21.7.13

မြောက်ကိုရီးယား၏ ကုန်တင်သင်္ဘော ဝန်ထမ်း ၃၃ ဦးအား ပနားမား အစိုးရ တရားစွဲ

ပနားမား အာဏာပိုင်များသည် ပြည်သူ့လုံခြုံရေးကို ထိခိုက်စေနိုင်သည့် အကောက်ခွန် စည်းကြပ်ရန် တင်ပြထားခြင်း မရှိသော လက်နက်ပစ္စည်းများကို သယ်ဆောင်မှု စွဲချက်ဖြင့်
မြောက်ကိုရီးယား ကုန်တင် သင်္ဘော တစ်စင်းမှ ဝန်ထမ်း ၃၃ ဦးကို တရားစွဲဆို ထားသည်ဟု အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။



တရားရုံးတွင် ရုံးတင် စစ်ဆေးရာမှ အဆိုပါ ဝန်ထမ်းများတွင် အပြစ်ရှိကြောင်း ထင်ရှားပါက လက်နက် တရားမဝင် ကုန်သွယ်မှု အတွက် ချမှတ်ထားသည့် ထောင်ဒဏ် ခြောက်နှစ်အထိ ကျခံရဖွယ် ရှိကြောင်း ပနားမားနိုင်ငံမှ အစိုးရရှေ့နေ တစ်ဦးဖြစ်သူ ဂျက်ဗီယာ ကာရာဘယ်လိုက ဇူလိုင် ၁၈ ရက်တွင် ပြောကြားသည်။

ပနားမား လုံခြုံရေး အေးဂျင့်များနှင့် စုံစမ်းစစ်ဆေးသူပေါင်း ၃၅ဝ ကျော်သည် မူးယစ်ဆေးဝါးများ မှောင်ခိုတင် သွင်းလာသည် ဟူသော သတင်းပေးမှုကြောင့် ပနားမား တူးမြောင်း၌ ချုံချုံဂန်း အမည်ရှိ အဆိုပါ ကုန်တင် သင်္ဘောကို လွန်ခဲ့သည့် သီတင်းပတ် အတွင်းက ကြားဖြတ်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် မူးယစ်ဆေးဝါးများ တွေ့ရမည့်အစား သကြားထုပ် ၂ဝဝဝဝဝ ၏ အောက်တွင် ဝှက်ထားသည့် ဆိုဗီယက် ခေတ်သုံးလက်နက်များနှင့် MIG တိုက်လေယာဉ် နှစ်စင်း၏ အစိတ်အပိုင်းများ ကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

မြ၀တီ

0 comments:

Post a Comment