ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

16.2.17

ရှေးဟောင်းနယ်မြေ မဟုတ်သည့် နေရာများတွင် ဟိုတယ်အသစ် ဖွင့်လှစ်နိုင်

ပုဂံ ရှေးဟောင်းနယ်မြေသို့ လာရောက်ကြသော ကမ္ဘာလှည့်ခရီးသွားများကို တွေ့ရစဉ် (ဆင်ဟွာ)
တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံဒေသများရှိ ရှေးဟောင်းနယ်မြေမဟုတ်သည့် နေရာများတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ယနေ့  ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ သည်။

15.2.17

နောက်ထွက်ရှိလာမယ့် iPhone သစ်ရဲ့ အလားအလာမျှော် မှန်းချက်ကြောင့် Apple ရဲ့ ရှယ်ယာတန်ဖိုးတွေ စံချိန်တင် မြင့်တက်

No automatic alt text available.
နောက်ထွက်ရှိလာမယ့် iPhone သစ်ကြောင့် လက်ရှိနှေးကွေးနေတဲ့ရောင်းအားပိုင်းကို ပြန်လည်နိုးထစေလိမ့်မယ်ဆိုတဲ့
မျှော်မှန်းချက်တွေ အားကောင်းလာနေတဲ့အချိန်မှာပဲ အမေရိကန်ကုမ္ပဏီကြီး Apple ရဲ့ ရှယ်ယာတန်ဖိုးပိုင်းမှာတော့
စံချိန်တင်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဒုက္ခသည် တားမြစ်ခြင်းနှင့်ပက်သက်၍ ထရမ့်အား သြ၀ါဒပေးမှာ မဟုတ်ကြောင်း ဂျက်စတင်ထရူဒိုပြောကြား

ကနေဒါဝန်ကြီးချုပ် ဂျက်စတင်ထရူဒိုက သူဟာသမ္မတဒေါ်နယ်ထရမ့်အား ဆီးရီးယားဒုက္ခသည်များကိစ္စနှင့် ပက် သက်၍သြ၀ါဒပေးသွားမည်မဟုတ်ကြောင်း ပြောခဲ့သည်။

လောက်ကိုင်ဒေသတွင် တပ်မတော်နှင့် MNDAA တိုက်ပွဲများ ပြန်လည်ဖြစ်ပွား

လောက်ကိုင်ဒေသတွင် မြန်မာ့တပ်မတော်နှင့် MNDAA တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားနေကြောင်း ဒေသတွင်းရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သတင်းရရှိသည်။

ရုရှားအား ဆက်သွယ်မှုနှင့် ပတ်သက်၍ ထရန့်၏ ထိပ်တန်းလက်ထောက် ဖလင်း ရာထူးမှ နုတ်ထွက်

ဒေါ်နယ်ထရန့်၏ နိုင်ငံတော် လုံခြုံရေး အကြံပေးပုဂ္ဂိုလ် မိုက်ကယ်ဖလင်းသည် ရုရှားအစိုးရအား ဆက်သွယ်မှုနှင့် ပတ်သက်၍ အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့်အကြား ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်သွားကြောင်း သိရသည်။ သမ္မတ ကျမ်းသစ္စာ ကျိန်ဆိုပြီး တစ်လပင် မပြည့်သေးသည့် အချိန်တွင် သမ္မတသစ်၏ အတွင်းစည်းမှ အံ့သြဖွယ် ပထမဆုံး ထွက်ခွာသွားမှုလည်း ဖြစ်သည်။

ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ပြောကြား

မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် ပုံတောင်ပုံညာဒေသ၌ တွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများမှာ မြန်မာမြေပေါ်တွင် လူသားအစ သမိုင်းကြောင်းကို ရှာဖွေထုတ်ဖော်ရန် အရေးပါသော အထောက်အထားဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြည်သူ့လွှတ်တော်၌ ပြောကြားသည်။

14.2.17

အာရှနိုင်ငံတွေရေနံသုံးစွဲမှုနှုန်း ပိုများပြားလာဖို့ရှိနေ

Image may contain: sky, shoes and outdoor
အာရှဒေသက နိုင်ငံကြီးသုံးနိုင်ငံဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယနဲ့ ဂျပန်သုံးနိုင်ငံပေါင်း ရေနံသုံးစွဲမှုပမာဏဟာတော့ အာရှဒေသတစ်ခုလုံးရဲ့ စုစုပေါင်း ရေနံသုံးစွဲမှုနှုန်းရဲ့ ၆၃ ရာခိုင်နှုန်းကျော် ရှိနေတယ်လို့လည်း ကမ္ဘာ့စွမ်းအင်အစီရင်ခံစာတစ်ခုဖြစ်တဲ့BP Statistical Review of World Energy report မှာဖော်ပြထားပါတယ်။

မောင်းသူမဲ့ သင်္ဘောများ ထုတ်လုပ်နိုင်ဖို့ Rolls-Royce စီစဉ်

Image may contain: ocean, sky, bridge, outdoor and water
လာမယ့် ၂၀၂၀ မတိုင်ခင် လုပ်သားတွေလိုက်ပါခြင်းမရှိတဲ့ရေယာဉ်သင်္ဘောတွေကို ထုတ်လုပ်သွားနိုင်ဖို့ စီစဉ်နေတယ်လို့ Rolls-Royceက ပြောပါတယ်။

အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် လူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူ တည်ဆောက်သွားကြရန် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ထုတ်ပြန်


အနာဂတ်နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့၏ ဖက်ဒရယ်ဆိုင်ရာ ရပိုင်ခွင့်များကို တရားသော၊ မျှတသော၊ တန်းတူညီမျှသော စိတ်ဓာတ်နည်းလမ်းဖြင့် ရယူတည်ဆောက်သွားကြရန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဖေဖော်ဝါရီ ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

၂၀၃၀ တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိရေး နှစ်စဉ်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန် လိုအပ်

၂၀၃၀ ပြည့်နှစ်တွင်မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား အပြည့်အ၀အသုံးပြုနိုင်ရေး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလီယံ ရင်းနှီးမြှုပ်နှံရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ် စွမ်းအင်ဆိုင်ရာ ကျွမ်းကျင်သူ ဦးမျိုးမြင့်က ပြောသည်။