ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.12.15

မြိတ်ကျွန်းစုရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု မြင့်တက်


မြိတ်ကျွန်းစုအတွင်းရှိ သဘာဝအတိုင်း တည်ရှိနေသော ကျွန်းများသို့ အပန်းဖြေခရီး သွားရောက်မှု ပိုမိုများပြားလာနေပြီး ပြည်တွင်းခရီးသွားများအပြင် ပြည်ပခရီးသွားများလည်း လာရောက် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အကောင်အထည် ဖော်နိုင်မည်


ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်မည့် ညဈေးကို အစိုးရသစ် လက်ထက် မှသာ အ ကောင်အထည် ဖော်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်း ၂၀၁၄-၂၀၁၅ နှစ်ပတ်လည် အစည်းအဝေး အခမ်းအနားမှ သိရသည်။

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို ဘက်ဟိုးယာဉ်များဖြင့် ဖျက်သိမ်း


လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းနံဘေး စိုက်ပျိုးရေး ဦးစီးဌာနပိုင် မြေပေါ်ရှိ ကျူးကျော်နေအိမ် ၅၀၀၀ ကျော်ကို သက်ဆိုင်ရာက လူအင်အား ၁၀၀၀ ကျော် အပါအ၀င် ဘက်ဟိုးယာဉ်များဖြင့် ဒီဇင်ဘာ ၁၇ ရက် နံနက် ၅ နာရီ ၀န်းကျင်က ဖျက်သိမ်းရှင်းလင်းခဲ့ကြောင်း သာယာကုန်း ကျေးရွာအုပ်စု ကျောက်အိုင်ကျေးရွာ နေထိုင်သူများက ပြောကြားသည်။

ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံတန်ဖိုးရှိသော လက်နက်များ ရောင်းချရန် အမေရိကန်၏ ကြေညာမှုကို တရုတ်က ဒေါသထွက်


ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၈၃ ဘီလျံ တန်ဖိုးရှိသော လက်နက်များ ရောင်းချမည် ဖြစ်ကြောင်း အမေရိကန်က ဒီဇင်ဘာ ၁၆ ရက်တွင် ကြေညာခဲ့ရာ တရုတ်က ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ ကိုယ်ပိုင်အချုပ်အခြာဖြင့် ရပ်တည်နေသော ထိုင်ဝမ်ကျွန်းကို လေးနှစ်အတွင်း ပထမဆုံးအကြိမ် လက်နက်များ ရောင်းချရန် အမေရိကန်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး တရုတ်နှင့်ထိုင်ဝမ်တို့က ပြန်လည်ရင်ကြားစေ့ရေးအတွက် ကြိုးပမ်းနေချိန်တွင် ယင်းကမ်းလှမ်းမှုများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန် မြို့ပတ်ရထား အရှိန်နှုန်း နှစ်ဆ မြှင့်တင်မည့် စီမံကိန်းအား စတင် လုပ်ဆောင်နေ


ရန်ကုန် မြို့ပတ်ရထား အရှိန်နှုန်းအား နှစ်ဆ မြှင့်တင်မည့် စီမံကိန်းကို စတင် လုပ်ဆောင်နေပြီဖြစ်ကြောင်း ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။  

မြို့ပတ်ရထား စီးနင်းသူ များပြားလာစေရန် ရည်ရွယ်လုပ်ကိုင်မည့် ယင်းစီမံကိန်းတွင် ဂျပန်နိုင်ငံ ကိုယ်စားပြု  JICA အဖွဲ့မှ ပူးပေါင်းဆောင်ရွက်နေပြီး အရှိန်နှုန်းမိုင် ၄၀ အထိ မောင်းနှင်ရန် စီစဉ်နေခြင်းဖြစ်သည်။

စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာဈေးများမှာ စနစ်တကျ တွက်ချက်ပြီး တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ Stirlin Coleman တာဝန်ရှိသူ ပြောကြား


စတော့အိတ်ချိန်း စာရင်းဝင်ခွင့်ရ ကုမ္ပဏီအချို့၏ ဖြစ်ပေါ်နေသော ရှယ်ယာ ဈေးနှုန်းများမှာ စနစ်တကျ တွက်ချက် တန်ဖိုးသင့်ထားခြင်း မဟုတ်သေးကြောင်း KBZ  Stirlin Coleman မှ ဒါရိုက်တာ ဦးဇော်လင်းအောင် က ပြောကြားသည်။

ဖိလစ်ပိုင်နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် Melor မုန်တိုင်းကြောင့် မြန်မာ နိုင်ငံဒေသအချို့တွင် သုံးရက်အတွင်း မိုးရွာနိုင်

ဖိလစ်ပိုင် နိုင်ငံကို ဖြတ်ကျော်ဝင်ရောက်ခဲ့ သည့် Melor ၏ ဆက်လက်ရွေ့လျား နေသည့် လမ်းကြောင်း များ အရ မြန် မာနိုင်ငံအရှေ့ပိုင်းနှင့် တောင်ပိုင်း ဒေသများအပေါ် အကျိုးသက်ရောက် မှုများရှိလာနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ၏ ဒီဇင်ဘာ ၁၇ ရက် သတင်းထုတ် ပြန်ချက်အရသိရသည်။

မန္တလေးမြို့တွင် Best Western Hotels & Resorts ဟိုတယ်သစ် ဖွင့်လှစ်မည်

Best Western အဖွဲ့ဟာကမ္ဘာအကြီးဆုံး ဟိုတယ်လုပ်ငန်းစုတွေထဲကတစ်ခုဖြစ်ပြီးတော့
နိုင်ငံပေါင်း ၁၀၀ ကျော်မှာ ဟိုတယ်ပေါင်း ၄၀၀၀ ကျော်ရှိတာဖြစ်ပါတယ်။အခုမြန်မာနိုင်ငံမှာအသစ်ဖွင့်လှစ်မယ့် BEST WESERN PLUS Eastern Palace ဟိုတယ်ကို မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။

16.12.15

ကမ္ဘောဇ ကုမ္ပဏီ နှင့် စင်္ကာပူ Stirling Colenman လုပ်ငန်းစု စတော့ဈေးကွက် လုပ်ကိုင်မည်

ကမ္ဘောဇ, စတော့ဈေးကွက်, စင်္ကာပူ လုပ်ငန်းစု
စီးပွားရေးလုပ်ငန်းကြီးအများစုကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဇ(KBZ)ကုမ္ပဏီများ အုပ်စုက စင်္ကာပူကုမ္ပဏီနှင့် ပူးပေါင်းပြီး ရန်ကုန် စတော့ရှယ်ယာ ဈေးကွက်အတွင်း ၀င်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စု၏ အကြီးတန်း ဒါရိုက် တာ ဦးညိုမြင့် က ပြောသည်။

ပန်းနာရင်ကြပ်အတွက် သဘာဝဆေးနည်း





ချောင်းဆိုး၊ ပန်းနာရင်ကြပ်၊ ချွဲသလိပ်ရောဂါစွဲကပ်နေသူများအတွက် လက်တွေ့ပျောက်ကင်းစေမည့် သဘာဝဆေးနည်းလေးကို မျှဝေပေးလိုက်ပါတယ်။
(၁) သင်္ဘောသီးအစိမ်းတစ်လုံးကို ရေစင်အောင်ဆေး၍ အခွံမခွါပဲ ခြစ်ပါ။ ၄င်းခြစ်ထားသော သင်္ဘောသီးခြစ်များကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ပုဇွန်ခြောက်၊ သံပုရာသီးတို့ဖြင့် သုပ်စားပါ။
(၂) နောက်ရက်တွင် သင်္ဘောမယ်ဇလီရွက်(ပွေးကိုင်းရွက်) အရွက်နုလေးများကို ပြုတ်၍ တို့စရာအဖြစ် စားပေးပါ။ ၀မ်းနှင့်အတူ ချွဲသလိပ်များ၊ အပူများ ကျဆင်းသွားလိမ့်မည်။
(၃) ၀မ်းသွားပြီး နောက်တစ်နေ့တွင် အုန်းနဲရွက်(အစို သို့မဟုတ် အခြောက်) ကို ထန်းလျက်နှင့်ရောကြိတ်၍ ဆေးလုံးလေးများ ပြုလုပ်ထားပါပါ။ ပြီးလျှင် မနက်၊ ည တစ်လုံးစီ သောက်ပေးပါ။ ပန်းနာရင်ကြပ်ရောဂါများ ဒိဋ္ဌပျောက်ကင်းပါသည်။

Credit To >>> စောနွဲ့နေဆိုင်-ပူတာအို