ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

28.6.13

သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်ယူခံရ

 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် အနောက်သစ်ထုတ်ရေး ဒေသရှိ သစ်ထုတ်ရေးဌာနပိုင် ဆင်တစ် ကောင်းအား ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က သေနတ်ဖြင့်ပစ်သတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံ ခဲ့ရကြောင်း ရဲဌာနပိုင် မှတ်တမ်းများက ဖေော်ပြထားသည်။

အဆိုပါ မှတ်တမ်းများတွင် မော်လိုက်အနောက်ဘက်သစ်ထုတ်ရေးေးသမှ လက်ထောက်ဆင်ခေါင်း ဦးမောင်ဆန်းသည် သစ်ထုတ်ရေးဌာနပိုင် ဆင်အမှတ် (၅၆၀) ဆင်အမည် ဇော်ဇော်(အထီး) အသက် ၃၁နှစ် ၅ လ ခန့်၊ ကာလတန်ဘိုး ငွေကျပ် သိန်း ၇၀ တန် ဆင်ကြီးတစ်ကောင်အား ယခုလ ၁၉ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က ဆင်စခန်းမှ ထူးခတ်၍ တောတွင်းသို့ လွတ်ကျောင်းထားခဲ့ရာ ယခုလ ၂၁ ရက်နေ့ မနက် ၈ နာရီခွဲအချိန်တွင် ၎င်းဆင်၏ ဆင်ဦးစီး ဦးဖိုထောင်ဆိုသူမှ လိုက်လံရှာဖွေစဉ် မော်လိုက်သစ်တောကြိုးဝိုင်း အကွက်အမှတ် (၁၄၆) ဆိုင်ခန်းစခန်းမှ နှစ်မိုင်အကွာ တောတွင်းတစ်နေရာတွင် လွတ်ကျောင်းဆင်၏ ၀ဲဘက်နားထင်၌ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် သေဆုံးနေခဲ့ကြောင်း၊ ၎င်းဆင်၏အစွယ်နှစ်ချောင်းမှာ ဖြတ်တောက် ခိုးယူခံရသည့်အတွက် အစွယ်များမရှိတော့ကြောင်း ဆက်လက်၍ ဖော်ပြထားသည်။

“ တိရစ္ဆာန်လောကမှာ လူကနေပါးစပ်ကပြောပြီးခိုင်းလို့ရတာဟာ ဆင်ပဲရှိတယ်..။ ခွန်အားကြီးသလောက် စိတ်ကောင်းရှိတတာ ဆင်တွေဘဲဖြစ်ပါတယ်..” ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သစ် တောရေးရာ တိုင်းဒေသကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးမှ ပြောပြသည်။

အဆိုပါ သစ်ထုတ်ရေးဌာနပိုင် ဆင်ကိုသတ်၍ အစွယ်ဖြတ်တောက်ခိုးယူခံရခြင်းနှင့်ပတ်သက်၍ ယခုလ ၂၃ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မော်လိုက်အနောက်ဘက်သစ်ထုတ်ရေး ဒေသမှ သစ်တောအုပ်ကြီး ဦးအောင်တင်၏ တိုင်တန်းချက်များအရ တမူးမြို့နယ်ခွဲ ရဲစခန်းမှ (ပ) ၁၂/ ၂၀၁၃ ပြည်သူပိုင်ပစ္စည်းကာ ကွယ်ရေးအက်ဥပဒေပုဒ်မ ၆(၁)အရ အမှုရေးဖွင့်၍ ရဲစခန်းက ဆက်လက်ဆောင်ရွက်ရှိကြောင်း သိရသည်။

Ref : theburmapost

မန်းမှာ စည်းကမ်းမဲ့ရပ်တဲ့ ယာဉ်တွေ ကရိန်းနဲ့ ရှင်းပြီ

မန္တလေးမြို့ရှိ ယာဉ်မရပ်ရ နေရာတွေမှာ ရပ်တဲ့ယာဉ်တွေကို ကရိန်းကားနဲ့ ဆွဲယူကာ ဖမ်းဆီးအရေးယူ နေပါတယ်။ ယနေ့ မနက်က စတင်ပြီး ဈေးချိုအနီးတစ်ဝိုက်မှာ ကရိန်းကားနဲ့ ဖမ်းဆီး အရေးယူထားတဲ့အတွက် ဥပုသ်နေ့ ဈေးပိတ်ရက် လမ်းရှင်းသလိုမျိုး ရှင်းလင်းနေတာကို တွေ့ရပါတယ်။ ဖမ်းဆီးခံရတဲ့ ကားပိုင်ရှင်ဟာ ကရိန်းကားဆွဲခ ငါးသောင်းကျပ်အပြင် ဒဏ်ငွေလည်း ထပ်မံ ပေးဆောင်ရမယ်လို့ သိရပါတယ်။ “လမ်းက တအားကို ရှင်းနေတယ်။ လမ်းရဲ့ ဟိုဘက်ခြမ်း၊ ဒီဘက်ခြမ်းမှာ တစ်စီးစီ ရပ်ခွင့်ပေး၊ အဲဒီထက် ပိုသွားရင် ဖမ်းပေါ့၊ အခုဟာက ဒီထက်ဆိုးတဲ့ ၇၈ လမ်းတစ်ကြောနဲ့ ၂၆ လမ်းမှာရှိတဲ့ ၇၉x၈၀ ကြားမှာ မဖမ်းဘဲ ဈေးချိုမှာ လာဖမ်းတယ်” လို့ မန်းမြန်မာပလာဇာ ဈေးအကျိုးတော်ဆောင်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၂၈ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

Ref: FB

ဂျူဗင်းတပ်စ် အသင်းနှင့် တရားဝင် စာချုပ်လိုက်ပြီဖြစ်သည့် တီဗက်ဇ်


   ဂျူဗင်းတပ်စ်အသင်းသည် မန်ချက်စတာစီးတီးတိုက်စစ်မှူး ကားလို့စ်တီဗက်ဇ်ကို အတည်ပြုခေါ်ယူလိုက် ပြီဖြစ်ကြောင်းသိရှိရသည်။  အာဂျင်တီးနားလက်ရွေးစင် တိုက်စစ်မှူးသည် ပေါင်စတာလင် (၁၀)သန်းတန် .ပြောင်းရွှေ့ကြေး သဘောတူညီမှုတစ်ရပ်ဖြင့် အီတလီစီးရီးအေ ချန်ပီယံအသင်းထံသို့ ရောက်ရှိလာသည်။ အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀)သန်း ပြောင်းရွှေ့ကြေးကို ဦးစွာ .ပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်း ပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေးမြင့်တက်လာနိုင်ကြောင်း သိရှိရသည်။ သို့သော်လည်းတီဗက်ဇ်သည် ယာဉ်စည်းကမ်းဖာက်ဖျက် မှုအတွက် ချမှတ်ခံထားရသည့် ပြစ်ဒဏ်ဖြစ်သော အများအကျိုးပြု လုပ်ငန်းများကို နာရီ (၂၅၀) ကြာ လုပ် ကိုင်မှုများကို အပြီးသတ်ဆောင်ရွက်ပြီးမှ အီတလီသို့ကူးပြောင်းခွင့်ရမည်ဖြစ်သည်။  တီဗက်ဇ်သည် မက္ကာ ဖီးလ် တရားရုံးတွင် ဧပြီလက လိုင်စင်မပါဘဲ ကားမောင်းမှုအတွက် ယခုပြစ်ဒဏ်ကိုခံယူရန် အမိန့်ချမှတ် ခဲ့ခြင်း ခံခဲ့ရသည်။
   ၎င်းသည် တောင်အမေရိကတွင် အနားယူနေရာမှ အီတလီသို့ ရောက်ရှိလာကာ စာချုပ်ခဲ့ပြီးနောက် အ င်္ဂလန်ရဲတပ်ဖွဲ့က ပြစ်ဒဏ်ကိစ္စအပြီး မသတ်သေးသည်ကို သတိ ပေးထားခဲ့သည်။ တီဗက်ဇ်သည် ဇူလိုင်လ (၁၂)ရက်နေ့တွင် ဂျူဗင်းတပ်စ်အသင်းရာသီကြိုလေ့ကျင့်ခန်း အစီအစဉ်များစတင်ရာ၌သွားရောက်ပူးပေါင်း ဖွယ်ရှိနေပြီး ယင်းမတိုင်မီ အင်္ဂလန်မှဥပဒေကြောင်းဆိုင်ရာကိစ္စများကို အပြီးသတ်ရှင်းလင်းရန် လုပ်ဆောင် ရမည် ဖြစ်သည်။  အသက်(၂၉)နှစ်ရှိ တီဗက်ဇ်အတွက် ဂျူဗင်းတပ်စ်က ပေါင်စတာလင် (၁၀) သန်း တန်ပြောင်းရွှေ့ကြေးကို ဦးစွာပေးချေပြီး အခြားသောစွမ်းဆောင်ရည်ဆိုင်ရာ ထပ်ပေါင်းပေးချေမှုများ အရ ပေါင်စတာလင် (၁၂)သန်းထိ တန်ကြေး မြင့်တက်လာနိုင်သည်။ တီဗက်ဇ်ကို လေယာဉ်ပေါ်မှ အဆင်း တွင် ဂျူဗင်းတပ်စ် ပရိသတ် (၂၀၀)ကျော်က စုရုံးနှုတ်ဆက်ခဲ့ကြသည်။ ၎င်းသည် ဂျူဗင်းတပ်စ်တွင်တစ်နှစ် လုပ်ခ ပေါင်စတာလင် (၄.၆)သန်းမျှ ခံစားရမည်ဖြစ်ပြီး အသင်း၏ လုပ်ခလစာ အများဆုံး ကစားသမားဖြစ် လာမည်ဟုလည်း သိရှိရသည်။ 
Ref: Daily Mail

Android Application တွေကို Full Version ဖြစ်အောင်လုပ်ပေးမယ့် Lucky-Patcher-v3.3.9 APK

တစ်ချို့ Android Software များဟာ လိုင်စင်ကီးတောင်းတာတို့ ၀ယ်ခိုင်းတာတို့ ကြော်ငြာပါနေတာတို့ ရှိတတ်ပါတယ် ဒီလိုမျိုးဖြစ်နေတဲ့ကောင်တွေကိုဒီ Softwareလေးက FullVersion  ဖြစ်အောင်ပြုလုပ်ပေးမှာ
ဖြစ်ပါတယ်Android2.0နဲ့အထက်Rootလုပ်ထားမှသုံးလို့ရမှာဖြစ်ပါတယ်။ 

အားလုံးအတွက်အသုံးဝင်မယ့်ဟာလေးပါ။အခုမနေ့ကUpdate ထွက်ထားတာလေးတင်ပေးလိုက်ပါတယ်။ Android-Appတွေကို လိုင်စင်တောင်းရင်ဒါလေးနဲ့ ထပ်မတောင်းတော့အောင်ဖြုတ်ပေးလို့ရတယ် ဒါအပြင်GoogleAds ဖြုတ်တာတို့၊LicenseVerfication ဖြုတ်တာတို့မှာအရမ်းနာမည်ကြီးတဲ့ Application လေးဖြစ်ပါတယ်။Android APP တွေကို Full Version ဖြစ်အောင် လုပ်ပေးတဲ့ Software လို့တောင်နာမည်ကြီးပါတယ်။အရင်သုံးဖူးတဲ့သူတွေရှိမယ်လို့လဲယူဆပါတယ်။တစ်ကယ်လို့မသုံးတတ်သေး
ရင်လဲYoutube  မှာဝင်ကြည့်လိုက်ပါ။ 
 
Download link
https://www.dropbox.com/s/54n3a0kno3gcdds/lucky-patcher_3.3.9.apk

Ref: http://www.winkabarkyaw.net

Huawei C8813 and C8813D တွေမှာ Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

Huawei C8813 and C8813D တွေမှာ

 Viber သုံးရင် အ၀င်အထွက်အသံတွေမကြားဘူးဆိုသူများအတွက်

 နှစ်ဖက်စလုံးအသံကြားရတဲ့ viber ဆော့ဝဲလ်လေးပါ။
 
 
 
 Ref: Thant Zaw Thet ( http://www.winkabarkyaw.net )

Facebook အကောင့် ကို Comfirm Code မတောင်းအောင် ဖွင့်နည်း

အခုရက်ပိုင်းအတွင်း Facebook အကောင့်အသစ်ဖွင့်တိုင်း Email Confirmation လုပ်လိုက်တာနဲ့တစ်ခါတည်း အကောင့်ကာ လော့ကျသွားတာတွေ ကြားနေရပါတယ်ဒါနဲ့ကျွန်တော်လည်း သာမာန်အတိုင်းပဲ Facebook အကောင့်အသစ်တစ်ခုကို ဖွင့်ကြည့်လိုက်တာတကယ်ပဲ Email အတည်ပြုပြီးတဲ့အဆင့်မှာပဲ Fake Name သုံးထားလို့ ဘာညာဆိုပြီးလော့ကျသွားပါတယ် .. ပြန်ရချင်ရင်တော့ နိုင်ငံခြားက အသိတစ်ယောက်ရဲ့ အကူအညီကိုယူပြီးသူ့ဖုန်းနံပါတ်ကိုထည့်ပေး FB က Text Message ပို့ပေးခဲ့တဲ့ ကုဒ်ကို ထည့်ပေးနိုင်ရင်တော့ ရကောင်းရနိုင်ပါတယ် ။

အလုပ်လည်းရှုပ်သလို ရနိုင်မယ်မရနိုင်ဘူး လည်းမသေချာ နောက်ထပ် လော့ကျနိုင်ခြေ ဘယ်လောက်နီးစပ်မစပ်လည်း မသေချာဆိုတော့  အကောင့်ဖွင့်ကတည်းကလော့မကျအောင်ဖွင့်နိုင်မယ် နည်းလမ်းတွေကို အမျိုးမျိုးစမ်းသပ်ကြည့်တော့ဒီနည်းလေးကိုသွားတွေ့ပါတယ် .. ဒီနည်းလမ်းအတိုင်း အကောင့်သုံးလေးခုကို ဖွင့်ကြည့်တာ အားလုံးအဆင်ပြေပြေနဲ့အောင်မြင်တာကို တွေ့ရပါတယ် အကောင့်သစ်အတွက် ဘာမှမလုပ်ခင် Browser မှာရှိတဲ့ History တွေ Cookies တွေကို ရှင်းထားလိုက်ပါ။

ပထမဆုံး nolockfacebook@gmail.com ဆိုတဲ့Gmailအကောင့် အသစ်တစ်ခုဖွင့်လိုက်ပါတယ် ပြီးတော့ဖွင့်ထားတဲ့ အကောင့်သစ်ရဲ့ Gmail ကို Sing Out မလုပ်ဘဲဒီအတိုင်းဖွင့်ထားပါတယ်.. ပြီးရင်Facebook  အကောင့်သစ်စဖွင့်ဖို့ Sign Up လုပ်ပါတယ်။
 
Firstname/Last-nameနေရာတွေမှာအင်္ဂလိပ်နံမည်တွေထည့်ပေးပါတယ်(ကျွန်တော့်တို့ မြန်မာနံမည်တွေ ကအနောက်နိုင်ငံတွေရဲ့ နံ့မည်တွေနဲ့ တည်ဆောက်ပုံမတူလို့ Fake Name အဖြစ် Facebook က ယူဆတတ်လို့ပါ )

ကျန်တဲ့အချက်တွေကိုတော့ တတ်နိုင်သမျှ Email အကောင့်ထဲကအချက်တွေနဲ့ တူအောင် ထည့်ပေးပါမွေးသက္ကရာဇ်ထည့်တဲ့နေရာမှာ တစ်ခုသတိထားရမှာက လက်ရှိအချိန်ထိ 18 နှစ်နဲ့အထက်ဖြစ်အောင် တွက်ချက်ပြီး ထည့်ပေးပါ .. ( 13 နှစ်ကျော်ရင်လည်း ရပေမယ့် တစ်ခါတစ်ခါ Error တက်တတ်လို့ပါ . )ကျန်တာတွေကိုတော့ ပုံမှန်အတိုင်းပဲ ထည့်ပေးသွားပါ ..နိုင်ငံကလည်း လက်ရှိ အဲဒီ Browser ကဖတ်ထားတဲ့ နိုင်ငံ ( မြန်မာနိုင်ငံကဖွင့်တာဆို Myanmar ဆိုတာလေး ပြနေမှာကိုပြောတာ)။

ပြီးရင် နောက်တစ်ဆင့်ရောက်တဲ့အခါ .. Find Friends ကို မနှိပ်ပဲ Skip လုပ်လိုက်ပါ( Find Friends လုပ်လိုက်ရင် အခြားသော အကောင့်တွေကို လိုက်ချိတ်တာဖြစ်လို့ Spam ရဲ့ လမ်းကြောင်းနဲ့ သွားတူနေလို့ပါ .. )။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထည့်ပေးရပါမယ်School မှာ အင်္ဂလိပ်လို ကျောင်းတစ်ကျောင်းရိုက်ထည့် အဲဒီအခါ Facebook က သူ့ရဲ့ Database ထဲမှာရှိတဲ့ ကျောင်းကို Result ထုတ်ပေးလာလိမ့်မယ် .. သူဖေါ်ပြလာတဲ့ ကျောင်းတွေထဲကမှ ကိုယ်ကြိုက်တာကို ရွေးနှိပ်လိုက်ပါ .. ( ကိုယ်ထည့်ချင်တာကို ထည့်လိုက်တာမဟုတ်ပါဘူး .. Facebook က သိထားတဲ့ကျောင်းကိုပဲ ရွေးထည့်ပေးလိုက်တာပါ )။

University နဲ့ အောက်က အကွက်တွေမှာလည်း ဒီအတိုင်းပဲ .. Facebook က ဖေါ်ပြပေးတဲ့ နံမည်တွေကိုပဲ ရွေးပေးလိုက်ပါ .. ( အဲဒါတွေက နောက်မှ ပြင်လည်းရတယ်လေ )နောက်တစ်ဆင့်မှတော့ Profile ပုံကို Upload တင်ပေးရမှာပါ .. ဒီအဆင့်ကို မကျော်ပဲ ပုံတစ်ပုံတင်ပေးလိုက်ပါ .. ဒါတွေပြီးလို့ Save and continue ကိုနှိပ်လိုက်ရင်Friends အပ်ခိုင်းတဲ့ အဆင့်ဝင်လာပါတယ် .. ဒီအဆင့်မှာတော့ သူငယ်ချင်း နှစ်ယောက်လောက်ကို Friend Request လုပ်လိုက်ပါ ။

နောက်တစ်ဆင့်မှာတော့ ကိုယ့်ရဲ့ Home ကို ရောက်သွားပါမယ် .. အဲဒီမှာ Search Box ထဲကနေ .. ကိုယ့်ရဲ့ တစ်ခြားအကောင့်တစ်ခု ကို ရှာပြီး Add ပါ .. အဲဒီအကောင့်ကိုလည်း စက်တစ်လုံးကနေ Log in ၀င်ထားပြီး  Friend Request လုပ်တာကို ချက်ချင်းပဲ Confirm လုပ်ပေးလိုက်ပါ အဲဒီအဆင့်ပြီးမှ ကိုယ့်ရဲ့ Gmail ကို ပြန်သွားပါ .. ( Facebook ရဲ့ အပေါ်မှာ ပေါ်နေတဲ့ Go to your gmail ကို မနှိပ်ပဲ ဒီအတိုင်းပဲ Gmail tab ကို သွားလိုက်တာပါ )။

Gmail ထဲမှာ  Facebook ကပို့ပေးလိုက်တဲ့ စာနှစ်စောင်ထဲက ပိုစောတဲ့စာ ( အောက်မှာရှိတဲ့စာ) ကိုဖွင့်ပြီးComplete Sign Up ကို မနှိပ်ပဲ သူပေးထားတဲ့ လင့်ကိုပဲ နှိပ်လိုက်ပါ နောက်ထပ် Tab အသစ်နဲ့အတူ Facebook ပွင့်လာပါမယ် Email Confirm ဖြစ်တဲ့အကြောင်း တက်လာပြီဆိုရင် အရင် facebook ရဲ့ Tab ကို ပိတ်လိုက်ပါ လက်ရှိရောက်နေတဲ့ Facebook ရဲ့ Home မှာပဲ Statusလေးတစ်ခုလောက်ရေးပြီး တင်ပေးလိုက်ပါဒါဆိုရင် အကောင့်တစ်ခုဟာလော့ မကျပဲအဆင်ပြေပြေ အောင်မြင် သွားပါပြီဒီနည်းလမ်းတစ်ခုလုံးမှာ ကျွန်တော် အသုံးချသွားတာက Browser တွေမှာ မှတ်သားထားလေ့ရှိတဲ့ Cookies ဆိုင်ရာ သီအိုရီအချို့ပါ .. ( ဒါကြောင့် Tab တွေကို မပိတ်ပဲ ထားခိုင်းတာပါ )

Ref: http://www.winkabarkyaw.net

ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းထွက်ပေါ်ကြောင်း ရေးသားaဖ်ာပြခဲ့သည့် Unity ဂျာနယ်ပြန်တောင်းပန်ရ

   အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သော Unity ဂျာနယ်၏ ဇွန်လ ၂၂ ရက်နေ့ ထုတ်တွင် မျက်နှာဖုံး သတင်းအဖြစ် ဖော်ပြပါရှိသော ‘ယွန်းဝတီလွင်မိုးကို ခိုးပြေးသည်ဟု သတင်းများထွက်ပေါ်’ဟူသောသတင်း အတွက် အဆိုပါသတင်းခေါင်းစဉ်နှင့် သတင်းသည် သရုပ်ဆောင်ယွန်းဝတီလွင်မိုးနှင့် သူ၏မိသားစုအား ဂုဏ်သိက္ခာ ညှိုးနွမ်းစေသော စကားလုံးအသုံးအနှုန်းများ သုံးစွဲမိသောကြောင့် သူ၏မိဘဆွေမျိုးများ၊ ပရိ သတ်များကို Unity ဂျာနယ်အယ်ဒီတာအဖွဲ့က ပြန်လည်တောင်းပန်ကြောင်း ယင်းဂျာနယ်၏ အဓိကတာ ဝန်ခံအယ်ဒီတာ စရဲမင်းထွန်းက The Voice သို့ပြောကြားသည်။  “အခြေအနေ၊ အကြောင်းကြောင်းတွေအ ရ ဒီသတင်းရဲ့ မှန်ခြင်း၊ မှားခြင်းကို ကျွန်တော်တို့ဘာမှ မပြောလိုတော့ပါဘူး။ ဒီသတင်းအပေါ် ကျွန်တော် တို့တိုက်က သတင်းထောက်က ကိုလွင်မိုးကို ဆက်သွယ်မေးမြန်းပြီး သတင်းအဖြစ်ဖော်ပြ ခဲ့တဲ့နေရာမှာ သုံးနှုန်းခဲ့တဲ့သတင်းခေါင်းစဉ်နဲ့ပတ်သက်ပြီး ကောလာဟလဆိုတဲ့ စကားလုံးမပါတဲ့အတွက် ပရိသတ်တွေ အထင်အမြင်မှားမှာစိုးတဲ့အတွက် မမေသူကနေကျွန်တော်တို့တိုက်က လူကြီးပိုင်းတွေကတစ်ဆင့်ပြန်လည် ၍ တာင်းပန်ပေးဖို့ တောင်းဆိုလာတဲ့အတွက် တောင်းပန်ပေးတာပါ” ဟု သတင်းအတွက်ပြန်လည်တောင်း ပန်ရခြင်းအကြောင်းကို ၎င်းက ဆက်လက်ပြောကြားသည်။
   အဆိုပါ သတင်းအတွက် ၎င်းတို့ဘက်က မှားယွင်းသည့် အချက်များမှာ သရုပ်ဆောင် ယွန်းဝတီလွင်မိုး သည် အသက် ၁၄ နှစ်အရွယ်သာ ရှိသေးသည့်အတွက် ကလေးသူငယ် ဥပဒေအရ ယင်းကဲ့သို့ သတင်း မဖော်ပြသင့်သည့် အချက်နှင့် သတင်းတွင်သုံးစွဲထားသော ဓာတ်ပုံမှာလည်း တရားဝင်ခွင့်ပြုချက် ရယူပြီး မ သုံးစွဲခဲ့သည့် အချက်များဖြစ်ကြောင်း ဦးစရဲမင်းထွန်းက ဆိုသည်။  သရုပ်ဆောင် ယွန်းဝတီလွင်မိုး ခိုးပြေးခံ ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့မှု အပေါ် Unity ဂျာနယ်မှ သတင်းထောက် တစ်ဦးက ယွန်းဝတီလွင်မိုး ၏ ဖခင်ဖြစ်သူသရုပ်ဆောင်လွင်မိုးကို ဆက်သွယ်မေးမြန်းရာတွင် ထိုသတင်းသည် မိသားစု၏ ဂုဏ်သိက္ခာ ထိခိုက်အောင် လုပ်ဆောင်ခြင်းသာ ဖြစ်ပြီးလုံးဝမမှန်ကန်ကြောင်းနှင့် ကလေးမှာလည်း ကျောင်းသူအရွယ် သာ ရှိသေးသည်ဟု ပြန်လည်ဖြေကြားခဲ့သော်လည်း Unity ဂျာနယ်မှ အဆိုဖော်ပြရာတွင် ကောလာဟလ ဟူသည့် စကားလုံးတစ်လုံးမှ မပါဝင်သည့်အတွက် စာဖတ်ပရိသတ်များက ဂျာနယ်အတွင်းရှိ ကိုလွင်မိုး ၏ ဖြေရှင်းချက်ကို မဖတ်မိဘဲ မျက်နှာဖုံးကိုသာ ကြည့်မိပါက နားလည်မှုလွဲမှားနိုင်သည့်အတွက်ပြန်လည် ၍ တောင်းပန်ခိုင်းရခြင်းဖြစ်ကြောင်းနှင့် ယင်းသတင်းမှာ လုံးဝမမှန်ကန်ကြောင်း ယွန်းဝတီလွင်မိုး၏မိခင်ဖြစ် သူ ဒေါ်မေသူက The Voice သို့ပြောကြားသည်။  “အစ်မက ဒီသတင်း ပါလာတဲ့အခါ Unity ဂျာနယ်ကို ဖုန်းဆက်တော့ သတင်းအယ်ဒီတာ နှစ်ယောက်နဲ့ သတင်းထောက်ချုပ်တို့ အိမ်ကိုလာကြတာယ်၊ အယ်ဒီ တာ နှစ်ယောက်က တောင်းပန်ကြပေမယ့် သတင်းထောက်ချုပ် ဆိုတဲ့လူကလုံးဝမတောင်းပန်ဘူး။
   သူက အစ်မရယ် အနုပညာရှင်ဆိုရင် ကောလာဟလထွက်လာတဲ့အခါ သတင်းသမားကတော့ရေးမှာပဲ လို့ ပြောတယ်။ အစ်မကတော့ ရှင်တို့ဒီလိုရေးလို့မရဘူးလို့။ ကျွန်မသမီးက ကလေးပဲရှိသေးတယ်။ ကျွန်မ ရဲ့အုပ်ထိန်းမှုအောက်မှာ ယဉ်ယဉ်ကျေးကျေး၊ စည်းကမ်းရှိရှိနေ နေတာလို့ ပြောလိုက်တယ်။ အစက အစ်မ က တောင်းပန်ရင်ကျေအေးမလို့၊ မတောင်းပန်တဲ့အတွက် ရှေ့နေကနေ Notice စာပို့မလို့ လုပ်နေတာ။ အ ခုလို တောင်းပန်ရင်တော့ အစ်မဘက်က ကျေအေးပါတယ်” ဟု ဒေါ်မေသူက Unity ဂျာနယ်၏ ပြန်လည်၍ .တောင်းပန်မှုအပေါ် သူ၏သဘောထားကို ဖွင့်ဟသည်။
Ref.. The Voice Weekly

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့ Tyla မြို့ရှိ KBP Instrument Design Bureau သို့သွားရောက် လေ့လာ




တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သောချစ်ကြည်ရေးကိုယ်စား လှယ်အဖွဲ့ သည် ဇွန် ၂၆ ရက် နံနက်ပိုင်းတွင် မော်စကိုမြို့တောင်ဘက် ၁၉၃ ကီလိုမီတာ အကွာTyla မြို့ရှိ KBP Instrument Design Bureau သို့ ရောက်ရှိလာရာ Deputy Chief Engineer, Andrey V. Morozov နှင့် တာဝန် ရှိသူများက ကြိုဆို နှုတ်ဆက် ကြသည်။ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား ပြပွဲခန်းမတွင် Deputy Chief Engineerမှ Bureau၏ သမိုင်းကြောင်းနှင့် ထုတ်လုပ်သည့် ပစ္စည်းများ အကြောင်းကို Video Projector များဖြင့်  ရှင်းလင်း တင်ပြသည်။

၎င်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ခန်းမအတွင်း ခင်းကျင်းထားသော လက်နက် ပစ္စည်းများအား လှည့်လည် ကြည့်ရှုကြရာ Deputy Chief Engineer, Andrey V.Moro-zov နှင့် Head of No(8) Department, Yury Amelinတို့မှ ရှင်းလင်း တင်ပြကြပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ သိရှိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူ များမှ  ပြန်လည်ရှင်းလင်း တင်ပြသည်။

ဆက်လက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင် များအား KBP Instrument Design Bureau မှ တာဝန် ရှိသူ များက ဂုဏ်ပြု နေ့လယ်စာဖြင့် တည်ခင်း ဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင်အပြီးတွင် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်မှ KBP Instrument Design Bureau တာဝန် ရှိသူများထံ အမှတ်တရ လက်ဆောင် ပေးအပ်ပြီး KBP Instrument Design Bureau မှ ပေးအပ်သော အမှတ်တရ လက်ဆောင်အား လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

Ref: myawady



က​လေး​လို​ချင်​လွန်း​သ​ဖြင့်​​ ​ကြံ​မိ​ကြံ​ရာ​​ ​လုပ်​ခဲ့​သည့်​​ ​ဗြိ​တိန်​သူ

 
 
   ဗြိတိန်နိုင်ငံမှ အမျိုးသမီး​တစ်ဦးက သူမသည်ကလေးလိုချင်လွန်းသဖြင့် အမျိုးသား ၂၀ နှင့်အတူ အိပ်ခဲ့​ ဖူးကြောင်းထုတ်ဖော်ဝန်ခံလိုက်သည်။  အသက် ၂၅ နှစ် ရှိပြီ​ ဖြစ်သော လာရာ​ ကာတာက ပြီးခဲ့သည့် နှစ် များအတွင်း သူမသည် ကျန်းမာရေး​အရ ကလေး​ရနိုင်ရန် အလွန်​ခက်ခဲ​မည်ဟု​ သိလာ​ပြီးနောက် ထို​အဖြေ ကို​ လက်မခံချင်ခဲ့ဟု ဆိုသည်။ ထို့ကြောင့် မည်သူမှန်းမသိသည့် လူစိမ်းများနှင့် လိင်​ဆက်ဆံခဲ့ကြောင်း လာရာက​ ဆိုသည်။  တစ်ကြိမ်က​ ဆိုလျင် သူမသည် အရက်မူး​ ဟန်ဆောင်ပြီး အမျိုးသား တစ်ဦးထံ အ တင်း​သွားရောက်ကာ ထိုသူနှင့်လိုက်သွား​ခဲ့ကြောင်း လာရာကပြောပါသည်။ ရုံးမန်နေဂျာ တစ်ဦးဖြစ်သည့် လာရာက သူမသည် ကလေးရမည်ဟု မျှော်လင့်ချက်ဖြင့် ထိုသို့ပြုလုပ်​ခဲ့သော်လည်း ကွန်ဒုံး​ သုံးချင်သည့် အမျိုးသား​ တစ်ဦးနှင့် ကြုံခဲ့သဖြင့် စိတ်ပျက်ရသေးကြေင်းဝန်ခံ​ခဲ့သည်။
   ထိုစဉ်က လာရာသည် အိတ်ထဲမှ ကွန်ဒုံး​တစ်ခုထုတ်ပေး​လိုက်သော်လည်း ထို​သူ​မသိအောင်လို့ အပေါက်ဖောက်​လိုက်ကြောင်း ပြောကြား​သွားသည်။  သူမသည် အတည်တကျချစ်သူ​ မထားဘဲလူစိမ်းများ ကိုသာ ချဉ်းကပ်ပြီး ကလေး​ရအောင် ကြိုးစား​ခဲ့ခြင်းဟု​ ဆိုသည်။ သူမသည်သုတ်ပိုး​အလှူရှင် အကူအညီရ ယူကာ ကိုယ်ဝန်​ရအောင် ဆောင်ရွက်ရန်စဉ်းစား​ခဲ့သော်လည်း ပေါင်စတာလင် ၂၀၀၀ မျှ ကုန်ကျမည့် အခြေအနေ​အတွက် ငွေကြေး​ မတတ်နိုင်ခဲ့ဟု ပြောကြားခဲ့သည်။ သို့သော်လည်း သူမ​ အနေနှင့် ယခုထိ ကိုယ်ဝန်​ မရသေးသဖြင့် စိတ်ပျက်လျက်ရှိသည်။  လာရာက သူမသည် ကားထဲနှင့် နိုက်ကလပ်ရှိ အိမ်သာ​ ခန်းထဲတွင်ပင် အမည်မသိ လူစိမ်းများနှင့်လိင်​ဆက်ဆံခဲ့ဖူးကြောင်း ပြောကြားသွားသည်။ သူမက လူတိုင်း ကို ကွန်ဒုံးမသုံးရန် တိုက်တွန်း​ခဲ့သော်လည်း အချို့သဘောမတူခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူမ​အိပ်ထဲမှာ အပေါက်ဖောက်ထားသည့် ကွန်ဒုံးများ အမြဲဆောင်​ထားလိုက်ကြောင်း လာရာကပြောဆို​ သွားသည်။

Ref... လူထုအသံ

UWSA “၀” အဖွဲ့ ယာဉ်တန်းကြောင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်

 
UWSA “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ၀မ်ဟုန်-ဆီယုတ် ကားလမ်းကြားရှိ မိုက်ဆန်းရွာသို့ ဇွန် ၂၅ ရက်နေ့ ည ၁၂ နာရီခန့်တွင် UWSA “၀” အဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော 4 x 4 ယာဉ်တန်း ၀င်ရောက်လာသည့်အတွက်ဒေသခံများစိုးရိမ်ထိတ်လန့်ခဲ့ရကြောင်းမိုက်ဆန်းရွာသားတစ်ဦး၏ ပြောပြချက်အ ရသိရသည်။

အဆိုပါ ယာဉ်တန်းသည် 4 x 4 အမျိုးအစားယာဉ်ငယ်အစီး ၂၀ ခန့်ရှိပြီး “၀” ယူနီဖောင်းဝတ် အဖွဲ့ဝင် ၂၀၀ ဦး ခန့်ရှိနိုင်ကြောင်း၊ မိုက်ဆန်းရွာမှတစ်ဆင့် လွယ်တွန်းဘက်သို့ ခြေလျင်ဆက်သွားကြကြောင်း၊ ၎င်းလွယ်တွန်း ဒေသ၌ “၀” စခန်း လေး၊ ငါးခုခန့်ရှိပြီး အင်အားထပ်ဖြည့်ခြင်းဖြစ်နိုင်ကြောင်း၊ ဇွန် ၂၆ ရက်နေ့မနက်၁၀နာရီခန့်တွင်ယာဉ်တန်းမှာ ဆီဟုတ်-မိုင်းယွန်းဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။

UWSA “၀” အဖွဲ့သည် “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်အဖြစ် အသိအမှတ်ပြုရေး တောင်းဆိုထားမှုနှင့် ပတ်သက်၍ အစိုးရအဖွဲ့နှင့် အဆင်မပြေမှုများရှိနေသည့်အတွက် ယခုကဲ့သို့ “ ၀ ” အဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွား လာမှာကို စိုးရိမ်နေကြပြီး ကချင်ပြည်နယ်က ဒုက္ခသည်စခန်းများကဲ့သို့ “ ၀ ” ဒေသမှာလည်း ဒုက္ခသည် စခန်းများ ဖြစ်လာမှာကို ဒေသခံများက မလိုလားကြကြောင်း သိရှိရပါသည်။

Ref: shannews