“ခြုံငုံသုံးသပ်ပြောရရင် ဒီအစီရင်ခံစာမှာ ဘာပြောထားလဲ ဆိုတော့
ဘေးထွက်ဆိုးကျိုးတွေ နည်းနိုင်သမျှ နည်းအောင် ပြုပြင်ပြီးတဲ့အခါမှာ
ဒီစီမံကိန်းကို ဆက်လက် လုပ်ဆောင်သင့်တယ်ဆိုပြီး အကြံပေးထားတာလည်း တွေ့တယ်။ နောက် စီးပွားရေးနဲ့ပတ်သက်ပြီး မြန်မာ့စီးပွားရေးဦးပိုင်လိမီတက
်က ၅၁ ရာခိုင်နှုန်း၊ ၀မ်ပေါင်က ၄၉ ရာခိုင်နှုန်း၊ နိုင်ငံတော်ကရရှိမယ့် အခွန်အခတွေက ၁၆ ရာခိုင်နှုန်းဆိုပြီး ဖော်ပြထားတာ သွားတွေ့တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတော်စီမံကိန်းဆိုပေမယ့် နိုင်ငံတော်ရဲ့အကျိုးခံစားခွင့် အလွန်နည်းနေတာ သွားတွေ့တယ်။ အဲတော့ ဘာပဲဖြစ်ဖြစ် ရွသားတွေ သိမ်းဆည်းခံထားရတဲ့ မြေတွေနဲ့ပတ်သက်ပြီး ကာလပေါက်ဈေးအတိုင်းရှင်းပေးဖို့ ဆိုပြီး အကြံပြုတင်ပြ ထားတာ တွေ့တယ်။ အဲတော့ စစ်စစ်မှန်မှန် အကောင်အထည်ဖော်ဆောင်ရွက်ပေးမယ်ဆိုရင်တော့ ဒီအစီရင်ခံစာရဲ့ အကျိုးသက်ရောက်မှုက အလွန်ကောင်းတယ်လို့ မြင်ပါတယ်။ နိုင်ငံတကာရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေအပေါ်မှာလည်း ကျနော်တို့နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ၀င်ဖို့အတွက် လေးစားမှု ရှိရမယ်ဆိုတဲ့ အချက်ကိုလည်း လက်ခံပါတယ်။”
“ဘ၀င်မကျတာတခုကတော့ နဂိုက ရွာသားတွေ ဒေသခံ ကျေးလက်နေပြည်သူတွေက သဘောတူညီမှုရှိခဲ့ပြီးမှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေဝင်လာပြီး ဒီလိုပုံစံမျိုးဖြစ်လာတယ် လို့ ကောက်ချက် ဆွဲထားတာကိုတော့ ကျနော် သဘောမတူပါဘူး။ ဘာလို့လဲဆိုတော့ မသိနားမလည် တဲ့ ကျေးလက်နေပြည်သူတွေ ကို လူလည်ကျတဲ့ အဖွဲ့အစည်းတွေအတွက် အရပ်ဘက်လူ့ အဖွဲ့အစည်းတွေက ၀င်ပြီး ထောက်ပြတောင်းဆိုလို့ ဒီအခြေအနေတရပ် ဖြစ်ပေါ်လာတယ်လို့ ကျနော်မြင်တယ်။ ဒါကျနော့်ရဲ့ ယေဘုယျ သုံးသပ်ချက်အမြင်ပါ။”
www.MyanmarExpress.net

0 comments:
Post a Comment