ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

ရခိုင်ပြည်ပဋိပက္ခနဲ့ ပတ်သက်ပြီး လူပေါင်း ၅ဝဝ ကျော် ပြစ်ဒဏ်ချခဲ့

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး လူပေါင်း ၁၂ဝဝ ရာကျော်ကို ဖမ်းဆီးထားပြီး အဲဒီအထဲကလူ ၅ဝဝ ရာကျော်ကို ပြစ်ဒဏ်ချခဲ့ပြီးဖြစ်တယ်လို့ ရခိုင်အစိုးရအဖွဲ့ဝင်တွေက ဒီနေ့ ပြောပါတယ်။

တရားရုံးမှ ပုဒ်မ ပြင်ဆင် စွဲချက်တင်လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်

နံပတ်ပြားဖြုတ်ထားသော မော်တော်ယာဉ်ဖြင့် အဆိုတော်ဂျောက်ဂျက်ပါဝင်သော ဆယ်ဦးခန့်မှ လူတစ်ဦး အား ရိုက်နှက်သွားခြင်းခြင်းအပေါ် တရားစွဲဆိုထားရာ တရားရုံးမှ ပုဒ်မပြောင်းလဲပြင်ဆင် စွဲချက်တင် လိုက်ခြင်းအား တရားလိုဘက်မှ မကျေနပ်ကြောင်း အရိုက်ခံရသူ၏ဖခင်ဖြစ်သူ တရားလို ဦးထွန်းဝင်း က ပြောကြားသည်။

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံကျည်ချထားပြီဟု ကင်ဂျုံအမ်ဆို

အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီးဟု ကင်ဂျုံအမ်ဆို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ်က

အာဏာရ ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးရွှေမန်း နှင့် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုကြောင်း ဘန်ကီမွန်း ကြေညာချက်ထုတ်

မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ဆွေးနွေးပွဲဖော်ဆောင်တာနဲ့ နိုင်ငံရေး ပါတီတွေ အားလုံးပါဝင်လာတာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မနေ့က ကြိုဆိုလိုက်ပါတယ်။

18.2.16

TNLA တိုက်ပွဲ စစ်ရဟတ်ယာဉ် သုံး

MI-35M မြန်မာစစ်ရဟတ်ယာဉ် ရှမ်းပြည်နယ် မြောက်ပိုင်းဘက်ကို ပျံသန်းခဲ့စဉ်။ (၁၉ ဖေဖ၀ါရီ ၂၀၁၅)
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းနဲ့ ကွတ်ခိုင်မြို့နယ် အတွင်းမှာ အစိုးရတပ်နဲ့ ပလောင်တပ်အကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒီကနေ့ လေကြောင်း ကပါ တိုက်ခိုက်လာတယ်လို့ ပလောင်တပ်ဘက်က ပြောပါတယ်။

အမေဖြစ်သူ ဒေါ်စုကို သမ္မတအဖြစ် မြင်လိုပါက သားနှစ်ဦး မြန်မာနိုင်ငံသား ခံယူဟု ဦးရဲထွဋ်ပြော


ရွေးကောက်ပွဲတွင် ရာခိုင်နှုန်း ၈၀ နီးပါးဖြင့် အနိုင်ရခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) က ကန့်သတ်ထားရာ အဆိုပါ ပုဒ်မကို ပြင်ဆင်ရန်မလိုဘဲ ဒေါ်စု၏ မိသားစုဝင်များ နိုင်ငံသား ခံယူလိုက်ပါက အလွယ်တကူ သမ္မတ ဖြစ်နိုင်သည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောခွင့်ရ ဦးရဲထွဋ်က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကုလဆက်လက် ပါဝင်ဆောင်ရွက်ဖို့ AI တိုက်တွန်း


မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတွေ တွေ့မြင်နေရပေမဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေဖို့ ကုလသမဂ္ဂနဲ့ ဆက်လက် ထိတွေ့ဆက်ဆံဖို့ လိုအပ်နေဆဲပဲလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် ကားများကို Nissan တည်ဆောက်မည်

ဂျပန်ကားကုမ္ပဏီ Nissan သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ်အဖြစ် ကားများ တပ်ဆင်တည်ဆောက်မှုကို ယခုနှစ်တွင် စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။

17.2.16

ပလောင်ဒေသတိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များကို အမြန်ဆုံးကူညီရန် အရေးကြီးအဆို တင်


ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျောက်မဲမြို့နယ်တွင်ဖြစ်ပွားလျက် ရှိသော တိုက်ပွဲများ ရပ်ဆိုင်းနိုင်ရေးနှင့် စစ်ဘေးရှောင်များအတွက်
အမြန်ဆုံးကူညီဆောင်ရွက်ရန် အစိုးရကိုတိုက်တွန်းကြောင်း အဆိုကို ယခုကျင်းပဆဲလွှတ်တော်သစ်၏ ပထမဆုံးအကြိမ်အဖြစ် အရေးကြီးအဆိုတင်သွင်းလိုက်သည်။

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဒေသ အပါအ၀င် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်

အင်းတော်ကြီးကန်နှင့် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်ရေး ဒေသအပါအ၀င် ကနဦးစီမံကိန်းနေရာငါးခုကို ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းနေရာအဖြစ် သတ်မှတ်ရန် စီစဉ်ဆောင်ရွက်နေကြောင်း ဖေဖော်ဝါရီ ၁၅ရက်တွင် ပြုလုပ်သည့် ရပ်ရွာလူထုကို အခြေခံသည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာမြှင့်တင်မှုဆိုင်ရာ ဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာစိုင်းကျော်အုန်းက ပြောကြားသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လအတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၅ ဒသမ ၃ ဘီလျံအထိ ၀င်ရောက်


၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်န၀ါရီလကုန်အထိ ၁၀ လတာ ကာလအတွင်း မြန်မာနိုင်ငံတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၃ ဘီလျံ အထိ ၀င်ရောက်နေကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးဇေယျာအောင်က ပြောကြားခဲ့ကြောင်း သိရသည်။

16.2.16

ရှမ်းမြောက်တိုက်ပွဲများ ရပ်စဲရေး ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုတင်


ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသနှင့် ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်စဲရေးအတွက် ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆို တင်သွင်းခဲ့သည်။

ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း တင်ဒါဝင်ရောက် ယှဉ်ပြိုင်ခွင့်ရသည့် ကုမ္ပဏီအဖွဲ့အစည်း ၁၅ ခုစာရင်း ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေ


မြေ ၆၃ ဧကကျော်ပေါ်တွင် ဆောင်ရွက်မည့် ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းကို စိတ်ဝင်စားသည့် အဆိုပြုလွှာ အောင်မြင်သည့် ကုမ္ပဏီအဖွဲ့အစည်းများစာရင်းကို ဖေဖော်ဝါရီ ၁၅ ရက်က ကြေညာခဲ့ပြီး အမေရိကန်၊ အီတလီ၊ ပြင်သစ်နှင့် အင်္ဂလန်တို့ ပါဝင်နေကြောင်း သိရသည်။

ရုရှားက S-300 ဒုံးကျည်စနစ်များ အီရန်သို့ ပို့မည်


ရုရှားသည် S-300 လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်များကို အီရန်သို့ အမြန်ဆုံးပေးပို့မည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၅ က ရုရှားနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၏ ထုတ်ပြန်ချက်ကို ကိုးကား၍ RIA သတင်းအေဂျင်စီက ဖော်ပြသည်။