7.9.13

ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ ဥပဒေများ အပြန်အလှန် သိနားလည်က စီးပွားရေးလည်း ပိုမို တိုးတက်အောင် ဆောင်ရွက်နိုင် ….

အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၄ဦးပါ မြန်မာလွှတ်တော် ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းနိုင်ငံ ပါလီမန် ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ H.E.Mr. Somsak Kiatsuranont ၏ ဖိတ်ကြား ချက်အရ စက်တင်ဘာ ၁ ရက်မှ ၄ ရက် အထိ ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီး သွားရောက်ခဲ့သည်။


အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့သည် စက်တင်ဘာ ၁ရက် မွန်းလွဲပိုင်းတွင် မြဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညို ကြသည်။ စက်တင်ဘာ ၂ရက်တွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့သည် Amata အထူး စီးပွားရေး ဇုန်သို့ သွားရောက်လေ့လာ ကြည့်ရှုကြရာ Amata VN Public Company Ltd., CEO Ms. Somhatai Pani-chewa က ရှင်းလင်းခဲ့သည်။

စက်တင်ဘာ ၃ ရက် နံနက် ၁ဝ နာရီတွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌနှင့် အဖွဲ့သည် ထိုင်းပါလီမန်သို့ သွားရောက် ခဲ့ပြီး ထိုင်းနိုင်ငံကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အုပ်ချုပ်သော ဒီမိုကရေစီ အစိုးရ အုပ်ချုပ်နိုင်ရေး အတွက် ဦးဆောင် မှုပြုခဲ့သော ဘုရင် Prajadhipok ၏ ရုပ်တုတွင် ပန်းခွေချ ဂါရဝ ပြုကြသည်။

ထို့နောက် ထိုင်းပါလီမန် ဥက္ကဋ္ဌနှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ H. E. Mr. Somsak Kiatsuranont အား ထိုင်း ပါလီမန် အဆောက်အအုံ အမှတ်(၁)၏ အထူး ဧည့်ခန်းဆောင်၌ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပထဝီ အနေအထားအရ ထိုင်းနှင့် မြန်မာသည် တောင်အာရှနှင့် အာဆီယံ ဒေသကြီး၏ ကြားတွင် ရှိ၍ အရှေ့တောင် အာရှ၏ စီးပွားရေး ဗဟိုချက် ဖြစ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံရေးတွင်လည်း ဗဟိုချက် ဖြစ်ကြောင်း၊ ဥပဒေပြု ကဏ္ဍအနေဖြင့် မိမိတို့ လွှတ်တော်ချင်း ဆက်နွှယ်ပေါင်းစည်းမှ ကဏ္ဍအားလုံးလည်း တိုးတက် လာမည်ဖြစ် ကြောင်း၊ နှစ်နိုင်ငံ ဥပဒေများ အပြန်အလှန် သိနားလည်ပါက နှစ်နိုင်ငံ စီးပွားရေးလည်း ပိုမို တိုးတက်အောင် ဆောင်ရွက် နိုင်မည် ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး ကဏ္ဍတွင် မိမိတို့ သမ္မတ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီး လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်လည်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊

မူးယစ် ဆေးဝါး တိုက်ဖျက်ရေးနှင့် တရားမဝင် လူကုန်ကူးမှု များကို ပူးပေါင်းတိုက်ဖျက်လျက် ရှိကြောင်း၊ မြန်မာ အလုပ် သမားများ တရားဝင် ဖြစ်ရေးအတွက် ဆောင်ရွက်နေမှုကို ထိုင်းပါလီမန်ကလည်း ကူညီ ပေးစေလိုကြောင်း၊ ခရီးသွား လုပ်ငန်းတွင်လည်း 2 countries, one destination ဖြစ်စေ လိုကြောင်း၊ ထိုသို့ ဖြစ်ပါက နှစ်နိုင်ငံလုံးအတွက် အကျိုးရှိ စေမည်ဖြစ်ကြောင်း၊ မိမိတို့လွှတ်တော် ချင်းလက်တွဲ၍ ပြည်သူများအကျိုး အတွက် ပူးပေါင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်းဖြင့် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ထိုင်းနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ 2 countries, one destinationအား ထိုင်းပါလီမန် အဆောက်အအုံ အမှတ်(၂)၏ အထူး ဧည့်ခန်းဆောင်၌ တွေ့ဆုံခဲ့ပြီး မြန်မာလွှတ်တော် ၏ ဆောင်ရွက်ချက်များ၊ မြန်မာ လွှတ်တော်၏ ဖွဲ့စည်းမှုများကို ရှင်းလင်း ပြောကြားခဲ့ကာ ပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့် ဆောင်ရွက်ကြရန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ နှင့်အဖွဲ့သည် ထိုင်းပါလီမန်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌက Shangrila Hotel တွင် တည်ခင်း ဧည့်ခံသည့် နေ့လယ်စာ စားပွဲသို့ တက်ရောက်ခဲ့ကြပြီး ထိုင်းပါလီမန် အထက် လွှတ်တော် ကျင်းပ နေပုံကို သွားရောက်လေ့လာ ကြည့်ရှု ခဲ့ကြသည်။

မြ၀တီ

0 comments:

Post a Comment