ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

26.12.15

ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့တို့တွင် ဆိုင်းဘုတ်များချကာ ကားပါကင်နေရာ ဦးထားမှုများကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ တရားစွဲမည်ဟုဆို





ရန်ကုန်မြို့ရှိ နေအိမ်ရှေ့၊ ဆိုင်ရှေ့များ စသည်တို့တွင် ဆိုင်းဘုတ်များ၊ တုံးများချကာ ကားပါကင်နေရာ ဦးထားခြင်းများကို ၂၀၁၆ ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ တရားစွဲမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာနမှ သိရသည်။

အစိုးရအဖွဲ့ထံ ပေးပို့ထားသည့် ပြည်သူများထံမှ တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ်ဖြေရှင်းခြင်း မရှိဟု ယူဆကြောင်း NLD လွှတ်တော်ကိုယ်စားလှယ် ပြောကြား


အစိုးရအဖွဲ့ထံပေးပို့ထားသည့် တိုင်ကြားစာများ၏ ရာခိုင်နှုန်း ၈၀ ခန့်သည် အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှုများနှင့် ဆက်နွှယ်နေသည့်အတွက် ကိုင်တွယ် ဖြေရှင်းခြင်း မရှိဟုယူဆကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ဒီဇင်ဘာ ၂၅ ရက်တွင် ပြောကြားသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမစမီ အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးသည့် အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့် အဖွဲ့များ ပါဝင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရန် ကြိုးစားနေဟုဆို

အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေးနှင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး စတင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီ ၁၂ ရက်တွင် ကျင်းပမည်ဖြစ်ရာ ယင်းညီလာခံမစခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့်အဖွဲ့များနှင့် လက်မှတ်မထိုးရသေးသည့်အဖွဲ့များ ပါဝင်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးအစည်းအဝေး ခေါ်ယူနိုင်ရေး ကြိုးစားနေသည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

24.12.15

နိုင်ငံတော် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ၏ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို လွှတ်တော်မှ ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ ပြောကြား


မြန်မာနိုင်ငံတွင် သမ္မတတာဝန် ထမ်းဆောင်ခဲ့သူများကို ၎င်းတို့ ရာထူးသက်တမ်းအတွင်း ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများနှင့် ပတ်သက်၍ တရားစွဲဆိုခြင်း မရှိနိုင်စေရန် ဥပဒေကြမ်းတစ်ခု တင်လာသည့်အပေါ် ပြည်ထောင်စုလွှတ်တော် အနေဖြင့် အဆိုပါ ဥပဒေကြမ်းကို ကန့်ကွက်ပယ်ချသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (Human Rights Watch) က ဒီဇင်ဘာ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

Merry Christmas ....>>>....>>..>.....

                                        












            

မလေးရှားဗီဇာဝန်ဆောင်ခ ၁၂ ဒေါ်လာထက်ပိုကောက်လျှင် လုပ်သားပို့ဆောင်မှုတွင် အေဂျင်စီများ အခက်အခဲဖြစ်လာနိုင်ဟုဆို

မလေးရှား ဗီဇာဝန်ဆောင်ခကို ၁၂ ဒေါ်လာ သာ ကောက်ရန်နှင့် ယင်းထက်ပိုပါက အ လုပ်သမားပို့ခြင်းအတွက် အခက်အခဲ ဖြစ်လာနိုင်ပြီး လုံးဝရပ်ဆိုင်းရေး ကိစ္စကို အေဂျင်စီများအား လုံးဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းချုပ်(MOEAF) အစည်းအဝေးမှ သိရသည်။

လက်ရှိ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ သန်း ၆၀၀၀ ၀င်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံက ဒေါ်လာ သန်း ၄၀၀၀ နီးပါး ၀င်ရောက်မြှုပ်နှံထား

လက်ရှိဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းဒေါ်လာ သန်း ၆၀၀၀ ၀င်ရောက်ရန် လျာထားပြီး ဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပနိုင်ငံပေါင်း ၁၆ နိုင်ငံ က ဒေါ်လာ သန်း ၄၀၀၀ နီးပါး ၀င်ရောက်မြှုပ်နှံမှု ပြုလုပ်ထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းအရ နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန် ပြောကြား


၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ အစီအစဉ်ဖြင့် ဆောင်ရွက်မည့် အဖွဲ့အစည်း ၂၆ ဖွဲ့နှင့် ဘဏ္ဍာရန်ပုံငွေ အစီအစဉ် ပြင်ပမှ ဆောင်ရွက်မည့် အဖွဲ့ခုနစ်ဖွဲ့ရှိပြီး စုစုပေါင်း နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်း ၃၃ ခုရှိရာ ကိုးဖွဲ့မှာ အရှုံးပေါ်ပေါက်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောကြားသည်။

အထူးကုန်စည်ခွန်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီနှစ်ရပ် စည်းဝေး


ပြည်ထောင်စုအစိုးရအဖွဲ့က တင်သွင်းသည့် အထူးကုန်စည်ခွန်ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီနှင့် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီတို့၏ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် ပြည်ထောင်စုလွှတ်တော်(Dဆောင်) ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

23.12.15

NCA တွင် လက်မှတ်မထိုးရခြင်းအကြောင်းရင်း NLD ရှင်းလင်း


အစိုးရနှင့်တစ် နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ဖွဲ့နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ တွေ့ဆုံ၍ NCA အပစ်ရပ်စာချုပ်တွင် လက်မှတ်မရေးထိုးသည့်အကြောင်းရင်းကို ရှင်းပြခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယကဦးတင်ဦးက ပြောသည်။