18.11.13

မင်္ဂလာဒုံမြို့နယ်တွင် မီးလောင်မှုဖြစ်

၁၈.၁၁.၂၀၁၃ရက်နေ့ ၀၉၀၅အချိန် မင်္ဂလာ
ဒုံမြို့နယ်၊ ပလရရပ်ကွက်၊ရေကြည်အိုင်၊ သစ္စာ(၁)
လမ်းရှိ တင်မောင်စိုး၏နေအိမ်တွင် မီးလောင်
မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါမီးလောင်မှုအား သက်ဆိုင်ရာတာဝန်

ရှိသူများမှ သွားရောက်စစ်ဆေးရာ နေအိမ်ရှိဘုရားစင်တွင် မီးပူဇော်ထားသည့် မီးလုံးမှဝါယာရှော့ဖြစ်ကာ မီးလောင်ခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်ကျင်နေသူများမှဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့်၀၉၁၀အချိန်တွင်မီးငြိမ်း
သွားခဲ့ကာ မီးလောင်မှုကြောင့် တန်ဘိုးငွေကျပ်(၁၀၀၀၀)ခန့်ဆုံးရှုံးခဲ့၍ မီးကိုပေါ့ဆစွာ အသုံးပြုသူ တင်မောင်စိုးအား မင်္ဂလာဒုံမြို့မရဲစခန်း(ပ)၇၂၂/၂၀၁၃၊ ပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်

ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment