ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

30.10.14

ရုရှား ကုန်တင်အာကသယာဉ် ထပ်မံ လွှတ်တင်

နိုင်ငံတကာ အာကာသစခန်း (ISS) ကို ပေးပို့မယ့် ထောက်ပံ့ရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ အမေရိကန်က လွှတ်တင်တဲ့ မောင်းသူမဲ့ ဒုံးကျည် အန်တာရဲ့စ် (Antares) ပေါက်ကွဲပျက်စီးအပြီး နာရီပိုင်းအတွင်း ရုရှားအစိုးရက ပရိုဂရက်စ် ၅၇ (Progress 57) ကုန်တင်အာကာသယာဉ်ကို ကာဇက်စတန်နိုင်ငံ ဘိုင်ကိုနာအာကာသ စခန်းကနေ လွှတ်တင်လိုက်ပါတယ်။

Russiaနိုင်ငံပေါင်း ၁၅ နိုင်ငံ ပူးပေါင်းပိုင်ဆိုင် လည်ပတ်နေတဲ့ ISS ဟာ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ တန် အာကာသသုတေသန ဓာတ်ခွဲခန်းဖြစ်ပြီး ကမ္ဘာမြေအထက် မိုင် ၂၆၀ ဝေးတဲ့ ပတ်လမ်းကြောင်းပေါ်မှာ တည်ရှိပါတယ်။

ဒီစခန်းအတွက် သယ်သွားတဲ့ ထောက်ပံ့ရေးပစ္စည်း ၂.၆ တန်ထဲမှာ အာကာသစခန်းထဲက ဝန်ထမ်း ၆ ယောက်အတွက် စားနပ်ရိက္ခာ လောင်စာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ ပါပါတယ်။

အာကာသစခန်းထဲမှာတော့ နာဆာက အာကာသယာဉ်မှူး ၂ ဦး၊ ရုရှ အာကာသ ယာဉ်မှူး ၃ ဦးနဲ့ ဥရောပ အာကာသအေဂျင်စီက ၁ ဦးတို့ အလုပ်လုပ်နေပါတယ်။

အမေရိကန်က လွှတ်တင်တဲ့ အန်တာရဲ့စ် ဒုံးကျည်ဟာ အရင်က လေးကြိမ် အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပြီး အောက်တိုဘာ ၂၈ ရက်နေ့ကမှ ပထမဆုံးအကြိမ် ပေါက်ကွဲပျက်စီးခဲ့တာပါ။ ဒီမတော်တဆမှုကြောင့် လူတယောက်မှ ဒဏ်ရာမရဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

နာဆာက သူ့ရဲ့ အာကာသလွန်းပျံယာဉ်တွေ သက်တမ်းကုန်အပြီး ပုဂ္ဂလိက အကာသကုမ္ပဏီ အော်ဘစ်တယ် ဆိုင်းယန့်စ် (Orbital Sciences) နဲ့ စပေ့စ်အိပ်ခ်ျ (SpaceX)ကို ISS ဆီ ကုန်စည်သယ်ပို့ဖို့ ငှားရမ်းခဲ့တာပါ။

အောက်တိုဘာ ၂၈ ရက်နေ့ လွှတ်တင်မှုဟာ အော်ဘစ်တယ် ဆိုင်းယန့်စ် ကုမ္ပဏီရဲ့ ခရီးစဉ် ၈ ခုထဲက ၃ ခုမြောက် ဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့ အာကာသခရီးစဉ်အတွက် နာဆာနဲ့ စာချုပ်ချုပ်ထားတဲ့ စပေ့စ်အိပ်ခ်ျ  အာကာသလေ့လာရေး နည်းပညာ ကုမ္ပဏီဟာ သူ့ရဲ့ လေးကြိမ်မြောက် ခရီးစဉ်အဖြစ် ပြင်ဆင်နေပါတယ်။

DVB

ကမ္ဘောဒီးယားဘုရင် နန်းသက် ၁၀ နှစ်ပြည့် ပြည်သူထောင်ချီ တက်ရောက်


ကမ္ဘောဒီးယားနိုင်ငံရဲ့ မြို့တော်ဖနွမ်ပင်မှာ ထောင်နဲ့ချီတဲ့လူတွေ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က စုရုံးခဲ့ကြပြီး သူတို့ဘုရင် နိုရိုဒွန် သီဟာမိုနီရဲ့ နန်းသက် ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ကို တက်ရောက်ခဲ့ကြပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရေးခေါင်းဆောင်တွေ၊ တော်ဝင်မိသားစုဝင်တွေ၊ ရဲတွေ၊ စစ်သားတွေ ကျောင်းသားတွေနဲ့ ဒေသခံတွေက ဘုရင်ကြီး ကျန်းမာပါစေလို့ ဟစ်ကြွေးခဲ့ကြပါတယ်။

ဘုရင်သီဟာမိုနီကတော့ “အခု ရသမျှက ကျနော်တို့ ကြိုးစားအားထုတ်မှုတွေ လူသားဂုဏ်သိက္ခာနဲ့ လွတ်လပ်ရေးကို လေးစားမှု၊ ဒီမိုကရေစီ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးယဉ်ကျေးမှုတွေ ဆီကနေ လာတာပါ” လို့ လူထုကို မိန့်ခွန်းပြောပါတယ်။

ဘုရင်သီဟာမိုနီဟာ ၂၀၀၄ ခုနှစ် အောက်တိုဘာ ၂၉ ရက်နေ့က သူ့ဖခင် ဘုရင်ကြီး သီဟာနုရဲ့အရိုက်အရာကို ဆက်ခံခဲ့တာပါ။

တချို့ကျောင်းဆရာတွေကတော့ ဘုရင်နဲ့ သူရဲ့ စွမ်းဆောင်မှုတွေကို ထောက်ခံကြောင်း ပြောပါတယ်။

ဘုရင်သီဟာမိုနီက ကမ္ဘောဒီးယားပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်အောင် အမျိုးသား ရင်ကြားစေ့ရေးအတွက် အများကြီး လုပ်ပေးခဲ့တယ်လို့ ဘခ်တောက် အထက်တန်းကျောင်းက ကျောင်းဆရာ ခီအန်မိုနီရတ်သာက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာ ၁၉၇၀ ပြည့်လွန်နှစ်တွေက ပိုပေါ့ ခေါင်းဆောင်တဲ့ ခမာနီအစိုးရ အုပ်ချုပ်စဉ်က နိုင်ငံလူဦးရေ ၄ ပုံ ၁ ပုံ ဖြစ်တဲ့ လူဦးရေ ၁ သန်းခွဲကျော် သေဆုံးခဲ့ပါတယ်။

DVB

ပရဟိတအတွက် Dance for Life ပါတီပွဲ

Sexy Model များအဖြစ် လူသိများနေကြတဲ့ ဇွန်သဉ္ဖာ၊ ဇာဇာထက်၊ ကဗျာကိုကိုတို့ရဲ့ Sexy အက တွေနဲ့ ပွဲ ဆူသွားခဲ့တဲ့ Dance for Life ပါတီပွဲကို မှတ်မိကြဦးမှာပါ။

ဒီပါတီပွဲကို လာမယ့် ဒီဇင်ဘာလမှာ ထပ်လုပ်ဖို့ စီစဉ်ထားတယ်ဆိုတဲ့အကြောင်းကို ပွဲစီစဉ်သူ တွေဆီက သိရပါတယ်။  ဒီတခါမှာတော့ sexy အကတွေနဲ့ ဖျော်ဖြေမယ့်ပွဲ မဟုတ်တော့ပါဘူးတဲ့။

အောက်တိုဘာလ ၁ ရက်နေ့က VIP Bar မှာ လုပ်သွားတဲ့ ဒီပါတီပွဲက Sexy Model တွေရဲ့ အကအလှ တွေကြောင့် ဝေဖန်ဆူညံသံတွေ ထွက်ခဲ့လေတော့ ဒါကြောင့်များလားဆိုတာ စိတ်ဝင်စားစရာပါ။

ပွဲစီစဉ်သူတဦးဖြစ်တဲ့ DJ.Japan က “အဲ့ဒါနဲ့တော့ မဆိုင်ပါဘူး။ အခုပွဲမှာလည်း သူတို့ ပြန်ပါချင်လည်းပါမှာပဲ။ ကျနော်တို့ အတိအကျပြောလို့မရသေးဘူး။ ကျနော်တို့ sexy အကကို လက်မခံဘူးဆိုတာ ဒီတပွဲကိုပဲလက်မခံမှာ။ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့က ဒီဇိုင်းမျိုးစုံသုံးမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ပွဲတိုင်း sexy dance ဆို လူတွေက ဒါကို ရိုးသွားမှာ စိုးလို့။ ကျနော်တို့ အနေနဲ့ကလည်း ပြောမယ်ဆိုရင် ဒီလို sexy အကကို sexy party ဆိုပြီး ပွဲတိုင်းကို လုပ်ချင်တယ်။ ဒါပေမယ့် နောက်တပွဲကျမှ ပြန်လုပ်မှာ” လို့ ဆိုပါတယ်။

ဒုတိယအကြိမ် ကျင်းပမယ့် Dance for Life ပါတီပွဲမှာ အဆိုတော်တွေ၊ မော်ဒယ်လ်တွေရဲ့ ဖျော်ဖြေမှုတွေနဲ့ တက်ဆက်ဖို့ရှိတယ်လို့ DJ. Japan က ပြောပါတယ်။

ဒီပွဲဟာ HIV/AIDS ရောဂါ ဝေဒနာရှင်များအတွက် ရံပုံငွေအဖြစ် ပြုလုပ်တဲ့ ပွဲဖြစ်လို့ အခု တခေါက်မှာတော့ ပွဲထဲမှာတင် အလှူငွေကောက်ခံမယ့် ကောင်တာတွေဖွင့်ပြီး ကောက်ခံသွားမယ်လို့လည်း ဆိုပါတယ်။

လတ်တလောမှာ ပွဲ စပွန်ဆာများအဖြစ် Red Bull နဲ့ Grand Royal တို့ရရှိထားပြီး ပွဲလက်မှတ်ကို လူအယောက် နှစ်ရာ သတ်မှတ်ထားတယ်လို့ပြောပါတယ်။ ဘယ်နေရာမှာ ပြုလုပ်ဖြစ်မယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူးတဲ့။

“ဒီလို ပါတီဖျော်ဖြေမှုနဲ့ ပေါင်းပြီး ပရဟိတလုပ်တယ်ဆိုပေမယ့်  လူတွေတော်တော်များများကတော့ ကျနော်တို့ Dance for life ကို လက်မခံကြသေးဘူး။ နောက်ပိုင်းတော့ ဒါကြီးကို လက်ခံစေချင်တယ်။ လူငယ်တွေ ပါတယ် ဆိုပေမယ့် လူကြီးတွေကိုလည်း ကြိုဆိုပါတယ်။ လှူတဲ့ပွဲဖြစ်တဲ့အတွက်လည်း အားလုံးကို ကျနော်တို့က လာစေ ချင်တယ်။ လူတွေထင်သလိုမျိုး ဒီပွဲကြီးက sexy တွေပဲ လုပ်တယ်တို့ အဲ့လိုမျိုးကြီးလည်း ကျနော်တို့က အမြဲ တမ်း မမြင်စေချင်ဘူး။ ကျနော်တို့က အဓိက HIV/AIDS ရောဂါ ဝေဒနာသည်တွေအတွက် ရည်စူးပြီး ရံပုံငွေ တွေကောက်ခံတဲ့အတွက်ကြောင့်မို့ ဒီပွဲက sexy နဲ့ သက်ရောက်မှုမရှိပါဘူး။ ကျနော်တို့ကလာတဲ့ ဧည့်သည် တွေကို ပါဖောမန့်စ်(performance) ပေးမယ်။ အဓိကကတော့ ကျနော်တို့က ရတဲ့ငွေတွေကို လှူမယ်။ ပြီးရင် ကျနော်တို့ရဲ့ အရင်းနဲ့ နောက်တခါ ပါတီပြန်လုပ်မယ်။ ဒီ့ထက်ကြီးသွားအောင် လုပ်သွားမယ်။” လို့ DJ.Japan က သူ့သဘောထားကိုပြောပါတယ်။
အခါကြီးရက်ကြီးနဲ့ တခြား ဖျော်ဖြေရေးပွဲကြီးတွေ ရှိမယ့်အချိန်တွေကို ရှောင်ပြီး သူတို့ရဲ့ Dance for Life  ပါတီကို ၂ လတခါ ပုံမှန်လုပ်သွားနိုင်ဖို့ ကြိုးစားနေဦးမှာပါတဲ့…။

Irrawaddy's Blog

အာဖဂန်နစ္စတန်တွင် မူးယစ်ဆေးဝါး တန် ၂၀ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ


အာဖဂန်နစ္စတန်နိုင်ငံမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့က မူးယစ်ဆေးဝါး တန် ၂၀ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။

အာဖဂန်ပြည်ထဲရေးနဲ့ မူးယစ်တိုက်ဖျက်ရေး ဒုတိယ၀န်ကြီးက အခု ဖျက်ဆီးခဲ့တဲ့ ဘိန်းနဲ့ ဘိန်းချက်ပစ္စည်း တန် ၂၀ ဟာ ကဘူးလ်မြို့တော်နဲ့ ပတ်ဝန်းကျင်မှာ ဖမ်းဆီး သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေလို့ ပြောဆိုပါတယ်။

အခမ်းအနားကို ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်း အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ ကမ္ဘာ့ပေါ်မှာ မူးယစ်ဆေးဝါး အများဆုံးထုတ်လုပ်တဲ့နိုင်ငံ ဖြစ်ပြီး တကမ္ဘာလုံးရဲ့ ဘိန်း ၉၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာပါ။

DVB

ဟာဝိုင်အီရှိ ချော်ရည်စီးဆင်းနေမှုများ မိုးရွာသွန်းမှုကြောင့် နှောင့်နှေးသွား


အမေရိကန်နိုင်ငံ၊ ဟာဝိုင်အီကျွန်းရှိ ကျေးရွာတစ်ခုထံ ချော်ရည်များ စီးဆင်းလာမှုသည် မိုးရွာသွန်းမှုကြောင့် နှောင့်နှေးသွားကြောင်း သိရသည်။

ဟာဝိုင်ယီရှိ ကီလူးအာ မီးတောင်မှ စီးထွက်လာသည့် နီရဲပူပြင်းသော ချော်ရည်များသည် ပါဟိုအာ ကျေးရွာရှိ လူနေဒေသများထိ ရောက်ရှိလာသဖြင့် လူအများ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရသည်။ ချော်ရည်များ၏ အပူချိန်သည် ၁၆၀၀ ဒီဂရီ ဖာရင်ဟိုက်ထက်ပင် ကျော်လွန်ပြီး အောက်တိုဘာ (၂၈)ရက် တစ်ညတည်းမှာပင် ကိုက်(၉၀)မျှ တဖြည်းဖြည်း ရွေ့လျား စီးဆင်းလာခဲ့သည်။

ချော်ရည်များကြောင့် လူနေအိမ်ခြေ အဆောက်အအုံများ ပျက်စီးမည့် အခြေအနေ ကြုံနေရသော်လည်း အောက်တိုဘာ (၂၉)ရက်နေ့က မိုးရွာသွန်းမှုများကြောင့် အချို့နေရာများတွင် ချော်ရည်များ အေးခဲကုန်ကြောင်း ဒေသခံများက ဆိုသည်။ “လောလောဆယ်တော့ လူတွေက သိမ်းဆည်းစရာ ရှိတာတွေကို သိမ်းဆည်းထားပါပြီ။ အသက်ဘေး ကြုံလာရင်တော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို စွန့်သင့်ရင် စွန့်ခဲ့ရမှာပါပဲ”ဟု ပါဟိုအာမှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သည့် မိုက်ခ်မစ်ကက်ဖ်က ပြောကြားခဲ့သည်။

မိုးရွာသွန်းမှုကြောင့် မီးတောင်မှ ချော်ရည်စီးထွက်မှုများ လုံးဝ ရပ်တန့်မသွားသော်လည်း ချော်ရည်များ တိုးပွားစီးဆင်းမှုကို အကန့်အသတ် ဖြစ်သွားစေကြောင်း သိရသည်။ ချော်ရည်များ စီးဆင်းလာသည့် လမ်းကြောင်းသည် ခန့်မှန်းရန် ခက်ခဲနေသဖြင့် မိသားစုလိုက် မိမိ နေအိမ် အခြေအနေကို စောင့်ကြည့်နေရကြောင်း ဒေသခံများက ဆိုသည်။ “အိမ်မှာထိုင်ပြီး ဒီအခြေအနေကြီးကို စောင့်ကြည့်နေရတာ စိတ်မသက်သာဘူး”ဟု ဒင်းနစ် လက်ဂ်ရီမက်စ်က ဖွင့်ဟခဲ့သည်။ သူမက ချော်ရည်များ လူနေဧရိယာအနီးထိ တရွေ့ရွေ့ စီးဆင်းလာမှုမျိုး ယခင်က ယင်းဒေသတွင် မတွေ့ကြုံခဲ့ဖူးဟုလည်း ရှင်းပြခဲ့သည်။

ကီလူးအာ မီးတောင်သည် (၁၉၈၃)ခုနှစ်က ကြီးကြီးမားမား တစ်ကြိမ် ပေါက်ကွဲခဲ့ဖူးပြီး ယခုအခါ အက်ကွဲကြောင်း တစ်နေရာမှ ချော်ရည်များ စိမ့်ထွက်နေခြင်း ဖြစ်သည်။ ချော်ရည်များ တစ်စင်တီမီတာမျှ ဖုံးအုပ်နေသည့်နောက် ပါဟိုအာကို ဆက်သွယ်ထားသည့် ကားလမ်းနှစ်ခုကိုလည်း ပိတ်ထားလိုက်ရကြောင်း သိရှိရသည်။

_Ref: BBC

28.10.14

တရုတ်နိုင်ငံ ဝမ်နင်းမြို့တွင် ရေလွှမ်း၊ လူဦးရေ ၅ သောင်းခန့် ရေဘေးဒုက္ခကြုံ



တရုတ်နိုင်ငံတောင်ပိုင်း ဝမ်နင်းမြို့မှာ ပြီးခဲ့တဲ့သီတင်းပတ်က မိုးသည်းထန်ခဲ့တဲ့အတွက် လယ်မြေတွေ နဲ့ လမ်းတွေ ရေလွှမ်းမိုးခဲ့ပြီး ဒေသခံ အယောက် ၅ သောင်းလောက် ရေကြီးမှု ဒဏ်ခံခဲ့ရပါတယ်။

ဟိုင်နန်ပြည်နယ် ဝမ်နင်းမြို့မှာ ရွာတွေ၊ မြို့နယ်တွေ အတော်များများ ရေကြီးခဲ့လို့ ဒေသခံ လယ်သမားတွေ အကြီးအကျယ် ဆုံးရှုံးမယ်လို့ ခန့်မှန်းထားပါတယ်။

လမ်းပေါ်မှာ ရေက ၁ မီတာလောက် မြင့်နေလို့ ရွာသားအများအပြား သောင်တင် နေပါတယ်။

ဒေသခံအာဏာပိုင်တွေကတော့ အောက်တိုဘာ ၂၆ ရက်နေ့က ပိတ်မိနေတဲ့ လူအယောက် ၃ ထောင်ကျော်ကို နေရာရွှေ့ပြောင်းပေးခဲ့ပြီးပြီလို့ ပြောပါတယ်။

ဝမ်ချန်မြို့မှာလည်း ဆောက်လက်စ အဆောက်အဦ ပထမထပ်ထိ ရေတွေ တက်လာလို့ မီးသတ်သမားတွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက လုပ်သား ၅ ယောက်ကို ကယ်ခဲ့ရပါတယ်။

နာရီဝက်အတွင်း ရေတွေ တက်လာပြီး ပထမထပ် မြုပ်သွားလို့ အချိန်မီ မထွက်နိုင် ဖြစ်ခဲ့တာလို့ လုပ်သားတွေက ပြောပါတယ်။

မိုးဟာ အောက်တိုဘာ ၂၇ ရက်နေ့မှာ အားပျော့သွားတယ်လို့ ဟိုင်နန်နယ်မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။

DVB

ဆော်ဒီအမျိုးသမီးများ ကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော အွန်လိုင်းလှုပ်ရှားမှုအောင်မြင်

အစိုးရ၏ခြိမ်းခြောက်မှုများရှိ သော်လည်း အမျိုးသမီးများကား မောင်းခွင့်တားမြစ်ပိတ်ပင်မှု ဖယ်ရှား ရေးအွန်လိုင်းလှုပ်ရှားမှုတစ်ခုပြုလုပ် ခြင်းသည် အောင်မြင်ကြောင်း ဆော်ဒီ အာရေဗီးယားရှိ တက်ကြွလှုပ်ရှားသူ များက ပြောသည်။

ယမန်နှစ်ကစတင်ခဲ့သော ထို လှုပ်ရှားမှုသည် အမျိုးသမီးများကား မောင်းနေသည့်ဓာတ်ပုံ သို့မဟုတ် ဗီဒီယို များ အွန်လိုင်းတွင်တင်ရန် အမျိုးသမီး များအား တွန်းအားပေးခဲ့သည်။

အမျိုး သမီးများကားမောင်းခွင့်တားမြစ်ပိတ်ပင်မှုကို ဆန့်ကျင်သော ပထမဆုံး အကြိမ်နှစ်ပတ်လည်နေ့ ဆန္ဒပြပွဲကို ယမန်နေ့ကပြုလုပ်ခဲ့သည်။ ယမန် နှစ်က ဆော်ဒီအမျိုးသမီး ဒါဇင် ပေါင်းများစွာတို့သည် ပိတ်ပင်တား ဆီးမှုများကို ဆန့်ကျင်ကာ ကားမောင်း ဆန္ဒပြခဲ့ကြသည်။

အာရပ်တွင် အမျိုးသမီးများ ကားမောင်းခွင့်ပေးရန် အွန်လိုင်းအသ နားခံစာတွင် လူပေါင်း ၂၈ဝဝ ကျော် လက်မှတ်ထိုးခဲ့ကြသည်။ မကြာသေး ခင်ကထုတ်ပြန်ထားသော ထုတ်ပြန် ချက်တစ်ခုတွင် အမျိုးသမီးကားမောင်း ခွင့်တားမြစ်မှုကို ချိုးဖောက်သော အမျိုးသမီးများကို ဆော်ဒီပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးထားခဲ့သည်။ တားမြစ်ချက်များကို ချိုးဖောက်သော သူကို တင်းတင်းကျပ်ကျပ်အရေးယူ ရလိမ့်မည်ဟု ထိုထုတ်ပြန်ချက်တွင် ပါဝင်သည်။

ဆော်ဒီအာရေဗီးယား သည် အမျိုးသမီးများ ကားမောင်းနှင် ခွင့်တားမြစ်ထားသော တစ်ခုတည်း သောနိုင်ငံဖြစ်သည်။ အမျိုးသမီးများ ၏အခွင့်အရေးကို ချိုးဖောက်သော ထိုတားမြစ်မှုများအား အဆုံးသတ် ရန် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ၏ ပြောကြားမှုကိုဆော်ဒီအာဏာပိုင် များက ဆန့်ကျင်ခဲ့သည်။

Democracytoday

အင်ဒိုနီးရှားသမ္မတသစ် ဂျိုကိုဝီအစိုးရအဖွဲ့ဖွဲ့ပြီ


အင်ဒိုနီးရှားသမ္မတသစ်ဂျိုကို ဝီဒိုဒိုသည် သူ၏အစိုးရအဖွဲ့ကို အောက် တိုဘာ၂၆ရက်၌ ထုတ်ပြန်ကြေညာ လိုက်သည်။

သူ၏အစိုးရအဖွဲ့တွင် ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေး ဝန်ကြီးပါဝင်လာသည်။ အကျင့်ပျက် ခြစားမှုတိုက်ဖျတ်ရေးအာဏာပိုင် များက ကိုယ်စားလှယ်အတော်များ များနှင့်ပတ်သက်၍ စိုးရိမ်မှုများရှိနေ သောကြောင့် ဂျိုကိုဝီသည် အစိုးရ ဖွဲ့စည်းရေးတွင် အနည်းငယ်နှောင့် နှေးကြန့်ကြာခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီးအမျိုးသမီး မှာ ရက်နိုမာဆူဒီဖြစ်သည်။ ဘမ်ဘန်း ဘရော့ဂျိုနီဂိုရိုက ဘဏ္ဍရေးဝန်ကြီး၊ ဆော့ဖ်ရန်ဂျာလီလ်က စီပွားရေးဝန် ကြီးအသီးသီးဖြစ်လာကြသည်။ ဂျို ကိုဝီ၏အစိုးရအဖွဲ့တွင် အမျိုးသမီး ဝန်ကြီးရှစ်ဦးပါဝင်ရာ ယခင်အစိုးရ အဖွဲ့များထက် အမျိုးသမီးဝန်ကြီး အရေအတွက် ပိုများလာသည်။

ယခင်အစိုးရများတွင် အစိုးရအ ဖွဲ့ဝင်၃၄ဦးရှိရာ ပညာရှင်များနှင့် ပါတီနိုင်ငံရေးသမားများ အကြီးအ ကျယ်သဘောကွဲလွဲခဲ့ကြသည်။ သို့ ဖြစ်၍ဂျိုကိုဝီက သူ့အစိုးရအဖွဲ့ဝင်များ ကို နယ်ပယ်အလိုက်ကျွမ်းကျင်သူများ ကိုမျှခြေရှိစေရန် အကောင်းဆုံးသူ များကိုရွေးချယ်၍ ဖွဲ့စည်းထားသည် ဟုဆိုသည်။

ဝန်ကြီးအဖွဲ့သည် ဂျိုကိုဝီကိုအ ကူအညီပေးမည်။ နိုင်ငံ၏စီးပွားရေး ဖွံဖြိုးတိုးတက်မှုကို မြှင့်တင်ရန်နှင့်ဆင်း ရဲသူများအတွက် အထောက်အကူဖြစ် လာစေရန် လိုအပ်သောပြုပြင်ပြောင်း လဲမှုများကို ပြုလုပ်မည်ဟု သူကဆို သည်။

သူသည်ပါလီမန်တွင် အတိုက် အခံညွန့်ပေါင်းအဖွဲ့၏ ပြင်းထန်သော အတိုက်အခံပြုမှုနှင့်ရင်ဆိုင်ရမည်။ ထို ညွန့်ပေါင်းအဖွဲ့သည် ရွေးကောက်ပွဲ တွင် ဂျိုကိုဝီ၏ပြိုင်ဘက်ကို ထောက်ခံ အားပေးခဲ့သည်။

Ref: CNA

EU ဘက်သို့ ယိမ်းသော နိုင်ငံရေးပါတီများ ယူကရိန်း ပါလီမန်ရွေးကောက်ပွဲတွင် အနိုင်ရ


ယူကရိန်းနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလကတည်းက ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းများအပြီး ပထမဆုံးအကြိမ်အဖြစ် ပါလီမန်ရွေးကောက်ပွဲ ပြုလုပ်ကျင်းပခဲ့ရာ အနောက်အုပ်စုက လိုလားသော နိုင်ငံရေးပါတီ အုပ်စုများက အနိုင်ရရှိသွားသဖြင့် ဥပဒေပြုပါလီမန်တွင် အဆိုပါ အင်အားစုများက လွှမ်းမိုးနိုင်တော့မည် ဖြစ်ကြောင်း BBC သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မဲများကို ရေတွက်မှုဖြစ်စဉ် နောက်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် သမ္မတ ပီတရိုပိုရိုရှန်ကို၏ အင်အားစုက မဲအများဆုံး ရနေပြီး ဝန်ကြီးချုပ် အာစီနီ ယက်ဆန်ယက်ခ်၏ ပါတီက ဒုတိယနေရာမှ လိုက်နေသည်။

ပြုပြင်ပြောင်းလဲရေးကို လိုလားသော၊ ဥရောပဘက်ကို လိုလားသော လူများစု ဖြစ်စေရန် မဲပေးခဲ့သော ထောက်ခံသူ မဲဆန္ဒရှင်များကို ကျေးဇူးတင်ပါကြောင်း မစ္စတာပိုရိုရှန်ကိုက ပြောကြားခဲ့သည်။

ပြည်တွင်းစစ် ပဋိပက္ခနှင့် ဆက်စပ်ရာ ဒေသကြီးနှစ်ခုမှ လူဦးရေ သုံးသန်းခန့်မှာ မဲပေးခဲ့ရခြင်း မရှိပေ။

ဒိုနက်စ်ခ်နှင့် လူဟန်စ်ခ်ဒေသများတွင် အခြေစိုက်လျက်ရှိသော ရုရှားကို လိုလားသည့် ခွဲထွက်ရေးသမားတို့က အဆိုပါဒေသ၏ ရွေးကောက်ပွဲကို ၎င်းတို့ကိုယ်တိုင် ပြီးခဲ့သည့်လတွင် လုပ်ဆောင်မည်ဟု ကြေညာထားသည်။

ရုရှားပိုင်နက်ဘက်သို့ ဘက်ပြောင်းသွားခဲ့သော ကရိုင်းမီးယားဒေသမှ လူဦးရေ ၁ ဒသမ ၈ သန်းသည်လည်း အဆိုပါ ရွေးကောက်ပွဲသို့ ပါဝင်ခဲ့ခြင်း မရှိပေ။

မဲပေးနိုင်သူ လူဦးရေ၏ ၅၁ ရာခိုင်နှုန်း လာရောက်မဲပေးကြသည်ဟု ဗဟိုရွေးကောက်ပွဲကော်မရှင်က ကြေညာချက် ထုတ်ပြန်ထားသည်။

သို့သော် ယင်းကိန်းဂဏန်းသည် အရှေ့ဖျားနှင့် အနောက်ဖျားကို မူတည်လျက် ကွာခြားနိုင်ပြီး အနောက်ဘက်ပိုင်း ဒေသများတွင် မဲလာပေးသူဦးရေ ၇၀ ရာခိုင်နှုန်း ပျမ်းမျှရှိကြကာ ဒိုနက်စ်ခ်ကဲ့သို့သော ပြည်တွင်းစစ်ဖြစ်ရာ ဒေသနှင့် နီးစပ်သည့် ပြည်နယ်များတွင် မဲလာပေးသူမှာ ၃၀ ရာခိုင်နူန်းခန့်သာ ရှိသည်။

ရုရှားကို လိုလားသော ဗစ်တာယာနူကိုဗစ်ခ်ျ အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ယခုခေါ်ယူခဲ့သော ပါလီမန်ရွေးကောက်ပွဲသည် ယူကရိန်းကို လမ်းကြောင်းအသစ်ပေါ်သို့ ပြန်ပို့နိုင်အောင် လုပ်ဆောင်ပေးခြင်းဟု သမ္မတ ပိုရိုရှန်ကိုက ပြောကြားထားခဲ့သည်။

ယူကရိန်း နိုင်ငံရေး အကျပ်အတည်း ကာလအတွင်း အနည်းဆုံး လူ ၃၇၀၀ သေဆုံးခဲ့ရကာ ၎င်းတို့အနက် ၃၀၀ ခန့် မှာ စက်တင်ဘာ ၅ ရက်နေ့တွင် သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေး နောက်ပိုင်း သေဆုံးကြသူများ အရေအတွက် ဖြစ်သည်။

The Voice Weekly

ပင်လယ်ရေပိုင်နက်ကိစ္စ ပူးပေါင်းဖြေရှင်းရန် ဗီယက်နမ်နှင့်တရုတ် သဘောတူ


ဗီယက်နမ်နဲ့ တရုတ်ခေါင်းဆောင်တွေ မနေ့က ဟနွိုင်မြို့မှာ တွေ့ဆုံခဲ့ကြပြီး နှစ်နိုင်ငံ အငြင်းပွားနေတဲ့ ပင်လယ်ရေပိုင်နက်ပြဿ နာကို ပူးပေါင်းဖြေရှင်းဖို့ သဘောတူခဲ့ကြပါတယ်။

ပြီးခဲ့တဲ့မေလက ဗီယက်နမ်က ပိုင်ဆိုင်တယ်ဆိုတဲ့ ပင်လယ်ပြင်မှာ တရုတ်ရေနံတူးစင်တခု လာဆောက်ရာကနေ နှစ်နိုင်ငံသင်္ဘောတွေ ရန်စောင်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဟနွိုင်မြို့မှာ ဗီယက်နမ်ကွန်မြူနစ်ပါတီကြီးရဲ့ အထွေထွေအတွင်းရေးမှူး၊ ဗီယက်နမ်သမ္မတ၊ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို အသီးသီး တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံအပြီးမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း နှစ်နိုင်ငံရေပိုင်နက်ပြဿနာကို အကောင်းဆုံးညှိနှိုင်းအဖြေရှာဖို့ နှစ်နိုင်ငံသဘောတူတယ်လို့ ကြေညာပါတယ်။

ပြီးခဲ့တဲ့တပတ်ကတော့ ဗီယက်နမ်ကာကွယ်ရေးဝန်ကြီး တရုတ်ပြည်ကို သွားရောက်ပြီး နှစ်နိုင်ငံတပ်မတော်တွေ တိုက်ရိုက်ချိတ်ဆက်ဆက်ဆံဖို့ သဘောတူစာချုပ်ချုပ်ဆိုခဲ့ပါတယ်။

အခုလိုလမ်းဖွင့်ဖို့ ဗီယက်နမ်နိုင်ငံက ပြီးခဲ့တဲ့မေလက ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ပါဘူး။

ဒီအတောအတွင်း ဗီယက်နမ်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့လည်း စစ်ရေးနားလည်မှုတွေ ရယူခဲ့ပြီးနောက် အခုလ ၂ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ နှစ် ၃၀ ကြာ လက်နက်ပိတ်ပင်မှုကို ဖြေလျော့ပေးခဲ့ပါတယ်။

တရုတ်နဲ့ဗီယက်နမ် တပ်မတော်တွေ နားလည်မှုလွဲရင် ဒေသတွင်းပြဿနာ ကြီးကြီးမားမား တက်လာနိုင်စရာရှိတယ်ဆိုတာကို နှစ်နိုင်ငံလုံးက နားလည်လက်ခံထားကြပါတယ်။

DVB