24.11.15

မကြာမီကာလအတွင်း ကတ်ပြားအသုံးပြုငွေချေမှုစနစ်ဖြင့် ဈေးဝယ်မှု များ မြန်မာနိုင်ငံတွင် ပိုမိုမြင့်တက်လာမည်



မြန်မာနိုင်ငံရှိ ဈေးဆိုင်နှင့်စူပါမားကက်ကြီးအနေဖြင့် မြန်မာ့ငွေကြေးပေး ချေမှုသမဂ္ဂ (MPU) နှင့်ချိတ်ဆက်ကာ အကြွေးဝယ်ကတ်နှင့်ဘဏ်ကတ်များ လက်ခံကာ ရောင်းချတော့မည်ဖြစ်ရာ မြန်မာနိုင်ငံတွင် လာမည့်လအနည်း ငယ် အတွင်း ငွေကြေးကတ်ပြားဖြင့်ဈေးဝယ်သည့် စနစ်ကို ပိုမိုကျယ်ပြန့်စွာ အသုံး ပြုလာကြတော့မည်ဖြစ်ကြောင်း ဗန်ကောက်ပို့စ်သတင်းတစ်ရပ် ၌ ဖော်ပြ ထားသည်။

MPU အနေဖြင့် ယင်းငွေကြေးကတ်ပြားများအသုံးပြုကာ ငွေချေသည့် စနစ်ကို ၂ဝ၁၂ ခုနှစ်ကတည်းက စတင်ခဲ့သော်လည်း ထင်သလောက် မအောင် မြင်ခဲ့ကြောင်း၊သို့သော်လည်းတယ်လီနော၊ အော်ရီဒူးနှင့်ကေဒီဒီ အိုင်စသောကုမ္ပဏီများကြောင့် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးစနစ် ကောင်း မွန်လာပြီး နောက်ပိုင်း၂ဝ၁၅ ခုနှစ်စက်တင်ဘာလတွင် ကတ်ပြား အသုံးပြုငွေချေမှု တန် ဖိုးပမာဏ ကျပ်ငွေသန်း ၄ဝအထိမှ အောက်တိုဘာလ တွင်သန်း ၇ဝ အထိတိုးတက်လာခဲ့ကြောင်းMPUဥက္ကဋ္ဌဦးမြသန်း၏ မြန်မာ တိုင်းမ်သို့ ပြောဆို ချက်ကို ကိုးကားဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အကြီးဆုံးစူပါမားကက်အုပ်စုဖြစ်သော စီးတီးမတ်အနေဖြင့် ယင်းကတ်ပြားဖြင့်ငွေချေသည့်စနစ်ကို ဧပြီလကစတင်လက်ခံခဲ့ပြီး ယင်းစူပါမား ကက်အုပ်စုအောက်ရှိ စီးတီးမတ် ၂ဝ အနက် ခုနစ်ခုမှာ ကတ်ပြားဖြင့် ငွေချေ သည့်စနစ်ကို အသုံးပြုနေကြကြောင်း၊ ထို့အတူ ကက်ပီတယ်လ်ဒိုင်းမွန်းစတားအုပ်စုကလည်းယင်းကတ်ပြားဖြင့် ငွေချေသည့်စနစ်ကို အောက်တိုဘာလက စတင်အသုံးပြုခဲ့ကြောင်း သတင်းများ ၌ဖော်ပြ ထားသည်။ထို့အပြင် ရွှေတောင်ကုမ္ပဏီအုပ်စုကတည်ဆောက်နေသော ရှော့ပင်းစင်တာ တစ်ခုအောက်ရှိ စတိုးဆိုင်များကလည်း အလားတူဈေးဝယ် ကတ်များ အသုံးပြုမည်ဟု သိရ သည်။
ယခုအခါ မြန်မာနိုင်ငံတွင် ယင်းကတ်ပြားအသုံးပြုသူ ၁ ဒသမ ၂ သန်း ရှိပြီး ယင်းပမာဏသည် မြန်မာနိုင်ငံလူဦးရေ၏ ၁ဝ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ MPU သည် ၄င်း၏ကတ်ပြားအသုံးပြုမှုလုပ်ငန်းများ တိုးချဲ့ရန် ဂျပန်ခရက် ဒစ်ဗျူရိုနှင့် ချိုင်းနားယူနီယံပေးအဖွဲ့တို့နှင့် မကြာသေးမီက သဘော တူညီချက် လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

Credit To >>> The Mirror Daily News

0 comments:

Post a Comment