၄၀ အရွယ် ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်ကပဲသူတို့နှစ်ယောက်ကိုတော့မနက်ဖြန်(သို့မဟုတ်)သန်ဘက်ခါမှာ ပြန်ပို့ပေးမယ်လို့ ပြောတယ်။ သူတို့ ငါးဖမ်းလှေပေါ် ပါသွားတာ။ သူဋ္ဌေးက ပြန်ပေးမယ်လို့ ပြောတယ်။ ပုလိပ်တွေကလည်း အာမခံတယ်။နောက်ထပ်ရခိုင်၎ယောက်ကတော့ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကျောက်ဆိတ်တောင် အုပ်စု ရွှေပြည်ရွာက ကိုမောင်ရှည် (အသက် ၃၅ နှစ်)၊ မောင်ခင်လှိုင် (အသက် ၃၅ နှစ်)၊ မ၀င်းကြည် အသက် (၂၉ နှစ်)၊ ခင်မောင်စိုး (အသက် ၂၀) သူတို့ကို ရလိုက်တယ်။”

ထိုင်းနိုင်ငံတွင်းကို အလုပ်အကိုင် ရှာဖွေဖို့ လာရင်းနဲ့ မြန်မာနိုင်ငံသားတွေဟာ လူပွဲစားတွေရဲ့ သားကောင်တွေ ဖြစ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံထဲမှာ ၂၀၁၂ နဲ့ ၂၀၁၃ ခုနှစ်အတွင်းမှာ လူကုန်ကူးခံရသူ ၄၀၀လောက်ကိုကယ်တင်နိုင်ခဲ့ကြောင်းဒါပေမဲ့လူကုန်ကူးခံရမှုတွေကအများအပြားဖြစ်ပေါ်နေဆဲဖြစ်ကြောင်း၊ ထိုင်းတောင်ပိုင်းကလှေတွေတော်တော်များများမှာမြန်မာနိုင်ငံသားတွေဟာလုပ်အားခမရဘဲ ရောင်းစားခံနေ
ရကြောင်းတွေကို ပြောပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေနှစ်စဉ် လူကုန်ကူးမှု အစီရင်ခံစာကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံရော၊ ထိုင်းနိုင်ငံပါ နှစ်နိုင်ငံစလုံးက လူကုန်ကူးမှုနဲ့ ပတ်သက်ပြီးတော့ စောင့်ကြည့်ခံရတဲ့ နိုင်ငံများစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Ref: voa

ပြေးလမ်းချော်ခဲ့သည့် လေယာဉ်နှစ်စင်း၏ Black Box များ စစ်ဆေးရန် ခုံရုံးအဖွဲ့ တရုတ်နိုင်ငံသို့ သွားရောက်

ပြေးလမ်းချော်ခဲ့သည့် မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ်နှစ်စင်း၏ Black Box များအား စစ်ဆေးရန် စုံစမ်းစစ်ဆေး ရေးအဖွဲ့မှ တာဝန်ရှိသူများသည် ဇွန် ၂၃ ရက်က တရုတ်နိုင်ငံ ပီကင်းမြို့သို့ ထွက်ခွာသွားကြောင်း သတင်းရရှိသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက်နှင့် ဇွန် ၁၀ ရက်များကမိုင်းဆတ်မြို့နှင့် ကော့သောင်းမြို့များတွင် ပြေးလမ်းချော် မှု ဖြစ်ပွားခဲ့သည့် မြန်မာ့လေကြာင်းပိုင် MA 60 လေယာဉ်နှစ်စင်း၏ Black Box များအား တရုတ်နိုင်ငံ ပီကင်းမြို့ရှိ အစိုးရဌာနဖြစ်သည့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သွားရောက်စစ်ဆေး သွားမည်ဖြစ်သည်။

ပီကင်းမြို့သို့ သွားရောက်မည့် စုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့တွင် ဥက္ကဋ္ဌဖြစ်သူ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်း ပါဝင်ကြောင်း သိရသည်။

"ပြန်လာရင် စစ်ဆေးတွေ့ရှိ ချက်တွေကို မီဒီယာကို ရှင်းလင်းပြောကြား သွားမှာပါ" ဟု စုံစမ်းစစ်ဆေးရေး အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းဆွေထွန်းက ပြောကြားသည်။

၂၀၁၃ ခုနှစ် မေ ၁၆ ရက်က မိုင်းဆတ်လေဆိပ်တွင် တရုတ်နိုင်ငံမှ ၀ယ်ယူသည့် မြန်မာ့လေကြောင်းပိုင် MA 60 လေယာဉ် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ၂၀၁၃ ခုနှစ် ဇွန် ၁၀ ရက်ကလည်း MA 60 အမျိုးအစား လေယာဉ်တစ်စင်း ထပ်မံ၍ ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာ့လေကြောင်းသည် ၎င်းတို့လေကြောင်းလိုင်းရှိ MA 60 လေယာဉ် သုံးစင်းစလုံး၏ ခရီးစဉ် ပြေးဆွဲမှုများကို ရပ်နားခဲ့သည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်က ဟဲဟိုးလေဆိပ်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်မတော်တဆမှုအား စုံစမ်းစစ်ဆေးရန် အဆိုပါ လေယာဉ်၏ Black Box အား သြစတြေးလျနိုင်ငံရှိ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် သွားရောက်စစ်ဆေးခဲ့သည်။

Ref: EMG

အီဂျစ်တွင် ခရစ်ယာန်သမ္မာကျမ်းစာကို မီးရှို့မှုဖြင့် မွတ်စလင်တရားဟောဆရာကို ထောင်ဒဏ် ၁၁ နှစ် အပြစ်ဒဏ်ချ


  အီဂျစ်နိုင်ငံ(Egypt)တွင် မွတ်စလင်တရားဟောဆရာတစ်ဦးက ခရစ်ယာန်သမ္မာကျမ်းစား (Bible)ကို စုတ်ဖြဲကာ မီးရှို့မှုဖြင့် တရားရုံးတော်က ထောင်ဒက် (၁၁)နှစ် အပြစ်ဒဏ်ချမှတ်လိုက်ပြီဖြစ်ကြောင်း အီဂျစ်အစိုးရပိုင် သတင်းစားတွင်ဖော်ပြခဲ့သည်။ ကိုင်ရိုမြို့ (Cairo) နာစရ် အရပ်ဒေသနေ အာမက်အဘ်ဒူလာကို ထောင်ဒဏ် (၁၁)နှစ် နှင့် သူ၏သားဖြစ်သူသကိုလည်း အလားတူအမှုဖြင့် တရားဟောခွင့် (၈)နှစ် ပိတ်ပင်လိုက်သည်။ ထို့ပြင် ၎င်းတို့နှစ်ဦးသည် ငွေဒဏ်အီဂျစ်ပေါင် ၅,၀၀၀ လည်း ပေးဆောင်ရမည်ဖြစ်သည်။
   ပြီးခဲ့သည့်နှစ် စက်တင်ဘာလ (၁၁) ရက်က အမေရိကန်နိုင်ငံတွင် အစ္စလာမ်ဆန့်ကျင်ရေး ဗီဒီယိုထုတ်လုပ်မှုအား ရှုံချဆန္ဒပြကြာရာက၌ ၎င်းကကိုင်ရိုမြို့ အမေရိကန်သံရုံးရှေ့တွင် ယခုပြစ်မှုအားကျူးလွန်ခဲ့ခြင်းဖြစ်သည်။ အီဂျစ်နိုင်ငံ၏ ဥပဒေတွင် အစ္စလာမ်ဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဂျူးဘာသာများကို ကောင်းကင်ကျ ကျမ်းရဘာသာများအဖြစ် လက်ခံသတ်မှတ်ထားပြီး မထီမဲ့မြင်ပြုမှုအားလုံးကို အပြစ်ပေးရန်သတ်မှတ်ထားသည်။ ယခုကဲ့သို့အစ္စလာမ်ဘာသာဝင် အများစုဖြစ်သော အီဂျစ်နိုင်ငံတွင် လူနည်းစု ခရစ်ယာန်ဘာသာဝင်တို့၏ သာသနာအားစော်ကားခြင်းအပေါ် ဘက်မလိုက်အရေးယူလိုက်ခြင်းသည် ဒီမိုကရေစီ စနစ်ကျင့်သုံးလျှက်ရှိသော အခြားနိုင်ငံများအနေနဲ့ အတုယူဖွယ်ဖြစ်သည်။

Ref..myanmarmuslimsvoice 

လွှတ်တော် အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်

ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ခန်းမမြင်ကွင်းကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)

လွှတ်တော်အစည်းအဝေးများ ပထမနေ့တွင် မေးခွန်း ၁၅ ခု မေးမြန်းခြင်း၊ အဆိုသုံးခုနှင့် ဥပဒေကြမ်း အသစ်လေးခု တင်သွင်းခြင်းများ ပြုလုပ်ခဲ့သည်။

ပြည်သူ့လွှတ်တော်မှမေးခွန်း၁၀ခုမေးမြန်းခဲ့ပြီး အမျိုးသား လွှတ်တော် မှ မေးခွန်းငါးခု မေးမြန်း ခဲ့ခြင်း ဖြစ် သည်။ ပြည်သူ့လွှတ်တော်မှ မေးမြန်းခဲ့သည့် မေးခွန်းများတွင် နိုင်ငံတော်မှ ချပေးသည့် ရန်ပုံငွေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိသော ကုမ္ပဏီများက ဆောင်ရွက်သော လုပ်ငန်းများနှင့် ပတ်သက်ပြီး မည်ကဲ့သို့ ကြီးကြပ်ဆောင်ရွက်သည်နှင့် စပ်လျဉ်းသည့် မေးခွန်းကို မေးမြန်းခဲ့ရာ အစိုးရအဖွဲ့မှ တာဝန်ရှိသူက ကုမ္ပဏီများ မလုပ်နိုင်သည့် ကိစ္စများကို ၀န်ကြီးဌာနမှ ပေါင်းစပ်လုပ်ကိုင် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့ပြင် လယ်ယာမြေများတွင် အမှန်တကယ် လိုအပ်၍ သုံးစွဲရန်နှင့် သုံးစွဲလျက်ရှိသော မြေများအား အသုံးပြုရန် (လန-၃၉) လျှောက်ထားရရှိနိုင်မှုနှင့် စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက လယ်ယာမြေများကို အခြားမြေအဖြစ် အသုံးပြုနိုင်ရန် ပြဋ္ဌာန်းဥပဒေများနှင့်အညီ လျှောက်ထားနိုင်ကြောင်း ပြန်လည်ဖြေကြားသည်။

ထို့နောက် ဥပဒေကြမ်း အသစ်လေးခုအနက် တစ်ခုဖြစ်သည့် တောင်သူလယ်သမား၏ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက တင်သွင်းခဲ့သည်။

အမျိုးသား လွှတ်တော်တွင် မေးခွန်းငါးခု မေးမြန်းခဲ့ပြီး "ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းကောက်သုံးမှု ထိန်းချုပ်ရေး ဥပဒေကို တိကျစွာ လိုက်နာကျင့်သုံးရေးအတွက် လိုအပ်သော အစီအမံများနှင့် အရေးယူ ဆောင်ရွက်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆို၊ တစ်ခုတည်းသော အမျိုးသားစီးပွားရေး ၀င်ပေါက် (National Single Window) တည်ထောင်ထားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုနှင့် ဆည်ရေပေးဝေနိုင်သည့် မြေဧရိယာများ လျော့နည်းသတ်မှတ် ဖော်ပြချက်များအပေါ် လယ်ယာကိန်းဂဏန်းများ မှန်ကန်စေရေး ပြန်လည်စိစစ်ရန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုသဘောတူညီချက် ရယူထုတ်ပြန်သွားရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုများကို တင်သွင်းခဲ့သည်။

Ref: EMG

ပါတီလူငယ်အမာခံ အဖွဲ့အစည်းတစ်ရပ် စနစ်တကျ ဖွဲ့စည်းသွားရန် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ပြောကြား

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် စွမ်းရည်မြင့်မားသော ပါတီလူငယ် အမာခံ အဖွဲ့ အစည်း တစ်ရပ်အဖြစ် ပါတီဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့်အညီ စနစ်တကျ ဖွဲ့စည်းသွားရန် ပါတီဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲနှင့် လူငယ့်စွမ်းရည် မြှင့်တင်ရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့အစည်းများကို စနစ်တကျ ဖွဲ့စည်းခဲ့ပြီး လူငယ်ရေးရာ အဖွဲ့အစည်းနှင့် မိုးယံမှ ကြယ်ခရီးစဉ် လှုပ်ရှားမှုများ၊ နာဂစ်ကယ်ဆယ်ရေး လုပ်ငန်းများတွင် အောင်မြင်မှု အထိုက်အလျောက် ရှိခဲ့သော်လည်း လက်တွေ့နယ်ပယ်တွင် ထိရောက်သော စည်းရုံးဆောင်ရွက်မှုမျိုး ဖော်ဆောင်မှု မပြုနိုင်သေးခြင်းကြောင့် လူငယ်စွမ်းရည် မြှင့်တင်မည့် အစည်းအဝေးကို ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း၊ ပါတီလူငယ်ရေးရာ အဖွဲ့အစည်း အဆင့်ဆင့် အနေနှင့် ပါတီရေရှည် တည်တံ့ခိုင်မြဲရေးနှင့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိရေး တို့အတွက်ဖြစ်ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့်က ပြောကြားရာတွင် "ပါတီဝင် လူငယ်အဖွဲ့အစည်းများ အနေနဲ့ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကိုကြည့်ပြီး အထိုက်အလျောက် တွေဝေတွန့်ဆုတ် ခဲ့ကြတာ ဒေသတော်တော်များများမှာ တွေ့ခဲ့ရပါတယ်။ ဒီအခြေအနေတွေကို ရဲရဲဝံ့ဝံ့ လေ့လာသုံးသပ်ပြီး ပြတ်ပြတ်သားသား တိုက်ဖျက်သွားရမှာ ဖြစ်ပါတယ်။ ဒို့အနေနဲ့ တွေဝေဖို့ တွန့်ဆုတ်ဖို့ မလိုပါဘူး။ ဒီရှုံးနိမ့်မှုဟာ အခြေအနေ အရပ်ရပ်ကြောင့် အစိတ်အပိုင်းငယ် တစ်ခုသာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်ကြည့်ရင် အသေးအဖွဲလို့ ပြောလို့ရပါတယ်။ သို့သော်လည်း ဒီရှုံးနိမ့်မှုကို သာဓကယူပြီး ၂၀၁၅ မှာ အနိုင်ရဖို့ တွန်းအားပေးတဲ့ အင်အားအဖြစ် ဒို့အားလုံး ပြောင်းလဲကြရမှာ ဖြစ်ပါတယ်" ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲ အကြိုကာလနှင့် ရွေးကောက်ပွဲ ကာလများတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုသည် အရေးပါသော အခန်းကဏ္ဍဖြစ်ပြီး လူငယ်စွမ်းရည် မြှင့်တင်ရေး အဖွဲ့အစည်းများမှ ထူးချွန်ထက်မြက်သော၊ စွမ်းရည်ပြည့်ဝသော ပါတီဝင် လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများသည် ပြည်သူက လက်ခံပူပေါင်း ပါဝင်နေအောင် အနာဂတ် ပါတီ၏ ပခုံးပြောင်း တာဝန်များကို အောင်မြင်စွာ ဆက်လက်တာဝန်ယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
Ref: EMG

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ မြန်မာနိုင်ငံအတွက် ရရှိမည်

ရွှေသဘာဝဓာတ်ငွေ့ စီမံကိန်း၏ ပိုက်လိုင်းစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်-နောင်ပိန်)
မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင် ရေနံစိမ်းတန်ချိန် နှစ်သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံ ရရှိမည်ဖြစ်ကြောင်း CNPC မှ ရရှိသော သတင်းများအရ သိရှိရသည်။

"မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းက နေပြီးတော့ တစ်နှစ်မှာ ရေနံစိမ်း တန်ချိန်ပေါင်း ၂၂ သန်း ပို့လွှတ်နိုင်မှာ ဖြစ်ပြီးတော့ Process Station ငါးခုနဲ့ တန်ချိန်သုံးသိန်း အဆင့်ရှိတဲ့ ရေနံစိမ်းဆိပ်ကမ်း တစ်ခုကို တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း အနေနဲ့တော့ တစ်နှစ်မှာ သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလျံ ပို့လွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကနဦး အဆင့်မှာတော့ တစ်နှစ်ကို ကုဗမီတာ ၅ ဒသမ ၂ ဘီလျံပဲ ပို့ဆောင်နိုင်မှာဖြစ်ပြီး Process Station ၆ ခု တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲကမှ ရေနံစိမ်းတန်ချိန် နှစ်သန်းနဲ့ သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလျံကို မြန်မာနိုင်ငံအတွက် ပေးသွားမှာပါ" ဟု မြန်မာ-တရုတ် ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်း အကောင်အထည် ဖော်နေသော SEAOP & SEAGP မှ Deputy Director ဖြစ်သူ Mr.Zhang က ပြောပြခဲ့သည်။

အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ၏ offloading point မှာ ကျောက်ဖြူ၊ ရေနံချောင်း၊ တောင်သာနှင့် မန္တလေးတို့ဖြစ်ကြောင်းနှင့် ရေနံစိမ်း ပိုက်လိုင်းအတွက် offloading point မှာ စကုဖြစ်ကြောင်း သိရသည်။
အဆိုပါ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းမှာ လာမည့်ဇူလိုင်လတွင် စမ်းသပ်ပို့လွှတ်မည် ဖြစ်ကြောင်း၊ ရေနံစိမ်းပိုက်လိုင်း တည်ဆောက်မှုမှာ လာမည့်စက်တင်ဘာလတွင် ပြီးစီးနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ အနေဖြင့် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း . . . . . 
စွမ်းအင်ဝန်ကြီးဌာန၏ ခန့်မှန်းချက်အရ ပြည်တွင်းသုံးစွဲမှု ပမာဏမှာ တစ်ရက်လျှင် သန်းပေါင်း ၅၉၀ mmcfd(cubic feet per day) လိုအပ်ကြောင်းနှင့် လတ်တလောတွင် တစ်နေ့လျှင် ၂၄၀ mmcfd သာ ပေးနိုင်သေးကြောင်း၊ အလားတူ ရေနံစိမ်း လိုအပ်ချက် တစ်နေ့လျှင် စည်ပေါင်း ၆၀၀၀၀ လိုအပ်နေပြီး လက်ရှိအနေအထားတွင် ၂၀၀၀၀ သာ သုံးစွဲနိုင်သေးကြောင်း၊ ထို့အတွက် မြန်မာနိုင်ငံတွင် ရှိနေသော လူဦးရေ၏ ၇၅ ရာခိုင်နှုန်းမှာ လျှပ်စစ်မီး ရရှိမှုအပိုင်းတွင် အခက်အခဲများစွာ ရှိနေသေးကြောင်းနှင့် အလားတူ စက်မှုဇုန်များ အနေဖြင့်လည်း တစ်နေ့လျှင် ပုံမှန်အားဖြင့် လေးနာရီနှင့် ငါးနာရီ ကြားတွင်သာ ရရှိသေးကြောင်း သိရှိရသည်။

ယင်းကဲ့သို့သော အနေအထားများကြောင့် မြန်မာနိုင်ငံ နေပြည်တော်တွင် ပြုလုပ်ခဲ့သော ကမ္ဘာ့စီးပွားရေး ဖိုရမ်တွင် စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲတွင် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးထင်အောင်က မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအား ပြန်လည် reform ပြုလုပ်ရန် လိုအပ်နေကြောင်း ပြောကြားသည်။

အဆိုပါ မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်း အတွက်မူ ဖြတ်သန်းခ အနေဖြင့် ရေနံစိမ်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ တစ်ဒေါ်လာ ပေးဆောင်ရမည်ဖြစ်ပြီး တစ်နှစ်လျှင် စုစုပေါင်းတန်ချိန် ၂၂ သန်း ပို့လွှတ်မည် ဖြစ်သောကြောင့် ဒေါ်လာ ၂၂ သန်း ပေးဆောင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

Ref: EMG

ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့် ရန်ကုန်မြို့ရှိ အိမ်ငှားနှင့် မြေနေရာ ဈေးနှုန်းမြင့်တက်

ဗဟန်းမြို့နယ်ရှိ တိုက်ခန်းများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန်အတွက် စိတ်ဝင်စားလျက်ရှိပြီး လုပ်ငန်းအများစုတွင် စတင်ရင်းနှီးမြှုပ်နှံနေပြီ ဖြစ်သောကြောင့် ရန်ကုန်အိမ်ခြံ၊ မြေဈေးကွက် အတွင်းတွင် အိမ်ငှားရမ်းခ ဈေးနှုန်း များ မြင့်တက်လာကြောင်း ရန်ကုန်အိမ်ခြံ၊ မြေ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ 

"အိမ်ငှားခဈေးနှုန်းတွေက ကမ္ဘာအေးဘက်ခြမ်း၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ် အတွင်းတွေမှာ လုံးချင်း အိမ်ငှားခ ဈေးတွေက နှစ်ဆနီးပါး မြင့်တက်လာတယ်။ ရိုးရိုး တိုက်ခန်းတွေဆိုရင် တစ်သိန်းနဲ့ ငှားဖို့ မလွယ်တော့ဘူး။ အခုလို ဈေးတွေတက်နေတဲ့အတွက် မဖြစ်မနေ အိမ်ငှားရတဲ့ သူတွေပဲ ငှားကြတော့ တယ်" ဟု ရွှေဥဒေါင်းမင်း အိမ်ခြံမြေ လုပ်ငန်းမှ ဦးကျော်စွာလင်းက ပြောကြားသည်။ ယခုအခါ တွင် မြန်မာနိုင်ငံ အတွင်းသို့ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် အတွက်သော်လည်းကောင်း၊ ထို့အပြင် ခရီးသွား မြို့တော် ဖြစ်လာသည့်အတွက် နိုင်ငံခြားသားများ အများအပြား ၀င်ရောက်လာခြင်း တို့ကြောင့် မြင့် တက် လာ ရခြင်းဖြစ်ကြောင်း ယင်းကပြောသည်။

"အရင်ကဆို နိုင်ငံခြားသားတွေက ဟိုတယ်တွေမှာငှားပြီး နေလည်းနေတယ် ရုံးခန်းလည်း ဖွင့်တယ်။ အခု ဆို ဟိုတယ်တွေက သီးသန့်နေခွင့်ပဲပြုတော့တယ်။ ရုံးခန်းဖွင့်ခွင့် မပြုတော့ဘူး။ အဲဒါကြောင့် လုံးချင်း အိမ်တွေ ကို အခု အငှားများလာတယ်" ဟု ၎င်းကပြောသည်။ မရမ်းကုန်းမြို့နယ်၊ ဗဟန်း မြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း စသည့်မြို့နယ်များရှိ လုံးချင်းအိမ်ငှား ဈေးနှုန်းမှာ ယခင်က သိန်းသုံးဆယ်သာ ရှိခဲ့ရာမှ ယခုအခါတွင် သိန်း ၅၀၊ သိန်း ၆၀ ထိ ဈေးမြင့်တက်ခဲ့ပြီး ရိုးရိုးတိုက်ခန်း အိမ်ငှားခတွင်မူ ကျပ်ငွေ တစ်သိန်းဖြင့် ငှားရမ်းမရတော့ဘဲ ၁၂၀၀၀၀ မှ ၁၅၀၀၀၀ ထိ မြင့်တက်သွားကြောင်း သိရသည်။ မြို့တွင်း အချက်အချာကျသည့် နေရာနှင့် နီးစပ်သည့် မြို့နယ်များဖြစ်သော သာကေတ၊ ဒေါပုံကဲ့သို့ နေရာများတွင် လမ်းမတန်းများရှိ မြေနေရာများမှာ တစ်ပေလျှင် တစ်သိန်းခွဲ၊ နှစ်သိန်းမှ သုံးသိန်းအထိ ပေါက်ဈေး ရှိကြောင်း အဓိကအားဖြင့်မူ မြို့တွင်းသို့ လွယ်ကူစွာ သွားလာနိုင်ခြင်း၊ လမ်းမတန်းဖြစ်ခြင်း စသည့် အချက်ပေါ် မူတည်ကာ ဈေးကစားလေ့ရှိကြကြောင်း Estate Myanmar အိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းမှ ဦးဟိန်းမိုးမြင့်လွင်က ပြောကြားသည်။
 
ယင်းသို့ အိမ်ခြံမြေဈေးများ မြင့်တက်လာသည်မှာ လွန်ခဲ့သည့် တစ်နှစ်၊ နှစ်နှစ်ခန့်ကပင်ဖြစ်ပြီး အခြေခံ လူတန်းစားများ နေထိုင်သည့် ရပ်ကွက်များတွင်လည်း စပေါ်ငွေ ကြီးမြင့်ကာ အိမ်လခ ငါးသောင်းမှ ၁၂၀၀၀၀ အထိရှိကြောင်း။ တစ်နယ်တစ်ကျေးမှ လာရောက်လုပ်ကိုင်ကြသော အလုပ်သမား များမှာလည်း အဆောင်နေထိုင်ခများ ဈေးမြင့်မားနေကြောင်း သိရသည်။

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေး ပထမပိုင်း ရပ်နားချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)

ဘာသာတရားကို ကာကွယ်ခြင်းမှာ ယုံကြည်မှုသာ အဓိကဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၂၅ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးခေတ္တရပ်နားချိန်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောကြားသည်။ မြန်မာနိုင်ငံ တွင် ဗုဒ္ဓဘာသာက တကယ်ပဲ ခြိမ်းခြောက်ခံနေ ရသောကြောင့် ဥပဒေတစ်ရပ် ထုတ်ပြန်ပြီး ကာကွယ်ရန် လိုအပ်နေပြီဟု ယူဆပါသလားဟူသော သတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ တွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ "ဘာသာတရားကို ကာကွယ်တာဟာ အဓိကက ယုံကြည်မှုပဲ။ ဒီဘာသာကို လိုက်စားသူတွေရဲ့ ယုံကြည်မှုက ခိုင်မာရင် ဘယ်အရာကမှ ဘယ်သူ ကမှ လာလှုပ်လို့ မရပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့အပြင် တိုင်းမ်မဂ္ဂဇင်းတွင် ဗုဒ္ဓဘာသာ သံဃာတော်တစ်ပါးဖြစ်သော ဦးဝီရသူအား အကြမ်းဖက်သမား အဖြစ် မျက်နှာဖုံးတင် ဖော်ပြပြီး ဗုဒ္ဓဘာသာအား အကြမ်းဖက် ဘာသာတစ်ခုအဖြစ် စွပ်စွဲဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်း ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဘာသာတရားအား အကြမ်းဖက်မှုနှင့် ဆက်စပ်သည် ဟု အမြင်မှားမှုများ မဖြစ်ပေါ်စေရန် အားလုံးဝိုင်းဝန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်းလည်း ပြောကြားသည်။
"ဘယ်ဘာသာပဲဖြစ်ဖြစ် အကြမ်းဖက်မှုနဲ့ ဆက်စပ်တယ်လို့ အမြင်ခံရရင်တော့ မကောင်းဘူးပေါ့။ ဘာသာ တရား ဆိုတာ အခြေခံအားဖြင့် လူသားတွေကြားမှာ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားနိုင်ဖို့ ဒါတွေကို တွန်း အားပေးတာ။ ဘယ်ဘာသာပဲဖြစ်ဖြစ် အများအမြင်မှာ အကြမ်းဖက်တယ်လို့မြင်လာရင်တော့ ဘယ်ကောင်း မလဲ။ ဒါပေမဲ့ ဒီလိုအမြင်မှားတွေ မမြင်ရအောင် အားလုံးက ကြိုးစားရမှာပဲ" ဟု ၎င်းကပြောကြားသည်။

နိုင်ငံအတွင်း ဖြစ်ပွားနေသော ဘာသာရေးပဋိပက္ခအသွင်ဆောင်သော အကြမ်းဖက်မှုများ အပေါ်  ဒေါ်အောင်ဆန်းစုကြည်က ယင်းကိစ္စများမှာ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် သက်ဆိုင်ရာအာဏာ ပိုင် တို့၏ ကိုင်တွယ်မှုတို့မှာ ပွင့်လင်းမြင်သာမှုမရှိခြင်းတို့ကြောင့်သာဖြစ်ကြောင်း ပြောကြားသည်။ "ဘာသာရေး ဆိုတာ လူမှုရေးထဲမှာ ပါတယ်။ အဲဒီတော့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း ဘာသာရေး ကိစ္စပိုင်းတွေကို ပစ်ပယ်ထားလို့ မရဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ လက်ရှိတွင် ဗုဒ္ဓ ဘာသာဝင် အမျိုးသမီးကို ဗုဒ္ဓဘာသာဝင်ဖြစ်သူ ယောက်ျားကသာ အိမ်ထောင်ပြုရမည်ဟု အချက်ပါဝင်သော မျိုးစောင့်ဥပဒေကြမ်းကို မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးဝီရသူ ဦးဆောင် ၍ ရေးဆွဲကာ လွှတ်တော်သို့ တင်ပြနိုင်ရန် စီစဉ်လျက် ရှိနေကြောင်း သိရသည်။

EMG

Ford ကားကုမ္ပဏီ၏ အရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာ သြဂုတ်လတွင် ဖွင့်လှစ်မည်

လှိုင်မြို့နယ်တွင် ဖွင့်လှစ်မည့် Ford ကားရောင်းပြခန်းနှင့် ၀န်ဆောင်မှုစင်တာကို တွေ့ရစဉ် (ဓာတ်ပုံ-Ford)

အမေရိကန် အခြေစိုက် နာမည်ကျော် Ford ကားကုမ္ပဏီ၏ ကားအရောင်းပြခန်းနှင့် ၀န်ဆောင်မှု စင်တာကို သြဂုတ်လတွင် ဖွင့်လှစ်မည်ဖြစ်ပြီး ကုမ္ပဏီ အမှတ်တံဆိပ်များကို အဆိုပါစင်တာ တည်ရှိရာ အမှတ် ၃ အင်းစိန်လမ်း ၁၂ ရပ်ကွက် လှိုင်မြို့နယ်တွင် စတင်တပ်ဆင် လိုက်ပြီကြောင်း Ford က ဇွန် ၂၅ ရက်တွင် တရားဝင် သတင်းထုတ်ပြန်သည်။

"ကျွန်တော်တို့ဟာ အခုဆိုရင် နုနယ်ငယ်ရွယ်သေးတဲ့ မြန်မာနိုင်ငံ မော်တော်ယာဉ် လုပ်ငန်းအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ချမှတ်နိုင်ဖို့ ကြိုးပမ်းလျက်ရှိပြီး အခုအမှတ်တံဆိပ်က စတင်ကြိုးပမ်းမှုကို ကိုယ်စားပြုပါတယ်" ဟု Ford Asia Pacific, Ford Export and Growth Operations, Regional manager David Westerman က ပြောကြားသည်။ Ford သည် မြန်မာနိုင်ငံသို့ တရားဝင် စတင် ၀င်ရောက်လာသည့် အမေရိကန်အခြေစိုက် မော်တော်ယာဉ် ကုမ္ပဏီဖြစ်ပြီး ပထမဦးဆုံး အလုံးစုံဝန်ဆောင် မှုပေးနိုင်သည့် ကားထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ Ford စင်တာတွင် ဆီဒန်ကားများ၊ ထရပ်ကားများ၊ SUV များကို ရောင်းချသွားမည်ဖြစ်ပြီး မြန်မာဈေးကွက်သို့ ၀င်ရောက်နိုင်ရန်အတွက် Ford  ကားကုမ္ပဏီ၊ Capital Automotive Ltd နှင့် Ford ၏ ကာလရှည် မိတ်ဖက်ဖြစ်သူ RMA အုပ်စုတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဖွင့်လှစ်မည့် ကားအရောင်းပြခန်း၊ ကားရောင်းချမှုနှင့် ရောင်းချပြီးနောက် ၀န်ဆောင်မှုပေး သည့် လုပ်ငန်းများကို အောင်လက်မှတ် ရရှိထားသည့် ကျွမ်းကျင်ပညာရှင်များနှင့် ၀န်ဆောင်မှု ပေးသွား မည်ဖြစ်ပြီး မြန်မာစက်ပြင် ဆရာများ၊ အရောင်းဝန်ထမ်းများနှင့် ၀န်ဆောင်မှုပေးသည့် ၀န်ထမ်းများကို လည်း လေ့ကျင့်ပျိုးထောင် ပေးသွားမည်ဟု Ford က ကတိပြုထားသည်။

EMG