18.11.15

လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် အထက်ပိုင်းဒေသများ အချိန်အခါမဟုတ် မိုးရွာနိုင်ဟုဆို

ဘင်္ဂလားပင်လယ်အော် မှ လေဖိအားနည်းရပ်ဝန်းအရှိန် ကြောင့် မြန်မာနိုင်ငံအထက်ပိုင်း ဒေသများတွင် အချိန်အခါမဟုတ် မိုးရွာနိုင်သည်ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။
ဘင်္ဂလားပင်လယ်အော် အ နောက်တောင်ပိုင်းတွင် ဖြစ်ပေါ် နေသည့် လေဖိအားနည်းရပ်ဝန်း သည် နိုဝင်ဘာ ၁၄ ရက်တွင် မုန်တိုင်းငယ်အဆင့်အထိ အားကောင်းခဲ့ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ပြန်လည်အားပျော့သွားသော်လည်း နိုဝင်ဘာ ၁၇ ရက် ညနေအထိ ဆက်လက်တည်ရှိ နေဆဲဖြစ်သည်ဟု ဆိုသည်။


 ယင်းလေဖိအားနည်းရပ် ၀န်းသည် နိုဝင်ဘာ ၁၇ ရက်၌ အိန္ဒိယနိုင်ငံ ကမ်းခြေဘက်မှတစ် ဆင့် ဘင်္ဂလားပင်လယ်အော် အ လယ်ပိုင်းသို့ ပြန်လည်ရွေ့လျား လာကြောင်း နိုင်ငံတကာ မိုးလေ ၀သဌာနများက သတင်းထုတ်ပြန် ထားသည်။ လေဖိအားနည်းရပ် ၀န်းအရှိန်ကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး အောက် ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တို့တွင် အချိန်အခါ မဟုတ် မိုးရွာနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်က ပြောကြားသည်။
 
 
Credit To >>> 7Day News 

0 comments:

Post a Comment