4.10.13

အစုန်ခရီးသည်များ

၃၁ ဘုံတွင် အပါယ်လေးဘုံသည် ဆင်းရဲများလွန်းသောကြောင့်
ဒါန သီလ စသော ပါရမီများကို ဆည်းပူးခွင့်မရ။
နတ်ဘုံ ဗြဟ္မာဘုံသည် ချမ်းသာများလွန်းသောကြောင့်
ဒါန သီလ စသော ပါရမီများကို ဆည်းပူးခွင့် မရ။
လူ့ ဘ၀တစ်ခုသာလျှင် ဒါန သီလ စသော ပါရမီများကို
ဆည်းပူးခွင့် ရ၏။

ထို့ ကြောင့် ဘုရားအလောင်းများသည်
ရှိသမျှ ကုသိုလ်များကို သုံးဖြုန်းရာဖြစ်သော နတ်ဘုံ၌
ကြာကြာမနေဘဲ နတ်သက်ချွေကာ စုတေပြီး လူ့ ဘုံ၌
အနေများကြခြင်း ဖြစ်၏။

လူ့ ဘုံကို ပါရမီဆည်းပူးရာ ဘ၀အဖြစ် မမြင်ဘဲ
ကာမဂုဏ်ခံစားရာ ဘ၀ဟုသာ မြင်နေမည်ဆိုလျှင်
ထိုလူသားသည် အပါယ်သို့  တဖြည်းဖြည်းသွားနေသော
အစုန်ခရီးသည်သာ ဖြစ်ပေမည်။

နိဗ္ဗာန်သို့  တဖြည်းဖြည်းသွားနေသော အဆန်ခရီးသည်ဘ၀သို့ 
ဘယ်သောအခါမှ ရောက်လိမ့်မည် မဟုတ်ပေ။

အရှင်ဇ၀န (မေတ္တာရှင်-ရွှေပြည်သာ)

မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ

0 comments:

Post a Comment