10.6.13

ကျိုက္ခမီ- မော်လမြိုင်- ရန်ကုန် မှန်လုံ ယာဉ်အား ဓားပြတိုက်မှု ဖြစ်ပွား

၉.၆.၂၀၁၃၊ တနင်္လာနေ့


သထုံမြို့နယ် တောင်စွန်းကျေးရွာ အုပ်စု အောင်းဆိုင် ကျေးရွာ အနီး၊ ရန်ကုန်- မော်လမြိုင် ကားလမ်းပေါ်ရှိ မိုင်တိုင် အမှတ် (၁၅၄/၄) နှင့် (၁၅၃/၅) အကြားတွင် ဇွန် ၈ ရက် ည ၁ဝ နာရီ ၂၅ မိနစ် ခန့်က ခရီးသည်တင် ယာဉ်တစ်စီးအား ဓားပြတိုက်မှု ဖြစ်ပွားခဲ့ရာ ယာဉ်နောက်လိုက်တစ်ဦး သေဆုံး၍ ယာဉ်မောင်း၏ ယာပါး သေနတ်ကျည်ထိ မှန်ကာ လျှာပြတ် ဒဏ်ရာဖြင့် မေ့မြော နေသဖြင့် သထုံဆေးရုံသို့ ပို့ဆောင် ဆေးကုသစဉ် ဇွန် ၉ ရက် နံနက် ၅ နာရီ ၂၅ မိနစ်ခန့်တွင် ရရှိ ဒဏ်ရာဖြင့် သေဆုံးခဲ့သည်။




ယာဉ်ပေါ်တွင် လိုက်ပါစီးနင်း လာသူ ခရီးသည်များ၏ ပြောပြချက်အရ အဆိုပါ ဓားပြ ငါးဦးမှာ မော်လမြိုင်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်ပြီး ဇင်းကျိုက် ကျေးရွာအလွန် အရောက်တွင် ခွဲစိတ်ခန်းသုံး မျက်နှာ ဖုံးများ တပ်ဆင်ပြီး လေးဦးမှ သေနတ် အတို တစ်လက်စီ ကိုင်ဆောင်ကာ ခေါင်းဆောင်ဟု ယူဆရသူတစ်ဦးက ယာဉ်မောင်းအနီး သွားရောက်၍ အမိုးပေါ်သို့ သေနတ်တစ်ချက်ပစ်ဖောက်၍ ယာဉ်မောင်း အား သေနတ်ဖြင့်ချိန်ထားခဲ့ကြောင်း၊ ထိုအချိန်တွင် ကျန်လေးဦးက ခရီးသည်များထံမှ လက်ဝတ် လက်စား များ၊ ငွေနှင့် တယ်လီဖုန်းများကို သိမ်းဆည်း၍ မော်တော်ယာဉ်အား ရပ် တန့်စေပြီး ယာဉ်မောင်းအား ယာဉ်ပေါ်၌ ထိုင်နေစေကာ ကျန်ခရီးသည် များအား ယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း၊ ဓားပြအဖွဲ့မှ တစ်ဦး သည် ယာဉ်အား မီးရှို့မည်ဟုဆိုကာ ယာဉ်မောင်းအား ဆီတိုင် ကီ ပြခိုင်းရာ ယာဉ်မောင်းမှ ကြောက်လန့်၍ ပစ္စည်းထည့် နေရာအား ပြသဖြင့် စေခိုင်းသူမှ ယာဉ်နောက်လိုက်အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အခြားတစ်ဦးက အပြင်မှနေ၍ ယာဉ်မောင်းအား ပစ်ခတ် ခဲ့ကြောင်း၊ ၎င်းနောက် ခရီးသည်များအား ထွက်ခွာသွားရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရီးသည်များ အနက် ခြောက်ဦးသည် ည ၁၁ နာရီ မိနစ် ၄ဝ ခန့်တွင် သထုံမြို့ အလယ်အဝိုင်းပတ် အနီးရှိ မီးသတ် ဌာနသို့ ရောက်ရှိ သတင်းပို့ခဲ့သဖြင့် မီးသတ်ဌာနမှ နယ်မြေခံ တပ်နှင့် ရဲတပ်ဖွဲ့ တို့ထံ ဆက်သတင်း ပို့ခဲ့ရာ နယ်မြေခံ စစ်ကြောင်းများနှင့် ရဲတပ်ဖွဲ့ဝင်များမှ ပူးပေါင်း၍ စုံစမ်းရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ

0 comments:

Post a Comment