ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

2.9.13

လူနေအဆောက်အအုံ ဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား မ၀င်ရောက်မီ နိုင်ငံသား လုပ်ငန်းရှင်များ လူနေအထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှု မြင့်တက်

ရန်ကုန်မြို့ရှိ လူနေအဆောက်အအုံ ဈေးကွက်သို့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများအပြား မ၀င်ရောက်မီ နိုင်ငံသား လုပ်ငန်းရှင်များမှ လူနေအထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်မှု မြင့်တက်နေပြီး ရုံးခန်းများနှင့် ဟိုတယ်တည်ဆောက်ရေး လုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြောင်း ဆောက်လုပ်ရေး

စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ ဟိုတယ်လုပ်ငန်း၊ စီးပွားရေး အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်းနှင့် အထည်ချုပ် လုပ်ငန်းများအား ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်

စင်ကာပူ၊ ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှ မြန်မာနိုင်ငံတွင် ဟိုတယ်လုပ်ငန်း၊ စီးပွားရေး အဆောက်အအုံ တည်ဆောက်ငှားရမ်းခြင်း လုပ်ငန်းနှင့် လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများအား ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကုန်သွယ်မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း ကုန်သွယ်နေသည့် ပင်လယ်ရေကြောင်းမှ ယခုဘဏ္ဍာရေးနှစ် လေးလအတွင်း တရားဝင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေမှာ အမေရိကန်ဒေါ်လာ တစ်ဘီလျံနီးပါး ရှိနေ

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်း၏ ရာခိုင်နှုန်း ၈၀ အား ကုန်သွယ်မှု ပြုလုပ်နေသည့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ယခုဘဏ္ဍာနှစ် လေးလအတွင်း တရားဝင်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဘီလျံကျော်ရှိပြီး ကုန်သွယ်မှု လိုငွေမှာ ဒေါ်လာတစ်ဘီလျံနီးပါးအထိ ရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

မလေးရှား၌ တရားမ၀င် နေထိုင်သူများအား အထူးစီမံချက်ဖြင့် စတင်ဖမ်းဆီးသည့် ပထမနေ့တွင် မြန်မာအပါအ၀င် ၇၁ ဦး ဖမ်းဆီးခံရ

မလေးရှား အစိုးရက နိုင်ငံတွင်း တရားမ၀င် နေထိုင်သူများအား စက်တင်ဘာ ၁ ရက်မှစ၍ အထူးစီမံချက်ဖြင့် ဖမ်းဆီးခဲ့ရာတွင် စတင်ဖမ်းဆီးသည့် ပထမနေ့၌ မြန်မာနိုင်ငံသားများ အပါအ၀င် ၇၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မလိုအပ်သော ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို မြှင့်တင်နိုင်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌ ပြောကြား

မလိုလားအပ်သော စည်းမျဉ်းစည်းကမ်း ဥပဒေများကို ပယ်ဖျက်ခြင်းအားဖြင့် တရားဥပဒေ စိုးမိုးရေးကို ပိုမိုမြှင့်တင်ရာ ရောက်မည်ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။

ပြည်ထောင်စု လွှတ်တော်၌ အတည်ပြုခဲ့သော ဆက်သွယ်ရေး ဥပဒေကြမ်းတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကို ပြင်ဆင်ပယ်ဖျက်နိုင်သည့်အချက် မပါသေး

သက်ဆိုင်ရာ ၀န်ကြီးဌာနမှ လွှမ်းမိုးချုပ်ကိုင်ထားသည့် အချက်များ ပါဝင်သည်ဟု ဝေဖန်ခံခဲ့ရသော ဆက်သွယ်ရေး ဥပဒေကြမ်းကို သြဂုတ်၂၇ ရက်က ပြုလုပ်ခဲ့သော ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပြီးနောက်ပိုင်း ထိုဥပဒေတွင် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ (၂၀၀၄) ကို ပြင်ဆင်ပယ်ဖျက်နိုင်သည့်

လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာသူ များစွာတိုးပွားလာနိုင်ပြီး နိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှု ဆက်လက်မြင့်မားနိုင်ခြေ ရှိနေ

လာမည့် ဆယ်နှစ်အတွင်း မြန်မာနိုင်ငံတွင် အလွန်အမင်း ချမ်းသာကြွယ်ဝသူဦးရေ ခြောက်ဆအထိ တိုးလာနိုင်သော်လည်း မြန်မာနိုင်ငံ၏ ဆင်းရဲချမ်းသာ ကွာဟမှုမှာ ဆက်လက်မြင့်မားနိုင်ခြေ ရှိနေသည်ဟု စီးပွားရေး လေ့လာသူများက သုံးသပ်သည်။

ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည့် မြို့နယ်များသို့ မျိုးစပါးတင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာ အိတ်တစ်သိန်းကျော်ကို ခြောက်လဆိုင်း စနစ်ဖြင့် ပံ့ပိုးပေးနေ

ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့သည့် ဒေသများအနက် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ တောင်သူများအတွက် မျိုးစပါး တင်း ၈၀၀၀ နှင့် ဓာတ်မြေသြဇာအိတ်ရေ တစ်သိန်းကျော်ကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်းမှ သိရသည်။

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များရှိ အစိုးရ ထိန်းချုပ်ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိနေ

လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ အစိုးရထိန်းချုပ် ဒေသများ၌ ရွှေ့ပြောင်းဒုက္ခသည် ၁၅၀၀၀၀ ခန့်ရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနမှ သိရသည်။

နှစ် ၅၀ ပြည့် ရွှေရတုပွဲအတွက် လူရည်ချွန်ဟောင်းများ ကြိုတင်တွေ့ဆုံပွဲ အခမ်းအနား ရန်ကုန်မြို့၌ ကျင်းပ

နှစ် ၅၀ ပြည့် ရွှေရတုပွဲ လုပ်ဆောင်ရန် လူရည်ချွန်ဟောင်းများ ကြိုတင်တွေ့ဆုံပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ M3 Food Center ၌ စက်တင်ဘာ ၁ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။