4.10.13

လုံခြုံရေးဆိုင်ရာ ပူးပေါင်းမှု အမေရိကန်နှင့် ဂျပန်မြှင့်တင်

အမေရိကန်သည် ဒုံးကျည် ကာကွယ်ရေး ဆိုင်ရာ ရေဒါစခန်း အသစ်တစ်ခုကို ဂျပန်နိုင်ငံတွင် တည်ဆောက်မည် ဖြစ်ပြီး ပစိဖိတ် နယ်မြေ အတွင်းရှိ
သက်ဆိုင်ရာ အမေရိကန်နှင့်ဂျပန် ထိပ်တန်း အရာရှိများ အနားတွင်လည်း အချက်ပေးမည့် စောင့်ကြပ်ရေး ဆိုင်ရာ ကိရိယာများကို ဖြန့်ကျက် တပ်ဆင်မည် ဖြစ်သည်။

ထိုဆောင်ရွက်မှုသည် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး John Kerry၊ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Chuck Hagel နှင့် ဂျပန်နိုင်ငံဘက်မှ နိုင်ငံခြားရေး ၀န်ကြီး Fumio Kishida နှင့် ဂျပန် ကာကွယ်ရေး ၀န်ကြီး Itsunori Onodera တို့ အပြန်အလှန် လက်မှတ် ရေးထိုးခဲ့သည့် ကာကွယ်ရေး လမ်းညွှန်မှုများ အပြန်အလှန် ဆောင်ရွက်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရှိရပါသည်။

ထိုလက်မှတ်ရေးထိုး သဘောတူညီချက် အရ အမေရိကန်သည် ဂျပန်နှင့် တရုတ်နိုင်ငံတို့ ရေပိုင်နက် အငြင်းပွားမှု ဖြစ်ပွားသည့် နေရာဖြစ်သော ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ ရေကြောင်းဆိုင်ရာ လှုပ်ရှားမှုများကို စောင့်ကြည့် လေ့လာရာတွင် အကူအညီပေးရန် အချက်ပေး ကိရိယာများ ဖြန့်ကျက် တပ်ဆင်ကာ စောင့်ကြည့် ဆောင်ရွက်မှုကို ရေရှည် ဆောင်ရွက်ပေးမည် ဖြစ်သည်။

Source: VOA News
http://www.voanews.com/content/us-japan-strengthen-security-alliance/176...

MRTV-4

0 comments:

Post a Comment