30.8.13

ထိပ်ဆုံးသို့ ခရီးစဉ် (၅)

မိတ်ဆွေ အပေါင်းအသင်း ပေါများခြင်းပာာလည်း တိုးတက်အောင်မြင်မှုအတွက် အဓိက ကျလှပါတယ်။ ဘယ်အလုပ်ကိုပဲ လုပ်လုပ် မိတ်ဆွေများမှ အောင်မြင်ပါမယ်။

ဥပမာ ဈေးရောင်းတယ် ဆိုပါတော့။ မိမိ လူမျိုးတစ်ခုတည်းကိုပဲ ရည်ရွယ်ပြီး ရောင်းတယ်ဆိုရင် လုံးဝ မအောင်မြင်နိုင်ပါဘူး။ မိမိရဲ့ ရောင်းကုန်ပာာ လူမျိုးတိုင်းအတွက် အသုံးတည့်နေရပါမယ်။ လူမျိုးတိုင်း ဘာသာတိုင်းပာာ မိမိရဲ့ မိတ်ဆွေ ဖြစ်နေရပါမယ်။



တစ်နေ့ကို အနည်းဆုံး မိတ်ဆွေ အသစ်တစ်ယောက်တော့ ထပ်တိုးလာသင့်ပါတယ်။

စီးပွါရေးသမားကောင်းတစ်ယောက်ပာာ နိုင်ငံရေးတွေ လူမျိုးရေးတွေကို လုံးဝ စိတ်မ၀င်စားသင့်ပါဘူး။ မိမိ စီးပွါးရေးအတွက်ပဲ စဉ်းစားသင့်ပါတယ်။ အတ္တနဲ့ စီးပွါးရှာမှုကို ရှောင်ကြဉ်ရပါမယ်။ အမြဲတမ်း သူ့ဘက် ကိုယ့်ဘက် မျှတနေရပါမယ်။

ငါ အမြတ် များများရရင်ပြီးရောဆိုတဲ့ ပုံစံမျိုးကို မကျင့်သုံးပါနဲ့။

ငွေ ၂၀၀၀ ကို လူဆယ်ယောက်ဆီက မယူပါနဲ့။ အယောက် နှစ်ဆယ် ဆီကပဲယူပါ။ အကျိုးအမြတ် ပိုကြီးလာပါလိမ့်မယ်။ ကိုယ့်ဆီရောက်လာတဲ့ ဈေးဝယ်သူကို ဘယ်တော့မှ ခွန်းကြီး ခွန်းငယ် စကားမများပါနဲ့။ နောက်တစ်ခါ လာဝယ်ချင်အောင် ချိုချိုသာသာပဲ ဆက်ဆံပါ။

တစ်ခါ ဆက်ဆံ ဆယ်ခါလန် ဆိုရင်တော့ သင်ပာာ မအောင်မြင်ဘဲ ကျရှုံးရပါလိမ့်မယ်။ ဒါပာာ ဈေးသည်တိုင်း ကျင့်သုံးသင့်တဲ့ နည်းလမ်းတွေပါ။

သင်ပာာ လုပ်ငန်းရှင်တစ်ယောက်ဆိုရင်တော့ အောက်လက်ငယ်သားတွေကို မိသားစုလိုပဲ ဆက်ဆံသင့်တယ်။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ တစ်ချို့အမှားတွေဆိုရင် ခွင့်လွှတ်ပေးသင့်တယ်။

ကားဒရိုက်ဘာကို ကားမှောက်လို့ အလုပ်ထုတ်တဲ့ပုံစံမျိုးတွေ ရှောင်ကြဉ်သင့်တယ်။ ကားတစ်ခါ မှောက်ဖူးတဲ့ ဒရိုက်ဘာပာာ ကားမမှောက်ဖူးတဲ့ ဒရိုက်ဘာထက် တန်ဖိုးရှိပါတယ်။

ဆက်ရန်........

Credit to ပြည်ငြိမ်း
Myanmar Sakura Online Shopping

0 comments:

Post a Comment