12.11.15

ဂျပန်နိုင်ငံကပေးအပ်တဲ့ RBE မီးရထားစက်ခေါင်း ၉ ခု လာမယ့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှာရောက်ရှိမယ်



လာမယ့်၂၀၁၆ခုနှစ်ဇန်န၀ါရီလမှာဂျပန်နိုင်ငံကပေးအပ်တဲ့RBEမီးရထားစက်ခေါင်း၉ခုထပ်မံရောက်ရှိလာမယ်လို့ ရထားပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအောက်မြန်မာပြည်ရုံး တာဝန်ရှိသူကပြောဆိုပါတယ်။

အစိုးရချင်းထောက်ပံ့ကူညီမှုဖြင့်ဂျပန်အစိုးရနဲ့EastJapanRailwayကုမ္ပဏီကRBEအဲကွန်းမီးရထားစက်ခေါင်း ၁၉ခုကိုကူညီပေးအပ်ခဲ့ပြီးလက်ရှိမှာစက်ခေါင်း၁၀ခုရောက်ရှိထားပြီးဖြစ်တယ်လို့မြန်မာ့မီးရထားရုံးကသိရတာပါ။
မြို့တွင်းယာဉ်ကျောကျပ်တည်းမှုကိုလျှော့ချနိုင်ဖို့ရထားပို့ဆောင်ရေးဝန်ကြီးဌာနကမြို့တွင်းရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်း
အဆင့်မြင့်တင်ခြင်းနဲ့ ပြေးဆွဲနေတဲ့ရထားတွဲဆိုင်းတွေကိုဂျပန်RBEအဲကွန်းရထားတွဲတွေနဲ့အစားထိုးပြေးဆွဲနေတာဖြစ်ပါတယ်။
East Japan Railway ကုမ္ပဏီက RBE အဲကွန်းမီးရထားစက်ခေါင်း ၁၉ ခုပေးအပ်ကူညီရာမှာ စက်ခေါင်း ၁၀ ခုအတွက်သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေကိုပါ ထောက်ပံ့ပေးအပ်ခဲ့တာဖြစ်ပြီး ကျန်စက်ခေါင်း ၉ ခု သယ်ယူမှုကိုတော့ မြန်မာ့မီးရထားကကိုယ့်အစီအစဉ်နဲ့သာ သယ်ယူရမှာဖြစ်ပါ တယ်။
မြန်မာ့မီးရထားအနေနဲ့ မြို့တွင်းရထားပြေးဆွဲမှုတွင် RBEတွဲဆိုင်းတွေကို ၂၀၀၅ ခုနှစ်ကတည်းက စတင်မှာယူအသုံးပြုခဲ့တာဖြစ်ပြီး လက်ရှိမှာ RBE တွဲဆိုင်း ၁၁၇ ခုကိုမှာယူအသုံးပြုထားပြီးဖြစ်တယ် လို့သိရပါတယ်။

Credit To >>>  SFJ News 

0 comments:

Post a Comment