ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

20.3.15

နေရောင်ခြည်စွမ်းအင်သုံးလေယာဉ် မန္တလေးမြို့သို့ ရောက်ရှိ

 
 နေရောင်ခြည်စွမ်းအင်ဖြင့် ပထမဦးဆုံးကမ္ဘာပတ်ပျံသန်း နေသော ဆိုလာလေယာဉ် (Solar Impulse 2) သည် မတ်လ ၁၉ ရက် ညဦးပိုင်းက မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်နိုင်ခဲ့သည်။

အမေရိကန်ဒေါ်လာ ၁ သန်း မြ၀တီမှာဖမ်းမိ

အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်နဲ့အတူ ဖမ်းဆီးခံရသူ ၃ ဦး
မြန်မာပြည်အတွင်းပိုင်းကနေ သယ်ဆောင်လာတဲ့ အတု - အစစ် မခွဲခြားနိုင်သေးတဲ့ အမေရိကန်ဒေါ်လာ ၁ သန်း ၃ သောင်းကျော်ကို ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲမှာ ရဲတွေက ဖမ်းမိခဲ့ပါတယ်။

အောင်တံခွန် (၃) ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ၀န်ကြီးဌာန၏ ရှင်းလင်းချက်သည် မဖြစ်နိုင်၍ လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းပြောကြား


အောင်တံခွန်(၃)ရေယာဉ်နစ်မြုပ်မှုမှာ ရာသီဥတုကြောင့်ဆိုသည့် ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ရှင်းလင်းချက်သည် မဖြစ်နိုင်သဖြင့် လိမ်ညာပြောဆိုမှုများကို ပြည်သူများ မကြိုက်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

သူရဦးရွှေမန်းက နေပြည်တော်၌ မတ် ၁၉ ရက်တွင် ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဟံစိန်က အောင်တံခွန်(၃) ရေယာဉ် နစ်မြုပ်မှုနှင့်ပတ်သက်၍ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားသည့် ကိစ္စများကို လွှတ်တော်သို့ လာရောက်ရှင်းလင်းရာတွင် အောင်တံခွန် (၃) ရေယာဉ်သည် ရာသီဥတုဆိုးရွား လာခြင်းကြောင့် ရေဝင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

အောင်တံခွန် (၃) ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၏ ရှင်းလင်းတင်ပြမှုအပေါ် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက ပြန်လည် ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က “ရာသီဥတုမဆိုးပါဘူး။ အဲဒီရာသီဥတု ဆိုးတယ်လို့ ပြောတဲ့အတွက်ကြောင့် ရခိုင် တစ်ပြည်လုံးကပြည်သူတွေ မကျေနပ်ကြဘူး။ ဝန်ကြီးဌာနက ပြောတဲ့ဟာကို။ ရာသီဥတု မဆိုးပါဘူးခင်ဗျ။ သင်္ဘောမကောင်းလို့ သင်္ဘောဝန်ထမ်းတွေ မှားတဲ့အလုပ်ကို လုပ်လိုက်တဲ့ အတွက်ကြောင့် သေတာပါ။ ရာသီဥတုဆိုးလို့ ဆိုတာမဟုတ်ပါဘူး” ဟု ဆွေးနွေးခဲ့သည်။

“အဲ့ဒီနည်းတူပဲ နှလုံးသားရော ဥနှောက်နဲ့ရော ဆွေးနွေးသွားတဲ့ ဦးဘရှိန်ဟာလည်း အခုနက ဦးသိန်းဆွေ ဆွေးနွေးသလိုပါပဲ ဟုတ်တယ် ရေယာဉ်တွေက နှစ်ပေါင်း ၂ဝ လောက်ရှိနေပြီ မကောင်းတော့ဘူး။ မကောင်းတော့တဲ့အတွက် ဒီဟာတွေကို မသုံးတော့ဘူး ရပ်ဆိုင်းလိုက်မယ်ဆိုရင် ဒေသမှာရှိတဲ့ ပြည်သူတွေအတွက် အများကြီး အခက်အခဲရှိတယ်” ဟု သူရဦးရွှေမန်းက ပြောကြားသည်။

ထို့ကြောင့် ၎င်းအခက်အခဲများကို ပြန်လည်စဉ်းစားရာတွင် ရေယာဉ်ကြံ့ခိုင်မှု၊ လုံခြုံမှုများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မှသာ ဒေသခံပြည်သူများ အဆင်ပြေနိုင်မည်ဟု သူရဦးရွှေမန်းက ဆိုသည်။

“အောင်တံခွန် နစ်မြုပ်ခြင်းကြောင့် အင်မတန်မှ တန်ကြေးရှိတဲ့ အသက်တွေ ဆုံးရှုံးသွားခဲ့တယ်။ ဒီလိုဆုံးရှုံးတာ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအရင်းကို ဖော်ထုတ်နေတဲ့ ဒီလိုအချိန်အခါမျိုးမှာ အားလုံးတိတိကျကျ မှန်မှန်ကန်ကန် ကိန်းဂဏန်းအချက်အလက်တွေ သတင်းအချက်အလက်တွေ ရဖို့လိုပါတယ်။ ကျွန်တော်တို့နားမလည်ဘူး ဆွေးနွေးသွားတဲ့အခါ ဒီကာလမှာ ရာသီဥတုကြောင့် ကမ်းခြေနီးအောင်ကပ်သွားတယ် ဆိုတဲ့ဟာလည်း မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူးဆိုတာ ဒီဒေသမှာနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အတွေ့အကြုံကြောင့် ဒီလိုပြောနေတာကို ရခိုင်ပြည်သူတွေ မကျေနပ်ဘူး။ အဲဒီ မကျေနပ်ချက်ကို ကျွန်တော်တို့တစ်တွေ အရင်မသိဘူး။ ဆွေးနွေးလိုက်တဲ့အခါမှ သိတယ်။ ပြောမယ်ဆိုရင် ဒီလိမ်ညာပြောဆိုမှုတွေ၊ မမှန်မကန် ပြောဆိုမှုတွေ ပြည်သူတွေမကြိုက်ဘူး။ ရခိုင်တိုင်းရင်းသားပဲဖြစ်ဖြစ် ဘယ်လိုတိုင်းရင်းသားပဲဖြစ်ဖြစ် လိမ်ညာပြောဆိုနေတာတွေကို ဘယ်သူမှမကြိုက်ဘူး” ဟု ဥက္ကဋ္ဌသူရဦးရွှေမန်းက ပြောကြားသည်။

ဆက်လက်ပြီး သူရဦးရွှေမန်းက “အဖြစ်မှန်ဖော်ထုတ်တဲ့ နေရာမှာ အဖြစ်မှန်ရရှိအောင် ဆောင်ရွက်သွားဖို့ ဆိုတဲ့ဟာလည်း ဒီနေ့ဆွေးနွေးတဲ့အခါမှာ ရရှိတဲ့သင်ခန်းစာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ပြီးတာတွေပြီးသွားပြီ သေတာတွေ သေသွားပြီ အင်မတန်မှ တန်ဖိုးရှိတဲ့ အသက်တွေဆုံးရှုံးသွားပြီ။ ဒီအတွက် ကျွန်တော်တို့ ဘာလုပ်မလဲ အပြစ်တွေပြော အပြစ်တွေ မြင်မယ့်အစား သင်ခန်းစာတွေယူပြီးတဲ့ အခါမှာ ထွက်ပေါ်လာတဲ့ သင်ခန်းစာအပေါ်မှာ မူတည်ပြီးတော့ ရှေ့ကောင်းအောင် ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲ  လုပ်တဲ့နေရာမှာ တာဝန်ရှိတဲ့ လူအပိုင်းတွေရှိပါတယ်။ တာဝန်ရှိတဲ့လူတွေက တာဝန်ယူရမယ် တာဝန်ခံပြီးတော့ ဆောင်ရွက်ရမယ်” ဟု  ပြောကြားသည်။

အောင်တံခွန်(၃)ရေယာဉ်သည် မတ် ၁၃ ရက် ည ၇ နာရီခွဲအချိန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး အမျိုးသားနှင့် အမျိုးသမီး စုစုပေါင်း ၆၁ ဦးသေဆုံးခဲ့ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဟံစိန်က ပြောကြားသည်။   

Credit to : Eleven Media Group

19.3.15

အိမ်ခြံမြေ ဈေးကွက်အေးသော်လည်း ရန်ကုန်မြို့၌ အထပ်မြင့်အိမ်ရာ စီမံကိန်းများ ဆက်တိုက်ပေါ်ပေါက်လာ

Building-4အိမ်ခြံမြေ ဈေးကွက်အေးသော်လည်း တိုင်းဒေသကြီးအတွင်း တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်နေသကဲ့သို့ နိုင်ငံတကာနှင့် ပြည်တွင်း လုပ်ငန်းကြီးများ အကောင်အထည်ဖော်နေသည့် အဆင့်မြင့်အဆောက်အအုံ တည်ဆောက်မှု လုပ်ငန်းများ ပိုမိုတိုးပွားလာနေကြောင်း ပြည်တွင်း အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များက ပြောသည်။

မာရှေယာနို၏ အကြံပေးမှုကြောင့် အဂူရို၏ ပင်နယ်တီကို ဘာစီလိုနာဂိုးသမား ကာကွယ်နိုင်ခဲ့

arguu(အင်္ဂလန်)။ ။ ဘာစီလိုနာအသင်းနှင့် မန်စီးတီးအသင်းတို့ ယှဉ်ပြိုင်ခဲ့သော ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်တွင် ဘာစီလိုနာဂိုးသမား တာစတီဂန်သည် အသင်းဖော် မာရှေယာနို၏ အကြံပေးချက်ဖြင့် မန်စီးတီးတိုက်စစ်မှူး အဂူရို၏ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။

ထိုပွဲစဉ်တွင် ဘာစီလိုနာအသင်းမှာ ရာကီတစ်၏ဂိုးဖြင့် အနိုင်ရနေခဲ့ပြီး ပွဲချိန် ၇၈ မိနစ်တွင် ပင်နယ်တီပေးခဲ့ရခြင်း ဖြစ်သည်။ ထိုပင်နယ်တီသာ
ဝင်သွားခဲ့ပါက လက်ကျန်ပွဲချိန်တွင် ဘာစီလိုနာအသင်းအနေဖြင့် ဂိုးထပ်မပေးရရန် ရုန်းကန်ရမည် ဖြစ်သည်။ သို့သော် အဂူရိုပင်နယ်တီ ကန်သွင်းခါနီးတွင် မာရှေယာနိုသည် ဧရိယာစည်းအပြင်မှ အဂူရိုကန်သွင်းနိုင်မည့် ဘက်ကို ဂိုးသမား တာစတီဂန်အား လက်ဖြင့်အချက်ပြခဲ့သည်။ တာစတီဂန်ကလည်း မာရှေယာနိုပြသည့် ဘက်သို့ ဒိုင်ဗင်ထိုးပြီး ပင်နယ်တီကို ကာကွယ်နိုင်ခဲ့သည်။ ထို့ကြောင့် ဘာစီလိုနာအသင်းမှာ ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်း ၃-၁ ဂိုးဖြင့် ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။

မာရှေယာနိုက အာဂျင်တီးနားနိုင်ငံအသင်းဖော် အဂူရိုကန်မည့်ဘက်ကို ကြိုတင်သိရှိကြောင်း ပွဲအပြီးတွင်ပြောဆိုခဲ့သည်။

'နိုင်ငံတကာပွဲတွေသွားကစားတဲ့အခါမှာ အဂူရို ဘယ်လို ပင်နယ်တီကန်သွင်းတယ်ဆိုတာ ကျွန်တော်သိပြီးသားပါ' ဟု မာရှေယာနိုက ပြောသည်။

ဂိုးသမားတာစတီဂန်ကမူ မာရှေယာနိုနှင့် ရာဖင်ဟာတို့ နှစ်ဦးစလုံးက ညာဖက်သို့ဖမ်းရန် အကြံပေးခဲ့သည်မှာ မှန်သော်လည်း နောက်ဆုံးတွင်
မိမိ၏ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့်သာ ကာကွယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း - ဒေးလီးမေးလ်

Credit to : Mizzima News

တပေါင်းနွေအလှ ရှုမဝ



*ဂိမ္မာန်အကူး.......ရာသီဦးဝယ်

 ပွင့်ဖူးဝေဆာ.........ကံကော်ညှာဝေ

 မြန်မာပြေ(ပြည်)၌........ရေမြေတောတောင်

 အလှဆောင်ကာ.......ရွက်ဝါကြွေကျ

 နွေအလှတည်း................။

Windows 10 ကို ယခုနှစ် နွေရာသီတွင် စတင်ဖြန့်ချိမည်ဟု Microsoft အတည်ပြု


 Microsoft ကော်ပိုရေးရှင်းက ၎င်းတို့၏ ကွန်ပျူတာ Operating System အသစ်ဖြစ်သည့် Windows 10ကို နွေရာသီတွင် စတင်ထုတ်ဝေ ဖြန့်ချိသွားမည်ဟု အတည်ပြု ကြေညာခဲ့သည်။

17.3.15

ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာပြီဟု ကာကွယ်ရေးဦးစီးချုပ်ပြောကြား

 တိုင်းပြည်အတွက် ငြိမ်းချမ်းရေး ရောင်ခြည် သန်းလာပြီလို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကချင်လွတ်မြောက်ရေး (ကေအိုင်အို)အဖွဲ့နဲ့ နေပြည်တော်မှာ မတ်လ ၁၆ ရက်နေ့က တွေ့ဆုံရာမှာ ပြောဆိုလိုက်ပါတယ်။

ကေအိုင်အိုရဲ့ ငြိမ်းချမ်းရေးနဲ့ ပက်သက်တဲ့ သဘောထားနဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပွင့်လင်းစွာ တင်ပြမှုအတွက် ၀မ်းသာကြောင်းနဲ့ တိုက်ပွဲတွေကြောင့် ၂ ဖက် တိုင်းရင်းသားတွေ ဆုံးရှုံးရတယ်လို့ ကာချပ်က ပြောပါတယ်။

ဒါ့အပြင် တိုင်းရင်းသားအဖွဲ့တွေ အနေနဲ့ အောက်ခြေအဆင့်ထိ လိုက်ပါပြီး သံသယတွေကို လျော့နည်း ပပျောက်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ကေအိုင်အို ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေး ထိုးမှုဟာ နောက်တချိန် တိုက်ပွဲတွေအတွက် ပြင်ဆင်တာ မဖြစ်စေလိုဘဲ နိုင်ငံရဲ့ ပညာရေး ကျန်းမာရေး၊လုံခြုံရေးတို့မှာ လက်တွေ့ကျကျ အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ကေအိုင်အို အထွေထွေ အတွင်းရေးမှူး ဒေါက်တာလားဂျာ ကလည်း တိုင်းရင်းသား အားလုံး စုစည်းပူးပေါင်း ထူထောင်ထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် တည်ငြိမ် အေးချမ်းစွာနဲ့ လူမှုစီးပွား တိုးတက်ဖွံ့ဖြိုးဖို့ နိုင်ငံသား အားလုံးရဲ့ မျှော်လင့်ချက်ဖြစ်တယ်ဆိုတာ အမှန်တရား ဖြစ်တဲ့အကြောင်း ၊ လက်နက်ကိုင် ပဋိပက္ခတွေ ရပ်တန့် ဖြေရှင်းဖို့ တိုင်းရင်းသား အားလုံး ပါဝင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်း ဆွေးနွေးသွားတယ်လို့ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲကို ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ တခြားအရာရှိတွေ တက်ရောက်ပြီး ကေအိုင်အိုဘက်က အထွေထွေ အတွင်းရေးမှူးဒေါက်တာ လားဂျာ၊ ဗဟိုကော်မတီဝင် ဦးဆွမ်လွတ်ဂမ်နဲ့ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချပ် ဂွမ်မော်တို့ တက်ရောက်ခဲ့ပါတယ်။
Credit to>>>Myanmar Online News

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်သည်အထိ ပူးပေါင်းဆောင်ရွက်မည်ဟု ကေအိုင်အို ပြောကြား


ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကေအိုင်အို/ ကေအိုင်အေ အနေနှင့် ထာဝရ တည်တံ့ခိုင်မြဲမည့် ငြိမ်းချမ်းရေး ရရှိရန် အတွက် ယုံကြည်မှုနှင့် အခြေခံကောင်းများ တည်ဆောက်ပြီး အောင်မြင် သည်အထိ လက်တွဲဆောင်ရွက်သွားမည်ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) အထွေထွေအတွင်းရေးမှူး ဒေါက်တာလဂျာက နိုင်ငံတော် သမ္မတနှင့် ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် ပြောကြားသည်။

အစိုးရ၏ အမြဲတမ်း အတွင်းဝန်၊ လစာ (၂) သိန်းဖြင့် ခန့်အပ်မည်

အစိုးရ၏ အမြဲတမ်း အတွင်း ၀န်ရာထူးကို လစာနှစ်သိန်းဖြင့် ခန့်အပ် သွားမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
အမြဲတမ်း အတွင်းဝန် /တာဝန်ခံ ညွှန်ကြားရေးမှူးချုပ်ကို ကျွန်တော်တို့ အသစ်ခန့်တာ မဟုတ်ပါဘူး။ ၀န်ကြီးဌာန တွေက လက်ရှိ ခန့်ထား ပြီးထဲက ညွှန်ကြားရေးမှူး ချုပ်/ ဦးဆောင် ညွှန်ကြားရေးမှူးတွေကို ရွေးချယ်ပြီး တာဝန်ပေး သွားမှာ ဖြစ်ပါတယ်။ မူလရှိရင်း ဖွဲ့စည်းပုံပါ ခန့်အပ်ပြီး အရာထမ်း များကို တာဝန် ပေးအပ်မှာ ဖြစ်ပါတယ်။ လစာ တိုးတောင်းခံမှု ကိုတော့ အကျိုး သက်ရောက်မှာ မဟုတ်ပါဘူး ဟု ၎င်းက ဆက်ပြောသည်။
အမြဲတန်း အတွင်းဝန် /ညွှန်ကြားရေးမှူးချုပ် အနေဖြင့် ၀န်ကြီးဌာန စီမံခန့်ခွဲရေး အဖွဲ့၏ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ရ သောကြောင့် အတွင်းဝန်ဟု ခေါ်ဆိုခြင်း ဖြစ်ကြောင်း သိရသည်။ ၀န်ကြီး၊ ဒုတိယ၀န်ကြီးများ မရှိသည့် အခါတွင် လည်းကောင်း နိုင်ငံရေး တာဝန် အရ မရောက်လာကြ သေးသည့် အခါတွင် လည်းကောင်း ၀န်ကြီးဌာနများ၏ ဦးစီးရုံး၊ အုပ်ချုပ်ရေးနှင့် လူ့အရင်းအမြစ် ဌာန ခွဲ၊ စသည် တို့ကို တာဝန်ခံ ဆောင်ရွက် ရမည် ဖြစ်ကြောင်း အမျိုးသား စီမံကိန်း နှင့်စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ၀န်ကြီးဌာနမှ ပြည်ထောင် စု ၀န်ကြီး ဒေါက်တာ ကံဇော်က ပြောသည်။
ခန့်အပ်ခြင်းခံ ရမည့် အတွင်းဝန်များ အနေဖြင့် တာဝန်နှစ်ခုနှင့် ချီးမြှင့်ငွေ နှစ်သိန်းကို ပူးတွဲရ ယူ၍ တာဝန် ထမ်းဆောင်ရမည် ဖြစ်ပြီး၊ အစိုးရ အဖွဲ့ အနေဖြင့် ၀န်ထမ်းများကို ကျစ်လျစ်စွာဖြင့် ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီစဉ်ကြောင့် ၀န်ကြီးဌာန (၂၃) ခုမှ အရာထမ်း (၁၂၉၁၈) ဦးနှင့် အမှုထမ်း (၁၂၃၃၆) ဦးကို လျော့ချခဲ့ပြီး ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောသည်။
Credit to>>>The Messenger News