ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

13.12.13

ယခုနှစ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုဝင်ဘာ တစ်လအတွင်း ဟိုတယ်အရေအတွက် ၁၆ လုံးနှင့် အခန်းပေါင်း ၁၆၀၀ ကျော် တိုးလာ


မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း ခရီးသွား ၀င်ရောက်မှုမှာ ပိုမိုများပြား လာသည့်အပြင် ဟိုတယ်လိုင်စင် လျှောက်ထားမှုများနှင့် လိုင်စင်ချထားပေးမှုများကြောင့် ဟိုတယ်အရေအတွက်များ ပိုမိုတိုးတက်လာကာ ယခုနှစ် နိုဝင်ဘာလ အတွင်းမှာပင် ဟိုတယ် ၁၆ လုံးနှင့် ဟိုတယ်အခန်းပေါင်း ၁၆၀၀ ကျော် တိုးတက်လာခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းဝန်ကြီးဌာနမှ သိရသည်။

ယခုနှစ် အောက်တိုဘာလကုန် အထိစာရင်းများအရ တစ်နိုင်ငံလုံးတွင် ဟိုတယ်အလုံးပေါင်း ၈၉၁ လုံးရှိကာ အခန်းပေါင်း ၃၂၃၉၁ ခန်းရှိခဲ့ပြီး နိုဝင်ဘာလတွင် လိုင်စင်ချထားပေးပြီးသော ဟိုတယ် အလုံးပေါင်း ၉၀၇ လုံးနှင့် အခန်းပေါင်း ၃၄၀၇၆ ခန်း ရှိကြောင်း သိရသည်။

"လစဉ်ကို ဟိုတယ်ခန်းတွေ တိုးလာနေပါတယ်။ ဒီနိုဝင်ဘာလထဲမှာကိုပဲ ရန်ကုန်တိုင်း ဒေသကြီးမှာ ဟိုတယ်က လေးလုံးနဲ့ အခန်း ၁၅၀ ကျော်လောက် တိုးလာပါတယ်" ဟု ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ထွန်းဦးက ပြောကြားသည်။

ငွေကျပ် ၃၂ ဘီလျံ မတည်ရန် လျာထားသည့် ရန်ကုန်စတော့ အိတ်ချိန်းအတွက် ဖက်စပ်လုပ်ကိုင်ရန် ဂျပန်ဘက်မှ Daiwa တစ်ခုတည်း မဟုတ်ဘဲ အခြားကုမ္ပဏီများ ပါဝင်မည်


ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ရန် ပထမအရစ်အဖြစ် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှု ပြုလုပ်ရန် လျာထားပြီး မြန်မာနှင့် ဖက်စပ်လုပ်ကိုင်ရန် ဂျပန်ဘက်မှ Daiwa ကုမ္ပဏီ တစ်ခုတည်း မဟုတ်ဘဲ အခြားဂျပန် ကုမ္ပဏီများလည်း ပါဝင်မည် ဖြစ်ကြောင်း Japan Exchange Group, Inc မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲ ကာလအတွင်း အကြမ်းဖက်သမားများ ၀င်ရောက်မှု မရှိစေရန် အင်တာပိုမှ တာဝန်ရှိသူများ ပြည်တွင်း၌ ရုံးထိုင်ပြီး စောင့်ကြည့်စစ်ဆေး

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပွဲတော် ကာလအတွင်း လုံခြုံမှုရှိ စေရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် အင်တာပို (အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့)တို့ ပူးပေါင်းပြီး အကြမ်းဖက်သမားများ ၀င်ရောက်မှု မရှိစေရန် စောင့်ကြည့် စစ်ဆေးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲမှူးချုပ်စိုးမြိုင်က ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် The Daily Eleven သို့ ပြောကြားသည်။

အကြမ်းဖက်သမားများကို စောင့်ကြည့် စစ်ဆေးရန် အင်တာပိုမှ တာဝန်ရှိသူများက ပြည်တွင်းရှိ ဟိုတယ်တစ်ခုတွင် ရုံးထိုင်၍ လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ယင်းကဲ့သို့ ပြည်တွင်း၌ လုံခြုံမှုရှိစေရန် မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာနိုင်သော လမ်းကြောင်းများ ဖြစ်သည့် ရေကြောင်းလမ်း၊ လေကြောင်းလမ်းနှင့် နယ်စပ်ဂိတ်ပေါက်များတွင် လုံခြုံရေး ဆောင်ရွက်မှုကို အထူးတင်းကျပ်စွာ ဆောင်ရွက်နေကြောင်း သိရသည်။

သဘောင်္ (သို့) ရွေ့လျားကျွန်း

သဘောင်္ကနေ ကျွန်းစု တစ်ခုဖြစ်လာစေမဲ့ ဒီပရောဂျက်ကို နိုမာဒီယာ စီမံကိန်းလို နာမည်ပေးထားပါတယ်။

ဒီသဘောင်္ကြီးကို အများစိတ်ဝင်စားစေမဲ့ သမိုင်းဝင်အဆောက်အအုံ ဒါမှ,မဟုတ် စီးပွားရေးအဆောက်အအုံ တစ်ခု၊ အပန်းဖြေနေရာ တစ်ခု
အဖြစ် ဖန်တီးသွားဖို့ရှိပါတယ်။

Sylvain VIAF ဆိုတဲ့ လူကဖန်တီးဒီဇိုင်းဆွဲထားတာဖြစ်ပါတယ်။

ကြီးမားလှတဲ့ ဒီရေပေါ်သဘောင်္ကြီးကို ဧည့်သည် (၃၀၀၀)လောက် ကောင်ကောင်းဧည့်ခံနိင်အောင် ဒီဇိုင်းဆွဲခဲ့ပါတယ်။

အတွင်းရှိဧည့်ခန်းမမှာ တစ်သွင်သွင်စီးကျနေသော ရေတံခွန်ပါ ပါဝင်ဦးမှာ ဖြစ်ပြီး အပေါ်အမိုးနံရံတွေကို တော့ မှန်သားတွေဖြင့် အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားခဲ့တာဖြစ်ပါတယ်။

ဂွတာနာမို အကျဉ်းစခန်း ပိတ်ပစ်ရန် အိုဘားမား ကြေညာထားမှုအား ထောင်မှူးမှ ထောက်ခံ

- ဂွတာနာမိုအကျဉ်းစခန်းကို တာဝန်ယူကြီးကြပ်နေသည့် တပ်မှူး အဒမ် ရစ်ချတ် ဘက်တလာက အမေရိကန်သမ္မတ အိုဘားမား၏ အကျဉ်းစခန်း ပိတ်ပစ်ရန် လူသိရှင်ကြား ကြေညာထားမှုအား ထောက်ခံသည်ဟု ပြောကြား ခဲ့သည်။ 

အိုဘာမားက ပြီးခဲ့သည့် ဧပြီလက ပြောကြားခဲ့သည့် မိန့်ခွန်းတွင် လူအခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည့် ဂွာတာနာမို အကျဉ်းစခန်းအား ပိတ်ပစ်မည်ဟု ပြည်သူများအား ကတိပေးခဲ့သည်။

Ref: america.aljazeera

ကမ္ဘာ့ပထမဆုံး 3D printed ကား


ကမ္ဘာ့ပထမဆုံး 3D printed ကားကို Urbee 2 လို့ခေါ်ပါတယ်။ အမေရိကန် နိုင်ငံမှ ၂၀၁၅ ခုနှစ်အတွက် ထုတ်လုပ်ထားခြင်း ဖြစ်ပြီး ဒေါ်လာ ၅၀၀၀၀ လို့သိရပါတယ်။
ကီလိုမီတာ ၁၀၀ တွင် ဆီစား ၀.၈၄ ဖြစ်ပြီး ၄၅၀၀ ကီလိုမီတာမှာ ဆီစား ၃၈ လီတာ ရှိတယ်လို့ ဆိုပါတယ်။ ၎င်းကား၏ ဘော်ဒီဟာ ပေါ့ပါးပြီးတော့ လျှပ်စစ်နှင့် ဒီဇယ် နှစ်မျိုးသုံးလို့ရတယ်လို့ သိရပါတယ်။

ကမ္ဘာ့စွဲဆောင်မှု အရှိဆုံး ကွန်ပြူတာ ပရိုဂမ်မာ


World Sexiest Programmer လို့ အသိအမှတ်ပြုထားကြတဲ့ ပရိုဂမ်မာ ဖြစ်ပါတယ်။ သူ့ရဲ့  ပရော်ဖက်ရှင်နယ်ကို တိတိကျကျ ပြောရရင် ဗီဒီယိုဂိမ်း ဒီဇိုင်နာ၊ ပရိုဂမ်မာ ဖြစ်ပါတယ်။
Jade Raymond လို့ အမည်ရပါတယ်။ အသက် ၃၇နှစ် ရှိပါပြီ။ ကနေဒါနိုင်ငံမှာ ဖွားပြီး McGill University တက္ကသိုလ်ကနေ ကွန်ပြူတာ သိပ္ပံဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့တုန်းက ၁၉၉၈ ခုနှစ်ပါ။ ယနေ့မှာတော့ သူမဟာ ကမ္ဘာ့အအောင်မြင်ဆုံး ဂိမ်း ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခုဖြစ်သော Ubisoft Publisher မှာ

ကိုယ့်ဘက်က အလုပ်ကို ကြိုးစားပြီး တန်းဖိုးထားလို့ ပရိသတ်က တန်ဖိုးထားတာပါ ခိုင်သင်းကြည်


ကိုယ့်ရဲ့အလုပ်ပေါ်မှာ စိတ်ပါ ဝင်စားမှု၊ ကံ၊ ဥာဏ်၊ ဝီရိယနဲ့ ပရိ သတ်က ချစ်တဲ့ စန်းလေးရယ်ပေါင်း ပြီးတော့ ဒီနေ့ဒီအချိန်ထိ ပရိသတ် က လက်ခံနေတယ်လို့ ထင်ပါတယ် ဆိုတဲ့ခိုင်သင်းကြည်က "အစ်မ လတ် တလောမှာ ဒါရိုက်တာစိုးကျော်ဆန်း ရိုက်ကူးတဲ့ “အချစ်ကပေးတဲ့ဆု” ဗီ ဒီယို ဇာတ်ကားမှာ နေမင်း၊ ကိုရန် လေးတို့နဲ့အတူ သရုပ်ဆောင်ထား တယ်။
လက်ရှိမှာတော့ အစ်မက ကိုယ့်ကို လာပေးတဲ့

အိုဘားမားတို့ နယ်ဆင်မန်ဒလဲလား အသုဘမှာ Selfie အလှဓာတ်ပုံရိုက်ကြ

ပုံမှာ မြင်တွေ့ရသလိုပါပဲ။ တောင်အာဖရိက သမ္မတဟောင်း နယ်ဆင် မန်ဒဲလား ရဲ့  အသုဘမှာ Selfie ဓာတ်ပုံ ရိုက်နေကြတဲ့ အိုဘားမားတို့ကို ယခုလို မြင်တွေ့ ရပါတယ်။ 

အမေရိကန် သမ္မတ အိုဘားမား နဲ့ အတူ ဗြိတိန်နဲ့ ဒိန်းမတ် နိုင်ငံ ဝန်ကြီးချုပ် ၂ ဦးတွဲလျက်ပါရှိနေမှုကို ယခုလို မြင်တွေ့ ရပါတယ်။ ယင်းဓာတ်ပုံကို အမိအရ ရိုက်ကူးလိုက်သူကတော့ AFP သတင်းဌာနမှ သတင်းထောက် တစ်ဦး ဖြစ်ပြီး အင်တာနက်ပေါ် ရောက်ရှိချိန်မှာတော့ ပြောစရာ၊ ဟာသ လုပ်စရာ ဖြစ်လို့သွားပါတယ်။ အိုဘားမား ရဲ့  အမျိုးသမီး မီရှယ်အိုဘားမား မျက်နှာထားဟာလည်း ထူးခြားလို့နေပါတယ်။

ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ရက်နေ့က နေပြည်တော် ၀ဏ္ဍသိဒ္ဒိ အားကစားကွင်းမှာ ပြုလုပ်တဲ့ ဆီးဂိမ်း ရေကူးပြိုင်ပွဲကို လာရောက် ကြည့်ရှုပြီး မြန်မာအသင်းနဲ့လည်း တွေ့ဆုံသွားပါတယ်။

ပြည်သူ့လွှတ်တော် တရား ဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ဟာ ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းက နေပြည်တော် ၀ဏ္ဍသိဒ္ဒိ မြင်းစီးကွင်းမှာ ဆီးဂိမ်းမြင်းစီးပြိုင်ပွဲကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံ မြင်းစီးအားကစား အဖွဲ့ချုပ် နာယက ဇေကမ္ဘာ ဦးခင်ရွှေရဲ့ ဖိတ်ကြားချက်အရ မနက် ၉ နာရီက လာရောက် ကြည့်ရှုသွားပါတယ်။ ဒီပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ဆောင်ပေးထားတဲ့ မြန်မာ့အလှ အမည်ရ မြင်းလည်း ပါဝင်ယှဉ်ပြိုင်ပြီး မဲနှိုက်ဆုံးဖြတ်ချက်အရ ကမ္ဘောဒီးယား မြင်းစီးသမားက စီးမှာ ဖြစ်ပါတယ်။ အဲဒီ့ပွဲမှာပဲ ထိုင်းဘုရင့်မြေးတော် မင်းသမီး သီရီဗင် နာဗရီ နာရီ ရတနာလဲ ပါဝင်ယှဉ်ပြိုင်နေတာပါ။