13.11.13

တိုက်ကြီးမြို့နယ်တွင် လူသတ်မှုဖြစ်

တိုက်ကြီးမြို့နယ်၊ကတိုင်စိန်ကျေးရွာအုပ်စု
၊ဆောက်ဝိုင်းကြီးကျေးရွာနေ ကိုလွှမ်းမိုးအောင်
သည်တော်လတီကျေးရွာတွင်ရေတုံကင်
တူးသည့်လုပ်ငန်းအား ညအိပ်သွားရောက်
လုပ်ကိုင်နေရာမှ ၁၃.၁၁.၂၀၁၃ရက်နေ့
၀၈၀၀အချိန်ခန့်တွင် ၎င်း၏ဇနီးဖြစ်သူ မတင်တင်ဝင်းသည် နေအိမ်တွင် ဒဏ်ရာများဖြင့်လဲကျနေကြောင်း ကြားသိရ၍သွားရောက်ကြည့်ရှုခဲ့ပါသည်။

နေအိမ်တွင်ဇနီးဖြစ်သူမှာ ဦးခေါင်းနောက်စေ့၊ မျက်နှာ၊၀ဲ/ယာလက်တို့တွင်
ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး မတင်တင်ဝင်းမှ အိမ်နီးချင်းနေ ကိုတင်အုန်းလေး (ဘ)ဦးထွန်းရွှေထံ ငါးဖမ်းပိုက်ဖိုးငွေ
အကြွေးတောင်းသည့်ကိစ္စကို မကျေနပ်ဖြစ်ကာ တင်အုန်းလေးမှ မတင်တင်ဝင်းအား ထင်းခုတ်ဓါးမဖြင့် ခုတ်သောကြောင့် ဒဏ်ရာရ
သေဆုံးခြင်းဖြစ်ကြောင်းသိရှိရ၍ တင်အုန်းလေး အားအရေးယူပေးရန် တိုင်တန်းသဖြင့် ကတိုင်စိန်နယ်မြေရဲစခန်း(ပ)၄၉/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း
သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment