7.9.13

ခိုင်မြဲသော ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ဘာသာ အယူဝါဒတို့ အပြန်အလှန် နားလည် သဘော ပေါက်ရန် လိုအပ်

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ ခရီးစဉ်အတွင်း စက်တင်ဘာ ၄ရက် နံနက် ၉ နာရီက ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ Professor Amara PONGSAPICHနှင့် ကော်မရှင် အဖွဲ့ဝင် ခြောက်ဦးတို့ က

Human Rights Standard နှင့်အညီ ဆောင်ရွက်နေမှု များကို ရှင်းလင်းပြောကြား ကြပြီး မြန်မာနိုင်ငံတွင် လူ့အခွင့် အရေးဆိုင်ရာ ဥပဒေ အမြန်ဆုံး ပြီးစီးအောင် ဆောင်ရွက် နိုင်ရေး အတွက် တိုက်တွန်း လိုကြောင်း၊ အဆိုပါ ဥပဒေသည် ကုလသမဂ္ဂ၏ ပဋိညာဉ် စာတမ်း နှင့် အညီ ဖြစ်မည်ဟု မျှော်လင့်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ Human Rights ကော်မရှင်သည် နိုင်ငံတကာ လူ့အခွင့်အရေးနှင့် ကိုက်ညီအောင် သက်ဆိုင်ရာ အသီးသီးသို့ တင်ပြနိုင်ခွင့် ရှိကြောင်း၊ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံး၏ မူဝါဒများကို အကောင် အထည်ဖော် ခဲ့ကြောင်းဖြင့် ဆွေးနွေး ခဲ့သည်။

ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် အစိုးရက လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့သော်လည်း ဥပဒေ မရှိသေးသဖြင့် အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် ဥပဒေကို လွှတ်တော်၌ ဆွေးနွေးလျက် ရှိပါကြောင်း၊ အမျိုးသားလွှတ်တော်တွင် လူ့အခွင့်အရေး၊ ဒီမိုကရေစီ အရေး နှင့်ပတ်သက်၍ ကော်မတီ ဖွဲ့စည်းထားကြောင်း၊ လူ့အခွင့်အရေး ရအောင် ဆောင်ရွက်ခြင်းသည် ကောင်းမွန်သည့် ကိစ္စဖြစ်ပြီး မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ ကလေးသူငယ်များကို ဦးစားပေး စဉ်းစားသင့်ကြောင်း၊ ထိုင်းနိုင်ငံရောက် မြန်မာ လုပ်သားများ နှင့်ဆက်စပ်၍ ၎င်းတို့ ကလေးသူငယ် များ၏ ပညာရေး၊ ကျန်းမာရေး စသည် တို့ကိုလည်း ထည့်သွင်း စဉ်းစားရမည် ဖြစ်ကြောင်း၊ ဤနေရာ တွင် နိုင်ငံမဲ့ လူသားကိစ္စကို မိမိစဉ်းစား ကြည့်ရာ၌ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံမှ မဟုတ်ဆိုသည့် မြေလွတ်မရှိ ကြောင်း၊ နိုင်ငံများ၏ နယ်နိမိတ်များသည် အားလုံးထိ စပ်နေကြောင်း၊

နိုင်ငံမဲ့ လူသားပေါ် ပေါက်လာခြင်းသည် ထူးခြားသည့် အခြေအနေပေါ် မူတည်ကြောင်း၊ မြန်မာနိုင်ငံသည် ဘင်္ဂလား ဒေ့ရှ်နှင့် နယ်စပ်ချင်း ထိစပ်လျက်ရှိပြီး ထိုသို့ထိစပ် နေပါလျက် နိုင်ငံမဲ့လူသားဟု ဆိုနေကြကာ အကြမ်းဖက် အဖွဲ့အစည်း များနှင့် အဆက်အသွယ် ရှိလာသဖြင့် မြန်မာနိုင်ငံက အထူး သတိ ထား နေရသည်ကို နားလည် စေလို ကြောင်းဖြင့် ဆွေးနွေး ခဲ့သည်။

ယင်းနောက် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက မိမိတို့ နယ်မြေတွင်လည်း ခိုးဝင်မှုများရှိကြောင်း၊ ဤကိစ္စသည် ဒေသတွင်း ပြဿနာ ဖြစ်နေကြောင်း၊ အာဆီယံ ဒေသတွင်း သာမက သြစတြေးလျ နိုင်ငံအထိ ခိုးဝင်မှု ပြဿနာများ ရှိနေကြောင်း၊ မိမိတို့ ပူးပေါင်းဖြေရှင်းရန် လိုအပ်ကြောင်းနှင့် အနာဂတ်တွင် လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ် များ၌ ပူးပေါင်း ဆောင်ရွက်သွား နိုင်ရန် မျှော်လင့် ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

စကားဝါ
မြ၀တီ

0 comments:

Post a Comment