ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့ ရပ်ကွက်(၂)အနီးရှိမိုင်းကိုင်အထက(ခွဲ)
ကျောင်း အား သြဂုတ်လ ၁၄ ရက်နေ့ ညနေပိုင်း တွင် မိုးကြိုးပစ်ခဲ့သဖြင့် အလယ်
တန်းကျောင်းသား/သူများ ဒဏ်ရာရရှိခဲ့ကြကြောင်း မိုင်းကိုင်မြို့နယ်
ပညာရေးမှူးရုံးမှ သိရသည်။
သြဂုတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် မြို့နယ်ပညာရေး မှူး ဒေါ်တင် ထူးမှအခမ်းအနားတစ်ခုအတွက် ကျောင်းသား/သူများ
ကို ကျောင်းဝန်းအတွင်း စုစည်းထားရာမှ မိုးကြိုးထိမှန်ခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသည့် ကျောင်းသားတစ်ဦးမှ “ ကျွန်တော်တို့ ကျောင်း သား/သူတွေကို မြို့နယ်ပညာရေးမှူး ဒေါ်တင်ထူးကနေ လွိုင်လင်ခရိုင် မှာ ကျောင်းပေါင်းစုံဘောလုံးပွဲကစားပြီးပြန်လာတဲ့ ကျောင်းသားတွေကို ကြိုဖို့အတွက်ဆိုပြီး ကျောင်းမှာစုခိုင်းပါတယ်၊
ကျွန်တော်တို့ ကျောင်းကိုရောက်ပြီး နာရီဝက်လောက်ကြာပြီးတဲ့အချိန်မှာ မိုးသည်းသည်းမဲမဲရွာပါတယ်၊ ကျွန်တော်တို့ကျောင်းသား/သူတွေကို
သတ္တမတန်းအခန်းထဲမှာ စုပြီးနေခိုင်းခဲ့ ပါတယ်၊ မိုးတိတ်ခါနီးမှာ
ကျွန်တော်တို့ စုနေတဲ့အခန်းကို မိုးကြိုးပစ်ခဲ့တာပါ ” ဟု ပြောပြပါသည်။
အဆိုပါ စာသင်ကျောင်းအား မိုးကြိုးပစ်ခဲ့မှုကြောင်း အလယ်တန်းကျောင်း သား
(၅)ဦးနှင့် အလယ်တန်း ကျောင်းသူ(၂)ဦးတို့ ဒဏ်ရာရရှိသွား ခဲ့ကြောင်း
ကျောင်းသားမိဘများထံမှသိရသည်။ ဒဏ်ရာရရှိသွား သည့် ကျောင်းသားအများစုမှာ ရင်ဘတ်အောင့်ပြီး ပါးစပ်၊ နှာခေါင်းတို့ မှ သွေးထွက်ဒဏ်ရာများ ခံစားခဲ့ကြရသည်။
မိုးကြိုးထိမှန်သော ကျောင်းသား/သူများအား
မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ဆေးကုသမှုများ
ပြုလုပ်ပေးနေကြောင်းနှင့် ကျောင်းသူ(၂)ဦးမှာ ဒဏ်ရာအခြေအနေစိုးရိမ်ရသဖြင့် အတွင်းလူနာအဖြစ် ကုသပေး နေရကြောင်း ဒေသခံများထံမှ သိရသည်။
Shan News
0 comments:
Post a Comment