21.7.13

ခန္တီးလုံဒေသ သျှမ်းလူမျိုးစုများ

မြန်မာနိုင်ငံမြောက်ပိုင်း ယခု ပူတာအို လွင်ပြင် ဒေသတခုလုံးကို တချိန်က ခန္တီးလုံဒေသ ဟုခေါ်သည်။ ခန္တီးလုံဒေသကို သျှမ်းစော်ဘွားများ တည်ထောင်ကာ စော်ဘွားအဆက်ဆက် အုပ်ချုပ် ခဲ့ကြောင်း သမိုင်းက အခိုင်မှာပြဆိုခဲ့သည်။


BC- 100 ခန့်မှာ ခန္တီးလုံဒေသကို စောဝ်ဇေယျထိသာ ဆိုတဲ့ တိဗက်အနွယ်ဝင် သျှမ်းမျိုး တစ်ထောင်ခန့် ရောက်ရှိလာကြောင်းကို ခန္တီးလုံသမိုင်းက ပြဆိုသည်။ စောဝ်ဇေယျထိသာသည် မန်ဇရစ်တိုင်းဆိုတဲ့ နာမည်နဲ့ တိုင်းပြည်ကို တည်ထောင်ခဲ့ပါသည်။

BC- 600 ခန့်မတိုင်မှီမှာ သျှမ်းတို့က ဆေ သို့မဟုတ် ဇူ့နိုင်ငံကိုတည်ထောင် အုပ်ချုပ်တဲ့ ဆေပြည့်ရှင် စပ်ဖှရှဲန်ခမ်းရဲ့ သားတော် ခမ်းတီးထဲင်ဆိုတဲ့ သျှမ်းမင်းတပါးဟာလည်း ခန္တီးလုံဒေသကို ထပ်မံအင်အားဖြည့် ရောက်ရှိလာပါသည်။

ထပ်မံရောက်ရှိလာတဲ့ ခမ်းတီးထဲင်ဆိုတဲ့ သျှမ်းမင်းသားအဖွဲ့များနဲ့ အရင်ရောက်နှင့်ပြီးသား စောဝ်ဇေယျထိသာ၏ သျှမ်းအဖွဲ့တို့ ပေါင်းမိရာမှ မန်ဇာရစ်တိုင်းပြည်ကနေ ခမ်းတီးထဲ့မင်းသားကို အစွဲပြု၍ ခန္တီးလုံတိုင်းပြည် ဟုခေါ်ဆိုခဲ့ကြောင်းသိရပါသည်။

လည်းကောင်း မင်းဆက်ဆက် အုပ်စိုးလာခဲ့ရာ နောက်ပိုင်းမှာ မင်းဆက်ပြတ်ကာ မင်းမဲ့ တိုင်းနိုင်ငံလေးအဖြစ်ကို ရောက်ရှိလာခဲ့ပါသည်။

BC- 560 ခုနှစ်လောက်မှာတော့ တိဗက်ပြည်ကနေ ရသေ့တပါး ရောက်ရှိလာပြန်၏ ရသေ့ဟာ တောသူ စော်ကိန္ဒရိနဲ့ ကြောင်းပါလို့ဖူးစာစုံပေါင်းဖက်ရာကနေ နောက်ပိုင်းမှာတော့ ဒေသခံသျှမ်းများကို ပြန်လည် စုစည်း သိမ်းသွင်းက ခန္တီးလုံဒေသကို ပြန်လည်တည်ထောင် အုပ်ချုပ်ခဲ့ပါသည်။

ရသေ့ကြီးနဲ့ စောကိန္ဒရီ တို့ဟာ သားတယောက်နဲ့ သမီးတယောက် ထွန်းကားလာခဲ့ရာ ရသေ့ကြီးနဲ့ စောကိန္ဒရီတို့ရဲ့ သားသမီးမျိုးဆက်တွေကပဲ ဆက်လက်ပြီး ခန္တီးလုံဒေသကို တောင်ပိုင်း မြောက်ပိုင်း ခွဲကာစီမံ အုပ်ချုပ်ခဲ့ကြသည်။

လည်းကောင်းမျိုးရိုးမှ ဆင်းတက်လာတဲ့ အိုက်လုံးမိန်း ယီပတ်ကန် ဆန်းပါးလနဲ့ စိုင်းဆေဟင်းတို့က အဲ့ဒီညီအကို လေးယောက် လက်ထက်မှာ ခန္တီးပြည်ကြီးကို မြောက်ပိုင်း မိန်းကျိုနယ်နဲ့ တောင်ပိုင်း မိန်းလောင်နယ် ပြီးပိုင်းခြား အုပ်ချုပ်ခဲ့ကြသည်။

မိန်းကျိုနယ်ကို အိုက်လုံမိန်းနဲ့ ဆန်းပါးလ တို့နှစ်ဦးက အုပ်ချုပ်ပြီး မိန်းလောင်းနယ် ယီပတ်ကန်နဲ့ စိုင်းဆေဟင်းတို့က အုပ်ချုပ်ခဲ့ကြပါသည်။

BC- 425 အရောက်မှာ တိဗက်သျှမ်း အနွယ်ဝင် အိုက်တွန်းနဲ့ ကတ်ရောင်းတို့ကလည်း ဒီခန္တီး ပြည်ကြီးကို ထပ်မံအင်အားဖြည့် ရောက်လာကြပါသည်။

ခန္တီးလုံ ပြည်ကြီးကို တိဗက်ဝင်နွယ်ဝင် သျှမ်းလူမျိုးတွေ ရောက်ရှိလာလိုက် ပေါင်းစပ်လိုက် နဲ့ ခေတ် အဆက်ဆက် အုပ်ချုပ်လာခဲ့ရာ မိန်းမောင်းလုံလို့ခေါ်တဲ့ သျှမ်းခေတ်ကြီး အားကောင်းချိန် AD- 759 ခုနှစ် အရောက်မှာတော့ မိန်းမောင်းလုံ ဧကရာဇ် စပ်ခွန်လူဖုန်က သျှမ်းမျိုးနွယ်များရှိရာဒေသကို လိုက်လံသိမ်းသွင်းစည်းခဲ့ပါသည်။

မိန်းမောင်းလုံ ဧရာဇ် စပ်ခွန်လူဖုန်ဟာ ယခုတရုတ်ပြည် ယူနန်ပြည်နယ်လို့ခေါ်တဲ့ မိန်းမောင်းလုံ ဒေသ တခုလုံးနဲ့ သျှမ်းဒေသများဖြစ်တဲ့ အထက်မြန်မာပြည်မြောက်ပိုင်း ကောလင်းဝန်းသို မိုးကောင်း၊ မိုးညှင်း၊ သောင်သွတ် မှုံရွာ ကလေး တို့ပါဝင် အနောက်ဘက် အာဟုမ်လို့ခေါ်တဲ့ အာသံပြည်နယ်ထိအောင် အုပ်ချုပ်ခဲ့ကြောင်း ခန္တီးလုံ သမိုင်းကဆိုသည်။

မောသျှမ်းဧရာဇ်ာမင်းကြီးဟာ ဆားနဲ့ ပယင်းကျောက်ထွက်ရှိရာ ဟူးကောင်းဒေသကို အားထား နှစ်သက် ရာနေရာကနေ ခန္တီးလုံဒေသဟာလည်း မိန်းမောင်းကိုဆက်သွယ်ရေး လမ်းကြောင်းအဖြစ် အချက်ခြာ နေရာဖြစ်လာပါသည်။ ခန္တီးလုံဒေသဟာ မိန်းမောင်းလုံ ဧရာဇ်မင်းထံ ပါနာဆက်နယ် တခုအဖြစ် မှတ်တမ်းတွေရသိရပါသည်။

AD- 759 ခုနှစ် မှာ တိုင်းမိန်းနေလို့ခေါ်တဲ့ အထက်သျှမ်း လူမျိုးတွေ ထပ်မံ ရောက်ရှိလာခဲ့ပြီး AD- 1235 ခုနှစ် အရောက်မှာတော့ မိန်းမောင်းလုံက တိုင်းမိန်းနေခေါ် အထက်သျှမ်းများနဲ့ တိုင်းမိန်းဆေခွန်ခေါ် ဆေခွန်သျှမ်း မျိုးနွယ်များဟာ ခန္တီးလုံဒေသကို ထပ်မံရောက်ရှိလာခဲ့ကြသည်။

BC- 1320 ခုနှစ်မှာ မိန်းမောင်လုံကို အုပ်ချုပ်စိုးစံသော မော်ဘုရင်ဧရာဇ် စပ်ဆေခန်ဖှ ခေတ် မိန်းမောင်းလုံဘုရင် စပ်ဆေခန်ဖှ ရဲ့ညီတော် မိုးကောင်းစော်ဘွား စပ်စံလုံးဟာ စစ်သည် ဗိုလ်ဘာနဲ့အတူ သျှမ်းစာပေ အနုပညာ လက်မှုအတ် ပညာရှင်များ အပါအ၀င် ခန္တီးပြည်ကိုရောက်ရှိလာသည်

ထိုအချိန်မှ စပြီးခန္တီးသျှမ်းတို့သည် စာပေ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးခဲ့သည်အပြင် စာပေကျမ်းကန်များလည်း မြောက်များစွာ ပေါ်ပေါက်လာခဲ့သည်။ ထိုနောက် မိန်းနေနှင့် မိန်းဆေရ မိန်းဆေခွန်တိုပအပါဝင် မိန်းလန်း နှင့် မိန်းရပ်ဆိုတဲ့ စော်ဘွားငါးနယ် ခွဲကာ အုပ်ချုပ်ခဲ့ပါသည်။

AD- 1427 ခုနှစ်အရောက်မှာ အချင်းချင်း မသင့်မြတ်ဖြစ်ကာ မိန်းလန်းနယ် အရေးခင်းကြီးပေါ်ပေါက် ခဲ့သည်။ ထို့ မိန်းလန်းနယ် အရေးခင်းကြောင့် မိန်းလန်းနယ် စော်ဘွားနယ်တခု တိုးလာကာ စော်ဘွားနယ် ခြောက်နယ် ပေါ်ပေါက်လာခဲ့သည်။

တဖန် AD- 1729 cခုနှစ် 1745 လုပ်ခွန်သျှမ်း တို့ ရောက်လာတဲ့ အတွက်ကြောင့် ခန္တီးလုံပြည်ကြီးမှာ စော်ဘွားနယ် ရှစ်နယ်ဖြစ်ကြောင်း သိရသည်။

AD- 1786 ခုနှစ် လုံကျိန်းနဲ့လုပ်ခွန်တို့ အရေးအခင်း ဖြစ်ပွားရာ လုံးကျိန်းမျိုးနွယ်စုတွေက အိန္ဒယနိုင်ငံ အာသံပြည်ကို ပြောင်းရွေ့ ထွက်ခွါသွားခဲ့ပါသည်။ ထို့ကြောင့် စော်ဘွား ခုနှစ်နယ်သာ ကျန်ရှိခဲ့သည်။

AD- 71885 ခုနှစ်မှာ မြန်မာတနိုင်ငံလုံးကို အင်္ဂလိပ်ကိုလိုနီ လက်အောက်တို့ သွတ်တွင်းလိုက်ပြီ ဆိုပေမဲ့လည်း အထက်မြန်မာပြည်မြောက်ပိုင်း သူ့ကျွန်မခံလိုသော မျိုးချစ်တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ဖြစ်ကြသော သျှမ်းနီလူမျိုး စစ်ကိုင်းနယ်မှ စော်ရန် စောရန်နိုင် ၀န်းသိုနယ်မှ ၀န်းသိုစော်ဘွား စောဝ်အောင်မြတ် မိုးကောင်းနယ်မှ ဗိုလ်ဘိုးစော ကချင်အမျိုးသား ခေါင်းဆောင်ကြီး ဖုံကန်ဒူဝါ၊ ဆမားဒူဝါ ခွန်ဆိုင်းလီ ဗန်မော်နယ်မှ မိုးလိုင်စော်ဘွား ခမ်းလိုင် စသည့် သူရဲ့ကောင်းများ တိုက်ခိုက်နေခြင်းကြောင့်

ပူတာအိုလိုခေါ်တဲ့ ခန္တီးလုံဒေသကို ဗြိတိသျှ အင်္ဂလိပ်တို့ 1912 ခုမှ ရောက်ရှိလာနိုင်ခဲ့သည်။
ယခုပူတာအိုမြို့နဲ့ နှစ်မိုင်ခန့်ဝေးကွာတဲ့ မန့်ပူတိုက် ခေါ်သျှမ်းရွာလေးမှာ စခန်းချခဲ့ကြသည်။ ထိုအချိန်ထိ ခန္တီးလုံဒေသကို စော်ဘွားများအုပ် ချုပ်ခဲ့သည်။

ဗြိတိသျှအစိုးရ ဘုရင်ခံက ခမ်းတီးလုံ စော်ဘွားများအား စော်ဘွားရာထူး အသိအမှတ်ပြု ခန့်လပ်လွာ ဆာနဒ့် (SHNAD) ခေါ် စာချွန်လွှာများကို ပေးအပ်၍ စော်ဘွားများအဖြစ် ဆက်လက်ခန့်အပ်ထားခဲ့သည်။ 1926 -ခုနှစ် ခမ်းတီးလုံ အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်၍ ခမ်းတီးလုံ ဒေသကို သီးခြားအုပ်ချုပ်ခဲ့သည်။
စော်နွဲ့ဆားသောခန္တီးသျှမ်းတို့၏ စစ်တိုက်ထွက်က

ပူတာအိုမြို့ ပေါ်ပေါက်လာပုံ


ပူတာအိုဟု မပေါ်ခင် ထိုနေရာတွင် မန့်ပူတိုက်ဟူသော ရွာလေးတရွာရှိသည်။ မန့်ပူတိုက်ရွာသည် ခန္တီးလုံ စော်ဘွားအုပ်ချုပ်သော နယ်ဒသတခုဖြစ်သည်။ မန့်ပူတိုက်ဟူသော ရွာနာမည်မတွင်ခင် ထိုရွာကလေးတွင် အဘိုးတယောက်ရှိခဲ့သည် ထိုအဖိုးအိုသည် စေတနားကောင်းမွန်၍ အပေးအကမ်း စွန့်ကျဲ ရက်ရောသူ အဖြစ်ထင်ရှားသည်။ အဖိုးအိုသည် မိမိရှာဖွေလာသော သားငါး ပစ္စည်များကို အခြားသူများအားလည်း ပေးသည်။ ထိုသို့ပေးသောအခါတွင်လည်း အိမ်ရှင်က အခြားပစ္စည်း ပြန်ပေးမှ အိမ်ပြန်လေ့ရှိသည်။ ရရှိလာသော ပစ္စည်းများအား မရှိဆင်းရဲသား များအားပြန်လည် ပေးဝေလေသည်။

ထိုသို့ပေးဝေသော အဖိုးအိုးအား မရှိဆင်းရဲသော ရွာသူရွာသားများက စောင့်မျှော်လေရှိသည်။ စောင့်မျှော်နေသော ရွာသူရွာသားများနှင့် အဖိုးအိုကို ကြောင်းပြုကာ ထိုရွာလေးကို မန့်ပူတိုက်ဟုခေါ်ဆိုကြသည်။ မန့်သည် သျှမ်းနီလို့ ရွာ ဟု အဓိပါယ်ရသည် ပူ သည် အဖိုး ဖြစ်၍ တိုက် သည် စောင့်မျှော်ခြင်းဖြစ်သည်။

ထိုမန့်ပူတိုက်ရွာလေးတို့ ဗြိတိသျှ အင်္ဂလိပ်တို့ရောက်ရှိလာရာ ဒီရွာနာမည် ဘယ်လိုခေါ်လည်းဟုမေးရာ ဒေသခံသျှမ်းတို့ မန့်ပူတိုက် ဟုပြောဆိုရာ အင်္ဂလိပ်တို့က PUTAO လို့ရေးမှတ်လိုက်ကြသည်။

AD-1948 မြန်မာ့လွတ်လပ်ရေး ရပြီးနောက်ပိုင်း မြန်မာလိုပြန်ဖတ်တဲ့အခါ PUTAO ပူတာအို ဟူ မြန်မာလိုရေးမှတ်ခဲ့ရာ မန့်ပူတိုက် ရွာလေးမှ ပူတာအိုမြို့ အဖြစ်သို့ရောက်ရှိလာပါသည်။


ပူတာအိုမြို့သည်။ ကချင်ပြည်နယ်ရဲ့ မြို့နယ်တခုဖြစ်သလို ခရိုင်ရုံးစိုက်တဲ့ ကချင်ပြန်နယ် လေးခရိုင် ထဲက ခရိုင်တခုလည်းဖြစ်သည်။ ပူတာအိုခရိုင်တွင် ရ၀မ်၊ လီဆူး၊ မရူ၊ ဂျိမ်း သျှမ်းစသည် တိုင်းရင်းသား ညီအကိုများ
စုစည်းနေထိုင်ကြသည်။

Credit to Hsipaw Generation. (သီပေါသား/သူများ)
Shan News

0 comments:

Post a Comment