20.11.13

ပညာတတ်လူတန်းစားနည်းပါးမှုကြောင့် နိုင်ငံတည်ငြိမ်မှုအားနည်းနေ ဦးမည် ဟု နိုင်ငံတော်သမ္မတအကြံပေးပြောကြား

နိုင်ငံ၏ ပညာတတ်လူတန်းစား နည်းပါး နေသည်နှ
င့်အမျှ နိုင်ငံအတွင်းဆူပူမှုများ ဖြစ်ပွားနေဦး
မည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတအကြံ ပေး ဆရာကြီးဒေါက်တာအောင် ထွန်းသက်က နိုဝင်ဘာ ၁ရရက်က ကုန်သည်စက်မှု အသင်းရုံးချုပ်၌
 ပြုလုပ်သော ဟောပြောပွဲတွင် ပြောဆို
ခဲ့ခြင်းဖြစ်သည်။


ပညာတတ်လူတန်းစားပေါ များသည့်နိုင်ငံများတွင် တိုင်းပြည် တည်ငြိမ်လေ့ရှိသည့်အတွက် ပညာတတ်လူတန်းစား ပိုမိုပေါ များရေးအတွက် ပညာရေးပြုပြင် ပြောင်းလဲမှုများလိုအပ်နေပြီး လူ သားရင်းမြစ်ဖွံ့ဖြိုးမှုလုပ်ငန်းများ အား အသင်းအဖွဲ့အသီးသီးမှ ဝိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်နေ ပြီဟု ယင်းက ပြောဆိုသွားသည်။

နိုင်ငံတော်သမ္မတ အကြံ ပေး ဒေါက်တာအောင်ထွန်းသက် က ''တိုင်းပြည်မှာပညာတတ်တွေ များလေ တည်ငြိမ်လေပဲ။ အခု တိုင်းပြည်ရုန်းရင်းဆန်ခတ်တွေ ဖြစ်တာက ပညာမတတ်တဲ့သူတွေ များနေလို့ဖြစ်တာ။ ကုမ္ပဏီအဖွဲ့ အစည်း တာဝန်ရှိသူတွေအနေ နဲ့ ပညာတတ်လူတန်းစားများ ပိုမိုဖြစ်ပေါ်ဖို့ဆိုရင်ူနမေညငညါ ခနညအနမတွေ များများတည်ထောင် ဖို့လိုအပ်နေပြီ''ဟု ဆိုသည်။မြန်မာနိုင်ငံ၏ လူသားရင်း မြစ်ဖွံ့ဖြိုးရေးအတွက် အောက် ခြေလူတန်းစားများအတွက်သာ မက အုပ်ချုပ်သူအဖွဲ့အစည်း များအတွင်းရှိနေသူများအတွက် ပါ နိုင်ငံတကာတက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီဖြစ် ကြောင်း၊ စဉ်ဆက်မပြတ်တိုးတက် ရေးအတွက် ဘွဲ့လွန်သင်ကြားရေး စင်တာများ တိုးချဲ့ရန်လိုအပ်နေ ပြီဟု ထပ်မံပြောဆိုသည်။

စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ်(ငြိမ်း) ဆရာဦးမော် သန်းက ''နိုင်ငံမှာ ပညာတတ်သူ များတာနဲ့ တိုင်းပြည်တည်ငြိမ်ရေး အတွက် တိုက်ရိုက်အချိုးကျမှာ ပဲ။ အစိုးရကပြောသလို ပညာ တတ်မှုနှုန်းက တစ်နိုင်ငံလုံးအ တိုင်းအတာနဲ့ ၉၄ရာခိုင်နှုန်းရှိ တယ်ဆိုရင် အဲဒီပညာတတ်လို့ ပြောတဲ့သူတွေက ဘေးပတ်ဝန်း ကျင်နိုင်ငံက ဘွဲ့ရတွေနဲ့ကောယှဉ် နိုင်ရဲ့လား စဉ်းစားဖို့လိုတယ်။ ကိုယ့်ပြည်တွင်းမှာပဲ ဘွဲ့ရဆိုပြီး ကျေနပ်နေလို့မရဘူး''ဟု ဆိုသည်။

ပညာတတ်လူတန်းစား ပို မို ပေါများမှုကြောင့် လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာပဋိပက္ခများ ဖြစ်ပွားချိန်တွင် လှုံ့ဆော်မှုများ အား ချင့်ချိန်မည်ဖြစ်သည့်အတွက် ယင်းဒေသများတွင် ပညာတတ် လူတန်းစားများ ပိုမိုဖြစ်ပေါ်ရေး အတွက် အာရုံစိုက်လုပ်ကိုင်သင့် ကြောင်း၊ နိုင်ငံအနေအထားအရ ဘွဲ့ရပညာတတ်သည်ဟု ဆိုသူ များမှာလည်း မိမိပတ်ဝန်းကျင် တွင်ဖြစ်ပျက်နေသည့် အကြောင်း အရာများအား အသေအချာသုံး သပ်နိုင်ရန် ဖတ်ရှုလေ့လာမှုအား ကောင်းရန် လိုအပ်နေပြီဟု ယင်း က ထည့်သွင်းပြောဆိုသွားသည်။

[ နိုင်နိုင်ဇော် ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ]


Yangon Media Group

0 comments:

Post a Comment