7.9.13

တာလီဘန်တို့၏ လက်မှ လွတ်မြောက်ခဲ့ပြီး ကိုယ်တွေ့မှတ်တမ်း စာအုပ် ထုတ်ဝေခဲ့သည့် အိန္ဒိယ အမျိုးသမီး ပစ်သတ်ခံရ

အာဖဂန်နစ္စတန် နိုင်ငံတွင် တာလီဘန်တို့၏ လက်မှ လွတ်မြောက်ခဲ့ပြီးနောက် ရင်ဆိုင်ကြုံ တွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကိုယ်တွေ့ မှတ်တမ်းအဖြစ် ရေးသား ထုတ်ဝေခဲ့သည့် အိန္ဒိယ အမျိုးသမီး တစ်ဦးအား စစ်သွေးကြွများဟု ယူဆရသူများက သေနတ်ဖြင့် ပစ်သတ် ခဲ့ကြောင်း ရဲတပ်ဖွဲ့ ဝင်များက ပြောကြားခဲ့သည်။


အာဖဂန် နစ္စတန်မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးနှင့် လက်ထပ် ထိမ်းမြားခဲ့သည့် စူရှ်မီတာ ဘာနာဂျီအမည်ရှိ အိန္ဒိယ အမျိုးသမီး တစ်ဦးသည် ၁၉၉၅ ခုနှစ်တွင် တာလီဘန်တို့၏ လက်မှ လွတ်မြောက်ခဲ့ပြီးနောက် သူမ ရင်ဆိုင် ကြုံတွေ့ရသည့် ကိုယ်တွေ့ အဖြစ်အပျက်များကို စာအုပ်တစ်အုပ် ရေးသား ထုတ်ဝေခဲ့ရာ ၄င်းစာအုပ်သည် အိန္ဒိယ နိုင်ငံတွင် အရောင်းရဆုံး စာအုပ်တစ်အုပ် ဖြစ်လာခဲ့ပြီး ၄င်းစာအုပ်ကို ၂ဝဝ၃ ခုနှစ်တွင် ဘောလီးဝုဒ်ရုပ်ရှင် ဇာတ်ကား တစ်ကားအဖြစ် ရိုက်ကူးခဲ့ကြောင်း သိရသည်။

ထို့နောက် စူရှ်မီတာသည် သူမ၏ ခင်ပွန်းဖြစ်သူနှင့် အတူတကွ နေထိုင်ရန် အာဖဂန် နစ္စတန် နိုင်ငံသို့ မကြာသေးမီက ပြန်လာခဲ့ခြင်း ဖြစ်ပြီး ပက်ခ်တီကာ ပြည်နယ်ရှိ သူမ၏ နေအိမ် အပြင်ဘက်တွင် အသတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် စူရှ်မီတာ သေဆုံးမှုနှင့် စပ်လျဉ်း၍ အဆိုပါ တိုက်ခိုက်မှုသည် ၄င်းတို့၏ လက်ချက် မဟုတ်ကြောင်း တာလီဘန် စစ်သွေးကြွများက ဘီဘီစီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြ၀တီ

0 comments:

Post a Comment