20.11.13

သူလွ်ိဳ ကိစၥ ၾသစေၾတးလ် မတောင်းပန်နိုင်

အင်ဒိုနီးရှားနိုင်ငံအပေါ် သူလျှိုလုပ်ငန်းတွေ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး သြစတြေးလျနိုင်ငံအနေနဲ့
 တောင်းပန်မှာ မဟုတ်ဘူးလို့ သြစတြေးလျ ၀န်ကြီးချုပ် တိုနီအယ်လ်ဘတ် ကပြော
ကြားလိုက်ပါတယ်။


အင်ဒိုနီးယား သမ္မတ Susilo Bambang Yudhoyono ရဲ့ ဖုန်းကို ကြားဖြတ်နားထောင်ခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် သြစတြေးလျနဲ့ အင်ဒိုနီးယား နိုင်ငံတို့အကြားမှာ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။

ဒီမိုကရေစီ နိုင်ငံအချင်းချင်း မဟာဗျူဟာ မိတ်ဖက် နိုင်ငံအကြားမှာ အမေရိကန် နဲ့ သြစတြေးလျနိုင်ငံတွေရဲ့ လုပ်ဆောင်ချက်က အနာတရ ဖြစ်စေတယ်လိုံ အင်ဒို သမ္မတက သူ့ရဲ့ လူမှုကွန်ယက် Tweeter မှာ ထုတ်ဖော်ရေးသား လိုက်ပြီး သြစတြေးလျနိုင်ငံအနေနဲ့ လုံလောက်တဲ့ ဖြေရှင်းချက်ပေးပို့ အချိန် ၂ ရက် ပေးလိုက်ပါတယ်။

ဒါပေမယ့် သြစီ ၀န်ကြီး တိုနီအယ်လ်ဘတ်ကတော့ သတင်းရယူဖို့ အစိုးရတိုင်းက လုပ်ဆောင်ကြတာပဲဆိုပြီး တုန့်ပြန်ခဲ့သလို ဒီကိစ္စအတွက် သြစတြေးလျနိုင်ငံက တောင်းပန်မှာ မဟုတ်ဘူးလို့ တုန့်ပြန်လိုက်ပါတယ်။

သြစတြေးလျဟာ မိမိရဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးကို တန်ဖိုးထား လေးစားတဲ့ အတွက် လက်ရှိ မီဒီယာတွေကြောင့် အရှက်တကွဲ ဖြစ်ရတဲ့ ကိစ္စမှန်သမျှအတွက် စိတ်မကောင်းဖြစ်ရကြောင်း သြစတြေးလျ ၀န်ကြီးချုပ် တိုနီအယ်လ်ဘတ် ကပြောကြားလိုက်ပါတယ်။

ဒုက္ခသည် အရေးနဲ့ ပတ်သတ်ပြီး နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်မှာပဲ အခုလို သံတမန်ရေး တင်းမာမှုတွေ ရှိလာနေတာ ဖြစ်ပါတယ်။

သြစီ ၀န်ကြီးချုပ် တိုနီအယ်လ်ဘတ်နဲ့ အင်ဒိုနီးရှား သမ္မတ စူဆီလို ဘမ်ဘန် ယူဟိုယိုနို (Credit: AFP)

ABC

0 comments:

Post a Comment