ပိုးသတ်ဆေးသောက်ကာ လူ ၁ဝဦးထက်မနည်း မိမိကိုယ် မိမိသေကြောင်းကြံစည်ရန် ကြိုး ပမ်းမှု ပေကျင်းတွင်ဖြစ်ပွားခဲ့ ကြောင်း ဩဂုတ် ၁၄ရက်မီဒီ ယာသတင်းအရ သိရသည်။ အ ဆိုပါလူအုပ်စုထဲမှ တချို့သည် ''ဟာဘင်ရထားသံလမ်း အစိုးရ ဌာန'' ဟူသောစာတန်း များရေး သားထားသည့် တီရှပ်များဝတ် ဆင်ထားကြောင်းသိရသည်။
တရုတ်နိုင်ငံ၏ရထားသံ လမ်းရေးရာဝန်ကြီးဌာနကို မတ် လက ဖျက်သိမ်းခဲ့ပြီး အလုပ်များ ပြတ်တောင်းသွားမည်ကို စိုးရိမ် နေကြသည်။ တရုတ်နိုင်ငံအရှေ့ မြောက်ဘက်ရှီဟာဘင်ပြည် နယ်တွင် ၁၉၉ဝပြည့်နှစ်နှောင်း ပိုင်းမှစပြီး နိုင်ငံပိုင်စက်ရုံပြန် လည်ဖွဲ့မှုကြောင့် အလုပ်လက်မဲ့ ပြဿနာများ ရင်ဆိုင်နေခဲ့ရ သည်။
အဆိုပါအုပ်စုဖွဲ့အဆိပ် သောက်သေကြောင်းကြံစည်မှု သည် ပေကျင်း အနောက်ဘက် ရထားဘူတာအနီးရှိလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ရဲများနှင့် အရေး ပေါ်လူနာတင်ယာဉ်များက ၎င်း တို့ကို ဆေးရုံသို့ခေါ်ဆောင် သွား ကြောင်း သိရသည်။အဆိပ်သောက်သူများတွင
ရှိကို မဖော်ပြခဲ့ဟု သိရသည်။ အဆိုပါအုပ်စုတွင် ပါဝင်သူများ ဆေးရုံမှ ဆင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောခဲ့သည်။ တရုတ်နိုင်ငံသည် သေကြောင်း ကြံစည်မှုအများဆုံးနိုင်ငံတစ
Ref: AFP
Yangon Media Group
0 comments:
Post a Comment