21.7.13

၂၀၁၄ ကမ္ဘာ့ဖလားဘောလုံးပွဲလက်မှတ်များ စတင်ရောင်းချမည်

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲအတွက် လက်မှတ်များကို လာမည့် သြဂုတ်လ ၂၀ ရက်တွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ၏ ဝက်ဘ်ဆိုက် www.fifa.com တွင် စတင် ရောင်းချသွားမည်ဖြစ်သည်။ ဘရာဇီးလ်နိုင် ငံ ဆောပေါ်လိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲမတိုင်မီ ရက်ပေါင်း ၃၃၀ ခန့်အလိုတွင်
လက်မှတ်ရောင်းချမည့် အစီအစဉ်ကို FIFA ၏ ဈေးကွက်ညွန်ကြားရေးမှူး သီအာရီ ဝီလ်က ထုတ်ပြန်ပြောကြားခြင်း ဖြစ် သည်။ ကမ္ဘာ့ဖလား လက်မှတ် ၃ သန်းကို အချိန်ကာလ ၃ ခုခွဲ၍ ဈေးနှုန်း ၄ မျိုးသတ်မှတ်ရောင်းချမည် ဖြစ်သည်။

ပထမဦးဆုံး လက်မှတ်ရောင်းချမှုကို သြဂုတ်လ ၂၀ ရက်မှ အောက်တိုဘာ ၁၀ အထိ၊ ဒုတိယအနေဖြင့် ဒီဇင်ဘာ ၈ ရက်၊ ၂၀၁၃ ခုနှစ်မှ ဇန်နဝါရီ ၃၀ ရက်၊ ၂၀၁၄ ခုနှစ်အထိနှင့် နောက်ဆုံးမိနစ် လက်မှတ်ရောင်းချမှုကို ၂၀၁၄ ခုနှစ် ဧပြီ ၁၅ ရက်မှ ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်မည့် ဇူလိုင် ၁၃ ရက်နေ့အထိ ရောင်းချပေး သွား မည်ဟု သိရသည်။ လက်မှတ်ပေါင်း ၇၀၁,၀၇၉ ကို နိုင်ငံတကာပရိသတ် များနှင့် ဘရာဇီးလ်နိုင်ငံသားများအတွက် ရောင်းချပေးမည်ဖြစ်သည်။ အခြား လက်မှတ်စောင်ရေ ၅၀၀,၀၀၀ ကို ဘရာဇီးလ်နိုင်ငံမှ ကျောင်းသားများ၊ သက်ကြီးရွယ်အိုများနှင့် ဝင်ငွေနိမ့်ပါးသူများအတွက် အထူးနှုန်း ထားဖြင့် ဈေးလျှော့ရောင်းချပေးမည်ဖြစ်သည်။

ဘရာဇီးလ်အစိုးနှင့် အားကစားကွင်း ဆောက်လုပ်ရေးဝန်ထမ်းများအ တွက်လည်း လက်မှတ် ၁၀၀,၀၀၀ ခွဲတမ်းသတ်မှတ်ထားသည်။
<br>လက်မှတ်ဈေးနှုန်းများ အနေဖြင့် အုပ်စုပွဲစဉ်များအတွက် ဒေါ်လာ ၉၀ ဖြစ်ပြီး ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်အတွက် ဒေါ်လာ ၂၂၀ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ရီယိုဒီဂျနေရိုတွင် ဇူုလိုင် ၁၃ ရက်၌ ကျင်းပမည့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲအတွက် လက်မှတ်ခ မှာ ဈေးအကြီးဆုံးဖြစ်ပြီး ဒေါ်လာ ၉၉၀ ဖြစ်သည်။

ဘရာဇီးလ်နိုင်ငံသားများအတွက်မူ အုပ်စုပွဲစဉ်လက်မှတ်ခမှာ ၁၅ ဒေါ်လာဖြစ်ပြီး ဗိုလ်လုပွဲအတွက် ၈၃ ဒေါ်လာဖြင့် ဈေးလျှော့ရောင်း ချပေးမည်ဖြစ်သည်။ ပြီးခဲ့သည့် လအတွင်းက ဘရာဇီးလ်တွင် ကျင်းပပြီးစီးခဲ့သည့် ကွန်ဖက်ဒရေးရှင်းဖလား ဘောလုံးပြိုင်ပွဲတွင် လက်မှတ်စောင်ရေ ၈၀၄,၁၂၂ ရောင်းချခဲ့ရပြီး အောင်မြင်ခဲ့ကြောင်း သီအာရီ ဝီလ်က ပြောကြားသည်။ ကွန်ဖက်ဒရေးရှင်းဖလား ဗိုလ်လုပွဲတွင် အိမ်ရှင် ဘရာဇီးလ်က စပိန်ကို ၃-၀ ဂိုးဖြင့် အနိုင်ယူကာ ဆုဖလား ဆွတ်ခူးခဲ့သည်။

၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဘရာဇီးလ်နိုင်ငံရှိ မြို့ ၁၂ မြို့တွင် ကျင်းပသွားမည်ဖြစ်သည်။ ဘရာဇီးလ်သည် ၁၉၅၀ ခုနှစ်တွင် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် အားကစားကွင်းအချို့မှာ သတ်မှတ်ချိန်အတိုင်း ပြီးစီးရန် အခက်အခဲ တွေ့ကြုံနေရသော်လည်း ထိုအခက်အခဲကို ဖြတ်ကျော်နိုင်ပြီး ကမ္ဘာ့ဖလားမတိုင်မီ အချိန်မီ ပြီးစီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဘရာဇီးလ် ကမ္ဘာ့ဖလားကျင်းပရေးကော်မတီ အကြီးအကဲ ရီကာဒို ထရိတ်ဒ်က ပြောကြားသည်။

Plannet Myanmar Network

0 comments:

Post a Comment